← Chapters

စိတ်လှုပ်ရှားနေသည့် ရွှီယန်၊ ကမ်းပါးဓားသခင် ရှဲ့လင်ဖုန်း

Vol. 7 Ch. 92

စိတ်လှုပ်ရှားနေသည့် ရွှီယန်၊ ကမ်းပါးဓားသခင် ရှဲ့လင်ဖုန်း

Vol. 7 Ch. 92

ဧကရာဇ်ချီနှင့် ကောရုန်ရှန်တို့က အသံလာရာသို့ မော့ကြည့်လိုက်ပြီးနောက် ကောင်းကင်ပေါ်မှ ပုံရိပ်လေးခုတို့၏ သက်ဆင်းလာမှုကို တွေ့လိုက်ရသည်။

ခါးတွင် ရတနာဓားကို ချိတ်ဆွဲထားသည့် လူငယ်က အကြီးဆုံးမင်းသားကို သယ်ဆောင်ကာ.. တူညီသည့် အဖိုးတန်ဓား တစ်ချောင်းကို ခါးတွင်ချိတ်ဆွဲထားသည့် နောက်ထပ် လူလတ်ပိုင်းလူကြီးက အကြီးဆုံးမင်းသား၏ နောက်လိုက် မိန်းမစိုးကို သယ်ဆောင်လာ၏။

ဧကရာဇ်ချီက ချက်ချင်းပင် ဝမ်းသာသွားပြီး ကဗျာကယာ မတ်တပ်ရပ်၏။ နောက်ဆုံးတွင် ကြီးစွာ မျှော်လင့်စောင့်စား ခဲ့ရသည့် စွမ်းအားကြီးပုဂ္ဂိုလ်တို့ ရောက်ရှိလာခဲ့လေပြီ။

"စွမ်းအားကြီး ဆရာသခင်ကို နှုတ်ဆက်ပါတယ်.." ဧကရာဇ်ချီ၏ အသွင်အပြင်က အလွန်နှိမ့်ချ၏။

သူက စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ကျလုမတက်ပင် ဖြစ်နေပါသည်။

တစ်ဖက်လူ၏ ပျံသန်းလာမှုကို တွေ့ရပြီးနောက် ကောရုန်ရှန်၏ နှလုံးသားက လေးလံသွားသည်။ သူ၏မြေးဖြစ်သူ ရွှီယန်သည် ကောင်းကင်တွင် ပျံသန်းနိုင်ခြင်း မရှိသေးပေ။

သို့ရာတွင် မြေးဖြစ်သူ၏ ဆရာမှာတော့ အနှိုင်းမဲ့သည့် ထိပ်တန်းပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူထက် နိမ့်ကျမည် မဟုတ်လောက်ပါ။

သူလည်းပဲ အမြန် မတ်တပ်ရပ်ကာ လေးစားသည့် အသွင်အပြင်ဖြင့် လိုက်လံနှုတ်ဆက်၏။

ရှဲ့လင်ဖုန်း၏ အကြည့်က မာကြောနေပြီး မလိုအပ်သည့် မည်သည့်စကားကိုမှ မဆိုဘဲ တစ်ခါတည်းမေးသည်။

"ဖျက်ဆီးမှုတွေ လုပ်ခဲ့တဲ့လူရော ဘယ်မှာလဲ.."

ဧကရာဇ်ချီက ခဏတာ မှင်သပ်သွား၏။

ဖျက်စီးမှုလုပ်သည်ဟူသည်မှာ မည်သူကို ဆိုလိုသနည်း။ ရွှီယန်လေလား..

ကောရုန်ရှန်၏ နှလုံးသားက တုန်ခါသွားသည်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်၏ လေသံအရ အလွန်မနှစ်မြို့စွာ ရှိနေသည့်ပုံ ရှိ၏။

ဖြစ်နိုင်တာက ရွှီယန် သို့မဟုတ် သူ၏ဆရာနှင့် ရန်ငြိုးရန်စတို့ ရှိနေသည်လား...

