သတ်ဖြတ်ခြင်း၊ ဆေးဥယျာဉ်
Vol. 40 Ch. 750
“ဘာ?” စီနီယာအစ်ကိုရယ်နှင့် အခြားသူများ၏ မျက်နှာများသည် ချက်ခြင်းပင် မယုံကြည်နိုင်ခြင်းများကို ပြနေသည်။
လောကပြိုလဲအစီအရင်အား ထိန်းချုပ်ရန် သူတို့အသုံးပြုသောအစီအရင်အလံသည် တကယ်ပင်..
ဝုန်း…
သူတို့မတုံ့ပြန်နိုင်ခင်တွင်ပင်၊ ကျန်းချန်ရွှမ်၏ ဒုတိယတိုက်ခိုက်မှုက ချက်ခြင်းရောက်ရှိလာသည်။
ချက်ခြင်းပင်၊ လောကပြိုလဲအစီအရင်တစ်ခုလုံးသည် စတင်၍ ပြင်းထန်စွာတုန်လှုပ်လာခဲ့သည်။
စီနီယာအစ်ကိုရယ်နှင့် သူတို့အုပ်စု၏လက်ထဲမှ အစီအရင်အလံများသည် ဝုန်းဟူသောအသံဖြင့် ပေါက်ကွဲသွားခဲ့ပြီး ထိုပြင်းအားကသူတို့အား နောက်ဆုတ်သွားစေခဲ့သည်။
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
သူတို့အားလုံး ကြောက်လန့်သွားခဲ့သည်။
ဝုန်း…
ထိုအချိန်တွင်၊ ကျန်းချန်ရွမ်၏ တတိယတိုက်ခိုက်မှုက ကျရောက်လာသည်။
ကြီးမားသောလှံအလင်းသည် လောကကို ဖြတ်သန်းသွားသကဲ့သို့ ညီအစ်ကိုရယ်နှင့် သူတို့အဖွဲ့ဆီသို့ ကျရောက်လာခဲ့သည်။
“သေစမ်။"
သူတို့၏မျက်လုံးများသည် နီရဲသွားခဲ့သည်။
သူတို့သည် ပြိုင်ဘက်အပေါ်သို့ သတ်ဖြတ်ရန်ရည်ရွယ်ချက်ရှိသကဲ့သို့ပင် ပြိုင်ဘက်၏ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကိုလည်း သတိပြုမိလေသည်။
“သူတို့မှာအဲ့လိုလုပ်နိုင်တဲ့ အရည်အချင်းရှိလားဆိုတာ ကြည့်ကြရအောင်။” သူတို့က ပြောလိုက်သည်။
ဝုန်း….
ချက်ခြင်းပင်၊ အစ်ကိုရယ်နှင့် အခြားသူများသည် သူတို့၏ သန့်စင်သောယန်ရတနာများကို ဆင့်ခေါ်လိုက်ကြသည်။
ရုတ်တရက်၊ ကောင်းကင်သည် မရေတွက်နိုင်သော တစ်လက်လက်တောက်ပနေသည့်အလင်းများဖြင့် လင်းလက်သွားသည်။
ဓားပျံများ၊ ရတနာဘီးများ၊ ကြီးမားသည့် မျှော်စင်များ၊ ဒိုင်းကာများ၊ လမင်းများ….
