← Chapters

ရွှီယန်နှင့် ရှဲ့လင်ဖုန်း

Vol. 7 Ch. 94

ရွှီယန်နှင့် ရှဲ့လင်ဖုန်း

Vol. 7 Ch. 94

ရွှီယန်က နဂါးကြီး၁၈ကောင်တို့ကို ပျံတက်ပျံဆင်းထိန်းချုပ်ကာ ရှဲ့လင်ဖုန်းကို အရပ်မျက်နှာ အားလုံးတို့ဆီမှ တိုက်ခိုက်၏။ နဂါးနိုင်လက်ဝါးသိုင်း၏ ကြီးမြတ်မှုကို ပြည့်စုံစွာ ပြသထားပါသည်။

ရှဲ့လင်ဖုန်း၏ မျက်လုံးများက လင်းလက်နေ၏။ သူ၏ အငွေ့အသက်က ပိုမိုပိုမိုကာ ကြမ်းကြုတ်လာခဲ့သည်။ လက်ထဲရှိ ဓားအလင်းရောင်က တောက်ပလာပြီး အခိုက်အတန့် တစ်ခုတွင် ဓားချက်ကို ထုတ်လိုက်ကာ ဓားစွမ်းအင်က ထည်ဝါသည့် မြစ်တစ်ခုအလား ထွက်ပေါ်လာခဲ့သည်။

ရေစီးဆင်းသည့် အသံများပင် ထွက်ပေါ်လာ၏။

"ဘုန်း.."

ဓားစွမ်းအင်နှင့် နဂါးတို့ ထိပ်တိုက် တွေ့ဆုံမှုတွင် ကျယ်လောင်သည့် အသံတစ်ခု ပေါ်လာခဲ့သည်။

နဂါးကြီးသည် ပြိုလဲသွားခဲ့၏။ ဓားစွမ်းအင်မှာတော့ အများစုမှာ ပျောက်ကွယ်သွားပြီး ဖြစ်ပေမယ့် ထက်မြနေဆဲ ရှိသည်။

"ဝု့.."

ရှဲ့လင်ဖုန်း၏ မျက်လုံးများက စူးရှသွားပြီး ဓားစွမ်းအင်က သူ၏ ခန္ဓာကိုယ်ကို ဝန်းရံလာ၏။ လက်ထဲရှိ ဓားက အလင်းရောင်လက်ကာ ဓားစွမ်းအင်တို့လည်း မြစ်တစ်ခုကဲ့သို့ မြင့်တက်လာခဲ့သည်။

ဟူရှန်းက တိုက်တိုက်ပွဲကို အဝေးမှကြည့်ရှု့နေ၏။ သူက ထိတ်လန့်နေပါသည်။

"ဒီလူငယ်အသုံးပြုနေတာ ဘာလက်ဝါးသိုင်းမျိုးလဲ။ သခင်လေးတောင် သူ့ကိုရင်ဆိုင်ဖို့ မြစ်၁၀၀၀၀ဓားသိုင်းကို သုံးနေရတယ်.."

မြစ်၁၀၀၀၀ဓားသိုင်းတွင် ဓားချက် တစ်ချက်စီတိုင်းက မြစ်၁၀၀၀၀ကဲ့သို့ ကျယ်ပြောပြီး ဓားသခင်ချောက်ကမ်းပါး၏ ထိပ်တန်းဓားသိုင်းများထဲမှ တစ်ခု ဖြစ်သည်။

ထိုဓားသိုင်းနှင့် ရှဲ့လင်ဖုန်းသည် သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူး၏။ အတွင်းဘက်နယ်မြေတွင် နာမည်ကျော်ကြားသည့် ဓားသိုင်းဖြစ်သည်။

"ဒါက ဓားပညာပဲ.."

ရွှီယန်၏ နှလုံးသားက တင်းကြပ်သွား၏။ သူသည် ရှဲ့လင်ဖုန်း၏ ဓားသိုင်းမှ ပြင်းထန်သည့် ဖိအားကို ခံစားနိုင်ပါသည်။

ဓားချီများက အရပ်မျက်နှာ အားလုံးတို့ဆီတွင် လှည့်ပတ်နေပြီး တစ်လွှာပြီးတစ်လွှာ ထပ်ဆင့်ကာ ကျယ်ပြောကာ အဆုံးမသက်နိုင်အောင် ရှိနေ၏။

မြစ်ရေစီးကြောင်းများ ကဲ့သို့ ရှိနေ၏။ ရှောင်ပြေးရန် နည်းလမ်းမရှိသလို ခုခံရန်လည်း နည်းလမ်း မရှိပေ။