နှလုံးသားက မနေနိုင်ဘဲ မသက်မသာ ခံစားလာရသည်။

"ကောရုန်ရှန်.. မင်းရဲ့မြေး ဘယ်မှာလဲ.."

ဧကရာဇ်ချီက ယခုအချိန်၌ ခါးကိုဆန့်ကာ ထည်ဝါစွာ ရှိနေပြီး သူ့ကို ညီအကိုဟု ခေါ်ဆိုခြင်း မရှိတော့ပါ။ နာမည်ကို တစ်ခါတည်း ခေါ်ဆို၏။

ကောရုန်ရှန်က ခဏတာ စဉ်းစားသည်။ သူ၏ မြေးဖြစ်သူသည် သုံဟယ်စီရင်စုတွင် ရှိနေပြီး ဆရာဖြစ်သူနှင့် ကျင့်ကြံနေပါသည်။

ဒီပုဂ္ဂိုလ်နှစ်ယောက်သာ သွားရှာပါက ဖြစ်နိုင်တာက ရွှီယန်၏ ဆရာက သူတို့ကို ကိုငကိုင်တွယ်နိုင်လောက်၏။

"သုံဟယ်စီရင်စုမှာ.."

သူက ဖုံးကွယ်နေခြင်း မရှိပါ။ ခါးကိုမက်ကာ ဧကရာဇ်ချီကို ကြည့်၏။

ဧကရာဇ်ချီ၏ နှလုံးသားက အခုန်မြန်သွားသည်။ ယခုအချိန်‌၌ ရလဒ်မှာ ဆုံးဖြတ်နိုင်သေးခြင်း မရှိသေးပေ။ အဆုံးသတ်တွင် သူတို့ဘက်ရှိ ဆရာသခင်နှစ်ယောက်တို့ ကျရှုံးသွားလျှင်ရော မည်ကဲ့သို့ လုပ်မည်နည်း။

သူက ချက်ချင်းပင် အမူအယာပြောင်းကာ အပြုံးတစ်ခုဖြင့် ပြောသည်။

"အကိုကော... ဒီစွမ်းအားကြီး ဆရာသခင်က မင်းရဲ့မြေးကို ရှာနေတော့ ငါတို့လည်း မဖုံးကွယ်ရဲဘူးလေ.."

ရွှီယန်၏ သုံဟယ်စီရင်စုတွင် ရှိနေမှုကို ကြားရပြီးနောက် ရှဲ့လင်ဖုန်းက ချက်ချင်းပင် မေးသည်။

"သုံဟယ်စီရင်စုက ဘယ်ဘက် လားရာမှာလဲ.."

အကြီးဆုံးမင်းသားက ကိုယ်ဟန်ကို မတ်ကာ ပြောသည်။ "ဆရာသခင်တို့.. အဲ့ဒီကို ကိုယ်တိုင် သွားစရာမလိုပါဘူး။ ကျွန်တော်သူ့ကို မြို့တော်ကိုလာပြီး ဆရာသခင်တို့နဲ့ တွေ့ရအောင် စာပို့လိုက်လို့ ရပါတယ်.."

ထိုစကားကို ပြောပြီးနောက် သူက ကောရုန်ရှန်ဆီသို့ လက်ဟန်ပြကာ ညွှန်ကြားသည်။

"သခင်ကော.. ခင်ဗျားရဲ့မြေးဆီကို ဘာလို့ မြန်မြန်လေး စာပို့ပြီး ဆရာသခင်‌တွေနဲ့ တွေ့ရအောင် မြို့တော်ကို မလာခိုင်းလိုက်တာလဲ.."

