ရွှေနက်တိမ်တိုက်သံ
Vol. 40 Ch. 746
“သတိထား!”
ထိုမြင်ကွင်းကိုမြင်လျှင်၊ ဖန်နန်ချွမ်နှင့် ယောင်အန်းရွေ့တို့က မသိစိတ်က တင်းကြပ်သွားကြသည်။
သူတို့သည် ရှင်းလင်းစွာဖြင့် သူတို့အတွက်ပင် ကိုင်တွယ်ရန်ခက်ခဲကာ သတိထားရမည်ဖြစ်သော ပြင်းထန်သော စွမ်းအားများသည် ပြိုင်ဘက်၏နောက်မှထွက်ပေါ်လာသည်ကို ရှင်းလင်းစွာခံစားမိကြသည်။
သို့ရာတွင် ကျန်းချန်ရွှမ်က လေထဲတွင်ပင်ရှိသေးကာ သူ၏အရှိန်ကို မလျော့လိုက်ပေ။
ဝှစ်…ဝှစ်…ဝှစ်…
ချက်ခြင်းပင် တစ်ဒါဇင်ထပ်ပိုသော ရွှေရောင်လိုင်းများက လေထဲတွင် ထပ်မံ၍ ပေါ်လာခဲ့သည်။
ကျန်းချန်ရွှမ်ဆီသို့ဦးတည်ကာ ပြင်းထန်၍ လှည့်ပတ်ကာ လာနေသည့် များစွာသောကျောက်တုံးအစီအရင် ချပ်ပြားဝိုင်းကြီးသည် ရုတ်တရက် ၎င်းတို့၏မျက်နှာပြင်ပေါ်တွင် ရွှေရောင်အလင်းများ ပေါ်ထွက်လာသည်။
ခွဲခြမ်းခံလိုက်ရပြီး၊ ကျယ်လောင်သည့် ဟိန်းသံဖြင့်ပျက်စီးသွားသည်။
“နိုးထစေ။”
တစ်ချိန်တည်းမှာပင်၊ ကျန်းချန်ရွှမ်၏ လက်များက စည်းတစ်ခုချလိုက်သည်။
ဖြန်း…ဖြန်း…ဖြန်း….
ချက်ခြင်းပင်၊ ကြီးမားသည့်ထုထည်ရှိသော ရေများက လေဟာနယ်ထဲမှ လိမ့်တက်လာပြီး မြည်ဟိန်း နေသည့် ရေနဂါးအဖြစ်သို့ ပြောင်းလဲသွားကာ ကျောက်တုံးဘီလူးများဆီသို့ သွားလိုက်သည်။
ဝုန်း…
ကျောက်တုံးဘီလူးများ၏ရှေ့တွင် အဝါရောင်အတားအဆီးတစ်ခုပေါ်လာခဲ့သည်။
၎င်းသည် ကျန်းချန်ရွမ်၏ တိုက်ခိုက်မှုကို ကာကွယ်လိုခြင်းဖြစ်နိုင်သည်။
သို့ရာတွင် ရေနဂါးက အဆုံးမရှိပုံပေါ်သည်။
တစ်ကောင်ပြီးတစ်ကောင်၊ ထိုအဝါရောင်အကာအရံကို လုံးဝပျက်စီးကွဲကြေသွားသည်အထိ ဆက်တိုက်ဝင်ရောက် တိုက်ခိုက်နေကြပေသည်။
မရေတွက်နိုင်သော ရေနဂါးများက ကျောက်တုံးဘီလူးများဆီသို့ လိမ့်တက်လာကြသည်။
ဟိန်းသံများ….
