စောင့်ကြပ်ခြင်းတာဝန်
Vol. 40 Ch. 760
"အာ? ဒါက အကြီးအကဲခန်းမက သတင်းပဲ။"
ကျန်းချန်ရွှမ် သည်အနည်းငယ်အံ့အားသင့်သွားသည် ။
“အကြီးအကဲခန်းမက လာခိုင်းနေတယ်။ သူတို့ပြောတာက သူတို့ငါနဲ့ ဆွေးနွေးချင်တဲ့ အတော်လေးအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်တဲ့။”
ကျန်းချန်ရွှမ်သည် အချိန်အနည်းငယ်စဉ်းစားဆင်ခြင်နေသော်လည်း အချိန်ကြာကြာတုံ့ဆိုင်းမနေတော့ပါ။
သူသည် အကြီးအကဲခန်းမသို့ ချက်ချင်းသွားရန် ဆုံးဖြတ်လိုက်သည် ။
သူသည် နှစ်ပေါင်းနှစ်ရာအတွင်း အေးချမ်းစွာကျင့်ကြံခြင်းက အဆုံးသတ်သွားပြီဖြစ်ကာ သူ၏ကျင့်ကြံခြင်း သည်လည်း အဆင့်သစ်သို့ ရောက်ရှိသွားးပြီဖြစ်သည်။
သူ့အတွက် တာဝန်တစ်ရပ် ထမ်းဆောင်ရမည့် အချိန်ရောက်ပြီဖြစ်သည်။
မကြာမီ ကျန်းချန်ရွှမ်သည် တိမ်တိုက်မြူတောင်ထိပ်မှထွက်ခွာလာခဲ့သည်။
...
ခနကြာပြီးနောက်၊ သူသည် အကြီးအကဲခန်းမသို့ရောက်လာခဲ့သည်။
ရောက်ရှိသွားချိန်တွင် ကျန်းချန်ရွှမ်သည် လွန်ခဲ့သော နှစ်နှစ်ရာက သူတွေ့ရှိခဲ့သည့် ဟုန်မေအပါအဝင် လူအများအပြားသည် ထိုနေရာတွင် စုဝေးလာခဲ့ကြသည်ကို သတိပြုမိခဲ့သည် ။
ကျန်းချန်ရွှမ်ကိုမြင်သောအခါ ဟုန်မေ၏မျက်လုံးများတောက်ပလာခဲ့သည်။ သူမသည် လျင်မြန်စွာ သူ့ကိုချဉ်းကပ်ပြီး နှုတ်ဆက်လေသည်။
“ဂျူနီယာမောင်လေးကျန်း မတွေ့တာကြာပြီနော်။ မင်းရဲ့ကျင့်ကြံခြင်းက တိုးတက်လာပုံရတယ်။”
“ဟာ၊ ကျွန်တော့ကိုမြှောက်နေပါပြီ၊ စီနီယာအစ်မ ဟုန်မေ။” ကျန်းချန်ရွှမ်က အပြုံးဖြင့် နူးညံ့သိမ်မွေ့စွာ တုံ့ပြန်လိုက်သည် ။
"စကားမစပ် ၊ စီနီယာအစ်မ ဟုန်မေ၊ အကြီးအကဲခန်းမကို ဘာလို့လာခိုင်းတာလဲဆိုတာ အစ်မသိလား?"
