မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေမှ ထွက်ခွာခြင်း
Vol. 40 Ch. 752
“သတိထား။”
မျက်ခုံးဖြူလူက ထိုအဆောင်အားထုတ်လာသည်နှင့် ချိုင်ချန်ခွင်းနှင့် ကျီဟွာတို့၏အမူအရာက ပြောင်းလဲသွားကာ လျှင်မြန်စွာသတိပေးလိုက်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်က အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။
သူ၏လက်ထဲတွင် မီးတောက်သွားကာ၊ မျက်ခုံးဖြူနှင့်လူထုတ်လာသည့် အဆောင်သည် တနည်းနည်းဖြင့် သူ၏သိုလှောင်လက်စွပ်ထဲသို့ ပြန်ရောက်သွားခဲ့သည်။
“ဘာ?”
လူတိုင်းက ကြောင်အသွားကြသည်။
မျက်ခုံးဖြူနှင့်လူသည် အထူးသဖြင့် ထိတ်လန့်သွားခဲ့သည်။
ယခုပင် ကျန်းချန်ရွှမ်သည် တကယ်ပင် သူ၏အချိန်ကို စက္ကန့်အနည်းငယ် နောက်ပြန်ဆုတ်လိုက်ခြင်း ဖြစ်သည်။
ဘာဖြစ်သွားတာလဲ?
ကျန်းချန်ရွှမ်သည် အချိန်၏စည်းမျဉ်းကို ကျွမ်းကျင်မှုရှိသည်များ ဖြစ်နိုင်ပါသလား?
သို့သော် ၎င်းက မည်သို့ ဖြစ်နိုင်မည်နည်း?
လူတိုင်းသိရမည်မှာ အချိန်၏စည်းမျဉ်းသည် အထူးသာလွန်သည့်စည်းမျဉ်းတစ်ခုဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများကိုမပြောသေးနှင့် ဗလာနယ်ပြန်နတ်ဘုရားအရှင်များပင် ဖမ်းဆုပ်နိုင်ရန်ခက်ခဲပါသည်။
ဝှစ်..
တစ်ချိန်တည်းမှာပင်။
ကျန်းချန်ရွှမ်၏ပုံရိပ်သည် ရုတ်တရက် ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားခဲ့သည်။
ထိုအလင်းတန်းသည် မျက်ခုံးဖြူနှင့်လူအား တိုက်ရိုက်ဖြတ်သွားခဲ့သည်။
“အား…”
ချက်ခြင်းပင်၊ မျက်ခုံးဖြူနှင့်လူ၏ မျက်လုံးသည် ပြူးကျယ်သွားခဲ့သည်။
သူသည် သူတို့နောက်သို့ရောက်လာခဲ့သော ကျန်းချန်ရွှမ်ကိုကြောင်ကြည့်နေမိကာ စကားပြောရင် ပါးစပ်ဖွင့်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်နှစ်ခြမ်းကွဲသွားပြီး သူ၏မူလဝိညာဉ်သည်လည်း လေဟာနယ်ထဲတွင် ပပျောက်သွားခဲ့သည်။
“စီနီယာအစ်ကိုလီ။”
မျက်ခုံးဖြူနှင့်လူ အသတ်ခံလိုက်ရသည်ကိုမြင်လျှင်၊ ဒြပ်စင်ငါးပါးဂိုဏ်းမှ ကျန်ရှိနေသည့် ကျင့်ကြံသူများသည် ဝမ်းနည်းဒေါသထွက်ကာ အော်လိုက်ကြသည်။
ဝှစ်..