ဓမ္မရတနာအမျိုးမျိုးသည် ချက်ခြင်းပင် ကျန်းချန်ရွှမ်၏တိုက်ခိုက်မှုနှင့် တွေ့သွားခဲ့သည်။
ဝုန်း…
မြေကြီးသည် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါြခင်းက မိုင်ပေါင်းရာချီပျံနှံ့သွားသည်။
အစ်ကိုရယ်နှင့် သူ၏အုပ်စုသည် ကြောက်ရွံ့သည့်လက္ခဏာများပြလာခဲ့သည်။ အကြောင်းမှာ ကျန်းချန်ရွှမ်၏ လှံအလင်းသည် သူတို့၏ဆင့်ခေါ်ထားသောရတနာများအား ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဖြင့် များစွာသောအက်ကွဲရာများကို ဖြစ်လာစေခဲ့သည်။
“အား…”
တစ်ဦးသည် ချက်ခြင်းပင် သွေးများအန်ထွက်လာသည်။
ကျန်းချန်ရွမ်၏ လေးကြိမ်မြောက်တိုက်ခိုက်မှုသည် ကျရောက်လာသည်နှင့် များစွာသော ခန္ဓာကိုယ်များက လေထဲတွင်ပင် ဘာမှမရှိသည်အထိ ပေါက်ကွဲသွားခဲ့သည်။
ငါးကြိမ်မြောက်တိုက်ခိုက်မှုဖြင့် စီနီယာအစ်ကိုရယ်သည်ပင် မတတ်နိုင်တော့ပါ။
ဝုန်းဆိုသောအသံဖြင့်၊ သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်သည် ဘာမှမရှိသည်ထိ ပပျောက်သွားတော့သည်။
“အာ… ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းက မင်းကိုဘယ်တော့မှ ခွင့်လွတ်မှာမဟုတ်ဘူး။”
စီနီယာအစ်ကိုရယ်သည် သူမသေခင်တွင် အသံနက်ကြီးဖြင့်အော်သွားခဲ့သည်။
သို့ရာတွင် ကျန်းချန်ရွှမ်သည် အာရုံပင်မထားပါ။
ကျန်းချန်ရွှမ်သည် သေဆုံးသွားသောသူများထံမှ သိုလှောင်လက်စွပ်များကိုစုဆောင်းကာ သူသည် ရှောက်ရွယ်မိုင်နှင့် သူမ၏အဖွဲ့ထံသို့ရောက်သွားသည်။
“ဂျူနီယာညီမရှောက်၊ နဲ့ ဂျူနီယာညီလေးနှစ်ယောက်တို့၊ အဆင်ပြေကြရဲ့လား?”
ထိုအခြေအနေတွင် ရှောက်ရွယ်မိုင်နှင့် သူမ၏အဖော်နှစ်ဦးတို့သည် အလွန်အံ့ဩထိတ်လန့်သွားကြသည်။
သူတို့သည် သူတို့၏စီနီယာအစ်ကိုကျန်း၏ အင်အားက အလွန်ရှိန်လောက်စရာဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့၏ အားကုန်သုံးလျှင်ပင်သူတို့သည် လောကပြိုလဲအစီအရင်ကို မထိုးဖောက်နိုင်ခဲ့ပါ။
စီနီယာကျန်းရောက်လာပြီးနောက် လှုပ်ရှားမှုငါးကြိမ်ထဲနှင့်ပင် အခြေအနေကိုဖြေရှင်းနိုင်ကာ၊ စီနီယာအစ်ကိုရယ်အပါအဝင် လူအားလုံးကို ရှုံးနိမ့်စေခဲ့သည်။
ထိုစွမ်းအားအဆင့်သည် ဗလာနယ်ပြန်နတ်ဘုရားအရှင်အချို့နှင့်ပင် ယှဉ်နိုင်ပေသည် မဟုတ်ပါလား?
ထိုအတွေးဖြင့် ရှောက်ရွယ်မိုင်နှင့် အခြားသူများသည် ခေါင်းကိုခါလိုက်ကြသည်။
“ကျွန်မတို့ကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်ကိုကျန်း။ ကျွန်မတို့အဆင်ပြေပါတယ်။”
“မင်းတို့အဆင်ပြေရင်ကောင်းပါတယ်။”
ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“စကားမစပ်၊ မင်းတို့တခြားညီအစ်ကို ညီအစ်မတို့ဘယ်မှာရှိလဲဆိုတာသိကြလား?” ကျန်းချန်ရွမ်၏မေးခွန်းကိုကြားလျှင် ရှောက်ရွယ်မိုင်သည် ချက်ခြင်းခေါင်းညိတ်လိုက်သည်။
“ကျွန်မစီနီယာအစ်ကိုချိုင်နဲ့ အခြားမိုးကြိုးချိုင့်ဝှမ်းကသူတွေ ဘယ်မှာရှိလဲဆိုတာ သိတယ်။ ဟောက်ရန်ဂိုဏ်းက စီနီယာအစ်မ ကျီဟွာလည်း သူတို့နဲ့အတူရှိတယ်။
သူတို့ကအတူတူရှိနေကြတာ၊ ကျွန်မတို့က သူတို့ဆီကသတင်းရပြီး သူတို့နဲ့သွားပူးပေါင်းမလို့ သွားနေတုန်း ဒြပ်စင်ငါးပါးဂိုဏ်းနဲ့ ထာဝရဓားဂိုဏ်းတို့နဲ့ ရင်ဆိုင်လိုက်ရတာပါ။”
“အိုး? မင်းတို့က အစ်ကိုချိုင်တို့ဆီက သတင်းစကားရခဲ့တာလား?” ရှန်းရူယန်က အံ့ဩမှုကို ပြလိုက်သည်။
“သူတို့က မင်းတို့ကို သူတို့ဆီ လာစေချင်တယ်လို့ပြောလား?”
