← Chapters

ရွှီယန်နှင့် ရှဲ့လင်ဖုန်း(၂)

Vol. 7 Ch. 95

ရွှီယန်နှင့် ရှဲ့လင်ဖုန်း(၂)

Vol. 7 Ch. 95

ဤသည်မှာ မြစ်ပေါင်း၁၀၀၀၀တို့ စီးဆင်းနေသကဲ့သို့ ရှိနေပြီး တိုက်ပွဲပြင်ကို ရေလောကတစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ရွှီယန်၏ အကြည်က စူးစိုက်သွား၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးတို့က လှည့်လည်နေပြီး လက်ဝါးချက်တစ်ချက်ကို ရုတ်တရက် ရိုက်ထုတ်လိုက်သည်။

ထိုလက်ဝါးချက် ထွက်ပေါ်လာသည်နှင့် လက်ဝါး၏ စွမ်းအားနှင့်အတူ အသံတစ်ခု မြင့်တက်လာခဲ့၏။

ဤသည်မှာ နဂါးဟိန်းသံတစ်ခုကဲ့သို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲပြင် အတွင်းတွင် စီးဆင်းလာသည့် မြစ်ပေါင်း၁၀၀၀၀၏ အသံက ပိုမိုပိုမိုကာ ကျယ်လောင်လာခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ရေတံခွန်တစ်ခု စီးကျသည့်နှယ် ဖြစ်လာပြီး ကမ္ဘာပြိုမတတ် တုန်ခါသံများ ထွက်ပေါ်လာခဲ့၏။

တိုက်ပွဲကို ကြည့်နေသည့် ဟူရှန်း၏ ပုံစံက လေးနက်သွားသည်။ သူ၏ မျက်လုံးများထဲတွင် အလွန်ထိတ်လန့်သည့် အကြည့်တို့ ဖြတ်သန်းသွား၏။

ဒီလူငယ်က သခင်လေးကို မြစ်၁၀၀၀၀ ဓားသိုင်းအား အဆုံးစွန်အထိ အသုံးပြုရစေရန် ဖိအားပေးခဲ့သည်လား။

အတွင်းဘက် နယ်မြေတွင်ပင်လျှင် သခင်လေးကို မြစ်၁၀၀၀၀ ဓားသိုင်းအား အကန့်အသတ်အထိ အသုံးပြုရစေရန် ဖိအားပေးနိုင်သည်မှာ အသက်အရွယ်အိုမင်းကာ အတွေ့အကြုံ ကြီးရင့်သည့် သိုင်းသခင်များသာ ရှိပါသည်။

ဒီလူငယ်၏ ခွန်အားက ထိုနာမည်ကျော် ဝါရင့်သိုင်းသခင်များနှင့် နှိုင်းယှဉ်နိုင်သည်လား။

ထိုကျယ်လောင်လှသည့် ပျက်စီးသံများအကြားမှ ဟိန်းသံတစ်ခု ဖောက်ထွင်း ထွက်လာခဲ့သည်။ ဒေါသတရားကို သယ်ဆောင်လာ၏။ ရုတ်တရက် ကြီးမားသည့် နဂါးကြီး၁၈ကောင်တို့က တိုက်ခိုက်လာခဲ့ပြန်သည်။

"ဘုန်း.."

မြစ်၁၀၀၀၀ ဓားချီ၏ အလွှာများက တစ်ခုပြီးတစ်ခု ပြိုလဲလာပြီး နဂါးကြီး၁၈ကောင်တို့လည်း ဆက်တိုက် ပျက်စီးကုန်ကြသည်။

ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်း၏ ဒုတိယအဆင့်အား အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိခဲ့ပါပြီ။

လီရွှမ်က မနေနိုင်ဘဲ အသိအမှတ်ပြုစွာ ခေါင်းငြိမ့်သည်။ ရွှီယန်သည် ပြင်းထန်သည့် တိုက်ပွဲအတွင်းသို့ ကျရောက်တိုင်းတွင် ဉာဏ်အလင်းပွင့်မှု တစ်ခု သို့မဟုတ် ခွန်အားတိုးမြင့်မှု တစ်ခုကို ရရှိနိုင်ပါသည်။

အမှန်တကယ်ကို သိုင်းပညာလမ်းစဉ်သစ်၏ ရှေ့ဆောင်တစ်ယောက် ဖြစ်၏။

"သင်၏တပည့် ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်း၏ ဒုတိယအဆင့်အား တတ်မြောက်သွားသည်။ သင်သည် ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်.."

ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုက ရောက်ရှိလာ၏။ လီရွှမ်က မြေကွက်လပ်အတွင်းရှိ တိုက်ပွဲပြင်ကို ဆက်လက်ကြည့်နေပြီး ရလဒ်က ထွက်ပေါ်လာခြင်း မရှိသေးပေ။

ရှဲ့လင်ဖုန်း၏ ခွန်အားမှာ.. ပြောရလျှင် ရွှယ့်ဝူရှင်းထက် များစွာ ပိုမိုသာလွန်၏။ သူ၏ ဓားသိုင်းသည်လည်း အလွန် စွမ်းအားကြီးလှသည်။ သူသည် သိုင်းပညာ ပါရမီရှင်တစ်ယောက် ဖြစ်၏။ ဓားလမ်းစဉ်တွင် သူ၏ ပါရမီက အထူး ကောင်းမွန်လှသည်။

သို့ပေမယ့် အဆုံးသတ်တွင် သူ့ဆီ၌ သန့်စင်သော ဓားနှလုံးသား မရှိဘဲ ဓားတာအို၏ လမ်းကြောင်းပေါ်သို့ ခြေချနိုင်ခြင်း မရှိပေ။

ထိုအချိန်၌ ရှဲ့လင်ဖုန်း၏ အကြည့်က စူးရှလာ၏။ သူ၏လက်မှ ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုဓားအလင်းသည် ပျံသန်းလာသည့် သက်တန့်တစ်ခုသဖွယ် ရှိနေပြီး အလင်းကဲ့သို့ မြန်ဆန်လှသည်။ ချက်ချင်းပင် ရွှီယန်၏ လည်ချောင်းသို့ နီးကပ်စွာ ရောက်ရှိလာပြီး အလွန်အန္တရာယ် များလာစေ၏။

"သက်တန့်ပျံဓားသိုင်း..."

သခင်လေးက သက်တန့်ပျံ ဓားသိုင်းကို အသုံးပြုရလောက်အောင် ဖိအားပေးခံ နေရတာလား။

ဟူရှန်းက ထိတ်လန့်သွား၏။ ဤသည်မှာ ဓားသခင်ချောက်ကမ်းပါး၏ ပြိုင်ဘက်ကင်း ဓားသိုင်းသုံးခုမှ တစ်ခုဖြစ်သည်။

ရွှီယန်၏ အကြည့်က စူးစိုက်သွားပြီး သူ၏ ပုံရိပ်က ဘေးသို့ လျှပ်တစ်ပြက် ရွှေ့ပြောင်းသွားသည်။ တောင်ပံတစ်ခုကဲ့သို့ ပေါ့ပါးကာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်၏။

"ရွှက်.."

သူက မြန်ဆန်၏။ သို့ပေမယ့် ရှဲ့လင်ဖုန်း၏ ဓားက ပိုမိုမြန်ဆန်ပါသည်။ နောက်ထပ် သက်တန့်ပျံ ဓားအလင်းက ထပ်မံရောက်ရှိလာ၏။

"နေရာရွှေ့ခြင်း.."

ရွှီယန်က သူ၏နေရာကို လျှပ်တစ်ပြက် ရွှေ့ပြောင်းလိုက်၏။ သို့ပေမယ့် ထိုသို့ဆိုလျှင်တောင် သူ၏ အင်္ကျီလက်များဟာ အနည်းငယ် ခုတ်ပိုင်းခံရပြီး ပွင့်ထွက်သွားခဲ့သည်။

"ရွှမ်း.."

တတိယဓားအလင်းက နီးကပ်စွာ ထပ်မံလိုက်လာ၏။

ရွှီယန်၏ ဓားတာအိုအပေါ် သန့်စင်သည့် နားလည်သဘောပေါက်မှုနှင့် ဆိုလျှင်တောင် သူသည် ဒီဓားချက်၏ အားနည်းချက်ကို မြင်နိုင်ပေမယ့် မြန်ဆန်စွာ ပျောက်ကွယ်သွားတတ်သည့် အခွင့်အရေးများကို ဖမ်းဆုပ်ရန် လုံလောက်ခြင်းမရှိစွာ ဖြစ်နေပါသည်။

'ဒီဓားသိုင်းက အဆင့်မြင့်ရမယ်..'

ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ သူက နောက်ထပ်တစ်ကြိမ် တယ်လီပို့ကာ တည်နေရာကို ပြောင်းရွှေ့လိုက်ပြန်၏။ ဓားချက်ကို ရှောင်လိုက်ပြန်သည်။

ထို့နောက် ချက်ချင်းပင် သူ၏လက်ကို ခါးရှိ ဓားရိုးပေါ်သို့ တင်လိုက်၏။

"ထင်.."

ဓားက ဓားအိမ်မှ ထွက်ပေါ်လာခဲ့၏။

ရှဲ့လင်ဖုန်း၏ လက်များက ရပ်သွားပြီး ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ပါ။ သူက ပြော၏။

"မင်းကလည်း ဓားသမားတစ်ယောက်လား။ ဒါဆိုရင် မင်းရဲ့ဓားသိုင်း ဘယ်လောက်ကောင်းလဲ ဆိုတာကို သင်ကြားပေးပါဦး.."

"မင်းကို စိတ်မပျက်စေရဘူး.."

ရွှီယန်က တောက်ပသော အပြုံးတစ်ခုဖြင့် ပြန်ပြော၏။

သူသည် တစ်ဖက်လူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အတွက် မြစ်၁၀၀၀၀ ဓားသိုင်းအား တန်ပြန် အသုံးပြုရန် စဉ်းစားထားပါသည်။

ရှဲ့လင်ဖုန်းက လှုပ်ရှားသွား၏။ ဓားအလင်းတစ်ခု လက်သွားပြီး ချက်ချင်းပင် ဓားစွမ်းအားက ရွှီယန်နှင့် နီးကပ်နေပြီး ဖြစ်သည်။

ထို့နောက် ရွှီယန်ဆီမှလည်း ဓားချီတစ်လှိုင်း ထွက်ပေါ်လာခဲ့၏။ ကျယ်ပြောသည့် မြစ်တစ်ခုနှယ် ရှိနေပြီး ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာခဲ့သည်။

ဓားအလင်းသည် ကျယ်ပြောသည့် မြစ်အတွင်း၌ နစ်မြုပ်သွားသည့်ပုံ ပေါ်၏။ သဲလွန်စ တစ်စွန်းတစ်စမှမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ရှဲ့လင်ဖုန်းက ကြောင်တောင်သွား၏။ ရွှီယန်အသုံးပြုသည့်‌ ဓားသိုင်းမှာ အလွန် ရင်းနှီးနေသည့်ပုံပါ။

အံ့သြစရာကောင်းလှသည့် အတွေးတစ်ခု သူ၏စိတ်ထဲတွင် မြင့်တက်လာ၏။ သို့ပေမယ့် ချက်ချင်းပင် ငြင်းဆန်မိသည်။

"မဖြစ်နိုင်ဘူး.."

ချက်ချင်းပင် သက်တန့်ပျံဓားသိုင်းကို အသုံးပြုလိုက်ပြန်၏။

ဓားအလင်းက မြန်ဆန်စွာ ရွေ့လျားသွားပြီး သက်တန့်ပျံတစ်ခု၏ ကောင်းကင်သို့ ထိုးဖောက်သွားသည့်နှယ် ရှိနေပါသည်။

ရွှီယန်ကလည်း ဓားတစ်ချက်ကို ထုတ်ကာ ၁၀၀၀၀သောမြစ်များက အားကုန်အော်ဟစ်လာပြီး ဓားချီများ ပျံဝဲလာခဲ့သည်။ သက်တန့်ပျံ ဓားအလင်းနှင့် ဆက်တိုက် ထိမှန်၏။

တိုက်ပွဲပြင်ကို အဝေးမှ ကြည့်ရှု့နေသည့် ဟူရှန်း၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ၏ မျက်နှာ၌ ထိတ်လန့်မှုတို့ အထင်သား ပေါ်လာခဲ့သည်။

'မြစ်၁၀၀၀၀ ဓားသိုင်းလား။ မဖြစ်နိုင်ဘူး.."

