← Chapters

နဂါးတစ်ကောင်၏ မြစ်နှင့်တောင်အထက်၌ မြင့်တက်ခြင်း၊ စိတ်ဝိဉာဉ်ခန္တာ(၂)

Vol. 7 Ch. 105

နဂါးတစ်ကောင်၏ မြစ်နှင့်တောင်အထက်၌ မြင့်တက်ခြင်း၊ စိတ်ဝိဉာဉ်ခန္တာ(၂)

Vol. 7 Ch. 105

ထိုအခါမှသာ လီရွှမ်သည် ရွှီယန်၏ အဆင့်ချိုးဖျက်မှုဖြစ်စဉ်အတွင်းတွင် ပြောင်းလဲခဲ့သည်များကို နားလည်မှုရလာခဲ့သည်။

"သင်၏တပည့် ရွှီယန်သည် သင်ဖန်တီးလိုက်သည့် ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံပြီး မူလအဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ သင်သည် မူလအဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိကာ ခွန်အားသည် အဆင့်တူများထက် အဆ၁၀၀ ပိုမိုသန်မာ၏.."

"သင်၏ တပည့်သည် နဂါးနိုင်လက်ဝါးသိုင်းကို တတိယအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။ ထို့အပြင် နဂါးနိုင်ခြင်း၏ ကြီးစိုးခြင်း စိတ်ဆန္ဒကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် နဂါးနိုင်လက်ဝါးသိုင်း၏ တတိယအဆင့်ကို တတ်မြောက်သွားပြီး ၎င်း၏ ကြီးစိုးခြင်း စိတ်ဆန္ဒကို ပြီးပြည့်စုံစွာ နားလည်လာခဲ့သည်.."

"သင်၏ တပည့်သည် နဂါးတစ်ကောင် ပါဝင်သည့် တောင်နှင့်မြစ်ပုံအား ကျောက်စိမ်းအရိုးပေါ်တွင် ထွင်းထုနိုင်ခဲ့သည်။ ၎င်းသည် နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် စိတ်ဝိဉာဉ်အရိုးအဖြစ် ပြောင်းလဲသွား၏။ သင်သည် နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် စိတ်ဝိဉာဉ်ခန္ဓာကို ရရှိသည်.."

"နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် စိတ်ဝိဉာဥ်ခန္ဓာ.."

လီရွှမ်က အလွန် စိတ်လှုပ်ရှားသွားသည်။ ဒီတစ်ကြိမ် ရွှီယန်၏ အဆင့်ချိုးဖျက်မှုက သူ့ကို များပြားလှသည့် အကျိုးအမြတ်များ ယူဆောင်လာခဲ့၏။

သူ၏ ခွန်အားက ချက်ချင်းပင် ထိုးတက်သွားခဲ့သည်။ မူလစိတ်ဝိဉာဥ် အရိုးကို ရရှိပြီး မကြာခင်တွင် ယခုအချိန်၌ နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် စိတ်ဝိဉာဉ် ခန္ဓာအား ရရှိခဲ့လေသည်။

ထိုအချိန်၌ လီရွှမ်တစ်ယောက် စိတ်ဝိဉာဉ်ခန္ဓာ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ခံစားလာရသည်။ သူ၏ ကျင့်စဉ်ကို လှည့်လည် စရာမလိုဘဲ သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်က ခန္ဓာကိုယ်အတွင်းသို့ အလိုလိုဝင်ရောက်ကာ အစစ်အမှန်ချီအဖြစ် ဆက်တိုက် ပြောင်းလဲနေ၏။

သူ့တွင် သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်နှင့် စိတ်ဝိဉာဉ်ဆိုင်ရာ သတ္တဝါများ အားလုံးနှင့် မွေးရာပါ ရင်းနှီးမှုရှိ၏။

နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် စိတ်ဝိဉာဥ်ခန္ဓာကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းတွင် နဂါးတစ်ကောင် ရှိနေပုံပေါ်ပြီး တောင်နှင့်မြစ်အတွင်း၌ ခိုအောင်းနေကာ ကြောက်စရာကောင်းသည့် စွမ်းအားတို့အား ပိုင်ဆိုင်ထားပါသည်။

'အခုအချိန်မှာ ငါပိုင်ဆိုင်ထားတဲ့ စွမ်းအားက အတွင်းဘက်နယ်မြေကို ခြယ်လှယ်ဖို့ လုံလောက်နေပြီ မလား..'

