ရွှီယန်၏ နားလည်သဘောပေါက်မှု၊ တောင်နှင့်မြစ် ဓားဆန္ဒ
Vol. 7 Ch. 100
"ဘုန်း.."
ကောင်းကင်တွင် လျှပ်စီးတစ်ချက် လက်သွားပြီး မိုးခြိမ်းသံတစ်ခု ပေါ်လာခဲ့၏။ လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။
"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအားက တကယ့်ကို ထူးကဲတယ်။ ဒီမိုးကြိုးရဲ့ အားက လက်ရှိ ငါ့ရဲ့ခွန်အားနဲ့တောင် ခံနိုင်ရည်ရှိဖို့ဆိုတာ ပြောဖို့ခက်နေတုန်းပဲ.."
သူက ရုတ်တရက် သိလိုသွားသည်။ ဒီလောက၏ သိုင်းပညာ လမ်းစဉ်တွင် ကပ်ဘေးဖြတ်ကျော်ခြင်း ဟူသည့် ဖြစ်ရပ်တစ်ခု တည်ရှိနေသည်လား။
'ငါတီထွင်လိုက်တဲ့ သိုင်းပညာ လမ်းစဉ်ကတော့ ကပ်ဘေးဖြတ်ကျော်မှုတွေ ဘာတွေ မပါပါဘူး။ အကြောင်းပြချက်မရှိဘဲ ကိုယ့်ကိုယ်ကို ကောင်းကင်ကပ်ဘေး စမ်းသပ်ချက် ဆိုပြီးတော့ ဖြတ်ကျော်ခိုင်းတာက တုံးအရာ ကျမှာပေါ့..'
လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။ ကောင်းကင်ကပ်ဘေး၏ စမ်းသပ်ချက် မရှိဘဲ လုံလောက်သည့် ခွန်အားတို့ ရရှိနိုင်မည်လား ဟူသည်မှာတော့ ဤသည်မှာ ပြဿနာ မဟုတ်ပေ။
ကောင်းကင်ကပ်ဘေးအား ကျော်ဖြတ်နိုင်သည့် လူများသာ စွမ်းအားကြီး သူများ ဖြစ်သည်ဟု မည်သူက ပြောထားလို့နည်း။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကို တစ်ခါတည်း ထိန်းချုပ်ဖို့လည်း ဖြစ်နိုင်ပါသည်။ ဤနည်းအားဖြင့် ကောင်းကင်ကပ်ဘေးဟု ခေါ်သည့် အရာကို ဖြတ်ကျော်ခြင်းမရှိဘဲ ကြီးမားသည့် စွမ်းအားကို ရလာနိုင်၏။
'ကျင့်စဉ်ကိုသာ ကောင်းကောင်းဖန်တီးပြီး တပည့်တွေက လုံလုံလောက်လောက် ပါရမီရှိရင် အရာအားလုံး ဖြစ်နိုင်တယ်..'
လီရွှမ်၏ မျက်နှာက အပြုံးတစ်ခုဖြင့် ပြည့်နှက်လာ၏။
"သင်၏တပည့် မုန့်ချူံသည် လေမိုးကြိုး ဗာဂျရာလက်သီးကို အောင်မြင်စွာ ကျင့်ကြံခဲ့သည်။ သင်၏ လေမိုးကြိုး ဗာဂျရာလက်သီးသည် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားသည်.."
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ရွှေလက်ချောင်းမှ တန်ပြန် အကျိုးပြုမှု ပေးလာခြင်း ဖြစ်သည်။
မုန့်ချုံက နားလည်သဘောပေါက်မှု ရလာပြီး လေမိုးကြိုး ဗာဂျရာ လက်သီးကို ကျင့်ကြံခဲ့လေသည်။
'ကောင်းတယ်။ အခု သူ.. လေမိုးကြိုး ဗာဂျရာလက်သီးကို တတ်မြောက်သွားပြီ။ ဒီအချိန်က မုန့်ချုံကို ကျင့်စဉ်အသစ်တွေ သင်ပေးရမယ့် အချိန်ပဲ..'