ဤသည်မှာ ဓားသခင်ခြောက်ကမ်းပါး၏ ထိပ်တန်းအဆင့် ဓားသိုင်းများထဲမှ တစ်ခုဖြစ်သည်။

တစ်ဖက်လူက ဘယ်လိုလုပ်ပြီး သိနေရသနည်း။ မဟုတ်ပေ။ တစ်ခုခု မှားယွင်းနေပါပြီ။ ဒီဓားသိုင်းသည် မြစ်၁၀၀၀၀ ဓားသိုင်းနှင့် အနည်းငယ် ခြားနားနေပုံ ပေါ်၏။

ဟူရှန်းမှာ ပိုမိုကြည့်လေလေ သူ၏ ဦးရေပြားများ ပိုမိုထုံထိုင်းစွာ ခံစားရလေ ဖြစ်လာခဲ့၏။ ဒီမြစ်၁၀၀၀၀ ဓားသိုင်းသည် ကမ်းပါးဓားသခင်၏ ဓားသိုင်းနှင့် တူညီပုံပေါ်၏။ သို့ပေမယ့် အချို့ ဓားကွက်များက ခြားနားပါသည်။

ပိုမို ကြောက်စရာကောင်းသည်ကား ဒီမြစ်၁၀၀၀၀ဓားစွမ်းအင်က ပိုမိုကာ အဆက်မပြတ် ထွက်ပေါ်နေပြီး မြစ်အရှိန်၏ ခန့်ညားမှုနှင့် ရေစီးဆင်းမှု၏ ညင်သာမှုတို့အား ပိုမို ပိုင်ဆိုင်ထားပါသည်။ မြစ်၁၀၀၀၀ဓားသိုင်း၏ အဆင့်မြင့် ဓားသိုင်းတစ်ခုနှယ် ရှိနေ၏။

ရှဲ့လင်ဖုန်းမှာတော့ အံ့ဩရုံမက တဖြည်းဖြည်း ပိုမိုပိုမိုကာ တုန်ခါလာခဲ့သည်။ ဤသည်မှာ မြစ်၁၀၀၀၀ ဓားသိုင်း ဖြစ်၏။ မြစ်၁၀၀၀၀ ဓားသိုင်းကို သူ့ထက်ပိုပြီး နားလည်သူ မရှိပေ။

ရွှီယန်၏ ‌ဓားကွက်အချို့မှာ သူနှင့် အနည်းငယ် ခြားနားနေပေမယ့် ထိုအကြောင်းပြချက်ကြောင့်ပင် သူ့ကို ပိုမိုတုန်ခါလာစေခဲ့သည်။

ထိုဓားကွက်များတွင် သူရေးတေးတေး ခံစားရ၏။ ဤသည်များမှာ မြစ်၁၀၀၀၀ဓားသိုင်း၏ အားနည်းချက်များအား ဖာထေးထားခြင်း ဖြစ်သည်။

မူလက ၎င်းသည် မြစ်၁၀၀၀၀ စီဆင်းခြင်း၏ အရှိန်အဝါကို ထုတ်ပြနိုင်ခြင်း မရှိဘဲ ရှိနေ၏။ ယခုအချိန်၌ ရွှီယန်က သူ့ထက် ပိုမိုသန်မာသည့် ဓားစွမ်းအားကို ပြသလာခဲ့လေသည်။

ဓားချက်များက စီးဆင်းနေသည့် မြစ်သကဲ့သို့ ရှိနေပြီး လုံးဝ သဘာဝဆန်ကာ မည်သည့် အားနည်းချက်နှင့် အပြစ်အနာအဆာမှ ရှိမနေပေ။

သူ၏ သက်တန့်ပျံဓားသိုင်းပင် ထိုအတွင်းသို့ ကျရောက်သည်နှင့် မွန်းကြပ်လာသည့်နှယ် ခံစားရ၏။

"မြစ်၁၀၀၀၀ ဓားသိုင်း...မင်းငါ့ရဲ့ မြစ်၁၀၀၀၀ ဓားသိုင်းကို ဘယ်လိုလုပ်ပြီး သိနေတာလဲ.."

ရှဲ့လင်ဖုန်းက ထိတ်လန့်စွာဖြင့် အသံပြုသည်။

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး ပြော၏။ "ခုနကပဲ မင်းသင်ပေးလိုက်တာလေ.."

"ဘာ.."

ရှဲ့လင်ဖုန်းက မှင်သက်သွား၏။ ထို့နောက် ထိတ်လန့်မှုတို့ လွမ်းခြုံလာခဲ့သည်။

"မင်း... မင်းခုနက ငါနဲ့ တိုက်ခိုက်တုန်းက သင်လိုက်တာလား.."

ဤသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သူရှဲ့လင်ဖုန်းပင်လျှင် ဓားသခင် ချောက်ကမ်းပါး၌ နှစ်၁၀၀၀တွင်တစ်ယောက် ပေါ်ထွန်းသည့် ဓားပါရမီရှင် တစ်ယောက်ဟု ဆိုကြပေမယ့် ယခုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိပေ။

"ပြဿနာရှိလို့လား.."

ရွှီယန်က ပဟေဠိဖြစ်သည့် အသွင်ဖြင့် ပြော၏။

"ငါက ဓားလမ်းစဉ်အပေါ်ကို ခြေချနိုင်နေပြီးပြီ။ အဲ့ဒါကြောင့် အခြားလူတွေရဲ့ ဓားသိုင်းကို နားလည်သဘောပေါက်နိုင်ပြီး ကိုယ့်အတွက် ပြန်လည်အသုံးချနိုင်တာ.. ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား.."

"ဒါမှမဟုတ် မင်းက ဓားလမ်းစဉ်မှာ ခြေမချနိုင်သေးဘူးလား.."

ဓားလမ်းစဉ်အပေါ်တွင် ခြေချနိုင်ပါက အခြားလူများ၏ ဓားသိုင်းကို သင်ယူနိုင်ပြီး ကိုယ့်အတွက် အသုံးပြုနိုင်သည်လား။

ဓားသခင် ချောက်ကမ်းပါးတွင် မည်သည့် သိုင်းသမားသည် ဓားလမ်းစဉ်အပေါ် ခြေချနိုင်ပြီးနောက် အခြားသူများ၏ ဓားသိုင်းကို လွတ်လပ်စွာ နားလည်ကာ မိမိအတွက် အသုံးပြုနိုင်ကြလို့နည်း...

ရှဲ့လင်ဖုန်း၏ စိတ်က ကြောင်တောင်မှုတို့ဖြင့် ပြည့်နက်နေပါတော့သည်။

"ဓားလမ်းစဉ် အပေါ်ကို ခြေချနိုင်တာနဲ့ အခြားလူတွေရဲ့ ဓားသိုင်းတွေကို အလွယ်တကူ နားလည်ပြီး မိမိအတွက် အသုံးပြုနိုင်တယ်ဆိုတာ မင်းသေချာရဲ့လား.."

ရှဲ့လင်ဖုန်း၏ မျက်နှာက မယုံကြည်နိုင်စွာ ရှိနေပါသည်။ တစ်ဖက်လူက သူ၏ အသိဉာဏ်ကို စော်ကားနေသည်ဟု ခံစားရ၏။

ဓားလမ်းစဉ်ကို ခြေချရုံရှိသေးသည့် သိုင်းသမားတစ်ယောက်ကို မဆိုထားနှင့် ဓားလမ်းစဉ်၏ ဆရာသခင်တစ်ယောက် ပင်လျှင် ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိပေ။

"ဒါပေါ့.."

ရွှီယန်က ယုံကြည်ချက် အပြည့်ဖြင့် ခိုင်မာစွာ ခေါင်းငြိမ့်၏။ ထို့နောက် ရှဲ့လင်ဖုန်းကို ကြောင်တောင်စွာ ကြည့်သည်။

"မင်းဓားတာအိုကို မဖမ်းဆုပ်နိုင် သေးတာတော့ မဟုတ်ဘူးမှတ်လား.."

ဒီလူ၏ ဓားပညာက အံ့ဖွယ်ကောင်းလွန်းလှပြီး စွမ်းအားကြီးမားသည်။ အနိုင်ယူရန် လွယ်ကူခြင်း မရှိပါ။

"ချီးပဲပေါ့.."

ရှဲ့လင်ဖုန်းက ဒေါသထွက်သွား၏။

"ငါရှဲ့လင်ဖုန်းက အသက်၆နှစ် အရွယ်မှာ စတင်ပြီး ဓားတာအိုကို လေ့လာခဲ့တာကွ.."

"တကယ်ပဲလား.."

"အသေအချာပဲ.."

ရှဲ့လင်ဖုန်းက အံကိုကြိတ်ကာ ပြော၏။

ရွှီယန်က တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။

သူ၏ဓားအလင်းက သက်တန့်တစ်ခုကဲ့သို့ ပျံသန်းပြီး လျှပ်စီးကဲ့သို့ မြန်ဆန်နေ၏။ ချက်ချင်းပင် ရှဲ့လင်ဖုန်း၏ ရင်ဘက်ဆီသို့ ရောက်ရှိသွားသည်။

ရှဲ့လင်ဖုန်းက ခဏတာ ကြောင်တောင်နေပြီးနောက် အမြန်ရှောင်၏။

"ဝူ့.."