'စစ်ဘုရင်အဆင့် သိုင်းသမားတွေကိုတောင် အနိုင်ယူနိုင်လောက်တယ်..'

လီရွှမ်က စိတ်လှုပ်ရှားစွာဖြင့် စဉ်းစားသည်။

သို့ပေမယ့် သူသည် အတွင်းဘက်နယ်မြေရှိ အခြေအနေများကို အလွန်ရိုးရှင်းစွာသာ ကြည့်မည် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ရှဲ့လင်ဖုန်းနှင့် ရွှယ့်ဝူရှင်းတို့ မြင်တွေ့နိုင်ခြင်း မရှိသည့် လျှို့ဝှက်ချက်များ ပုန်းအောင်း နေလောက်သည်။

ကျင့်ကြံခြင်းတွင် သိုင်းသခင်အဆင့်သို့ ရောက်ရှိခြင်းမှာ ထိပ်ဆုံးသို့ အမှန်တကယ် ရောက်ရှိနေပြီဟု ဆိုလိုခြင်းမဟုတ်ပါ။ ထို့အပြင် စစ်ဘုရင်အဆင့်များ အကြားတွင်တောင် သိသာသည့် စွမ်းအား ပိုင်းခြားမှုများ ရှိနေနိုင်၏။

ရွှယ့်ဝူရှင်းသည် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံပြီး စွမ်းအားကြီးမားသည့်ပုံ ပေါ်၏။ သို့ပေမယ့် တကယ်တော့ ပုန်းအောင်းနေသည့် အားနည်းချက်များစွာ ရှိပါသည်။

ရှဲ့လင်ဖုန်းမှာလည်း အလွန် ငယ်ရွယ်သေး၏။ ထို့ကြောင့် လီရွှမ်အနေနှင့် ဒီလောကတွင် သူ့ထက် ပိုမိုစွမ်းအားကြီးမားသည့် လူများ ရှိမနေတော့ဟု မောက်မာစွာ စဉ်းစားမည် မဟုတ်ပါ။

လီရွှမ်က အောက်ရှိ မုန့်ချုံကို ကြည့်သည်။ သူ၏ ဒုတိယတပည့်ကိုလည်း ပိုမိုစွမ်းအားကြီးလာရန် မျှော်လင့်၏။

ယခုအချိန်၌ ရွှီယန်က အဆင့်ချိုးဖြတ်သွားခဲ့ပြီး သူ့အနေနှင့် ဆက်လက်စောင့်ကြည့်ရန် မလိုတော့ပေ။

လီရွှမ်က ချက်ချင်းပင် ထွက်ခွာသွားပြီး သူ၏ ခြံဝန်းငယ်ဆီသို့ ပြန်ခဲ့၏။ ယနေ့တွင် သူသည် စိတ်အခြေအနေ ကောင်းမွန်စွာ ရှိနေပြီး ရှီအာကို ညွှန်ကြားချက်အချို့ ပေးကာ ကိုယ်တွင်းအင်္ဂါ သန့်စင်မှုနည်းလမ်းအား သင်ကြားပေး၏။

တောင်နှင့်မြစ် ဓားဆန္ဒက ပေါ်လာကာ ရှီအာကို အရိုးများအား ပိုမိုမြန်ဆန်စွာ သန့်စင်နိုင်စေသည်။

ရှီအာက ဝမ်းသာသွား၏။ ဒီနှုန်းအတိုင်းသာ ဆိုပါက မကြာခင်တွင် ကြေးအရိုးကို သန့်စင်မှု ပြီးမြောက်နိုင်မှာပါ။ သူ့အနေနှင့် ရွှေအရိုးကို မျှော်လင့်ခြင်းမရှိပေ။ ကြေးအရိုးကို သန့်စင်မှု ပြီးမြောက်ပါက ကိုယ်တွင်းအင်္ဂါများကို စတင်သန့်စင်ကာ သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ အမြန်ဆုံး ခြေချနိုင်ရန် ကြိုးစားမှာ ဖြစ်သည်။

