ကောင်းကင်အစွန်းမသေမျိုးမြို့သို့ ရောက်ရှိခြင်း
Vol. 40 Ch. 761
“ခင်ဗျားအရမ်းယဉ်ကျေးနေပါပြီ။ စီနီယာအစ်ကိုဝမ်တောက်။ ကျွန်တော်တို့ကသာ အစ်ကို့ရဲ့ ဂရုစိုက်မှုကိုလိုအပ်တာပါ။” ကျန်းချန်ရွှမ်နှင့် ဟုန်မေက ချက်ခြင်းပင် ပြုံးပြလိုက်သည်။
ဝမ်တောက်က ရယ်လိုက်သည်။
“ကောင်းပါပြီ။ အချိန်မဖြုန်းကြရအောင်။
အကြီးအကဲခန်းမက ဒီတာဝန်ကို ပေးပြီးပြီဆိုမှတော့၊ အကယ်၍ အခြားကိစ္စမရှိရင်၊ အခုပဲ ကောင်းကင်ဘုံအစွန်းမြို့ကိုသွားကြတာပေါ့။”
ကျန်းချန်ရွှမ်နှင့် ဟုန်မေက တစ်ဦးကိုတစ်ဦးကြည့်ကာ အတူတူ ခေါင်းညိတ်လိုက်ကြသည်။ “ကောင်းပါပြီ။”
စကားပြောပြီးနောက်၊ သုံးဦးသားသည် အလင်းတန်းအဖြစ်ပြောင်းလဲကာ ဟောက်ရန်ဂိုဏ်းမှ ထွက်ခွာလိုက်ကြသည်။
အချိန်သိပ်မကြာခင်၌ပင်၊ သုံးဦးသည် နေရာရွေ့ပြောင်းခြင်းအစီအရင်သို့ ရောက်သွားခဲ့သည်။
နေရာရွေ့ပြောင်းခြင်းအစီအရင်သည် သူတို့အား ကောင်းကင်ဘုံအစွန်းမြို့သို့ တိုက်ရိုက် မပို့ပေးနိုင်သော်လည်း သူတို့ခရီး၏ အချိန်ကို များစွာသက်သာစေပါသည်။
ကျီ…
အစီအရင်၏အလင်းသည် လင်းလာသည်နှင့် ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် ဝမ်တောက်တို့သည် အမြန်ပင် ပျောက်သွားခဲ့သည်။
သူတို့ထပ်မံပေါ်လာသောအခါ၊ သူတို့သည် ပင်လယ်အနံ့ဖြင့် ပြည့်နှက်နေသည့် နေရာသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
ဝမ်တောက်က အစီအရင်စင်မြင့်ပေါ်မှ ဆင်းလာပြီးနောက် သူတို့နှစ်ဦးကိုပြုံးပြလိုက်သည်။
“ဂျူနီယာညီလေးကျန်း၊ ဒါကမင်းအတွက် ပထမဆုံးဖြစ်မယ်ထင်တယ်၊ ဟုတ်လား? ဂျူနီယာညီမလေးဟုန်မေကကော? ဒီကိုရောက်ဖူးလား? သို့မဟုတ် ကောင်းကင်ဘုံအစွန်း မသေမျိုးမြို့ ကိုကော ရောက်ဖူးလား?”
ဟုန်မေက ပြုံးကာ ခေါင်းခါလိုက်သည်။
“ရိုးရိုးသားသားပြောရရင်၊ စီနီယာအစ်ကို ဝမ်၊ ဒါက ကျွန်မ ဒီကိုပထမဆုံးရောက်တာပါ။ အရင်က ဒီကို တစ်ခါမှ မရောက်ဖူးပါဘူး။ ပြီးတော့ ကောင်းကင်ဘုံအစွန်းမြို့ကိုလည်း မရောက်ဖူးပါဘူး။
ဂျူနီယာမောင်လေးကျန်း၊ အတူတူပဲမဟုတ်လား?”