သူ၏ အဝတ်များက ဓားချက်ဖြင့် ကွဲထွက်သွားခဲ့သည်။

သို့ပေမယ့် ဒီအချိန်၌ သူသည် ပျက်စီးသွားသည့် အင်္ကျီများအတွက် ဂရုစိုက်နိုင်ခြင်း မရှိပါ။ အဲ့ဒီ့အစား မျက်နှာပေါ်၌ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေ၏။

"သက်တန့်ပျံဓားသိုင်း.."

ဤသည်မှာ ပြီးခဲ့တုန်းက သူ့အသုံးပြုခဲ့သည့် ဓားကွက်ဖြစ်သည်။

ရွှီယန်က နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်ကာ သက်တန့်ပျံဓားသိုင်း၏ ဓားကွက်ကို အသုံးပြုလိုက်ပြန်၏။

ရှဲ့လင်ဖုန်းက ကြောင်တောင်နေရင်းက သူ၏ ဓားဖြင့် ကာလိုက်သည်။ မယုံကြည်နိုင်စွာ ရှိနေ၏။

ဓားသခင် ချောက်ကမ်းပါး၏ အနှိုင်းမဲ့သော ဓားသိုင်းတစ်ခု ဖြစ်သည့် သက်တန့်ပျံဓားသိုင်းကို တစ်ကြိမ်ကြည့်သည်နှင့် တစ်ဖက်လူက သင်ယူနိုင်ခဲ့သည်လား။

"မဟုတ်ဘူး.."

"ဒါလုံးဝ မဖြစ်နိုင်ဘူး.."

"မင်းဘယ်လိုလုပ်ပြီး သက်တန့်ပျံ ဓားသိုင်းကို တတ်မြောက်ထားတာလဲ.."

ရွှီယန်က တူညီသည့် တိုက်ကွက်ဖြင့် ထပ်မံတိုက်ကာ ပြောသည်။

"မင်းပဲ ခုနက အသုံးပြုခဲ့တာလေ။ ငါမင်းကို ပြောခဲ့သားပဲ.. ဓားတာအိုကို ဖမ်းဆုပ်နိုင်တဲ့ လူတစ်ယောက်က ဓားကွက်တွေ အားလုံးကို တွေ့မြင်နိုင်ပြီး လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တယ်လို့.."

ထို့နောက် သူက ခေါင်းကိုရမ်းကာ နောင်တရစွာဖြင့် ပြော၏။

"ကြည့်ရတာ မင်းတကယ်ပဲ ဓားတာအိုကို မဖမ်းဆုပ်နိုင်သေးဘူးပဲ။ ငါက မင်းကို ဓားသိုင်းပြိုင်ဖို့ ပြိုင်ဘက်ကောင်း တစ်ယောက်လို့ ထင်ထားတာ.."

ရှဲ့လင်ဖုန်းက ဒေါသ ထွက်သွားသည်။ သူသည် ဓားသခင်ချောက်ကမ်းပါးရှိ နှစ်၁၀၀၀တွင် တစ်ယောက်ပေါ်ထွန်းခဲ့သည့် ဓားပါရမီရှင်တစ်ယောက် ဖြစ်ပြီး အသက်၆နှစ်တွင် ဓားတာအိုကို ဖမ်းဆုပ်နိုင်ခဲ့၏။

ဘယ်လိုလုပ်ပြီး ယခုကဲ့သို့ စော်ကားရဲရသနည်း။

"မင်းက မဟုတ်တာတွေ ပြောနေတာပဲ.."

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး ပြောသည်။

"ကောင်းပြီလေ.. ဒါဆိုရင် ငါမင်းကို ဓားသိုင်းအချို့ ပြမယ်။ အဲ့ဒီ့ဟာကို မင်းနားလည်သဘောပေါက်ပြီး ကိုယ်ကိုယ်တိုင်အတွက် အသုံးပြုနိုင်မလားလို့ ကြည့်တာပေါ့.."