စိတ်ဆိုးကာ ဒေါသထွက်နေသောအသံများက ကျောက်တုံးဘီလူးများထံမှ ထွက်ပေါ်လာလေသည်။
သို့သော် သူတို့၏ဟိန်းသံများသည်တိုးမြင့်လာသည်နှင့်အမျှ မြေပေါ်တွင် ကျန်ရှိနေသည်များမှာလည်း ကျောက်အကျိုးအပဲ့များဖြစ်ကာ အနက်နှင့် ရွှေရောင်ကျောက်တုံးအနည်းငယ်သာ အလင်းကို ထုတ်လွတ်နေသည်။
“အဲ့တာက ရွှေနက်တိမ်တိုက်သံပဲ။”
အနက်နှင့် ရွှေရောင်ကျောက်တုံးများကိုတွေ့လိုက်ရသောအခါ ဖန်နန်ချွမ်နှင့် ယောင်အန်းရွေ့တို့ အံ့အားသင့်သွားကြသည်။
သူတို့သည် မြစ်တစ်ထောင်လျှို့ဝှက်နယ်မြေတွင် ထိုအနက်နှင့်ရွှေရောင်ကျောက်တုံးများသည် အလွန်အရေးကြီးကြောင်း သတိပြုမိကြပါသည်။
သူတို့သည် နယ်မြေထဲတွင် တစ်စုံတစ်ယောက်၏ လုပ်ဆောင်ခြင်းသက်သေအဖြစ် ရှိနေသောအရာများ ဖြစ်သည်။
ရွှေနက်တိမ်တိုက်သံများများစုဆောင်နိုင်လေလေ၊ ရတနာများရမည့်ဆုလဒ်ကို များများလက်ခံရရှိနိုင် လေလေ ဖြစ်လိမ့်မည်။
မြစ်တစ်ထောင်လျို့ဝှက်နယ်မြေတွင် အခြားကျင့်ကြံသူများထံမှ ရွှေနက်တိမ်တိုက်သံကို ရယူရန် အထူးတာဝန်ယူထားသော အချို့ သူများပင်ရှိသည်။
“တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်…”
“စုစုပေါင်း ရွှေနက်တိမ်တိုက်သံ ခြောက်ခုရှိတယ်။”
ဖန်နန်ချွမ်သည် ရွှေနက်တိမ်တိုက်သံ ခြောက်ခုကိုကောက်ယူကာ ကျန်းချန်ရွှမ်အား ပေးလိုက်ပြီး ပြောလိုက်သည်။
“စီနီယာအစ်ကို ကျန်း၊ ဝင်တာနဲ့ ရွှေနက်တိမ်တိုက်သံ ၆ ခုရတာကိုကြည့်ရတာ ကျွန်တော်သို့ ကံက သိပ်မဆိုးဘူးထင်တယ်။”
တကယ်ပင် ရွှေနက်တိမ်တိုက်သံ ၆ ခုရရှိခြင်းက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အတွက် အတော်လေး ကျေနပ်စရာကောင်းပါသည်။
ထိုနေရာတွင် အချိန်မဆွဲတော့ဘဲ လေးဦးအုပ်စုသည် အလျှင်အမြန်ရှေ့သို့ဆက်သွားခဲ့သည်။
သူတို့သည် များစွာသောအုပ်စုများနှင့် လမ်းတစ်လျှောက်တွေ့ခဲ့ရသည်၊ သို့သော် မည်သူမှ ချိန်းခြောက်မှုမလုပ်နိုင်ကြပေ။
ထိုအစားထိုရန်သူများမှ ရွှေနက်တိမ်တိုက်သံ အခုနှစ်ဆယ်ကို ထပ်မံရရှိခဲ့သည်။
မူလကရှိသော ၆ခုနှင့်ဆိုလျှင် ကျန်းချန်ရွှမ်တို့အုပ်စုသည် ရွှေနက်တိမ်တိုက်သံစုစုပေါင်း ၂၆ ခု ပိုင်ဆိုင်ထားပြီဖြစ်သည်။
“ဂျူနီယာညီအစ်ကိုဖန်း၊ ဂျူနီယာညီမလေး ရှောက်နဲ့ အခြားသူတွေကို ဆက်သွယ်လို့ရလား?” ကျန်းချန်ရွှမ်သည် ဖန်နန်ချွမ်အား မေးလိုက်သည်။
ဖန်နန်ချွမ်က ခေါင်းခါလိုက်သည်။
“ကံမကောင်းစွာနဲ့ မရဘူး။ လျှို့ဝှက်နယ်မြေက ကျွန်တော်တို့ကြားက ဆက်သွယ်မှုကိုမတားဆီးထားပေမဲ့ ကန့်သတ်ချက်တော့ ရှိပုံရတယ်။
ဂျူနီယာညီမလေးရှောက်နဲ့ အခြားသူတွေကို ဆက်သွယ်လို့မရတာကိုကြည့်ရတာ သူတို့က ကျွန်တော်တို့နဲ့ ဝေးဝေးမှာ ရှိနေပုံရတယ်။”
“ကြည့်ရတာ ငါတို့လုပ်နိုင်တာဘာမှမရှိဘူးပဲ။” ကျန်းချန်ရွှမ်က အနည်းငယ်မျက်မှောင်ကုပ်လိုက်သည်။
သူက ရှန်းရူယန်ဘက်သို့လှည့်ကာ မေးလိုက်သည်။ “မိန်းမ၊ မင်းလည်း ဂိုဏ်းက တာအိုရောင်းရင်းတို့ကို ဆက်သွယ်လို့မရဘူးလား?”
