ထပ်မံဖြစ်ပေါ်သည့် အတွေ့အကြုံ
Vol. 40 Ch. 747
ရက်အနည်းငယ်အကြာတွင်။
ကျန်းချန်ရွှမ်နှင့် အဖွဲ့သည် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေအတွင်း ဆုံးဖြတ်ထားသည့် နေရာသို့ သွားနေခဲ့သည်။
ထိုအချိန်အတွင် သူတို့သည် အပြင်လောကတွင် မျှော်မှန်းထားသည်ထပ် ရတနာများစွာကိုရရှိခဲ့သည်။
သူတို့သည် ရွှေနက်တိမ်တိုက်သံ အခု ရှစ်ဆယ်ကျော်ရရှိခဲ့သည်။ သို့ရာတွင် သူတို့အား ပဟေဠိ ဖြစ်စေသည်မှာ ထိုရက်များအတွင်း မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေအတွင်းတွင် လူတစ်ဦးကိုမျှ မတွေ့ခဲ့ရသည်မှာ ပုံမှန်မဟုတ်ပါ။
ပုံမှန်အားဖြင့် အခြားဂိုဏ်းများသို့ မိသားစုများမှလူတစ်ဦးတစ်ယောက်နှင့် တစ်ရက် သို့ နှစ်ရက်တွင် ရင်ဆိုင်တွေ့ကြုံနိုင်ပေသည်။
ထိုသို့ မတွေ့ကြုံရခြင်းက အတော်လေး ရှားပါးပါသည်။
သို့ရာတွင် ကျန်းချန်ရွှမ်နှင့် အဖွဲ့သည် ထိုပုံမမှန်မှုကြောင့် အချိန်များစွာဆွဲမနေပါ။
၎င်းသည် သူတို့ကိုယ်တိုင် ယခင်ဝင်ရောက်လာခဲ့သော ရင်းနှီးနေသည့် အဝါရောင်မြေများပေါ်တွင် ပြန်ရောက်နေသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့၏အမူအရာများကို မဲမှောင်သွားစေတော့သည်။
သူတို့သည် စမှတ်သို့ပြန်ရောက်နေကာ သူတို့ကို အဓိကပြသနာဖြစ်စေသည်မှာ တူညီသောရန်သူများကို ထပ်မံ၍ ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ပထမတွင် ကျောက်တုံးဘီလူးများဖြစ်ပြီးနောက်တွင် နဂါးများဖြစ်သည်။
“ဘာ..ဘာတွေဖြစ်နေတာလဲ?”
ဖန်နန်ချွမ်နှင့် ယောင်အန်းရွေ့တို့သည် ကြည့်ရသည်မှာ ပြသနာဖြစ်နေပုံရပြီး သူတို့သည် ထပ်မံဖြစ်ပေါ်နေသည့် နေရာတွင် ထောင်ချောက်မိနေပုံပေါ်ပေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း တစ်ခုခုလွတ်နေသည်ကို အာရုံခံမိကြသော်လည်း သူတို့သည် တည်ငြိမ်နေကြသည်။
သူတို့သည် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက်၊ ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကိုကြည့်ကာ မေးလိုက်သည်။
“ယောကျ်ား၊ တစ်ခုခုကွဲပြားနေတာများ ရှာတွေ့လား?”