ရွှီယန်က အဆင့်ချိုးဖြတ်ပြီးနောက် ချက်ချင်း ပြန်လာခြင်း မရှိပါ။ သူ၏အဆင့်ကို တည်ငြိမ်အောင် ဆက်လက်လုပ်ဆောင်၏။

မုန့်ချုံက ပူပြင်းသည့် နေမင်းကြီးအောက်တွင် ရပ်ကာ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာကွယ်ကို ကျင့်ကြံနေပါသည်။

ဒီအချိန်၌ သူသည် လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေတစ်ခုသို့ ဝင်ရောက်နေ၏။ နှလုံးသားထဲရှိ နေပြင်းနှင့် ကောင်းကင်ရှိ နေတို့၏ တစ်ခုနှင့်တစ်ခု တုန့်ပြန်မှုကို ခံစားကာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် အပူတစ်ခု ထုတ်လွှတ်လာခဲ့သည်။ ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့၏။

သွေးနှင့်ချီက ပိုမိုသန်မာလာနေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က လျင်မြန်စွာဖြင့် ပိုမိုစွမ်းအားကြီးလာ လေသည်။

'ငါ့ရဲ့ နှလုံးသားထဲကနေက ကောင်းကင်ကနေနဲ့ ဆက်သွယ်နေတယ်။ နောက်ဆုံးတော့ ငါလုပ်နိုင်ခဲ့ပြီ။ ငါ့ရဲ့ကျင့်ကြံမှု အမြန်နှုန်းက မြင့်တက်လာတော့မယ်။ ငါ့ကိုယ်ငါ မီးပေါင်းဖိုထဲမှာ ပိုပြီးတော့ သန်မာလာတယ်လို့ ခံစားရတယ်..'

မုန့်ချုံက အလွန် စိတ်လှုပ်ရှားနေ၏။ သူသည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်တွင် အသေးစားအောင်မြင်မှု တစ်ခု ရရှိရန် မဝေးတော့ဟု ခံစားရသည်။

ရွှီယန်က အဆင့်ချိုးဖြတ်ပြီးနောက် တတိယနေ့တွင် ပြန်လာခဲ့သည်။

"ဆရာ ကျွန်တော် မူလအဆင့်ကို ချိုးဖြတ်သွားပါပြီ.."

သူက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

"ကောင်းတယ် ငါ့တပည့်.. မင်း.. သိုင်းပညာ လမ်းစဉ်အပေါ်ကို အမှန်တကယ် ခြေချနိုင်ခဲ့ပြီ။ ဇွဲမလျော့နဲ့.. မူလအဆင့်ကို ပြီးမြောက်အောင် အမြန်ဆုံးလုပ်.."

လီရွှမ်က ဝမ်းသာသည့်အသွင်ဖြင့် ပြော၏။

"ဟုတ်ကဲ့ပါ ဆရာ.."

ရွှီယန်က လေးစားစွာဖြင့် ပြန်ကြားသည်။

လေးနက်စွာ ကျင့်ကြံနေသည့် ရှီအာကို ကြည့်ကာ ရွှီယန်တစ်ယောက် ပတ်ဝန်းကျင်ရှိ ဓားဆန္ဒ ရေးတေးတေးကို ခံစားလိုက်ရသည်။ ၎င်းက တစ်ဖက်လူ၏ အရိုးသန့်စင်ခြင်း အမြန်နှုန်းကို မြှင့်တင်ပေးသည့်ပုံပါ။

"ဆရာ.. ရှီအာက ဘာဖြစ်တာလဲ.."