“ဟုတ်ပါတယ်။ ကျွန်တော်လည်း တစ်ခါမှ မရောက်ဖူးပါဘူး။”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“ဟဲဟဲ၊ ကြည့်ရတာ ငါတစ်ယောက်ပဲ ဒီနေရာက ရောက်ဖူးတာထင်တယ်။” ဝမ်တောက်က ပြုံးလိုက်သည်။
“ကောင်းကင်ဘုံအစွန်းမြို့က ပင်လယ်ပေါ်မှ တည်ရှိတဲ့ မသေမျိုးမြို့တစ်ခုပါ။
ဒီမြို့က ငါတို့လူသားမျိုးနွယ်နဲ့ ပင်လယ်နက်လေလွင့်သူတွေကြားက နယ်နိမိတ်မြို့ပဲ။ ပြီးတော့ ပင်လယ်နက်လေလွင့်သူတွေ ကျူးကျော်တဲ့ရန်က ကာကွယ်ခုခံဖို့ အရေးကြီးတဲ့ စည်းတစ်ခုပဲ။
ပြီးတော့လည်း ဒီမြို့က မျိုးနွယ်စုအမျိုးမျိုးရဲ့ကုန်သွယ်တဲ့နေရာဖြစ်တယ်။
ပင်လယ်ပေါ်မှ တည်ထားတာဖြစ်လို့၊ မိုင်သောင်းနဲ့ချီပတ်လည်ထိ ငါးအနံ့ရှိတယ်။
ဒီကနေဆို ကောင်းကင်အစွန်းမြို့ကို မိုင် ၈၀၀,၀၀၀လောက်ပဲ ဝေးတော့မယ်။
ငါတို့ရဲ့အရှိန်နှုန်းနဲ့ဆို၊ ငါတို့ မကြာခင် အဲ့ဒီကိုရောက်မှာပါ။”
အမှန်ပင်။
သူတို့၏ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင်၊ မိုင်ပေါင်းထောင်ချီနှင့် သောင်းချီအကြား ကွာခြားချက် သိပ်မရှိတော့ပါ။
နေ့တစ်ဝက်မကြာမီအချိန်တွင်ပင်၊ ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် ဝမ်တောက်တို့၏ ရှေ့တွင် ကြီးမားသောမြို့၏ ပုံရိပ်တစ်ခုပေါ်ထွက်လာခဲ့သည်။
မြို့၏ မြို့ရိုးသည်ပင် ပေသောင်းချီမြင့်မားသည်။
အတွင်းတွင် ကီလိုမီတာ မည်မျှကို ဖုံးထားသည်ကိုပင် မသိနိုင်ပါ။
တစ်ခုလုံးသည် အလွန်လင်းလက်သည့် ဝိညာဉ်အလင်းများဖြင့် တလက်လက် ဖြစ်နေသည်။ ၎င်းသည် မြို့၏အခြေခံအဖြစ် ထိပ်တန်း အဆင့် ၇ ခုခံရေးအစီအရင် ဖြစ်သည်။
လျို့ဝှက်နက်နဲအဆင့် ကျင့်ကြံသူများသည်ပင် ထိုမြို့ကို အချိန်တိုအတွင်း ထိုးဖောက် ဝင်ရောက်နိုင်မည်မဟုတ်ပါ။
ကျန်းချန်ရွှမ်နှင့် အခြားနှစ်ဦးသည် ရှေ့ဆက်၍ သွားလိုက်သည်။
သူတို့သည် မြို့ရိုးအပြင်ဘက်သို့ ရောက်သောအခါ၊ ဒါဇင်ပေါင်းများစွာသော ပုံရိပ်များက ချက်ခြင်းပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်များသည် အနည်းဆုံးဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်များဖြစ်ကြသည်။
ဝမ်တောက်သည် သူ၏ခန္ဓာကိုယ်ပေါ်မှတံဆိပ်ပြားကိုထုတ်လိုက်ကာ၊ ထိုသူများအား ပြောလိုက်သည်။
“ငါတို့က ဒီမှာ ဂျူနီယာညီလေး ချန်းမင်နဲ့ အခြားသူတွေအစား ခုခံရေးတာဝန်ကို အစားထိုး တာဝန်ယူဖို့လာခဲ့တာပါ။ ကျေးဇူးပြု၍ သူတို့ကိုခေါ်ပေးပါဦး။”
ဝမ်တောက်ထုတ်လာသောတံဆိပ်ပြားနှင့် ပြောစကားကိုကြားလျှင်၊ ရှိနေသော ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူများသည် မတတ်နိုင်ဘဲ သတိထားလိုက်ကြသည်။
သူတို့အားလုံးသည် ချက်ခြင်းပင် ဦးညွတ်ကာပြောလိုက်သည်။
“မင်္ဂလာပါ၊ စစ်သည်တော်ဦးလေးတို့။
ကျွန်တော်တို့ ချက်ခြင်းပဲ သွားပြီး စစ်သည်တော်ဦးလေး ချန်းမင်နဲ့ စစ်သည်တော်ဦးလေး ဖန်ရှန်းကို အကြောင်းကြားလိုက်ပါ့မယ်။”
အချိန်အနည်းငယ်ကြာသောအခါ၊ ယောကျ်ားနှင့် မိန်းမတစ်ဦးက ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့ ပေါ်တွင် ပေါ်လာခဲ့သည်။
သူတို့သည် ဝမ်တောက်ကိုမြင်လျှင် သူတို့၏မျက်နှာက တောက်ပသွားသည်။
“ဒါ စီနီယာဝမ်တောက်ပဲ။
အမြန်လုပ်ကြ။ အစီအရင်ကိုအမြန်ဖွင့်ပြီး စီနီယာဝမ်တောက်နဲ့ အခြားသူတွေကို ပေးဝင်လိုက်ပါ။”
ကျီ….