ချက်ခြင်းပင် ကျန်းချန်ရွှမ်သည် သူ၏လက်သို့ရောက်သွားကာ မျက်ခုံးဖြူနှင့် လူ၏သိုလှောင်လက်စွပ်သည် ချက်ခြင်းပင် သူ့လက်ထဲသို့ပျံသန်းရောက်ရှိသွားသည်။
ခနအကြာတွင် သူသည် ၎င်း၏အပေါ်မှ ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီး ကြောက်မက်ဖွယ် အရောင်အဝါများ ထုတ်လွတ်နေသည့် အဆောင်ကိုထုတ်လိုက်သည်။
“အို ဒြပ်စင်ငါးပါး ဖျက်ဆီးခြင်းအဆောင် ဒါက မင်းတို့ဒြပ်စင်ငါးပါးဂိုဏ်းရဲ့ ထူးခြားတဲ့ အဆင့် ၇ အဆောင်လား?”
မှန်ပါသည်။
ထိုမျက်ခုံးဖြူနှင့်လူထုတ်လာသည့် ဒြပ်စင်ငါးပါးဖျက်ဆီးခြင်းအဆောင်သည် အဆင့် ၇ အဆောင်၏ စွမ်းအားကို ပိုင်ဆိုင်ထားပါသည်။
ကျန်းချန်ရွှမ်သည် သူ၏လက်ရှိစွမ်းအားဖြင့် ထိုအဆောင်ကိုလုံးဝမကြောက်သော်လည်း သူ အင်အားမသုံးဘဲ ဖြေရှင်းနိုင်သည့် အခြေအနေ၌ ပြိုင်ဘက်အား ထိုအဆောင်ကိုအသက်သွင်းရန် အဘယ်ကြောင့် စောင့်နေရမည်နည်း?
“ငါနောက်ဆုံးတစ်ကြိမ်ပြောမယ်။ မင်းတို့ သိမ်းယူထားတဲ့နေရာကနေချက်ခြင်းထွက်သွား။ မဟုတ်ရင်၊ မညှာတာလို့ ငါ့ကို အပြစ်လာမတင်နဲ့။”
ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းနှင့်ထာဝရဓားဂိုဏ်းတို့မှ ကျင့်ကြံသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။
သူ၏စကားကိုကြားလျှင်၊ ဂိုဏ်းနှစ်ခုစလုံးမှ ကျင့်ကြံသူများ၏မျက်နှာများသည် ဒေါသနှင့် အရှက်ကွဲမှုများဖြင့် ပြည့်နေသော်လည်း သူတို့သည် ကျန်းချန်ရွှမ်၏ဖော်ပြထားသောစွမ်းအား၏ရှေ့တွင် အင်အားမရှိကြပါ။
သူသည် လက်တစ်ဘက်တည်းနှင့်ပင် သူတို့၏တိုက်ခိုက်မှုများကို တားဆီးနိုင်သည်သာမကဘဲ သူသည် စီနီယာအစ်ကိုလီ၏ လှုပ်ရှားမှုကိုလည်း ပြောင်းပြန်လှန်နိုင်ကာ ဒြပ်စင်ငါးပါးဖျက်ဆီးခြင်းအဆောင်ကို သူ၏သိုလှောင်လက်စွပ်ထဲ ပြန်ရောက်အောင်ပင် လုပ်နိုင်စွမ်းရှိသည်။
ထိုအရည်အချင်းမျိုးသည် သူတို့ရရှိနိုင်သည့် အရာထပ် များစွာ သာလွန်နေပါသည်။
အကယ်၍ ပြသနာကိုအပြည့်အဝစတင်လိုက်ပါက ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းနှင့် ထာဝရဓားဂိုဏ်းတို့သည် အကျိုးယုတ်တော့မည် ဖြစ်ကာ အားလုံးသုတ်သင်ခံလိုက်ရခြင်းပင် ဖြစ်နိုင်ပါသည်။
ထိုအသိဖြင့် ဒြပ်စင်ငါးပါးဂိုဏ်းမှ လူတစ်ဦးသည် ကျန်းချန်ရွှမ်းအားစိုက်ကြည့်ကာ သူ၏အဖော်များကို ပြောလိုက်သည်။
“သွားကြမယ်။”
ဤသို့ဖြင့် သူသည် ဦးဆောင်ကာ တုံ့ဆိုင်းမှုမရှိဘဲ ထွက်ခွာသွားတော့သည်။
သူတို့သည် မလိုလားသော်လည်း ယခုတွင် ခုခံနေခြင်းသည် အလကားပင်ဖြစ်ကြောင်း သိကြပါသည်။ သူတို့သည် မြစ်တစ်ထောင်လျို့ဝှက်နယ်မြေမှ မထွက်ခွာခင်တွင် ကြေအေးရန်ဆုံးဖြတ်လိုက်ကြသည်။