ဟုန်မေက ခေါင်းကို မသေချာဘဲ ခါလိုက်သည။ "အသေးစိတ်ကိုတော့ လုံးဝမသေချာဘူး။
ဒါပေမဲ့ ငါကြားထားတာကတော့ ရှေ့တန်းစောင့်ကြပ်ခြင်းတာဝန်နဲ့ပက်သက်နိုင်တယ်။”
"ရှေ့တန်းစောင့်ကြပ်ခြင်းတာဝန်လား?" ကျန်းချန်ရွှမ်သည် သူ့နှလုံးသားထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည် ။
သူသည် ဤကောင်းကင်ဘုံရေတံခွန်ဂိတ်နယ်မြေတွင် လူသားများသည် လွမ်းမိုးနိုင်သောလူမျိုးများ ဖြစ်ကြကြောင်း သိပါသည်။ သို့သော် သူတို့သည် အုပ်ချုပ်သူများဟု မဆိုလိုပါ။
နတ်ဆိုးများ၊ ပင်လယ်နက်လေလွင့်သူများနှင့် ဂြိုလ်သားများစသည့် အခြား မျိုးနွယ်စုများသည် လူသားများနှင့် ဆန့်ကျင်ကြသည်။
ထိုလူမျိုးစုများသည် ကောင်းကင်ဘုံရေတံခွန်ဂိတ်နယ်ပယ်တွင် လူသားမျိုးနွယ်များ၏ခွန်အားနှင့် မယှဉ်နိုင်သော်လည်း သူတို့၏ စည်းလုံးညီညွတ်မှုသည် လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့သည်
အခြေအနေသည် ဟုန်မေပြောသကဲ့သို့ဖြစ်ခဲ့လျှင် အကြီးအကဲခန်းမက သူတို့ကဲ့သို့ ဗလာနယ်ပြန်အကြီးအကဲ များအား ဆင့်ခေါ်ခြင်းသည် အမှန်တကယ်ပင် ထိုအကြောင်းအရင်းကြောင့် ဖြစ်လိမ့်မည်။
ထိုအချိန်တွင်။
ခန်းမထဲသို့ ဗလာနယ်ပြန်အကြီးအကဲများဝင်ရောက်လာသည်နှင့် သူတို့သည် ယဉ်ကျေးစွာပြန်လည် နှုတ်ဆက်နေကြသော ကျန်းချန်ရွှမ်နှင့် ဟုန်မေတို့အားနှုတ်ဆက်နေကြသည်။
ကျန်းချန်ရွှမ်သည် တက်ရောက်သူအများစုကိုမသိသော်လည်း၊ မြစ်တစ်ထောင်နယ်မြေရှိအောင်မြင်မှုများက ဟောက်ရန်ဂိုဏ်းအတွင်း သူ၏ကျော်ကြားမှုကို အသိအမှတ်ပြုစေခဲ့သည်။
ထို့ကြောင့် သူ့အားလူတိုင်းကမြင်လျှင် မှတ်မိနေကြသည်။
ကျန်းချန်ရွှမ်သည်ပင် သူ၏တာအိုရောင်းရင်းများအား လုံးဝမသိခဲ့လျှင်ပင် ယဉ်ကျေးမှုရှိရန်လိုပါသေးသည်။
ကံကောင်းစွာနှင့် ဟုန်မေက သူ၏ဘက်တွင်ရှိနေခဲ့သည်။
ဟုန်မေက သူမသိသော အကြီးအကဲတစ်ချို့အား တိတ်တဆိတ် မိတ်ဆက်ပေးခဲ့သည်။
ခဏအကြာတွင် ကျန်းချန်ရွှမ်သည် လူများစွာနှင့် သိလာခဲ့သည် ။
ထိုအချိန်တွင် အလွန်အစွမ်းထက်သော အရောင်အဝါနှစ်ခုသည် အကြီးအကဲခန်းမထဲတွင်ပေါ်လာခဲ့သည်။
အစပိုင်း၌ ဆွေးနွေးနေသော အကြီးအကဲများ၏အသံများက တဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်။
လူတိုင်းက လှည့်ကြည့်လိုက်ကြသည် ။
သူတို့ရှေ့၌ ပုံရိပ်နှစ်ခုသည် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
သူတို့ထဲမှ တစ်ဦးသည် ဆံပင်ဖြူနှင့် အကြီးအကဲဖြစ်ကာ တစ်ဦးမှာ ဆံပင်အနီရောင်နှင့် အကြီးအကဲဖြစ်သည်။
လူအများစုသည် သူတို့ကိုမှတ်မိသွားပြီး ချက်ခြင်း ယဉ်ကျေးစွာဖြင့်လက်များကိုဆုပ်လိုက်ကြသည်။
“မင်္ဂလာပါ စီနီယာအစ်ကို ယွမ်ဖန်။”
"မင်္ဂလာပါ စီနီယာအစ်ကို ချီယန်"