ကျန်းချန်ရွှမ်က ခေါင်းခါလိုက်သည်။
“ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်နေရတဲ့ ရန်သူတွေကတော့ ကွဲပြားမှုမရှိဘူး။ ဒါမဲ့ ကိုယ်မှာ အာရုံတစ်ခုရနေတယ်။”
ကျန်းချန်ရွှမ်ပြောပြီးနောက် သူသည် ယာယီရပ်လိုက်သဖြင့် ဖန်နန်ချွမ်နှင့် ယောင်အန်းရွေ့တို့က လှည့်ကြည့်လိုက်ကြသည်။
ကျန်းချန်ရွှမ်၏ အမူအရာက ရုတ်တရက် အလွန်လေးနက်သွားသည် ပြီးနောက် သူသည် တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
“အကယ်၍ ကိုယ်မှန်းတာမှန်ရင် ကိုယ်တို့အတွက် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေရဲ့ စမ်းသပ်မှုက စတင်နေပြီ။ မဟုတ်ရင် ဓမ္မအသုံးအဆောင်တစ်ခုခုက လွမ်းမိုးထားတဲ့ ပိုင်နက်ရဲ့စည်းမျဉ်းထဲ ရောက်နေတာ ဖြစ်လိမ့်မယ်။
ဒီအသုံးအဆောင်ရဲ့စည်းမျဉ်းကိုဖြတ်ကျော်နိုင်မှသာ ကိုယ်တို့ ဒီနေရာကနေ အမှန်တကယ် ထွက်ခွာနိုင်လိမ့်မယ်။”
“ဘာ?”
ဖန်နန်ချွမ်နှင့် ယောင်အန်းရွေ့တို့သည် ကျန်းချန်ရွှမ်၏ စကားကိုကြားလျှင် နှစ်ဦးလုံးအံ့ဩသွားကြသည်။
သူတို့သည် သူ့ထံမှ ထိုကဲ့သို့ တွေးဆမှုမျိုးပေါ်လာမည်ကို မမျှော်လင့်ခဲ့ကြပေ။
သို့သော် ပြန်လည်တွေးပြီးနောက်၊ ကျန်းချန်ရွှမ်၏အတွေးမှ ဖြစ်နိုင်ချေရှိသည်ကို သိခဲ့ကြသည်။ “ဒါဆိုရင်၊ စီနီယာအစ်ကိုကျန်းကိုမေးလို့ရမလား၊ ကျွန်မတို့ တကယ်ဖြတ်ကျော်ရမှာက ဘယ်လိုစမ်းသပ်မှုမျိုးလဲ?”
ယောင်အန်းရွေ့က မနေနိုင်ဘဲ မေးလိုက်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်သည် ခေါင်းခါလိုက်သည်။
“ငါအခုတော့ လုံးဝမသေချာသေးဘူး ခနနေရင် ငါတို့ထပ်ပြီး အတည်ပြုဖို့လိုလိမ့်မယ်။”
ဤသို့ဖြင့် ကျန်းချန်ရွှမ်သည် ရှေ့ဆက်၍သွားလိုက်သည်။
အခြားသူများသည် မြင်သောအခါ ချက်ခြင်းလိုက်သွားခဲ့သည်။
.......
ထိုအတိုင်းပင်၊ ရက်များစွာကြာသောအခါ၊ ကျန်းချန်ရွှမ်နှင့် အခြားသူများသည် သူတို့လာသောနေရာသို့ ပြန်ရောက်သွားခဲ့သည်။
အဝါရောင်မြေ၊ ကျောက်တုံးဘီလူးများ၊ နဂါးများ…
ရင်းနှီးနေသော မြင်ကွင်းများကိုကြည့်ကာ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ဖန်နန်ချွမ်နှင့် ယောင်အန်းရွေ့တို့သည် အလွန်တည်ငြိမ်နေကြသည်။
“ကြည့်ရတာ စီနီယာအစ်ကိုကျန်းမှန်ပုံပဲ။”
ဖန်နန်ချွမ်က ပြောလိုက်သည်။
“ကျွန်တော်တို့ တကယ်ပဲ ဓမ္မအသုံးအဆောင်တစ်ခုရဲ့စည်းမျဉ်းထဲမှ စမ်းသပ်ခံနေရပုံပေါ်တယ်။ အကယ်၍ ဒီအသုံးအဆောင်ရဲ့စမ်းသပ်မှုကို မအောင်မြင်နိုင်ရင်ဒီမှာပဲ တစ်သက်လုံးထောင်ချောက်မိနေလိမ်မယ်။”