"ရှီအာရဲ့ ပါရမီက ပုံမှန်ပဲ။ သူ့ရဲ့ကျင့်ကြံမှုက အရမ်းကို နှေးကွေးတယ်။ အဲ့ဒါကြောင့် ဓားဆန္ဒ တစ်စွန်းတစ်စကိုသုံးပြီး သူ့ရဲ့ကျင့်ကြံမှုကို အရှိန်မြှင့်ပေးထားတာ.."

လီရွှမ်က ပြုံးကာ ပြောသည်။

"ကြေးအရိုးက ရှီအာရဲ့ အကန့်အသတ်ပဲ။ ဒါပေမယ့် ကြေးအရိုးကို ရရှိတာကလည်း သူ့အနေနဲ့ အဆင့်နိမ့်သိုင်းသမားတွေရဲ့ အတိုင်းအတာထဲကနေ လွတ်ကင်းသွားတယ်လို့ ယူဆလို့ရတယ်.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်က စဉ်းစားသည်။ "ဆရာ.. ကျွန်တော်လည်း ဓားဆန္ဒကို အသုံးပြုပြီး အဖေတို့ကို အရိုးသန့်စင်ရာမှာ အရှိန်မြှင့်တင်ပေးလို့ ရလား.."

လီရွှမ်က ရယ်မောကာ ပြော၏။

"သိုင်းပညာရဲ့ အခြေခံက ကိုယ့်ကိုယ်ကိုယ် အပေါ်မှာ မူတည်တယ်။ လူတစ်ယောက်က တစ်ဆင့်ချင်းစီကျင့်ကြံပြီး ခိုင်ခိုင်မြဲမြဲ ကျင့်ကြံမှု လုပ်ရမယ်။ ကျင့်ကြံမှုရဲ့ အတွေ့အကြုံတွေ အပေါ်မှာ နားလည်ရမယ်။ အမြန်အဆင့်မြင့်ဖို့ အတင်းဖိအားပေးတာက ကောင်းမွန်တဲ့ အခြေခံကို ရရှိစေမှာ မဟုတ်ဘူး.."

"ဒါပေမယ့် ‌ရွှေအရိုးအတွက် မျှော်လင့်ချက် မရှိရင်တော့ အဲ့လိုလုပ်တာက ပြဿနာမရှိဘူး။ မင်းရဲ့ဓားဆန္ဒနဲ့ အရိုးသန့်စင်မှုမှာ ကူညီပေးရင်တောင် ကြေးအရိုးလောက်ဆိုရင် ဖြတ်လမ်းကို လိုက်တယ်လို့ မဆိုနိုင်ဘူး.."

"ဒါပေမယ့် ဓားဆန္ဒကို ကောင်းမွန်တဲ့ မျှခြေတစ်ခုမှာ ထိန်းသိမ်းထားပြီး လူတွေကို မထိခိုက်စေနဲ့.."

ရွှီယန်က ရုတ်တရက် နားလည်လာ၏။ ကိုယ့်ကိုယ်ကို စဉ်းစားသည်။

'တကယ်လို့ ရှေးဟောင်းပါရမီရှင်တွေရဲ့ အဆင့်ထက်နိမ့်တဲ့ ပါရမီပဲရှိရင် ဓားဆန္ဒကို အသုံးပြုပြီး ကူညီပေးလို့ရတယ်။ အဆင့်တက်မြန်အောင် အရမ်းဖိအားပေးသလိုဖြစ်ပြီး သိပ်သည်းတဲ့ အခြေခံမရှိမှာကို စိုးရိမ်စရာ မလိုဘူး..'

ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်က ချက်ချင်းပင် နားလည်သွားသည်။

'ဆရာက.. ငါ့ကို အရိုးသန့်စင်ခြင်းမှာ ဓားဆန္ဒနဲ့ ကူညီပေးမှုမရှိဘဲ သိုင်းပညာအပေါ် စနစ်တကျနဲ့ ခြေတစ်လှမ်းချင်းဆီ ကျင့်ကြံဖို့ပဲ အားပေးခဲ့တာ။ ငါ့မှာ ရှေးဟောင်းပါရမီရှင်တွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ ပါရမီရှိတယ်ဆိုတာကို သိထားလို့ ဖြစ်မယ်..'