ဒြပ်စင်ငါးပါးဂိုဏ်းနှင့် ထာဝရဓားဂိုဏ်းမှလူများ ထွက်ခွာသွားသည်နှင့် ကျန်းချန်ရွှမ်နှင့် အဖွဲ့က ပြိုင်ဘက်များမှယူထားသော ဥယျာဉ်ကို လွဲယူလိုက်သည်။
ချိုင်ချန်ခွင်းနှင့် ကျီဟွာတို့ယူထားသည့် ဥယျာဉ်နှင့်ဆိုလျှင် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းမှ ဥယျာဉ်နှစ်ခုကို ထိန်းချုပ်ထားပြီဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ၊ အခြားဂိုဏ်းများနှင့် မိသားစုကျင့်ကြံသူများသည် ကျန်းချန်ရွှမ်နှင့် သူ၏အဖွဲ့အား သူ၏ယခင်ကစွမ်းအားပြသထားသည်ကို မြင်ထားသဖြင့် ရန်မစရဲကြပေ။
.......
ရက်အနည်းငယ်အကြာတွင်။
ဆေးဥယျာဉ်သုံးခုသည် စတင်၍ ကြုံ့သွားပြီး လက်ဖဝါးအရွယ်အစားအထိ ပြောင်းလဲသွားကာ အင်အားစုသုံးခုလက်ထဲသို့ ကျရောက်သွားခဲ့သည်။
ထိုအချိန်တွင် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေက ပိတ်ခါနီးအချိန်သို့ရောက်ရှိနေပြီဖြစ်သည်။
ကျန်းချန်ရွှမ်သည် ရှိနေသောလူတိုင်းကို ကြည့်ကာ ပြုံးပြလိုက်သည်။
“ငါတို့အချိန်နည်းနည်းကျန်သေးတယ်ဆိုတော့ အခြားနေရာတွေကို ရတနာတစ်ခုခုရှာတွေ့မလားလို့ သွားကြည့်ကြတာပေါ့။”
“ကောင်းပါပြီ။”
ကျင့်ကြံသူအားလုံးသည် အမိန့်ကိုလက်ခံလိုက်ကြသည်။
ထိုအချိန်တွင် ဟောက်ရန်ဂိုဏ်းမှကျင့်ကြံသူများ သို့ မိုးကြိုးချိုင့်ဝှမ်းမှတပည့်များ ဖြစ်စေ၊ သူတို့သည် ကျန်းချန်ရွှမ်အား ရိုးသားစွာ အထင်ကြီးနေကြပြီဖြစ်သည်။
မကြာမီ ကျန်းချန်ရွှမ်က လူတိုင်းကိုဦးဆောင်ကာ မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေထဲ ရတနာရှာရန် သွားလိုက်ကြသည်။
အတိဒုက္ခရှောင်လွဲခြင်းရတနာနှစ်ခုကိုတွေ့ခဲ့ရသည်။
၎င်းသည် ဗလာနယ်ပြန်အဆင့်အားထိုးဖောက်ရာတွင် အကူအညီဖြစ်နိုင်ပါလိမ့်မည်။
ကျီ…
ရက်အနည်းငယ်အကြာတွင် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေအတွင်းရှိကျင့်ကြံသူအားလုံးသည် စွမ်းအားကြီးသော စုပ်ယူခြင်းအင်အားတစ်ခုကို ခံစားလိုက်ကြရသည်။
မကြာမီတွင် သူတို့သည် မထိန်းချုပ်နိုင်ဘဲ လျှို့ဝှက်နယ်မြေအပြင်ဘက်သို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။
ဝှစ်…ဝှစ်…ဝှစ်…
ခနအကြာတွင် ကျန်းချန်ရွှမ်အပါအဝင် လူတိုင်းက မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေမှထွက်ခွာသွားခဲ့သည်။
မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေအပြင်ဘက်တွင်။
အင်အားစုကြီးမားက အခြေအနေအပြောင်းအလဲများကို နီးကပ်စွာ စောင့်ကြည့်နေခဲ့ကြသည်။
“အား.. သူတို့ထွက်လာကြပြီ။”
ဝှစ်…ဝှစ်…ဝှစ်..