၎င်းသည် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေ၏ အန္တရာယ်ပင်ဖြစ်သည်။
ကျန်းချန်ရွှမ်ကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်ဖြစ်သော ကျင့်ကြံသူများနှင့် အဆင့်နိမ့်သော ကျင့်ကြံသူအပါအဝင် လူတိုင်းသည် သေစေနိုင်သောအန္တရာယ်များကို ကြုံတွေ့ရမည်ဖြစ်သည်။
အထဲရောက်သွားသည်နှင့် လူတိုင်း အမျိုးမျိုးသော စိန်ခေါ်မှုများကိုတွေ့ကြုံခဲ့ရလေသည်။
“ဒီစမ်းသပ်မှုကို အောင်မြင်ဖို့ ကျွန်မတို့ဘာလုပ်ရမလဲဆိုတာ သိချင်မိတယ်။”
ယောင်အန်းရွေ့က မနေနိုင်ဘဲ မေးလိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ခေါင်းခါလိုက်ကြကာ သူတို့မသေချာကြောင်း ဖော်ပြလိုက်သည်။
“ငါတို့အခုထိတော့ သေချာမသိသေးဘူး။ ဒါပေမဲ့ ငါတို့အခုဒီမှာရောက်နေပြီဆိုတော့ရည်ရွယ်ချက်က ဘာလဲဆိုတာ သေချာလေး စုံစမ်းလိုက်ကြရအောင် ပြီးတော့ ဒီအစီအစဉ်က ငါတို့ကိုဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။”
ကျန်းချန်ရွှမ်က အကြံပြုလိုက်ပြီး သူတို့သည်ဆက်၍ ရှေ့ဆက်သွားလိုက်ကြသည်။
ထို့နောက် သူတို့သည် သူတို့သည် ထိုစက်ဝိုင်းကို ဆယ်ကြိမ်ကျော်ထိ ထပ်မံ၍ ဖြတ်သန်းပြီးနောက် ထိုအတောအတွင်း တစ်လပင်ကျော်မည်ဖြစ်သည်။
သာမန်အခြေအနေအောက်တွင် သူတို့သည် ယခုပင် မြစ်တစ်ထောင်လျို့ဝှက်နယ်မြေမှ ထုတ်ပယ်ခံနေရလောက်ပြီ ဖြစ်သည်။
သို့ရာတွင်၊ သူတို့တစ်ဦးမှ ထုတ်ပယ်မခံရသေးပေ၊ သို့သော် စမ်းသပ်မှုကလည်း ပြီးဆုံးသေးသည့်ပုံ မပေါက်ပါ။
“ဒါကဖြစ်နိုင်မှာမဟုတ်ဘူး။ အကယ်၍ ငါတို့ ဒီလိုပဲဆက်သွားနေရင် ငါတို့ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။” ဖန်းနန်ချွမ်းနှင့် ယောင်အန်းရွေ့တို့က ဖော်ပြလာကာ သိသာစွာပင် စိတ်မရှည်တော့သည့်ပုံစံပေါ်နေသည်။
သူတို့သည် အတွေ့အကြုံတစ်ခုတည်းကိုသာ ရင်ဆိုင်နေရသော ထပ်ခါတစ်လဲလဲဖြစ်နေသည့် နှိပ်စက်မှုကို သည်းမခံနိုင်တော့ဘဲ သူတို့၏တာအိုနှလုံးသားများသည် စတင်၍ အက်ကွဲလာခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား ပို၍ စိတ်ပူလာစေသည်။
“အကယ်၍ ငါမမှားရင်၊ ဒီစမ်းသပ်မှုက ငါတို့ကို အတွေ့အကြံတစ်ခုတည်းကို ရင်ဆိုင်ခိုင်းပြီး အဆုံးမရှိတဲ့ ထပ်ခါတလဲလဲဖြစ်နေတာမှာ ပါဝင်ဖို့ ဖြစ်နိုင်တယ်။” ကျန်းချန်ရွှမ်က ကောက်ချက်ချလိုက်သည်။
“အတွေ့အကြုံတစ်ခုထဲကို ထပ်ခါတလဲလဲပြန်ဖြစ်စေတာလား?”