"ဟုတ်ကဲ့ ဆရာ.. ကျွန်တော်နားလည်ပါပြီ.."

ရွှီယန်က ပျော်ရွှင်စွာ ခေါင်းငြိမ့်၏။ ယခုအချိန်၌ သူ၏ မိဘများ အရိုးသန့်စင်ရာတွင် ဓားဆန္ဒအား အသုံးပြုပြီး ကူညီနိုင်ခြင်းကို သိရှိလာခဲ့သည်။ ကိစ္စကောင်း တစ်ခုဟု ယူဆနိုင်၏။

သူ၏ မိဘများတွင် ထိပ်တန်းပါရမီရှင်များနှင့် တူညီသည့် ပါရမီမျိုး ပိုင်ဆိုင်ထားမည်ဟု ယုံကြည်ခြင်း မရှိပါ။

ထို့အပြင် သူတို့၏ အသက်တွင် သိုင်းပညာကို စတင်ကျင့်ကြံခြင်းက သိသာစွာပဲ နောက်ကျနေပါပြီ။ ကြေးအရိုးကို အောင်မြင်လျှင်တောင် တော်တော်လေး ကောင်းမွန်နေပြီး ဖြစ်၏။

"ရှီအာရဲ့ ကြေးအရိုးက ဘာလို့ အားနည်းနေရတာလဲ.."

ရွှီယန်က သံသယဖြင့် ပြောသည်။ ရှီအာသည် ကြေးအရိုး သန့်စင်သည့် အဆင့်တွင် ရှိနေ၏။ သို့ပေမယ့် တစ်ဖက်လူသည် သူကြေးအရိုးအဆင့် တုန်းကထက် များစွာ ပိုမိုအားနည်းပါသည်။

"ကြေးအရိုးချင်း တူရင်တောင် ခြားနားချက်တွေ ရှိနေတုန်းပဲ.."

လီရွှမ်က ရှင်းပြသည်။

"ကျွန်တော် သိပါပြီ.."

ရွှီယန်၏ မျက်လုံးများက လင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ မေးသည်။

"ဆရာ.. ကျွန်တော့်ရဲ့ ကျောက်စိမ်းအရိုးကရော.. အခြား အဆင့်တူတဲ့ လူတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုရှိလဲ။ ပိုပြီးတော့ သန်မာလား။ ဒါမှမဟုတ် ပိုပြီးတော့ အားနည်းလာ.."

လီရွှမ်က ပြုံးကာ ကိုယ့်ကိုယ်ကို စဉ်းစားသည်။

'သန်မာတာ အားနည်းတာလား... မင်းဆရာ ငါကလွဲပြီး မင်းရဲ့ကျောက်စိမ်းအရိုးက အသန်မာဆုံးပဲ။ အထူးသဖြင့် နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ်စိတ်ဝိဉာဉ်အရိုးအဖြစ် ထပ်ပြီးတော့ မြင့်တက်သွားချိန်မှာပဲ..'

သို့ပေမယ့် သူက အသာတုံ့ပြန်စွာသာ ပြော၏။

"မင်းရဲ့ သိုင်းပညာအပေါ် နှလုံးသားကသာ ဆက်ပြီးတော့ သန့်စင်နေဦးမယ်ဆိုရင်... ဒီဘဝမှာ ဘယ်သူ့ကိုမှ မရှုံးဘူးလို့ ကိုယ့်ကိုယ်ကို ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခုကို ဆုပ်ကိုင်ထားမယ်ဆိုရင်... ဘယ်သူ့ထက်မှ နိမ့်ကျမှာမဟုတ်ဘူး.."

ရွှီယန်က အတွေးနက်သွား၏။

'ဆရာငါ့ကို ဒီလိုမျိုး ပြောတာက.. ကြည့်ရတာ ငါ့ထက် ပိုပြီး သန်မာတဲ့ ကျောက်စိမ်းအရိုး ပိုင်ရှင်တွေ ရှိနေလို့ ဖြစ်မယ်..'