စကားပြောပြီးသည်နှင့် သူတို့သည် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေမှ တစ်ဦးပြီးတစ်ဦးထွက်လာသည်ကို တွေ့လိုက်ရသည်။
နယ်မြေထဲမှလူအားလုံးထွက်လာပြီးနောက်၊ လျို့ဝှက်နယ်မြေက လုံးဝပိတ်သွားသောအခါ အင်အားစုကြီးများ၏မျက်နှာအမူအရာများသည် မကောင်းတော့ပေ။
အကြောင်းမှာ သူတို့၏ဂိုဏ်းများနှင့် မိသားစုများမှ လျို့ဝှက်နယ်မြေထဲဝင်ရောက်သော တပည့်များ အများအပြားကျဆုံးသွားသောကြောင့်ဖြစ်သည်။
ကျန်းချန်ရွှမ်ရှိသော ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့သည်လည်း ခြွင်းချက်မရှိပါ။
သို့ရာတွင် အခြားသူများနှင့် ယှဉ်လျှင် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းမှ ဆုံးရှုံးရခြင်းသည် များစွာလျော့နည်းပြီး လက်ခံနိုင်သောအနေအထားတွင်ရှိပါသည်။
အထူးသဖြင့် ချင်ရှန်းဝူ၊ ရွယ်ပင်းနှင့် ယွင်ရီကျန်းတို့က သူတို့၏တပည့်များ ရရှိလာသောအရာများကို သိသွားလျှင်၊ သူတို့၏မျက်နှာများသည် အံ့ဩဝမ်းသာခြင်းမရှိဘဲမနေနိုင်ခဲ့ပေ။
၎င်းသည် ဝိညာဉ်ဆေးပင်များ၏ ကြီးထွားမှုကို တိုးမြင့်ပေးနိုင်သည့် ဆေးဥယျာဉ် သို့ ကျန်းချန်ရွှမ်တို့ အုပ်စုရရှိခဲ့သော သံသရာကင်းလွတ်ခြင်းကျောက်တိုင်တို့သည် အရေးကြီးသော ရတနာများဖြစ်ကြသည်။
၎င်းတို့သည် သူတို့ဂိုဏ်းများ၏ အနာဂတ်တိုးတက်မှုအတွက် အစားမထိုးနိုင်သည့် အခန်းများမှ ပါဝင်လိမ့်မည်ဖြစ်သည်။
သို့ရာတွင်ထိုအချိန်၌ အေးစက်သောအသံတစ်ခုကရုတ်တရက် ဂိုဏ်းနှစ်ခုလုံး၏ကျင့်ကြံသူများ နားထဲသို့ ဝင်လာခဲ့သည်။
“ကျန်းချန်ရွှမ်၊ မင်း ငါတို့ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းရဲ့ တပည့်တွေကိုသတ်ပြီး ငါတို့ဂိုဏ်းပိုင်တဲ့ရတနာကို လုယူသွားတယ်။ မင်းက ငါတို့ ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းကို အကျိုးဆက်တွေမရှိဘဲ အနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား?”
***