အစီအရင် အသက်ဝင်လာသည်နှင့် ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် ဝမ်တောက်တို့သည် အမြန်ပင် ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့ထဲသို့ ဝင်လိုက်ကြသည်။
ချန်းမင်နှင့် ဖန်ရှန်းဟုခေါ်သည့် ဗလာနယ်ပြန်အကြီးအကဲနှစ်ဦးသည် ချက်ခြင်း သူတို့ရှေ့သို့ ရောက်လာခဲ့သည်။
အမျိုးသမီးကျင့်ကြံသူဖြစ်သည့် ဖန်ရှန်းသည် ပြုံးကာ ပြောလိုက်သည်။
“စီနီယာအစ်ကို ချန်မင်းနဲ့ ကျွန်မက ရှင်တို့ကိုစောင့်နေတာပါ။
အခု စီနီယာဝမ်တောက် ရောက်လာပြီဆိုတော့၊ နတ်ဆိုးနှင် ပင်လယ်နက်လေလွင့်သူတွေက ဘယ်လောက် သောင်းကျန်းပါစေ၊ သူတို့က ကျွန်မတို့မြို့ကို ချိန်းခြောက်နိုင်တော့မှာ မဟုတ်ပါဘူး။”
“ဟဲဟဲ၊ ဂျူနီယာညီမလေးနဲ့ ညီလေးတို့ ကျွန်တော့်ကိုမြောက်နေပါပြီ။”
ဝမ်တောက်သည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ၏အမူအရာသည်တည်ငြိမ်သွားသည်။ သူသည် သူတို့နှစ်ဦးကိုကြည့်ကာ အလေးအနက် ပြောလိုက်သည်။
“ဂျူနီယာညီလေး ချန်းမင်၊ ဂျူနီယာညီမလေးဖန်ရှန်း၊ ဒီကောင်းကင်ဘုံအစွန်းမြို့ရဲ့ လက်ရှိအခြေအနေကို အသေးစိတ်ပြောပြပေးပါဦး။”
၎င်းသည် သူတို့ပထမဆုံးသိရှိရန် လိုအပ်သည့်အချက်ဖြစ်သည်။
အဆုံး၌၊ သတင်းများသည် အသေးစိတ်အချက်အလက်များကိုမသိနိုင်ပါ။ သူတို့သည် လူကိုယ်တိုင် ဆွေးနွေးရန် လိုအပ်သောအရာများ ရှိနေပါသေးသည်။
ချန်မင်းနှင့် ဖန်ရှန်းတို့သည် တစ်ဦးနှင့် တစ်ဦးကြည့်လိုက်ကြသည်။
သူတို့၏အမူအရာများသည် အလေးအနက်ဖြစ်လာကြသည်။
ချန်မင်က ပြောလိုက်သည်။ “အခုထိတော့ နတ်ဆိုးတွေနဲ့ ပင်လယ်နက်လေလွင့်သူတွေက ကျွန်တော်တို့ ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့ကို ရန်စတဲ့ တိုက်ခိုက်မှုတွေကို အများကြီး လုပ်ပြီးပါပြီ။
ကံကောင်းစွာနဲ့ ကျွန်တော်တို့ ကောင်းကင်ဘုံအစွန်းမသေမျိုးမြို့က ထိပ်တန်းအဆင့် ၇ ခုခံခြင်းအစီအရင်ရှိနေလို့ပါ။
သူတို့က ကျွန်တော်တို့ မြို့ကို အရေးပါတဲ့ ချိန်းခြောက်မှုမျိုးကိုတော့ မလုပ်နိုင်သေးပါဘူး။
ဒါပေမဲ့၊ မကြာသေးခင်က နတ်ဆိုးနဲ့ ပင်လယ်နက်လေလွင့်သူတွေက ကောင်းကင်ဘုံအလင်း တိုက်ပွဲဝင်စစ်သည် တွေကို လွတ်လိုက်တယ်။
သူတို့က ကျွန်တော်တို့မြို့ကို အခုထိလည်း ချိန်းခြောက်မှုအများကြီး မလုပ်နိုင်သေးခင်မှာ၊
ကျွန်တော်တို့ရဲ့အင်အားနဲ့ဆို အနည်းငယ်စိုးရိမ်နေရလို့ပါ။
ဒါက ကျွန်တော်တို့ ဂိုဏ်းကို သတင်းပို့ရတဲ့ အဓိက အကြောင်းအရင်းပါ။”