ဓားစွမ်းအင်က အလွန်ထက်မြခြင်း သို့မဟုတ် ရေကဲ့သို့ ညင်သာခြင်းတို့ ဖြစ်ပေါ်နေ၏။ ၎င်းနှင့် ထိုးဖောက်နိုင်ခြင်းမရှိသည့် မည်သည့်အရာမှ မရှိပေ။

နဂါးနိုင်လက်ဝါးများက ထွက်ခွာသွားသောအခါ ၎င်းတို့သည် မြစ်ရေအတွင်းသို့ နစ်မြုပ်သွားသည့်နှယ် ရှိပြီး လေးလံကာ စွမ်းအားလျော့လာခဲ့သည်။

နဂါးတစ်ကောင်သည် ရေကို ထိန်းချုပ်နိုင်သင့်၏။ သို့ပေမယ့် ယခုအချိန်၌ သူကိုယ်တိုင်မှာ ရေထဲတွင် ပိတ်မိနေပါသည်။

ဤသည်ကား ဒီဓားသိုင်း၏ ဆန်းကြယ်လှသည့် သဘောတရားကို ပြသနေ၏။

သို့ရာတွင် ရွှီယန်က သူ့ကိုယ်သူ ချီနှင့်သွေးအဆင့်၌သာ ရှိသေးပြီး နဂါးနိုင်လက်ဝါးသိုင်း၏ စစ်မှန်သည့် စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိသောကြောင့် ရှည်လျားသည့် မြစ်အတွင်း၌ ပိတ်မိနေခြင်း ဖြစ်ကြောင်းအား နားလည်ပါသည်။

ထို့ကြောင့် စိတ်ဓာတ်ကျသွားခြင်း မရှိပါ။ အဲ့ဒီ့အစား ပိုမိုကာပင် စိတ်လှုပ်ရှား လာခဲ့၏။

ယခုအချိန်၌ သူ၏ စိတ်က ကြည်လင်နေပြီး ရှဲ့လင်ဖုန်း၏ ဓားသိုင်းက မှတ်ဉာဏ်ထဲတွင် ပုံရိပ်များအဖြစ် ပေါ်လာခဲ့သည်။

"ဒါက အားနည်းချက်ပဲ.."

"ဘုန်း.."

နဂါးကြီးက ဓားချက်တစ်ခုကို ချိုးဖျက်ကာ ရှဲ့လင်ဖုန်းဆီသို့ တိုက်ခိုက်၏။

"ဒါက ထက်မြတဲ့အပိုင်းပဲ။ ရှောင်ရှားသင့်တယ်.."

နဂါးကြီးက ရုတ်တရက် အပေါ်သို့ ထိုးတက်သွား ပြီး ဓားချက်တစ်ခုကို ရှောင်လိုက်၏။

ထို့နောက် အောက်သို့ ပြန်လည်ထိုးဆင်းကာ နောက်ထပ်ဓားချက်တစ်ခုကို ဖျက်ဆီးသည်။

ရှဲ့လင်ဖုန်း၏ အကြည့်က လေးလံသွား၏။

၁၀၀၀၀သောမြစ် ဓားသိုင်းက ဆက်တိုက် ထွက်ပေါ်နေပါသည်။ ဓားချီများက မြစ်၁၀၀၀၀အဖြစ် ပြောင်းလဲကာ ရွှီယန်ကို အရပ်မျက်နှာ အားလုံးတို့ဆီမှ ပိတ်လှောင်ထားပြီး ပိုမိုထူထဲကာ ကြမ်းကြုတ်လာခဲ့၏။

လီရွှမ်က မလှမ်းမကမ်းမှ ရွှီယန်နှင့် ရှဲ့လင်ဖုန်းတို့၏ တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်ရှု့နေပါသည်။ ဒီအချိန်၌ သူ၏ ဓားနှလုံးသားက ရှင်းလင်းကာ ပြီးပြည့်စုံနေ၏။

သူကား မြစ်၁၀၀၀၀ဓားသိုင်းကို လုံးဝ နားလည်နေခဲ့ပါပြီ။ သူ၏စိတ်ထဲတွင် မြစ်၁၀၀၀၀ဓားသိုင်းအပေါ် အခြေခံအုတ်မြစ်ချကာ ပိုမိုသန်မာသည့် မြစ်၁၀၀၀၀ဓားသိုင်းအား ဖန်တီးလိုက်၏။

ဤသည်မှာ သန့်စင်သော ဓားနှလုံးသား ရှိခြင်း၏ စွမ်းအား ဖြစ်သည်။ ရန်သူ၏ ဓားသိုင်းသည် မိမိ၏ ဓားသိုင်း ဖြစ်လာ၏။ ရန်သူ၏ ဓားကွက်များသည် မိမိ၏ဓားကွက်များ ဖြစ်လာ၏။