ကောရုန်ရှန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အကြီးဆုံးမင်းသားကို ကြည့်သည်။ ဒီကောင်စုတ်လေးသည် အပြစ်ပေးခံရရန် ထိုက်တန်၏။

အကြီးဆုံးမင်းသားသည် သူ၏အကြည့်ကြောင့် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ သို့ပေမယ့် ထောက်ပံ့ပေးမည့် စွမ်းအားကြီး ပုဂ္ဂိုလ်များ ရှိနေရာ သတ္တိတို့ ပြန်ရလာပြီး စူးစိုက်စွာ ပြန်ကြည့်၏။

ရှဲ့လင်ဖုန်းက အနည်းငယ် ကြောင်တောင်သွားပြီး ကောရုန်ရှန်ကို ပဟေဠိဖြစ်စွာ ကြည့်သည်။

"မင်းရဲ့မြေးလား.."

ယခုအချိန်၌ ရွှယ့်ဝူရှင်းသည် အခြားတစ်ယောက်၏ မြေးပင် ဖြစ်လာသည်လား။

"ဟုတ်ပါတယ်.. ဒီကပုဂ္ဂိုလ်တွေက ကျွန်တော့်ရဲ့မြေးကို ဘာလို့ ရှာချင်တာလဲမသိဘူး.."

ကောရုန်ရှန်က ခေါင်းငြိမ့်ပြီးနောက် မေး၏။

ရှဲ့လင်ဖုန်းက မျက်တောင်ခတ်သွားသည်။ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရ၏။

သူက ခေါင်းကိုလှည့်ကာ ဟူရှန်းကိုကြည့်ပြီး တီးတိုးစွာ ပြောသည်။

"ရွှယ့်ဝူရှင်းရဲ့ အသက်က ဘယ်လောက်လဲ။ သူက ဒီစွန့်ပစ်ဒေသက လာတာများလား.."

ဟူရှန်းကလည်း အနည်းငယ် ကြောင်တောင်သွား၏။

"ရွှယ့်ဝူရှင်းက ကျွန်တော်ထက် မငယ်လောက်ပါဘူး။ ဒီနေရာကနေ အတွင်းဘက်ဒေသကို ရောက်လာတာလားဆိုတာကတော့.. ဒါက လုံးဝမဖြစ်နိုင်ဘူး.."

"အတွင်းဘက်နယ်မြေရဲ့ အနီးအနားက တောင်အပိုင်းမှာ သားရဲတွေနဲ့ အန္တရာယ်တွေ အများကြီးရှိတယ်။ အဆင့်၄ သို့မဟုတ် အဆင့်၅ကို ကျော်လွန်တဲ့ သိုင်းသမားတွေပဲ ဖြတ်ကျော်နိုင်မှာ.."

"ဒါဆိုရင်.. ဒီမှာဘာတွေ ဖြစ်နေတာလဲ.."

ရှဲ့လင်ဖုန်းအနေနှင့် ဒီစွန့်ပစ်ဒေသတွင် သိုင်းသမားတစ်ယောက် ပေါ်လာနိုင်မည်ဟု ယုံကြည်ခြင်း မရှိပေ။

ဟူရှန်းက ခဏတာ စဉ်းစားပြီးနောက် သုံးသပ်၏။

"ဖြစ်နိုင်တာက ရွှယ့်ဝူရှင်းရဲ့ ပရိယာယ်ဖြစ်မယ်။ အပြင်ပန်းမှာ သူက ဒီလူရဲ့မြေးဖြစ်ပြီး တကယ်တော့ ဒီလူကို တိတ်တဆိတ် ထိန်းချုပ်ထားတာ.."

"ပြီးရင် ဒီလူကနေတစ်ဆင့် ချီနိုင်ငံရဲ့ ရုံးတော်ကို ထိန်းချုပ်လိမ့်မယ်။ အဲ့ဒါဆိုရင် အုတ်အော်သောင်းနင်း အရမ်းမဖြစ်ဘဲ တိတ်တဆိတ်နဲ့ အခြားလူတွေရဲ့ သွေးအဆီအနှစ်ကို စုပ်ယူနိုင်ပြီ.."

"ဒီနည်းလမ်းနဲ့ ငါတို့တွေ သူ့ကို လိုက်ရှာမှာကို ဖုံးကွယ်ချင်လို့လား.."

