ဆေးဥယျာဉ်နှစ်ခုကိုရယူခြင်း
Vol. 40 Ch. 751
“မင်းတို့လူနည်းနည်းလေးနဲ့ ဆေးဥယျာဉ်ရယူဖို့ပြိုင်ဆိုင်ချင်နေသေးတာလား?” မျက်ခုံးဖြူနှင့်လူသည် ပြောင်ကျကျပင် ပြောလိုက်ကာ သူတို့အား စိန်ခေါ်လိုက်လေသည်။
သူ၏စကားကိုကြားလျှင် အခြားသူများ၏မျက်လုံးများက လက်သွားကြသည်။
အမှန်တကယ်ပင်။
လူအရေအတွက်ကိုကြည့်လျင်၊ ဟောက်ရန်ဂိုဏ်းနှင် မိုးကြိုးချိုင့်ဝှမ်းက လူများသည် အရေအတွက်အနည်းဆုံးဖြစ်သည်။
သို့ရာတွင် ချိုင်ချန်ခွင်းနှင့် ကျီဟွာတို့၏ စွမ်းအားက သာမန်ဝိညာဉ်ဖွဲ့စည်းခြင်းနောက်ပိုင်းအဆင့်မဟုတ်ပဲ၊ ဝိညာဉ်ဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်မှာ ငြင်းပယ်လို့မရပါ။
၎င်းသည် သူတို့ကယခုအချိန်ထိ မထွက်သွားရသေးသည့်အကြောင်းအရင်းဖြစ်သည်။
သို့ရာတွင်၊ မျက်ခုံးဖြူလူ၏အမူအရာမှာ ချိုင်ချန်ခွင်းနှင့် ကျီဟွာတို့အား အကျိုးမရှိစေသည့်အနေအထားသို့ ပို့နေကာ ရှိနေသည့် အထူးနှင့် အရှင်သခင်အင်အားစုများမှ လူများအား ဆုံးဖြတ်စေချင်နေသည်။
စွမ်းအားနှင့် ယှဉ်လျှင် ကွာခြားမှုရှိသော်လည်း သေချာပေါက်မကြီးမားပါ။
၎င်းသည် ရှိနေသောလူများကို ပေါင်းစည်းသွားစေပြီး ချိုင်ချန်ခွင်းနှင့် ကျီဟွာတို့အား ပြိုင်ပွဲမှလွယ်ကူစွာ ထုတ်ပစ်နိုင်ပေသည်။
“ဘာလဲ? ကျုပ်တို့က ဒီဥယျာဉ်တွေအတွက်ပြိုင်ဆိုင်ချင်တယ်။
ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းက ဒါနဲ့ပက်သက်ပြီး ပြသနာရှိလို့လား?"
မမျှော်လင့်ထားသော မျက်ခုံးဖြူလူနှင့် ဆံရှည်လူတို့သည် အစကစကားပြောနေရင်းနှင့် မရင်းနှီးသည့်အသံတစ်ခုက ရုတ်တရက် လူအုပ်ကြားထဲမှထွက်လာခဲ့သည်။
လူတိုင်သည် အသံလာရာဘက်ကို လှည့်ကြည့်လိုက်ကြသည်။
ထိုနေရာတွင် လူခုနှစ်ဦးက ချဉ်းကပ်လာသည်။
ဦးဆောင်သူနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်သည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဖြစ်ပါသည်။
“စီနီယာအစ်ကိုကျန်း၊ စီနီယာအစ်မရှန်း။”