အားသာချက်ကို ဖြည့်တင်းကာ အားနည်းချက်ကို ဖယ်ထုတ်ပြီး ဓားသိုင်းကို ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိစေ၏။

သူ၏ ကျင့်စဉ်က ပိုမိုမြင့်မားရာ အချိန်တို အတွင်းတွင် မြစ်၁၀၀၀‌၀ ဓားသိုင်းကို ပိုမိုရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။ ပြီးနောက် အားနည်းချက်များကို မြှင့်တင်၏။

သို့ပေမယ့် ရွှီယန်မှာတော့ အဆင့်နိမ့်ပါးနေပြီး ဓားလမ်းစဉ်တွင်လည်း သန့်စင်သော ဓားနှလုံးသားအဆင့်သို့ ဝင်ရောက်ရုံသာ ရှိပါသေးသည်။ ဓားသိုင်း၏ အားနည်းချက်နှင့် ထက်မြသည့် အပိုင်းတို့ကို တွေ့ရှိနိုင်ပေမယ့် တစ်ခါတည်း အားလုံးကို ပြည့်ပြည့်စုံစုံ ဖမ်းဆုပ်နိုင်ခြင်း မရှိသေးဘဲ ရှိနေပါသည်။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် သန့်စင်သော ဓားနှလုံးသားကို အသုံးပြုခြင်း ဖြစ်သည်။

အနည်းငယ် တောင့်တင်းနေသည်မှာ ပုံမှန်သာ ဖြစ်၏။ နောက်ပိုင်းမှ ပိုမို ကျွမ်းကျင်လာမှာပါ။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေ၏။ ဓားချီက ရှည်လျားသည့် မြစ်သဖွယ် ပြောင်းလဲကာ တစ်ခုနှင့်တစ်ခု လှည့်လည်နေပါသည်။

နဂါးကြီး၁၈ကောင်က ဓားချီကို ရစ်ပတ်ယှက်နွယ်ကာ လူးလွန့်နေ၏။ သို့ရာတွင် တိုက်ခိုက်နိုင်သည့် လေဟာနယ်တို့ တဖြည်းဖြည်းနှင့် ပိုမိုပိုမိုကာ သေးငယ်လာခဲ့သည်။ ထိုကဲ့သို့သာ ဆက်သွားပါက ရလဒ်မှာ တစ်ခုတည်းရှိ၏။

သို့ပေမယ့် ဤသည်မှာ ရွှီယန်၏ မြစ်၁၀၀၀၀ ဓားသိုင်းအား သင်ယူနေခြင်းသာ ဖြစ်ကြောင်းကို လီရွှမ်သိပါသည်။ သူသည် ဓားကိုပင် ဆွဲထုတ်ခြင်း မရှိသေးပါ။

ရှဲ့လင်ဖုန်းလည်း ရွှီယန်၏ ခွန်အားကြောင့် အံ့ဩသွား၏။ စွန့်ပစ်ဒေသတွင် ယခုကဲ့သို့ ငယ်ရွယ်သည့် သိုင်းသမားတစ်ယောက် ရှိနေခြင်းမှာ သူ၏ စိတ်ကူးများထက် အမှန်တကယ်ကို ကျော်လွန်နေပါသည်။

ထို့အပြင် တစ်ဖက်လူ ပြောခဲ့သည့် သိုင်းပညာ၏ စတင်ခြင်းအဆင့်ဟူသည်မှာ အဘယ်နည်း။ ချီနှင့်သွေးအဆင့် ဟူသည်မှာ အဘယ်နည်း။

သူ၏ နှလုံးသားထဲတွင် မေးခွန်းများစွာတို့ ရှိနေပါသည်။

'သူက သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကိုပဲ ရောက်သေးတာလား။ မဟုတ်ဘူး။ လုံးဝမဖြစ်နိုင်ဘူး..'

'အခုမှ သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ရောက်တဲ့လူက ဘယ်လိုလုပ်ပြီး ဒီလောက် စွမ်းအားကြီးနေမှာလဲ..'

အဝေးမှ တိုက်ပွဲကို ကြည့်နေသည့် ဟူရှန်းလည်း ဒီအချိန်၌ မြစ်၁၀၀၀၀ ဓားသိုင်း၏ ထုတ်လွှတ်လာမှုကို တွေ့လိုက်ရပြီး တိုက်ပွဲပြင်ပေါ်တွင် မြင်ကွင်းတစ်ခုကိုသာ တွေ့ရတော့သည်။

ဓားချီက မြစ်သဖွယ် လှည့်လည်နေပြီး စွမ်းအားကြီးမားသည့် နဂါးများ၏ တိုက်ခိုက်နိုင်သည့် အတိုင်းအတာမှာတော့ ပိုမိုပိုမိုကာ သေးငယ်လာခဲ့သည်။ မကြာခင်တွင် သူတို့သည် မြစ်၁၀၀၀၀ ဓားချီ၏ နင်းချေခြင်းကို ခံရမှာဖြစ်၏။

'သခင်လေးနဲ့ ဒီအတိုင်းအတာအထိ တိုက်ခိုက်နိုင်ကတည်းက ဒီလူငယ်က တကယ့်ကို ကောင်းကင်က မွေးဖွားလာတဲ့ ပါရမီရှင် တစ်ယောက်လို့ ပြသနေတယ်..'