ရှန်းရူယန်က ခေါင်းခါလိုက်သည်။
“ကျွန်မတို့ဘက်မှာလည်း အဲ့လိုပဲ၊ ဂျူနီယာမောင်လေးဖန် ပြောသလို ကျွန်မတို့က အရမ်းဝေးနေတယ် ထင်တယ်။”
ကျန်းချန်ရွှမ်က နားလည်စွာ ခေါင်းညိတ်လိုက်သည်။
သူတို့သည် မဝင်ခင် ထိုကဲ့သို့ အခြေအနေအတွက် ပြင်ဆင်ထားပါသည်။
သူတို့လေးဦးက တစ်နေရာထဲတွင် စုဝေးနိုင်ခြင်းသည်ပင် အတော်လေး ကံကောင်းနေပြီဖြစ်သည်။
သီးခြားခွဲခံရပြီး တစ်ဦးတည်းဖြစ်နေခြင်းထပ်စာလျှင် အထူးသဖြင့် စွမ်းအားကန့်သတ်ထားခံရလျှင်၊ ၎င်းသည် အမှန်တကယ် အကျပ်အတည်းဖြစ်လိမ့်မည်ဖြစ်သည်။
ဝုန်း…ဝုန်း…ဝုန်း….
ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးကိုဖြတ်ကာ ပဲ့တင်ထပ်လာသော ကျယ်လောင်သည့်ဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ရုတ်တရက်၊ ပေတစ်ထောင်ရှည်သည့် များစွာသော နဂါးများသည် ကျန်းချန်ရွှမ်နှင့် သူ၏အဖော်များရှေ့တွင် ပေါ်လာခဲ့သည်။
“ဝိညာဉ်ဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့် နဂါးတွေ။”
ဖန်နန်ချွမ်နှင့် ယောင်အန်ရွှေ့အမူအရာများသည် တည်ငြိမ်သွားသည်။
ထိုရန်သူများသည် သူတို့ ယခင်က ရင်ဆိုင်ခဲ့သော ကျောက်တုံးဘီလူးများထပ် အလွန် အင်အားကြီးမားပါသည်။
နဂါးတစ်ကောင်ဆီတိုင်းသည် တောင်တစ်ခုဆီနှင့်ဆင်တူပြီး အထူးသဖြင့် သူတို့အတောင်ပံများကို ဖြန့်လိုက်သောအခါ၊ ကောင်းကင်ကိုပင် ကာနိုင်ပုံပေါ်သည်။
ဟိန်းသံများ…
နဂါးများသည် ကျန်းချန်ရွှမ်နှင့် အဖွဲ့ကို သိသာစွာသတိပြုမိကြသည်။
သူတို့သည် ဟိန်းလိုက်သည်နှင့်၊ အဆုံးမဲ့မီးတောက်များသည် သူတို့၏ပါးစပ်ထဲမှ ထွက်လာခဲ့သည်။
ဝှစ်…
လေထဲတွင်လောင်ကျွမ်းနေသောအနံ့များဖြင့် ပြည့်နေပြီး မီးတောက်များဖြတ်သွားသည့်နေရာတွင် မီးလောင်ပြာကျနေသည့်အလောင်းကောင်များ၏ အရာများကိုတွေ့ရသည်။
ယန်အန်းရွေ့သည် ချက်ခြင်းပင်၊ လေထဲတွင် ကြီးထားလာကာ အရွယ်အစားပေပေါင်းရာချီကျယ်ပြန့်သော အဆုံးမဲ့မိုးကြိုးများနှင့် တလက်လက်ဖြစ်နေသည့်ဒိုင်းကာကို ဆင့်ခေါ်လိုက်သည်။
ဝုန်း…ဝုန်း…ဝုန်း….