ယွမ်ဖန်နှင့် ချီယန်တို့ကလူအုပ်ကို ခေါင်းညိတ်ပြခဲ့ကြသည်။
ထို့နောက် ဆံပင်ဖြူနှင့် အကြီးအကဲဖြစ်သည့် အကြီးအကဲယွမ်ဖန်က ပြောလိုက်သည်။
"ညီအစ်ကို ညီအစ်မတို့ ၊ ညီအစ်ကို ချီယန်နဲ့ ကျွန်တော်က ခင်ဗျားတို့အတွက် စီစဉ်ပေးဖို့ အတော်လေး အရေးကြီးတဲ့ တာဝန်တစ်ခုရှိတာကြောင့် ဒီတစ်ခေါက်မှာ ခင်ဗျားတို့ကို ခေါ်ခဲ့တာပါ။"
အကြီးအကဲယွမ်ဖန်၏ စကားကို ကြားလိုက်ရသည့်အခါ တက်ရောက်လာသူအားလုံး တိတ်ဆိတ်နေကြသည်။
အကြီးအကဲယွမ်ဖန်နှင့် အကြီးအကဲချီယန်တို့တွင် ပြောစရာများရှိနေသည်ကို သူတို့သိကြသည် ။
အကြီးအကဲယွမ်ဖန်က ဆက်လက်၍ပြောလိုက်သည်။ "မကြာသေးခင်က ဟောက်ရန်ဂိုဏ်းက စောင့်ကြပ်နေတဲ့ နယ်နိမိတ်အချို့ဟာ တစ်ခုပြီးတစ်ခု တိုက်ခိုက်ခံခဲ့ရတယ် ။
အထူးသဖြင့် ကောင်းကင်အစွန်းမသေမျိုးမြို့၊ တိမ်တိုက်ကောင်းကင်မသေမျိုးမြို့ ၊ အစိမ်းရောင်ဝါးမသေမျိုးမြို့ စတဲ့မြို့တွေပဲ။
ဒီတိုက်ခိုက်မှုအားလုံးနီးပါးဟာ နတ်ဆိုးတွေနဲ့ ပင်လယ်နက်လေလွင့်သူတွေဆီက လာတာ။
ဟောက်ရန်ဂိုဏ်းကစောင့်ကြပ်နေတဲ့ လူသားမျိုးနွယ်နယ်နိမိတ်တွေကို အဲ့ကောင်တွေဆီကနေ ဖျက်ဆီးမခံရဖို့ သေချာဖို့လုပ်ရမှာ။ ဒါကြောင့် ဂျူနီယာညီအစ်ကိုချီယန် ၊ ကျွန်တော် နဲ့ တခြား စီနီယာအဆင့် ညီအစ်ကိုမောင်နှမတွေက အဲဒီ မသေမျိုးမြို့ တွေကို ခုခံကာကွယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာ လူများများ စေလွှတ်ပါမယ်။”
ပြောနေစဉ်တွင် အကြီးအကဲယွမ်ဖန်သည် တက်ရောက်လာသူအားလုံးကို ထပ်မံကြည့်လိုက်သည် ။
“ခင်ဗျားတို့အားလုံး ဒီတာဝန်ကို ထမ်းဆောင်နိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ လူတိုင်းမှာ ကန့်ကွက်မှု ရှိမလားလို့ သိချင်မိတယ် ။"
ထိုစကားကို ကြားသောအခါ ကျန်းချန်ရွှမ် အပါအဝင် တက်ရောက်လာသူ အားလုံးက ခေါင်းခါလိုက်ကြသည် ။
သူတို့သည် အကြီးအကဲယွမ်ဖန်က သူတို့၏ဟောက်ရန်ဂိုဏ်း၏အခြေခံစည်းမျဉ်းများကို ဆုပ်ကိုင်ထားပြီးသား ဖြစ်ကြောင်းကို သိကြသည်။
ဤသို့သော အခြေအနေမျိူးတွင် သူတို့သည် အစီအစဉ်များကို နားထောင်ရန်သာ လိုအပ်သည် ။
ကျန်းချန်ရွှမ်သည်လည်း ခြွင်းချက်မရှိပါ ။
အကြောင်းမှာ ၎င်းသည် အကြီးအကဲခန်းမ၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့်ဖြစ်သည်။
သူ၏ဆရာချင်ရှန်းဝူသည်ပင် အထူးအကြောင်းပြချက်မရှိဘဲနှင့် အလွယ်တကူဝင်ရောက်စွက်ဖက်၍ မရပါ။
အဆုံး၌ ဂိုဏ်းတစ်ဂိုဏ်းနှင့် မိသားစုတစ်စုတွင် ၎ င်းတို့ ၏ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများ ရှိပါသည် ။
ချင်ရှန်းဝူနှင့် အကြီးအကဲချုပ်များသည် ဂိုဏ်း၏ကိစ္စများကို အကြီးအကဲခန်းမတွင် ဖြေရှင်းရန် အခွင့်အာဏာကို ပေးထားသောကြောင့်၊ ထူးခြားသောအခြေအနေမဟုတ်ခဲ့လျှင် သူသည် ပုံမှန်အတိုင်း ဝင်ရောက်စွက်ဖက်၍ မရပေ။