ချိုင်ချန်ခွင်းနှင့် ကျီဟွာတို့က အံ့ဩဝမ်းသာသွားကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုအချိန်တွင်ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားကြဘဲ တိတ်တဆိတ်သာ စိတ်ချသွားစေခဲ့သည်။
သူတို့နှင့် ဆိုလျှင် သူတို့ဘက်သည် အနည်းဆုံး ဆေးဥယျာဉ်တစ်ခုကိုတော့ ရနိုင်လိမ့်မည်ဖြစ်သည်။
ချိုင်ချန်ခွင်းနှင့်ကျီဟွာတို့၏ အမူအရာကြောင့် မျက်ခုံးဖြူနှင့် အခြားသူများ၏မျက်လုံးများသည် အေးစက်သွားကြသည်။
အထူးသဖြင့် သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နောက်မှ သုံးဦးကိုမြင်လိုက်သောအခါ သူတို့၏မျက်လုံးများသည် လေးနက်သွားသည်။
သူတို့သည် သူတို့၏စီနီယာအစ်ကိုရယ်တို့က ရှောက်ရွယ်မိုင်နှင့် အခြားသူများအား ချုပ်နှောင်ထားသည်ကို မှတ်မိနေခဲ့သည်။
ဤအခြေအနေက မမျှော်လင့်ဘဲ ပြောင်းသွားခဲ့သည်။
အစ်ကိုရယ်က မရောက်လာခဲ့ဘဲ ထိုအစား ရှောက်ရွယ်မိုင်နှင့် သူမတို့အုပ်စုကရောက်လာခဲ့လေသည်။
၎င်းသည် အစ်ကိုရယ်နှင့် သူတို့အုပ်စုတွင် တစ်ခုခုဖြစ်သွားသည်ကိုပြသနေကာ ထိုအချက်သည် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူများက သူ့အား ဆက်သွယ်ရန်ကြိုးစားရာတွင် တုံ့ပြန်မှုမရှိခြင်းသည် ပို၍ သေချာသွားစေသည်။
၎င်းသည် မျက်ခုံးဖြူနှင့် သူတို့အုပ်စု၏သံသယများကို အတည်ပြုပေးလိုက်ပြီး ယခုမူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား သတ်ဖြတ်ခြင်းရည်ရွယ်ချက်ဖြင့် ကြည့်နေလေသည်။
“ဒီမှာရှိတဲ့ ဆေးဥယျာဉ်သုံးခုကို ငါတို့ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းက တစ်ခုဆီယူသွားမယ်။ အားလုံးမှာ ကန့်ကွက်စရာမရှိဘူးမလား။ ရှိကြလား?”
ကျန်းချန်ရွှမ်က ရှိနေသောသူများအားကြည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။
သူ၏စကားကိုကြားလျှင် ယခင်က စိတ်ဝင်စားမှုမရှိသော အချို့ကျင့်ကြံသူများသည် ရုတ်တရက် အကြည့်များစူးရှလာကြသည်။
မျက်ခုံးဖြူလူနှင့် သူ့အဖော်များသည် ဒေါသထွက်နေကာ လှောင်ပြောင်ရယ်မောလိုက်ကြသည်။
“ဘယ်လောက်မာနကြီးလိုက်သလဲ။ မင်းက အခုမှရောက်လာပြီး ဆေးဥယျာဉ်နှစ်ခုကိုလိုချင်သေးတယ်ပေါ့။ မင်းကိုမင်းဘာထင်နေလဲ?”