"ဟုတ်လောက်မယ်။ အခြား လူသာဆိုရင် ဒီစွန့်ပစ်ဒေသကို ရောက်ရှိပြီး ဘာအစုလိုက် သတ်ဖြတ်မှုကိုမှ ရှာမတွေ့တဲ့အခါမှာ ဆက်ပြီးတော့ လိုက်ရှာမနေတော့ဘဲ အတွင်းဘက်နယ်မြေကို ပြန်သွားလောက်မှာ.."

ဟူရှန်းက သူ၏ အမြင်ကို ပြော၏။

ရှဲ့လင်ဖုန်းလည်း ဤသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။ ရွှယ့်ဝူရှင်းသည် အတွင်းဘက်နယ်မြေတွင် ကြီးမားသည့် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရပြီး စွန့်ပစ်ဒေသသို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်၏။

အတွင်းဘက်နယ်မြေမှ သိုင်းသမားများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ရှောင်ရှားရန်အတွက် နှိမ့်ချစွာ နေလောက်ပါသည်။

သူ၏ နောက်ခံကို ဖုံးကွယ်ရန်အတွက် အခြားလူတစ်ယောက်၏ မြေးတစ်ယောက်တောင် ဖြစ်လာလိုသည်လား..

သူသည် ရွှယ့်ဝူရှင်း၏ သည်းခံနိုင်စွမ်းကို အထင်သေးမိခဲ့သည့်ပုံပါ။

ထိုကဲ့သို့ တွေးမိပြီးနောက် ရှဲ့လင်ဖုန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ကောရုန်ရှန်ကို ပြောသည်။

"ခင်ဗျားရဲ့မြေးဆီကို စာပို့ပြီး.. သူ့ကို မြို့တော်ဆီကို လာခိုင်းလိုက်။ ပုန်းအောင်းဖို့ ဘာနေရာမှ ရှိမှာမဟုတ်ဘူးလို့လည်း တစ်ခါတည်း ပြောလိုက်.."

"ကောင်းပါပြီ.."

ကောရုန်ရှန်က တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။ ဒီကိစ္စမှာ သူကိုင်တွယ် ဖြေရှင်းနိုင်မည့် အတိုင်းအတာမှ ကျော်လွန်နေပါသည်။

မြေးဖြစ်သူအား အရာအားလုံးတို့ကို သတင်းပို့ကာ ခုခံရန် အမှန်တကယ် မဖြစ်နိုင်ပါက ထွက်ပြေးခိုင်းမည်ဖြစ်၏။

"အရှင်မင်းကြီး.. ကျွန်တော် သွားလိုက်ပါဦးမယ်.."

ကောရုန်ရှန်က ဧကရာဇ်ချီကို ဦးညွှတ်သည်။

"ဂရုစိုက်ပြန်ပါ.."

ဧကရာဇ်ချီသည် လုံးဝ ဝမ်းသာနေပါသည်။ ကောရုန်ရှန် ထွက်ခွာသွားပြီးနောက် သူက ရှဲ့လင်ဖုန်းနှင့် သူ၏အဖော်တို့ ရောက်ရှိလာမှုအတွက် စားပွဲတစ်ခုကို ကျင်းပပေးရန် ချက်ချင်း စေခိုင်းသည်။

သို့ပေမယ့် ရှဲ့လင်ဖုန်းက ငြင်းဆန်၏။ နေထိုင်ရန်အတွက် တိတ်ဆိတ်သည့် နေရာတစ်ခုကိုသာ တောင်းဆိုလေသည်။

ဧကရာဇ်ချီက လှိုက်လှိုက်လှဲလှဲပင် သဘောတူ၏။ သူက ရှဲ့လင်ဖုန်းတို့ကို နန်းတော်အတွင်းရှိ တိတ်ဆိတ်သည့် နေရာတစ်ခုသို့ ကိုယ်တိုင် ခေါ်ဆောင်သွားသည်။

အင်ပါရီယာ စာဖတ်ခန်းဆီသို့ ပြန်ပြီးနောက် သူ၏ အငွေ့အသက်တို့ ပြောင်းလဲသွားခဲ့၏။ ဧကရာဇ်တစ်ပါး၏ ကြီးမြတ်မှုတို့ ပြန်ရောက်လာခဲ့လေပြီ။

"ငါ့ရဲ့အမိန့်ကို ပြန်ကြားလိုက်။ ချီဘုရင်စံအိမ်ရဲ့ လှုပ်ရှားမှုတွေကို တိတ်တဆိတ် စောင့်ကြည့်ပြီး ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်ကိုလည်း ပြန်လည်ထိန်းချုပ်ဖို့ ပြင်ဆင်ခိုင်းလိုက်..