ရှောက်ရွယ်မိုင်က ခေါင်းညိတ်လိုက်ကာ
“ဟုတ်တယ်။ စီနီယာအစ်ကိုချိုင်နှင့် စီနီယာအစ်မ ကျီဟွာတို့က သူတို့ ဝိညာဉ်ဆေးပင်တွေရဲ့စွမ်းအားကို စုပေါင်းနိုင်တဲ့ ဆေးဥယျာဉ်ကို တွေ့ထားတယ်လို့ပြောတယ်။ ဒါပေမဲ့ သူတို့ပဲအဲ့ဒီမှာရှိတာမဟုတ်ဘူး။ အခြားဂိုဏ်းကကျင့်ကြံသူတွေလည်းရှိတယ်တဲ့။
အစ်ကိုချိုင်နှဲ့ အစ်မကျီဟွာတို့က အဲ့ဒီဥယျာဉ်ကို ရဖို့ လာကူညီခိုင်းတာပါ။”
“ဝိညာဉ်ဆေးပင်တွေရဲ့စွမ်းအားကို စုပေါင်းနိုင်တဲ့ ဆေးဥယျာဉ်လား?” ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့က ထိုသတင်းကြောင့်အားတက်သွားကြသည်။
အကယ်၍ မမျှော်လင့်ထားသည်များမဖြစ်လာလျှင် ၎င်းသည် အခြားရတနာတစ်ခုဖြစ်ပေလိမ့်မည်။
၎င်းကိုရရှိခြင်းက သံသယဖြစ်ဖွယ်မရှိစွာ သူတို့၏ဂိုဏ်းအတွက် အကျိုးကျေးဇူးဖြစ်ပါလိမ့်မည်။
“လက်ရှိအခြေအနေကဘယ်လိုရှိလဲ? ဂျူနီယာညီမရှောက်၊ စီနီယာအစ်ကိုချိုင်နဲ့ စီနီယာအစ်မ ကျီဟွာတို့ကို ဆက်သွယ်လို့ရသေးလား?”
ကျန်းချန်ရွှမ်က ရှောက်ရွယ်မိုင်အားကြည့်လိုက်သည်။
“ကျွန်မဆက်သွယ်လို့ရနိုင်တယ်။” သူမသည် ခေါင်းညိတ်လိုက်ပြီး အမြန်ပင် စီနီယာအစ်ကိုချိုင်အား ဆက်သွယ်ရေးအဆောင်မှတဆင့် ဆက်သွယ်လိုက်သည်။
ခနအကြာတွင်၊ စီနီယာအစ်ကိုချိုင်နှင့် စီနီယာအစ်မ ကျီဟွာသည် တုံ့ပြန်လာသည်။
ရှောက်ရွယ်မိုင်က သတင်းစကားကိုတွေ့သောအခါ အံ့ဩသွားခဲ့သည်။
သူမက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ပြောလိုက်သည်။
“အစ်ကိုချိုင်နဲ့ အစ်မကျီဟွာတို့က ပြောလာတယ်။ အဲ့လို ဥယျာဉ်မျိုး သုံးခုတွေ့ထားတယ်တဲ့။
လူတိုင်းက အဲ့ဒီဥယျာဉ်တွေကိုရဖို့ ပြိုင်ဆိုင်နေကြတယ်။ ကျွန်မတို့အခုသွားကြမလား?”