လီရွှမ်က ပျော်သွား၏။ သူ၏ စိတ်ထဲတွင် လေမိုးကြိုး ဗာဂျရာလက်သီး၏ ကျင့်ကြံခြင်း ဖြစ်စဉ်က ပေါ်လာခဲ့ပြီး ဖြစ်သည်။
သူက အသံပြုမိ၏။ ဒီလေမိုးကြိုး ဗာဂျရာလက်သီးက အမှန်တကယ်ကို ပြောင်မြောက်လှပါသည်။ လက်သီးချက်တစ်ချက်ကို အသာ ထိုးလိုက်သည်နှင့် မိုးကြိုးကဲ့သို့ စွမ်းအားကြီးနိုင်၏။
'ရွှယ့်ဝူရှင်းလို မိစ္ဆာကျင့်ကြံသူ တစ်ယောက်အတွက် လေမိုးကြိုး ဗာဂျရာလက်သီးကိုသာ ရင်ဆိုင်ရရင် တကယ့်ကို ကြီးကြီးမားမား ဖိနှိပ်ခံရမှာ.."
ရွှယ့်ဝူရှင်းသာ သေဆုံးမှုမရှိဘဲ ယခုအချိန်၌ မုန့်ချုံကို ရင်ဆိုင်ရပါက သူ့အနေနှင့် ရလဒ်ကို ခန့်မှန်းရန် ခက်ခဲနေမှာ ဖြစ်သည်။
မိုးက ဆက်လက် ရွာသွန်းနေ၏။ သို့ပေမယ့် လေပြင်းကတော့ ရပ်တန့်သွားသည်။ မိုးကြိုးနှင့် လျှပ်စီးများလည်း ပျောက်ကွယ်သွား၏။
မုန့်ချုံက မိုးရေထဲမှ ပြန်လာခဲ့သည်။
"ဆရာ.. ကျွန်တော် လေမိုးကြိုး ဗာဂျရာ လက်သီးသိုင်းကို နားလည်သွားပြီ.."
သူက စိတ်လှုပ်ရှားစွာ ပြော၏။
"ကောင်းတယ်။ မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူး။ အခု ခဏလောက် တည်ငြိမ်အောင် လုပ်လိုက်ဦး။ ပြီးရင် ငါမင်းကို သဘာဝတရား၈ပါး ပုံကြမ်းနဲ့ ဆေဘာဓားလမ်းစဉ်ကို သင်ကြားပေးမယ်.."
လီရွှမ်က အသိအမှတ်ပြုစွာ ခေါင်းငြိမ့်သည်။
"ဟုတ်ကဲ့ပါဆရာ.."