ဧကရာဇ်ချီက အမိန့်ပေးသည်။

"အဖေ.. ကောမိသားစုရဲ့အိမ်ကို တစ်ခါတည်းသွားပြီး ချိတ်ပိတ်ရအောင်လေ.."

အကြီးဆုံးမင်းသားက အကြံပေးသည်။

"အရူး.."

ဧကရာဇ်က သူ၏ သားဖြစ်သူကို စူးစိုက်စွာကြည့်ပြီး ပြောသည်။

"ရလဒ်က မသေချာသေးဘူး။ ဘာလို့အလျှင်လိုနေတာလဲ။ တကယ်လို့ လက်ရည်ညီတာ ဒါမှမဟုတ် ငါတို့ဘက်က ရှုံးသွားရင်ရော။ တည်ငြိမ်စမ်းပါ။ စိတ်မရှည်မလုပ်နဲ့.."

"ဟုတ်ကဲ့ပါ။ အဖေပြောတာ မှန်ပါတယ်.."

အကြီးဆုံးမင်းသားက သူ၏အမှားကို ဝန်ခံ၏။

သို့ရာတွင် သူဟာ နှလုံးသားထဲတွင် ဖခင်ဖြစ်သူနှင့် ပတ်သက်ပြီး အလွန်မကျေမနပ် ဖြစ်နေပါသည်။

စွမ်းအားကြီးပုဂ္ဂိုလ်တို့ကို မည်ကဲ့သို့ ကျေနပ်အောင် ပြုလုပ်ရမည်နည်းဟု စဉ်းစား၏။ ပြီးလျှင် ချီနိုင်ငံ၏ ဧကရာဇ် ဖြစ်လာရန်အတွက် ထောက်ပံ့ခိုင်းရပေမည်။

သူ၏ဖခင်သည် အိုမင်းလာပြီး ဖြစ်၏။ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့ပေ။ သူ့ကို နန်းချဖို့ အချိန်ရောက်ပါပြီ။

ယွင်ရှန်းမြို့ငယ်တွင် လီရွှမ်က မူလအဆင့်၏ အထက်ရှိ ကျင့်စဉ်အား အပတ်တကုတ် ကြိုးစားကာ ပြည့်စုံအောင် လုပ်နေပါသည်။

ကျင့်စဉ်သည် မူလအဆင့်နှင့် ချောမွေ့စွာ ဆက်နွယ်မှုတစ်ခု တည်ဆောက်နိုင်ပြီး စွမ်းအားကလည်း ထည်ဝါနေရပေမည်။ အတွင်းဘက်နယ်မြေရှိ စစ်ဘုရင်အဆင့် သိုင်းသမားများကို ကျော်လွန်နေရမည် ဖြစ်၏။

သို့ပေမယ့် တစ်နေ့တွင် မြို့တော်ဆီမှ သုံဟယ်စီရင်စုသို့ စာတစ်စောင် ရောက်လာခဲ့၏။ မြို့တော်သို့ စွမ်းအားကြီးသိုင်းပညာရှင်များ သက်ဆင်းလာသည့်အကြောင်း ဖြစ်သည်။ ရွှီယန်ကို သူတို့ဆီသို့ လာတွေ့ခိုင်း၏။

ထိုလူများ၏ ရောက်ရှိလာမှုမှာ မကောင်းသည့် ရည်ရွယ်ချက်တို့ ရှိနေသည့်ပုံပါ။

All Chapters