ဟူရှန်းက မနေနိုင်ဘဲ အသံပြုမိသည်။

ရွှီယန်၏ ချီနှင့်သွေးက မြင့်တက်လာနေ၏။ သူ၏ လက်ဝါးချက်ကို ရိုက်ထုတ်လိုက်သည့် အချိန်၌ နဂါးကြီး၁၈ကောင်တို့က မထင်မှတ်စွာပင် တစ်ကောင်တည်းအဖြစ် ပြောင်းလဲသွား၏။ ပိုမိုကာပင် ကြီးမားကာ သိပ်သည်းသည့် နဂါးကြီး ဖြစ်လာခဲ့သည်။

"ဘုန်း.."

နဂါးကြီးက ပေါက်ကွဲထွက်သွားပြီး စွမ်းအားက ကြောက်စရာကောင်းစွာ ပျံ့နှံ့သွားသည်။ ကြမ်းကြုတ်စွာဖြင့် လှည့်ပတ်နေသည့် ဓားချီများကို တစ်ခါတည်း ပျက်စီးသွားစေပြီး ကျယ်လောင်သည့် ဟကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေ၏။

ရွှီယန်က ရှေ့သို့ ခြေလှမ်းတက်သွားပြီး သူ၏လက်ဝါးချက်များကို ထုတ်လိုက်သည်။ ထိုအချိန်၌ သူ၏မြင့်တက်နေသည့် ချီနှင့်သွေးက လက်ဝါးချက် တစ်ချက်စီတိုင်း၌ နဂါးကြီးတစ်ကောင်ကို ထုတ်လွှတ်လာ၏။

မည်သည့် အလှကွက်မှ မပါဘဲ ပြင်းထန်သည့် ခွန်အားကိုသာ အသုံးပြုနေပါသည်။

အပြင်းထန်ဆုံးနှင့် အပူလောင်ဆုံး နဂါးနိုင်လက်ဝါးအားနှင့် မြစ်၁၀၀၀၀ ဓားသိုင်း၏ ဓားချီကို တိုက်ရိုက်ရင်ဆိုင်၏။

'နဂါးနိုင်လက်ဝါးသိုင်းရဲ့ စွမ်းအားက အလှည့်အပြောင်းများမှုအပြင် သူ့ရဲ့ အနှိုင်းမဲ့တဲ့ ခွန်အားအပေါ်မှာ မူတည်နေတယ်..'

'ဒါက လုံးဝ ပူလောင်ပြီး ကြီးစိုးနေတယ်။ အဲ့ဒါမှပဲ နဂါးတစ်ကောင်ကို အနိုင်ယူနိုင်မယ့် စွမ်းအားကို ပိုင်ဆိုင်နိုင်မှာ..'

ရွှီယန်က ရုတ်တရက် ဉာဏ်အလင်းပွင့်သွား၏။

ရှဲ့လင်ဖုန်းက မှင်သက်သွားသည်။ သူက တိတ်တဆိတ် အသံပြုမိ၏။

မည်မျှ ကြီးစိုးလိုက်သည့် လက်ဝါးသိုင်း ဖြစ်သနည်း။

ရွှီယန်က မြစ်၁၀၀၀၀ဓားချီကို ပူလောင်ကာ ကြမ်းကြုတ်သည့် နဂါးနိုင်လက်ဝါးအားနှင့် ခုခံရင်းက မူလက ကြုံ့လာသည့် လေဟာနယ်တို့ တဖြည်းဖြည်း ဆက်တိုက် ကျယ်ပြန့်လာခဲ့သည်။ တစ်ချက်ပြီး တစ်ချက် ဓားချီများ စတင် ပြိုလဲလာခဲ့၏။

ရှဲ့လင်ဖုန်းက အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏အကြည့်က ပိုမို လေးနက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး မြစ်၁၀၀၀၀ ဓားသိုင်းကို ဆက်တိုက်ထုတ်ဖော်လိုက်၏။

ဓားစွမ်းအင်များက တိုးပွားလာပြီး တစ်လွှာပြီးတစ်လွှာ ထပ်ဆင့်ကာ နောက်ဆုံးတွင် မြစ်ရေစီးသံများပင် ပဲ့တင်ထွက်လာသည် အထိ ဖြစ်သည်။

All Chapters