ပြီးနောက်၊ သူတို့နှစ်ဦးသည် အခြေအနေကိုဆက်လက်၍ ပြောပြလိုက်သည်။
ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် ဝမ်တောက်တို့သည် အခြေအနေကို သိရှိသွားပြီးနောက် သူတို့သည် ထိုမသေမျိုးမြို့၏ ခုခံရေးတာဝန်ကို လွဲယူလိုက်သည်။
ချန်းမင်နှင့် ဖန်းရှန်းတို့သည်လည်း အချိန်ကြာကြာမနေခဲ့ပါ။
ကျန်းချန်ရွှမ်၊ ဟုန်မေနှင့် ဝမ်တောက်တို့အား နှုတ်ဆက်ပြီးနောက်၊ သူတို့သည် ကောင်းကင်ဘုံ အစွန်းမသေမျိုးမြို့မှ ထွက်ခွာ၍ ဟောက်ရန်ဂိုဏ်းသို့ ပြန်သွားခဲ့သည်။
“ဂျူနီယာညီလေးကျန်း၊ ဂျူနီယာညီမလေးဟုန်မေ၊ လက်ရှိအခြေအနေအရ ငါတို့သုံးယောက်က ဒီမြို့ရဲ့ခုခံရေးတာဝန်ကို အလည့်ကျယူရမယ်။”
ထိုအချိန်တွင်။
ဝမ်တောက်က မတတ်နိုင်ဘဲ ကျန်းချန်ရွှမ်နှင့် ဟုန်မေတို့အား အပြုံးဖြင့် ကြည့်လိုက်သည်။
သူ၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ဟုန်မေတို့က ပြုံးကာ တုံ့ပြန်လိုက်သည်။
“အားလုံးကို စီနီယာအစ်ကိုဝမ်တောက် သဘောအတိုင်းလုပ်ပါ။”
ဝမ်တောက်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းက ဒီမြို့ရဲ့ခုခံရေးတာဝန်ကို ဦးဆောင်ဖို့ တာဝန်ပေးထားတော့ ငါကပဲ စီစဉ်လိုက်မယ်။
ဒီမြို့ကို ကာကွယ်စောင့်ရှောက်ဖို့ ငါတို့ကိုပေးထားတဲ့အချိန်အတိုင်းအတာအရ အလှည့်တွေကို နှစ်သုံးဆယ်တစ်ခေါက် လုပ်ရအောင်။
ငါက ပထမနှစ်သုံးဆယ်ကို စောင့်ကြပ်ဖို့တာဝန်ယူလိုက်မယ်။
နောက်တစ်လှည့်ကိုဂျူနီယာညီမလေးဟုန်မေက လွဲယူလိုက်ပါ။ ပြီးတော့ နောက်ဆုံးနှစ်သုံးဆယ် ကတော့ ဂျူနီယာညီလေးကျန်းရဲ့တာဝန်ဖြစ်လိမ့်မယ်။ ဒီအစီအစဉ်ကိုဘယ်လိုမြင်လဲ?”
“ကျွန်မမှာ ကန့်ကွက်စရာမရှိပါဘူး။”
“ကျွန်တော့မှာလည်း ကန့်ကွက်စရာမရှိပါဘူး။”
ကျန်းချန်ရွှမ်နှင့် ဟုန်မေတို့က ခေါင်းခါလိုက်ကြသည်။
“ကောင်းပါပြီ။ ဒါဆိုဒီအတိုင်းပဲလုပ်ကြတာပေါ့။
အကယ်၍ ဒီအတောအတွင်းတစ်ခုခုဖြစ်ရင်၊ ငါ မင်းတို့ကိုချက်ခြင်းသတင်းပို့လိုက်မယ်။”
အချိန်အနည်းငယ်ကြာပြီးနောက်၊ ကျန်းချန်ရွှမ်နှင့် ဟုန်မေတို့က သူ့အား နှုတ်ဆက်လိုက်ကြသည်။
သူတို့နှစ်ဦးသည် ကောင်းကင်အစွန်းမသေမျိုးမြို့ထဲတွင် ဂူများကိုရှာကာ နေလိုက်ကြသည်။
ယခုသူတို့၌ လုပ်စရာမရှိလျှင်၊ သူတို့သည် ထိုအချိန်ကို ကောင်းကင်အစွန်းမသေမျိုးမြို့နှင့် ပတ်ဝန်းကျင်အခြေအနေကို နားလည်ရန်သုံးနိုင်ပါသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ထိုအချိန်ကိုကျင့်ကြံရန်အတွက်လည်းအသုံးပြုနိုင်သည်။
***