မုန့်ချုံက စိတ်လှုပ်ရှားလာ၏။
လီရွှမ်က တပည့်ဖြစ်သူတိုင်းကို သဘာဝတရား၈ပါး ပုံကြမ်းအား သင်ကြားပေးရန် ဆုံးဖြတ်လိုက်သည်။
ရရှိလာမည့် အကျိုးအမြတ်များမှာတော့ သူတို့၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှု အပေါ်တွင် မူတည်၏။ တပည့်ချင်းစီတိုင်း၏ နားလည်သဘောပေါက်မှုက ခြားနားနေမှာပါ။
ထိုအထဲတွင် ခန္ဓာကိုယ် လှုပ်ရှားမှုအတတ် သာမက အခြား လျှို့ဝှက်ဆန်းကြယ်မှုများလည်း ပါရှိနေ၏။
ဖြစ်နိုင်တာက တပည့်များ၏ အဆင့်မြင့်တက်လာသည်နှင့်အမျှ ခွန်အားတို့ ကြီးထွားလာသည့် အလျှောက် အသိအမြင် အသစ်တို့ ရရှိလာနိုင်ပါသည်။
ဥပမာအားဖြင့် ရွှီယန်က ဘဲငန်းလှုပ်ရှားမှု အတတ်ကို နားလည် သဘောပေါက်ခဲ့၏။ ထိုနောက် ရွှယ့်ဝူရှင်းနှင့် တိုက်ပွဲတွင် ရုတ်တရက် ဉာဏ်အလင်းပွင့်မှုရကာ တယ်လီပို့ခြင်းကို တတ်မြောက်ခဲ့သည်။
မုန့်ချုံလည်း မည်ကဲ့သို့သော လှုပ်ရှားမှုအတတ်အား တတ်မြောက်လာမည်နည်းဟု သူ့အနေနှင့် စောင့်စားနေမိ၏။
ဖြစ်နိုင်တာက တိုက်ဆိုင်စွာဖြင့် သူလည်းပဲ တယ်လီပို့ခြင်း ရွေ့လျှောက်မှု အတတ်ကို နားလည်သဘောပေါက် လာမည်လား။
၃ရက်ကြာပြီးနောက် ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်ရှိ ရင်းနှီးသည့် တောတောင်များအတွင်း၌...
ဒီအချိန်၌ တော၏ အစွန်းအဖျားပိုင်း၌သာလျှင် သစ်ပင်များ ကြီးထွားနေပါသည်။ အတွင်းထဲတွင်တော့ မည်သည့်အပင် တစ်ပင်မှ မရှိသည့် မြေကွက်လပ်တစ်ခုသာ ရှိနေ၏။
လီရွှမ်က လက်ကို ဝှေ့ရမ်းလိုက်သည်။ သူ၏ အစစ်အမှန်ချီက မြင့်တက်လာပြီး သဘာဝတရား ၈ပါးပုံကြမ်းက မြေပြင်ပေါ်တွင် ပေါ်လာခဲ့၏။
"ဒါက သဘာဝတရား၈ပါး ပုံကြမ်းပဲ။ အဲ့ဒီ့ထဲမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အံ့သြစရာကောင်းတဲ့ နိယာမတွေ ပါဝင်နေတယ်.."
"မင်းအနေနဲ့ ခန္ဓာကိုယ် ရွေ့လျားမှု အတတ်တွေကိုလည်း နားလည်သဘောပေါက် လာနိုင်တယ်။ ဒီနေ့မှာ ဆရာကမင်းကို သဘာဝတရား၈ပါးရဲ့ လမ်းစဉ်ကို သင်ကြားပေးမယ်.."
လီရွှမ်က မုန့်ချုံကို သဘာဝတရား၈ပါးနှင့် ပတ်သက်သည့် အသိပညာ အားလုံးတို့အား ရှင်းပြ၏။
ထို့အပြင် သူတွေးမိသည့် အချို့ လျှို့ဝှက်ဆန်းကြယ်သည့် သီအိုရီများကိုလည်း ပြောကြားကာ စွမ်းအားကြီးမားသည့် သဘောတရားများ ပါဝင်နေသည့်နှယ် ထင်မြင်အောင် ဖြစ်စေ၏။
"မင်းမှတ်မိလား.."
နောက်ဆုံးတွင် လီရွှမ်က နက်ရှိုင်းသည့် အသံတစ်ခုဖြင့် မေးသည်။
"ဆရာ.. ကျွန်တော် မှတ်မိပါတယ်.."
မုန့်ချုံက ခေါင်းငြိမ့်သည်။ သူက သဘာဝတရား၈ပါးပုံကြမ်းကို ကြည့်ကာ အတွေးနက်သွား၏။
'ဒီပုံကြမ်းက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တယ်။ နားထောင်ရတာလည်း စွမ်းအားကြီးပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နက်နဲမှုတွေ ပါဝင်နေတယ်။ အမြဲတမ်း လေ့လာနေလို့ရတယ်..'