ထိုအချိန်တွင်။
အကြီးအကဲယွမ်ဖန်ဘေးတွင်ရှိနေသော အကြီးအကဲ ချီယန်က ပြောလိုက်သည်။
"ကန့်ကွက်သူမရှိတဲ့အတွက် စီနီယာအစ်ကိုယွမ်ဖန်နဲ့ ကျွန်တော်နဲ့က စီစဉ်မှုတွေစလုပ်လိုက်ပါ့မယ်။"
စကားပြောနေစဉ်တွင် သူသည် တစ်ဦးချင်းစီ၏ အမည်များကို စတင်ဖော်ပြလိုက်သည် ။
“ဂျူနီယာညီအစ်ကို ချန်ဖန်က ကောင်းကင်အလင်းအဆင့် ကျင့်ကြံသူအနေနဲ့ အစိမ်းရောင်ဝါးမသေမျိုးမြို့ကို စောင့်ကြပ်ဖို့ တာဝန်ယူရပါမယ်။ ပြီးတော့ ကျီယွင်နဲ့ ရှန်ရှင်းတို့က ဂျူနီယာညီလေးချန်ဖန်နဲ့အတူ ပူးပေါင်းတာဝန်ကျပါမယ်။”
ခိုင်မာသောမျက်နှာထားရှိသောလူတစ် ဦးသည် သူ၏ လက်များကိုချက်ချင်းဆုပ်ကိုင်ပြီးအမိန့်ကို လက်ခံခဲ့သည်။
"ဟုတ်ကဲ့ပါ။ စီနီယာအစ်ကို ချီယန်"
ထို့နောက် အကြီးအကဲချီယန်က အခြားသူများကို ကြည့်ကာ စီစဉ်မှုများ ဆက်လုပ်ခဲ့သည် ။
နောက်ဆုံးတွင် သူ ၏ မျက်လုံးသည် သန့်စင်ပြီး သက်လတ်ပိုင်းအရွယ်ရှိသည့်အမျိုးသားတစ်ဦးထံသို့ ရောက်သွားခဲ့သည် ။
"ဂျူနီယာညီအစ်ကို ဝမ်တောက်က ကောင်းကင်အလင်းသူတစ်ယောက်အနေနဲ့ ကောင်းကင်ဘုံအစွန်း မသေမျိုးမြို့ကို စောင့်ရှောက်ဖို့ တာဝန်ယူရပါလိမ့်မယ်။
ပြီးတော့ဂျူနီယာညီအစ်ကို ကျန်း နဲ့ ဂျူနီယာညီအစ်မ ဟုန်မေတို့ နှစ်ဦးက ဂျူနီယာညီအစ်ကိုဝမ်တောက်နဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ဒီလိုဆို ဘယ်လိုလဲ?"
အဆုံးပိုင်း၌ စီနီယာအစ်ကိုချီယန်သည် ကျန်းချန်ရွှမ်နှင့် ဟုန်မေဘက်သို့ကြည့်လိုက်သည်။
ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် အကြီးအကဲဝမ်တောက်တို့က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။
"ကျွန်တော်တို့မှာ ကန့်ကွက်စရာမရှိပါဘူး။"
"ကောင်းပြီ ၊ ဒီတော့ ဒီဆုံးဖြတ်ချက်ကို လောလောဆယ် အတည်ထားကြမယ်။"
အကြီးအကဲယွမ်ဖန်က ဖြည်းဖြည်းချင်း ပြောလိုက်သည် ။
“လူတိုင်းပဲ၊ စောင့်ကြပ်ဖို့ အချိန်ကန့်သတ်ချက်က နှစ် ၃၀၀ ပါ ။
အနှစ် ၃၀၀ ကြာပြီးနောက် တခြား ဂျူနီယာ ညီအစ်ကို ညီအစ်မ တွေက ခင်ဗျားတို့ကို ခုခံကာကွယ်ခြင်းမှာ ကူညီဖို့ ရောက်လာပါလိမ့်မယ်။”
......
ခဏအကြာတွင်။
ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် အကြီးအကဲဝမ်တောက်တို့အားလုံးသည် အကြီးအကဲခန်းမမှထွက်လာကြသည် ။
သူတို့ အပြင်သို့ရောက်သောအခါ အကြီးအကဲဝမ်တောက်သည် ချက်ချင်းပင် ကျန်းချန်ရွှမ်နှင့် ဟုန်မေတို့ကို အပြုံးဖြင့် ကြည့်လိုက်သည် ။
"ဂျူနီယာညီကျန်း နဲ့ ဂျူနီယာညီမဟုန်မေ။
လာမယ့် နှစ် ၃၀၀ အတွင်းမှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြတာပေါ့။”
***