လေထုက ရန်လိုလာပြီး လူတိုင်း၏အကြည့်က မဲမှောင်သွားကြသည်။
အဆုံးတွင် ရတနာက မျက်စိရှေ့တွင်ရှိနေရာ ရှိနေသောသူတိုင်းသည် လွယ်ကူစွာနောက်ဆုတ်ပေးလိမ့်မည် မဟုတ်ကာ ဆန္ဒရှိစွာနှင့်လည်း အခြားသူများပေးလိမ့်မည်မဟုတ်ပါ။
“ကျုပ်ရဲလားမရဲလားဆိုတာ မင်းမကြာခင်သိရတော့မှာပါ။” ကျန်းချန်ရွှမ်၏မျက်လုံးများက ပြင်းထန်သောအလင်းဖြင့် လက်သွားသည်။
မကြာမီက သူသည် ရှောက်ရွယ်မိုင်နှင့် သူမတို့အုပ်စုထံမှ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းသည် ဟောက်ရန်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် အထူးသဖြင့် သူ၊ ကျန်းချန်ရွှမ်ကို လုပ်ကြံရန်အခွင့်အရေးများ ရှာဖွေနေကြကြောင်းကို သိရှိခဲ့ရသည်။
ဆိုကြသည်မှာ ကျန်းချန်ရွှမ်အားသတ်နိုင်သူမည်သူမဆို သူတို့၏ဂိုဏ်းထဲတွင် အရေးပါသောဆုလဒ် ရရှိမည်ဟုဆိုသည်။
“မင်းတို့က ငါ့ကိုပစ်မှတ်ထားနေမှတော့၊ ငါကလည်းမင်းတို့ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းက လူတွေကိုမညှာတာနိုင်တာကို အပြစ်မတင်ပါနဲ့။” ကျန်းချန်ရွှမ်က တွေးလိုက်ကာ ရှေ့သို့လှမ်းလိုက်သည်။
ကျီ…
ချက်ခြင်းပင် သူ၏ရှေ့မှ နေရာလပ်သည် လိုင်းထသွားပြီး ရွှေဗလာနယ်ဓားသည် လေဟာနယ်ကိုဖြတ်ကာ မျက်ခုံးဖြူနှင့် သူတို့အုပ်စုရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
“မင်းကများ..”
မျက်ခုံးဖြူလူနှင့် အခြားသူများသည် ကျန်းချန်ရွှမ်က ဤကဲ့သို့ ပြတ်သားစွာတိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားကြပါ။
၎င်းသည် သူနှင့် အခြား ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှကျင့်ကြံသူများအား မသိစိတ်မှ သန်မာသော သတ်ဖြတ်ခြင်းရည်ရွယ်ချက်ကို ခံစားလိုက်ရစေသည်။
“ညီအစ်ကို၊ ညီအစ်မတို့ အတူတိုက်ကြ။ သူ့ကိုသတ်ကြ။” သူတို့က အော်လိုက်သည်။
ဝုန်း…
ထိုအချိန်တွင် အမျိုးမျိုးသော ဒြပ်စင်မန္တာန်များ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများသည် ကျန်းချန်ရွှမ်ဆီသို့ ဦးတည်လာနေကြသည်။
တူညီစွာပင်၊ ထာဝရဓားဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း တိုက်ပွဲသို့ဝင်လာကြသည်။
ကောင်းကင်ပေါ်တွင် မရေတွက်နိုင်သည် ဓားချီများသိပ်သည်းလာကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံသို့ ဖျက်စီးခြင်းရည်ရွယ်ချက်များနှင့် ဦးတည်၍လာနေကြသည်။
ဝုန်း…ဝုန်း..ဝုန်း….ဝုန်း…
ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်၏အပေါ်တွင် ဒြပ်စင်ငါးပါး ရောင်ခြည်စက်ဝိုင်းပေါ်ထွက်လာကာ လာနေသော မန္တာန်များ၊ နတ်ဘုရားစွမ်းအားများနှင့် ရတနာများအားလုံးကိုတစ်ခုမှနီးကပ်မလာစေရန် ကာဆီးထားလိုက်သည်။
“ဘာ?”