မီးတောက်များသည် သူမ၏မိုးကြိုးဒိုင်းကာ၏အလင်းကို လျှင်မြန်စွာမှေးမှိန်သွားစေကာ ယန်အန်းရွေ့၏ အသားအရောင်သည် အနည်းငယ်ဖြူဖျော့လာသည်။
ကံကောင်းစွာပင် ထိုအချိန်၌ ရှန်းရူယန်၏ လက်ချောင်းများမှ ရုတ်တရက် ခရမ်းရောင်လျှပ်စီးကြောင်းများ တောက်ပသွားသည်။
ခွပ်…
မျက်စိတမှိတ်အတွင်းတွင်၊ ခရမ်းရောင်လျှပ်စီးကြောင်းများက မီးတောက်များပေါ်တွင် ကျရောက် သွားသည်။
ရူးရူးရှဲရှဲအသံများနှင့် အတူ မီးတောက်များသည် ခရမ်းရောင်လျှပ်စီးကြောင်းများကြောင့် ဘာမှ မကျန်တော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။
“ဂျူနီယာညီမလေးယောင်၊ ဒီသတ္တဝါကောင်ကို ငါ့လက်ထဲအပ်ထားလိုက်ပါ။” ရှန်းရူယန်က ပြောကာ သူမ၏မျက်ခုံးတွင် လျှပ်စီးကြောင်းများဖြင့် လက်သွားခဲ့သည်။
ခနအကြာတွင် ဓားအော်သံသည် လေထဲတွင်မြည်ဟိန်းလာပြီး အရောင်ငါးရောင်ဖြင့် လင်းလက်နေသော လျှပ်စီးကြောင်းများနှင့် ဓားသည် ကောင်းကင်ပေါ်သို့ ဖြတ်လာခဲ့လေသည်။
ဝှစ်ဟူသောအသံမြည်သွားခဲ့သည်။
နဂါး၏ မျက်ခုံးများက ရုတ်တရက် ဓားရာဖြင့် အပေါက်ဖြစ်သွားကာ အတွင်းတွင် လျှပ်စီးကြောင်းများက ကခုန်နေပြီး မိုးကြိုးများဖြင့် လက်နေလေသည်။
ဟိန်းသံများ…
အန္တရာယ်ကို အာရုံခံမိသောအခါ၊ ကျန်ရှိနေသော နဂါးများက သူတို့၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှု ကို ပြလာပြီးလွတ်မြောက်ရန် ကြိုးစားကြတော့သည်။
“ဟင်း၊ မင်းတို့လာပြီးမှတော့၊ ဘယ်သူမှ မထွက်သွားရဘူး။” ရှန်းရူယန်က အေးစက်စွာထေ့ငေါ့လိုက်သည်။
ခနအကြာတွင်၊ အဆုံးမဲ့မိုးကြိုးများက သူမ၏လက်ဖဝါးပေါ်တွင် ရောက်လာပြီး မိုးကြိုးမြူတိမ်တိုက် များသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဖျက်စီးခြင်းစွမ်းအားကို သယ်ဆောင်ထားပြီး ကျန်ရှိနေသော နဂါးများ၏နောက်တွင် ပေါ်လာခဲ့သည်။
၎င်းသည် သူမက မိုးကြိုးချိုင့်ဝှမ်းတွင် နားလည်သဘောပေါက်လာခဲ့သည့် မူလပေါင်းစည်းခြင်းချီ ဖြစ်သည်။
ခွပ်…
ဝုန်း….
ချက်ခြင်းပင် ကြောက်မက်ဖွယ်မိုးကြိုးက ပေါက်ကွဲသွားသည်။
နဂါးများသည် တုံ့ပြန်ရန်အချိန်ပင်မရဘဲ သူတို့၏ခန္ဓာကိုယ်များသည် လျှင်မြန်စွာ အငွေ့ပျံသွားခဲ့သည်။
သူတို့၏ကြီးမားသော ပုံရိပ်များသည် ဖယောင်းတိုင်အရည်ပျော်သကဲ့သို့ ပျော်ကျသွားပြီး လျှင်မြန်စွာဖြင့် ဖုန်မုန့်ပင်မကျန်သည်ထိ ပျောက်ကွယ်သွားကာ ရွှေနက်တိမ်တိုက်သံ ရှစ်ခုကို ချန်ရစ်ခဲ့လေတော့သည်။
***