“ဥယျာဉ်သုံးခု?” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အံ့အားသင့်သွားသည်။ ကျန်းချန်ရွမ်က နောက်မှဆုံးဖြတ်ကာ ခေါင်းညိတ်လိုက်သည်။
“မင်းကနေရာကိုသိတယ်မလား? အခုသွားကြစို့။”
“ကောင်းပါပြီ။”
ရှောက်ရွယ်မိုင်က ချက်ခြင်းပင် ခေါင်းညိတ်လိုက်သည်။
လျှင်မြန်စွာပင် ကျန်းချန်ရွှမ်နှင့် ခုနှစ်ယောက်အုပ်စုက စီနီယာအစ်ကိုချိုင်နှင့် အစ်မကျီဟွာတို့၏ တည်နေရာသို့ ထွက်ခွာလာကြသည်။
......
တစ်ချိန်တည်းမှာပင်။
ချိုင့်ဝှမ်းတစ်ခုရှိ ဂူထဲ၌ ဂိုဏ်းအမျိုးမျိုးမှ ဒါဇင်ပေါင်းများစွာသောကျင့်ကြံသူများက စုဝေးနေကြသည်။
သူတို့၏ပတ်ဝန်းကျင်တွင်၊ စီနိယာအစ်ကိုချိုင်နှင့် အစ်မကျီဟွာတို့ပြောသော ဆေးဥယျာဉ်သုံးခုက ရှိနေလေသည်။
ထိုအချိန်တွင်၊
ဒြပ်စင်ငါးပါး ကောင်းကင်ဘုံဂိုဏ်းမှ အဖြူရောင်မျက်ခုံးနှင့် လူတစ်ဦးသည် စကားပြောလာသည်။ “တာအိုရောင်းရင်းတို့၊ ကျွန်တော်မြင်သလောက်၊ ဒီဆေးဥယျာဉ်သုံးခုက ဒီမှာရှိတဲ့လူအားလုံးအတွက်ကော ကျုပ်တို့ရဲ့ ဂိုဏ်းတွေမိသားစုတွေအတွက်ကော အလွန်အရေးကြီးလှတယ်။
ဒီမှာရှိတဲ့လူတစ်ယောက်မှ လွယ်လွယ်နဲ့လက်လျော့မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။
ဒါကြောင့်၊ ဒီဥယျာဉ်သုံးခုကိုပိုင်ဆိုင်ဖို့ ကျုပ်တို့အင်အားနဲ့ဆုံးဖြတ်ကြရင်ကော ဘယ်လိုလဲ?”
“ကျုပ်မှာ ကန့်ကွက်စရာမရှိဘူး။”
ထာဝရဓားဂိုဏ်းမှ ဆံပင်ရှည်နှင့်လူက သူ၏သဘောတူညီမှုကို ပြလိုက်သည်။
လက်ရှိတွင်၊ ထိုအုပ်စုများ၌ လူအများဆုံးရှိသည်မှာ ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းနှင့် ထာဝရဓားဂိုဏ်းတို့မှဖြစ်သည်။ သူတို့နှစ်ခုပေါင်း လူဆယ့်ရှစ်ဦးရှိကာ အခြားအုပ်စုများကမူ ခြောက်ယောက်၊ ခုနှစ်ယောက် သို့ အများဆုံးဆယ်ယောက်သာရှိကြသည်။
အထူးသဖြင့် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းမှလူများသည် စုစုပေါင်း လေးဦးသာရှိသည်။
ချိုင်ချန်ခွင်း၊ ကျီဟွာနှင့် အခြားနှစ်ယောက်ဖြစ်သည်။
၎င်းသည် သူတို့က ကျောက်ရွယ်မိုင်နှင့် အခြားသူများကိုခေါ်နေရပြီး အခြားတာအိုရောင်းရင်းများကို ဆက်သွယ်ရန်ကြိုးစားနေကြခြင်းဖြစ်သည်။
သူတို့၏လူအရေအတွက်မှာ အလွန်နည်းပါးနေပါသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့သည် အကျိုးနည်းနေရုံသာမက သူတို့သည် ပစ်မှတ်ဖြစ်ရန် လွယ်ကူနေသေးသည်။
ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းမှ မျက်ခုံးဖြူနှင့် လူသည် ချိုင်ချန်ခွင်းနှင့် ကျီဟွာတို့ဆီသို့ အကြည့်ရောက်သွားသည်။
***