မျက်ခုံးဖြူလူနှင့် အဖွဲ့သည် နောက်သို့ဆုတ်သွားကြသည်။
သူတို့၏ တိုက်ခိုက်မှုသည် ကျန်းချန်ရွှမ်၏အတားအဆီးကို မှိန်ပင်မမှိန်သွားစေပါ။
ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
သူတို့သည် မတုံ့ပြန်နိုင်ခင်တွင်ပင်၊ တောင်ကဲ့သို့ ကြီးမားသည့်လှံကြီးသည် သူတို့အပေါ်သို့ ကျရောက်လာခဲ့သည်။
ဝုန်း…
ချက်ခြင်းပင်၊ မန္တာန်များနှင့် နတ်ဘုရားစွမ်းအားအမျိုးမျိုးတို့သည် ပျောက်ကွယ်သွားခဲ့ပြီး သူတို့ဆင့်ခေါ်ထားသည့် ဓမ္မရတနာများသည်လည်း လွင့်ထွက်သွားခဲ့သည်။
“အား…”
သူတို့ထဲမှ အချို့သည် ချက်ခြင်းပင် ခံစားသွားရပြီး သွေးများအန်တော့သည်။
ထိုအချိန်တွင် မျက်ခုံးဖြူနှင့် အဖွဲ့သည်ပင် ထိတ်လန့်သွားခြင်းမဟုတ်ဘဲ ကျန်ရှိနေသည့် ဘေးမှကြည့်နေသောသူများသည်လည်း ကြောင်အ,နေကြသည်။
သူတို့သည် ကျန်းချန်ရွမ်၏အင်အားက ထိုမျှလောက်ရှိမည်ဟု ကြိုတင်မမျှော်လင့်ထားကြပေ။
၎င်းသည် အမှန်တကယ် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ဦး၏ စွမ်းအား ဖြစ်ပါသလား?
“သွားတော့။ မင်းတို့ပိုင်တဲ့ နေရာကိုယူပြီးထွက်သွားပါ။ ပြီးတော့ ငါထပ်ပြီး ဝင်ပါမှာမဟုတ်ဘူး။ မဟုတ်ရင် မင်းတို့ကိုမညှာတာတဲ့အတွက် ငါ့ကိုအပြစ်မတင်ပါနဲ့။” ကျန်းချန်ရွှမ်က မျက်ခုံးဖြူလူနှင့် အဖွဲ့ကိုကြည့်ကာ စိတ်မဝင်စားစွာပြောလိုက်သည်။
သူသည် ယခုအချိန်တွင် ရှိနေသောသူများပြားသဖြင့်၊ အကယ်၍ သူသည် မျက်ခုံးဖြူလူနှင့် သူ့အုပ်စုကို အစကတည်းမှ သတ်လိုက်လျှင် ၎င်းသည် ကြီးမားသည့်ပြသနာဖြစ်လာစေလိမ့်မည်ကို သတိပြုမိသည်။
အကယ်၍ သူ လွတ်မြောက်ရန်လမ်းပေးပြီးနောက်၊ သူတို့က မယူလျှင်မူ ၎င်းသည် အခြားကိစ္စတစ်ခုဖြစ်လာပါလိမ့်မည်။
ထိုအချက်ဖြင့် အကယ်၍ သူသည် ဝေးဝေးသွားလျှင်ပင်၊ ၎င်းသည် တရားမျှတမှုရှိနေသေးလိမ့်မည်။ သို့ရာတွင်၊ မျက်ခုံးဖြူလူနှင့် အဖွဲ့အတွက် ၎င်းသည် သံသယကင်းစွာပင် ကြီးမားသော အရှက်ခွဲခြင်း ဖြစ်လိမ့်မည် ဖြစ်ကာ လက်မခံနိုင်သောအရာဖြစ်လိမ့်မည်။
မျက်ခုံးဖြူလူ၏မျက်နှာသည် ရုတ်တရက် ရက်စက်သည့်အမူအရာကို ပြလာခဲ့သည်။
ခနအကြာတွင်၊ သူသည် သူ၏လက်ထဲမှ အဆောင်တစ်ခုကိုထုတ်လာသည်။
ထိုအဆောင်သည် လိမ္မော်နှင့်အနီရောင်ရှိကာ မျက်ခုံးဖြူလူက ထုတ်လာသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော လိုင်းများကို ထုတ်လွတ်နေလေသည်။
***