'ဆရာပြောတာက အဆင့်တစ်ဆင့်ချင်းစီတိုင်း အတွက် ခြားနားတဲ့ နားလည်သဘောပေါက်မှုတွေ ရှိတယ်တဲ့..'
'ပြီးတော့ လူတစ်ယောက်ချင်းစီတိုင်းရဲ့ နားလည်သဘောပေါက်မှု နောက်ကို လိုက်ပြီး ရလဒ်တွေလည်း ခြားနားသွားမှာ။ ဒီကနေပြီး ကိုယ်ပိုင် သိုင်းပညာကို ရှာဖွေနိုင်တယ်တဲ့..'
သူသည် သဘာဝတရား၈ပါး ပုံကြမ်းကို လေ့လာရန်အတွက် အချိန်တစ်ခုအား ချန်ထားရန် ဆုံးဖြတ်လိုက်သည်။
'ငါအခုဆိုရင် လေမိုးကြိုး ဗာဂျရာ လက်သီးသိုင်းကို နားလည်သဘောပေါက် နေပြီ။ ပြီးရင် သဘာဝတရား၈ပါး ပုံကြမ်းထဲက လှုပ်ရှားမှုအတတ်တစ်ခုခုကို လေ့လာရမယ့် အချိန်ပဲ..'
'ငါ့ရဲ့ စီနီယာအကိုရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်။ အဲ့ဒါကိုလည်း သဘာဝတရား၈ပါး ထဲကနေ နားလည်သဘောပေါက်လာခဲ့တာ။ ငါလည်း ငါ့ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ် ရွေ့လျားမှု အတတ်တစ်ခုကို တတ်မြောက်ချင်တယ်..'
'ငါကိုယ်တိုင် နားလည်သဘောပေါက်လာတဲ့ အတတ်ပညာကပဲ ငါနဲ့ အသင့်တော်ဆုံး ဖြစ်မှာ..'
မုန့်ချုံက စဉ်းစားရင်းမှ သဘာဝတရား၈ပါး ပုံကြမ်းဆီသို့ သွားရောက်ကာ စတင်လေ့လာ၏။
ထိုပုံကို တွေ့ရပြီးနောက် လီရွှမ်က သတိပေးသည်။ "သဘာဝတရား၈ပါး ပုံကြမ်းကို လေ့လာရာမှာ မင်းရဲ့ကိုယ်ပိုင် ကျင့်ကြံမှုကိုလည်း မမေ့နဲ့ဦး။ ချီနဲ့သွေးအဆင့်ကို အမြန်ဆုံး ပြီးပြည့်စုံခြင်းကို ရောက်အောင်လုပ်.."
"ဟုတ်ကဲ့ပါဆရာ.."
မုန့်ချုံက လေးစားစွာ ဖြေကြားသည်။
"ကောင်းပြီ။ ကောင်းကောင်းလေ့ကျင့်.."