ထိုစကားနှင့်အတူ သူက ရှေ့သို့ ဓားချက်တစ်ခုကို ထုတ်လိုက်သည်။ လေခွင်းသံတစ်ခုနှင့် အတူ ဓားအလင်းက ထွက်ခွာလာပြီး အနှိုင်းမဲ့ကာ ထည်ဝါစွာ ရှိနေပါသည်။

ကောင်းကင်သို့ ဖြတ်သန်းလာခဲ့၏။

ရှဲ့လင်ဖုန်း၏ နှလုံးသားက အခုန်မြန်သွားပြီး သူ၏ဓားဖြင့် အမြန်ကာသည်။ သို့ပေမယ့် ရွှီယန်က နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ပြီး ဖြစ်၏။ လျှင်မြန်စွာ ကြမ်းကြုတ်ပြီး အနှိုင်းမဲ့လှသည့် ဓားချက်များကို ဆက်တိုက် ထုတ်ဖော်နေပါသည်။

"ဒါက ဘယ်လို ဓားသိုင်းမျိုးလဲ။ မြစ်၁၀၀၀၀ ဓားသိုင်းထက်တောင် မနိမ့်ပါလား.."

ရှဲ့လင်ဖုန်းက ကြောင်တောင်သွား၏။

"မင်းတတ်သွားပြီလား.."

ရွှီယန်က မေးသည်။

ရှဲ့လင်ဖုန်းက ဒေါသတကြီး အံကိုကြိတ်ကာ ပြန်ပြော၏။

"မင်းကငါ့ကို လှောင်နေတာပဲ။ ဘယ်သူက တိုက်ပွဲအတွင်းမှာ ရန်သူရဲ့ ဓားသိုင်းပညာနဲ့ ဓားကွက်တွေကို သင်ယူနိုင်မှာလဲ.."

ပါရမီရှင်များထဲမှ ပါရမီရှင်အကျဆုံး လူပင်လျှင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။

"ဓားတာအိုကို ဖမ်းဆုပ်နိုင်ခဲ့တဲ့ ဘယ်သူမဆို ဒါကိုလုပ်နိုင်တယ်.."

"ဒ့ါကြောင့် မို့လို့ ဓားသမားတွေရဲ့ တိုက်ပွဲက ဘယ်တော့မှ ဓားသိုင်းနဲ့ မတိုက်ခိုက်ဘူး။ ဓားလမ်းစဉ်နဲ့ပဲ တိုက်ခိုက်တယ်.."

ရွှီယန်က သူသိထားသည်အား အမှန်တိုင်းပင် ပြော၏။

"ပေါက်ကရတွေ.."

ရှဲ့လင်ဖုန်းမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေပါပြီ။

ရွှီယန်က သူ၏ဓားကို ဓားအိမ်အတွင်းသို့ ထည့်ကာ နောက်သို့ ထွက်ခွာသွား၏။ သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှု တစ်ခု ရှိနေပါသည်။

"ငါသိပြီ။ မင်းက တကယ်ပဲ ဓားတာအိုကို မဖမ်းဆုပ်နိုင်သေးဘူး။ ပြီးတော့ မင်းကိုယ်တိုင်လည်း အဲ့တာကို မသိဘူး ဖြစ်နေတာ။ ကိုယ့်ကိုယ်ကို အမြင်မှားပြီး တလွဲထင်နေတာက မင်းရဲ့အမှား မဟုတ်ဘူး.."

"မင်းရဲ့ နိမ့်ပါးတဲ့ အမြင်က မင်းရဲ့နားလည်သဘောပေါက်မှုကို ကန့်သတ်ထားတာပဲ.."

ရှဲ့လင်ဖုန်းက နေရာမှာတင် ပေါက်ကွဲလုမတတ် ဖြစ်နေပါပြီ။ ဤသည်မှာ တတိယမြောက် ထပ်မံစော်ကားခံရခြင်းပင်။ လွန်လွန်းသွားပါပြီ။

"ငါရှဲ့လင်ဖုန်း ဒီနေ့မှာ မင်းကို..."

သူ၏စကားမဆုံးခင်တွင် ရွှီယန်က ကြားဖျက်ကာပြော၏။

"မင်းကိုကြည့်ရတာ သန့်စင်သော ဓားနှလုံးသား ဆိုတာကိုတောင် မသိဘူးမှတ်လား.."

"ဘာ.."

ရှဲ့လင်ဖုန်းဟာ လုံးဝ ကြောင်တောင်သွား၏။ ဒီလူပြောသည့် သန့်စင်သော ဓားနှလုံးသားဟူသည်မှာ မည်သည်ဖြစ်သနည်း။

All Chapters