ဖန်းနန်ချွမ်နှင့်ယောင်အန်းရွေ့တို့က ကျန်းချန်ရွှမ်၏ အကြံပြုချက်ကို မယုံကြည်ချင်ဘဲဖြစ်နေခဲ့သည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?”
ဒါဆို ငါတို့ကိုဘယ်လောက်ကြာအောင်စမ်းသပ်မှာလဲ?” သူတို့က မေးလိုက်သည်။
ကျန်းချန်ရွှမ်က သူ့တို့အားတစ်ချက်ကြည့်လိုက်ကာ လေးပင်စွာပြောလိုက်သည်။
“ဒါကပြောရခက်တယ်။ ငါကြောက်တာ ဒီစမ်းသပ်ချက်က ငါတို့စိတ်ဝိညာဉ်မပြိုလဲသွားမချင်း မရပ်နိုင်လောက်ဘူး။”
“အာ?”
ထိုစကားသည် ဖန်းနန်ချွမ်နှင့် ယောင်အန်းရွေ့တို့အားဖြူဖျော့သွားစေသည်။
၎င်းသည် သူတို့သည် ပြသနာတစ်ချို့ကို တွေးမိသောကြောင့်ဖြစ်သည်။
အကယ်၍ ကျန်းချန်ရွှမ်ပြောစကားမှာ အမှန်ဖြစ်ပါက၊ သူတို့သည် ဤနေရာမှထွက်ခွာနိုင်ရန် ဖြစ်နိုင်ချေမှာ တစ်ဆယ်ရာခိုင်နှုန်းသာ ရှိသည်။
အဆုံး၌ တစ်ဦးက စိတ်ဝိညာဉ်ပြိုကွဲစပြုလျှင် မည်သူမှ ဘာဖြစ်လာမည်ကို ကြိုတင်အာမ,မခံနိုင်ပါ။
အရေးအကြီးဆုံးအချက်မှာ၊ သူတို့သည် ထိုစမ်းသပ်မှုက မည်သည့်အချိန်ပြီးမြောက်ပြီကို မသေချာပါ။
အကယ်၍ မဖြစ်နိုင်လျှင်၊
ဖန်းနန်ချွမ်နှင့် ယောင်အန်းရွေ့တို့က ထိုအကြောင်းကိုစဉ်းစားမိကာ အတော်လေး ကြောက်သွားခဲ့သည်။
“ဒါဆိုရင် စီနီယာအစ်ကိုကျန်း၊ စီနီယာအစ်မရှန်း၊ ကျွန်တော်တို့ လူခွဲပြီးသွားကြရင်ကော? အကျိုးဆက်က အခြားတစ်ခုဖြစ်လာနိုင်မလား?”
ရုတ်တရက် ဖန်းနန်ချွမ်နှင့် ယောင်အန်းရွေ့တို့က ထိုအကြံကို သူ့တို့ကိုပေးလိုက်သည်။
သူတို့၏ စကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့၏အဖော်များ၏ စိတ်ဝိညာဉ် သည် ယိမ်းယိုင်စပြုနေသည်ကို သတိပြုမိကြသည်။
သူတို့အားအတူတူဆက်ထားခြင်းသည်လည်း ကောင်းသော အတွေးမဖြစ်နိုင်ပါ။
ထို့ကြောင့်။
ကျန်းချန်ရွှမ်က ထိုနှစ်ဦးကိုခေါင်းညိတ်ပြလိုက်သည်။
“အကယ်၍ ခွဲသွားကြည့်ရင် အခြေအနေပြောင်းလဲသွားမလား ကြိုးစားကြည့်ချင်တယ်ဆိုရင် အခုလောလောဆယ်ခွဲသွားကြတာပေါ့။ ဒါပေမဲ့ ငါ့ခန့်မှန်းချက်အရတော့ ငါတို့အတူတူ ပြန်ဆုံရလိမ့်မယ်။”
***