လီရွှမ်က စကားဆုံးပြီးနောက် ထွက်ခွာသွား၏။
ကျန်ရှိသည့် ကိစ္စများမှာတော့ မုန့်ချုံ အပေါ်တွင်သာ မူတည်ပါသည်။ သဘာဝတရား၈ပါး ပုံကြမ်းထဲမှ သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်ကို နားလည်သဘောပေါက်လာမည်လားဟု ကြည့်မည် ဖြစ်၏။
ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်၏ စကားစုမှာတော့ လီရွှမ်အနေနှင့် တီထွင်ခြင်းပင် မပြုပါ။ မုန့်ချုံ၏ ပါရမီသည် မန္တန်စကားစု အပေါ်တွင် နားလည်သဘောပေါက်ခြင်း၌ မူတည်နေသည် မဟုတ်ပါ။
သူ့ကို စကားစုအား သင်ပေးခြင်းက ဆန့်ကျင်ဘက် သက်ရောက်မှုများကိုပင် ဖြစ်စေနိုင်၏။
ချီနိုင်ငံ၏ တော်ဝင်မြို့တော်တွင် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ပတ်သက်သည့် ဆူညံမှုများတို့ တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့သည်။
ရုံးတော်ရှိ အမှုထမ်းများသည် နားလည်လာခဲ့၏။ သူတို့အနေနှင့် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ကို ရှာဖွေနိုင်ခဲ့လျှင်တောင် ကောမိသားစု၏ နေရာကို လှုပ်ရှားအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် စွမ်းအားကြီး ပုဂ္ဂိုလ်အား လှည့်လည်ရှာဖွေသည့် ရောဂါသည်လည်း တဖြည်းဖြည်းနှင့် ငြိမ်သက်လာခဲ့၏။
စွမ်းအားကြီး ပုဂ္ဂိုလ်များဆီမှ သိုင်းပညာကို သင်ကြားလိုသည့် အမတ်ကြီးများ သို့မဟုတ် သူတို့၏ မျိုးဆက်များသည် ချွင်းချက်မရှိစွာ တစ်ယောက်မှ နန်းတော်အတွင်းရှိ စွမ်းအားကြီး ဆရာသခင်နှစ်ယောက်အား မြင်တွေ့ခွင့် မရရှိကြပါ။
ချီဘုရင်စံအိမ်၏ အနောက်ဘက်ခြံဝန်းရှိ ရွှီယန်၏ အိမ်တော်တွင်...
ရှဲ့လင်ဖုန်းက သစ်သားတုတ် တစ်ချောင်းကို ကိုင်ဆောင်ပြီး ရွှီယန်နှင့် တိုက်ခိုက် လေ့ကျင့်နေ၏။
တစ်ယောက်က သိုင်းပညာ၏ အတွင်းအားကို အသုံးမပြုသလို အခြားတစ်ယောက်ကလည်း ချီနှင့်သွေးကို အသုံးပြုခြင်း မရှိပါ။ သူတို့သည် ဓားပညာကို လေ့ကျင့်နေခြင်းသာ ရှိ၏။
ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းမဟုတ်ပါ။
"ညီလေးရွှီ.. ဒီလိုလေ့ကျင့်တာက မင်းကို ဓားဆန္ဒကို နားလည်သဘောပေါက်အောင် ကူညီပေးနိုင်မှာ သေချာရဲ့လား.."
ရှဲ့လင်ဖုန်းက သိလိုစွာမေးသည်။
ရွှီယန်နှင့် သိုင်းပညာအကြောင်းကို အကြိမ်ကြိမ် ဆွေးနွေးမှုအပြီးတွင်.. အထူးသဖြင့် ဓားပညာအကြောင်းကို နားလည်လာမှု အပြီးတွင် ရှဲ့လင်ဖုန်းသည် အစစ်အမှန်ကို လက်ခံလာပြီး သူ့ကိုယ်သူ အတုအယောင် သိုင်းပညာအား ကျင့်ကြံခဲ့ခြင်း ဖြစ်သည်ဟု ဝန်ခံလာခဲ့သည်။
တကယ်တော့ သူကား စစ်မှန်သည့် သိုင်းပညာတာအို၏ တံခါးဝကို ထိတွေ့ခြင်းပင် မရှိသေးပေ။ ယခု အချိန်၌ သူ၏အမှားကို နားလည်လာပြီး ၎င်းတို့ကို ပြင်ဆင်လို၏။
ထို့ကြောင့် ရွှီယန်ကို ညွှန်ကြားပေးရန်အတွက် တောင်းဆိုခဲ့သည်။ အစစ်အမှန် သိုင်းပညာ ဟူသည်မှာ မည်သည်ဖြစ်သနည်းနှင့် မည်ကဲ့သို့ ကျင့်ကြံရမည် ဟူ၍ ဖြစ်၏။