'ဒါပေမယ့် ငါ့သာ သိုင်းပညာမှာ ခိုင်မာတဲ့ ယုံကြည်ချက်ရှိရင် သူတို့ကို လိုက်မှီတာ... ဒါမှမဟုတ် ဖြတ်ကျော်တာတောင် လုပ်နိုင်မှာ..'

ခိုင်မာသည့် အကြည့်နှင့် လောင်ကျွမ်းနေသည့် စိတ်ဆန္ဒတို့ဖြင့် ရွှီယန်ကပြော၏။

"ဆရာစိတ်ချပါ.."

"ကျွန်တော့်ရဲ့ သိုင်းပညာအပေါ် ယုံကြည်ချက်က ဘယ်တော့မှ ယိုင်နဲ့သွားမှာ မဟုတ်ဘူး။ ကြိုးကြိုးစားစား ကျင့်ကြံမှုပြုပြီး ဒီဘဝမှာ ဘယ်သူ့ကိုမှ ရှုံးနိမ့်မှာ မဟုတ်ဘူးလို့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဖမ်းဆုပ်ထားမယ်။ ကျွန်တော် ဘယ်အတားအဆီးရဲ့ ဖြိုလဲခြင်းကိုမှ ခံရမှာ မဟုတ်ပါဘူး.."

"ကောင်းတယ်။ မင်းသာ ဒီလို ယုံကြည်ချက်ကို ဆုပ်ကိုင်ထားရင် ဆရာလည်း မင်းကို ဘယ်သူ့ကိုမှ ရှုံးနိမ့်မှာ မဟုတ်ဘူးလို့ ယုံကြည်ချက်ရှိတယ်.."

လီရွှမ်က ခိုင်မာသည့် လေသံဖြင့် နှစ်သိမ့်စွာ ပြော၏။ သူ၏အတွေးထဲတွင်တော့ ရေရွတ်သည်။

'ငါကလွဲလို့ပေါ့.. ဟဲဟဲ..'

"ဆရာ.. ရှဲ့လင်ဖုန်းနဲ့ သူ့လူက ဆရာ့ဆီကို လာရောက်လည်ပတ်ချင်လို့တဲ့။ သူတို့ကို တွေ့မလား မသိဘူး.."

ရွှီယန်က ရှဲ့လင်ဖုန်း၏ ကိစ္စကို ပြောသည်။

လီရွှမ်က စဉ်းစား၏။

'ရှဲ့လင်ဖုန်းက အတွင်းဘက်နယ်မြေက စွမ်းအားကြီးတဲ့ အင်အားစုတစ်ခုဖြစ်တဲ့ ဓားသခင် ချောက်ကမ်းပါးကနေ လာတာပဲ။ သူ့မှာ ထူးကဲတဲ့ နောက်ခံရှိပြီး သိုင်းပညာတွေ အများကြီးကို ပိုင်ဆိုင်ထားမှာ..'

'ငါသာ အတွင်းဘက်နယ်မြေက သိုင်းပညာတွေအပေါ် ကိုးကားချက် ယူနိုင်ရင် နောင်မှာ ကျင့်စဉ်တွေကို တီထွင်တဲ့အခါမှာ ပိုပြီးတော့ လွယ်ကူလာမှာ။ ပြီးတော့ သူတို့ထက်လည်း ပိုပြီးတော့ အားနည်းမှာ မဟုတ်ဘူး..'

'အဲ့ဒီ့ နှစ်ယောက်ကို ရွှီယန်က သူတို့ကျင့်ကြံတဲ့ သိုင်းပညာက အတုအယောင်ဖြစ်တယ်လို့ လုံးဝယုံကြည်သွားအောင် လုပ်ခဲ့ပြီးပြီ..'

'အခုအချိန်လောက်ဆို စစ်မှန်တဲ့ သိုင်းပညာကို ဘယ်လိုပြောင်းလဲရမလဲလို့ စဉ်းစားနေတာ ဖြစ်လောက်မယ်..'

'သိုင်းသခင်အဆင့် သိုင်းသမားတွေရဲ့ အတွင်းအားချီက အစစ်အမှန်ချီနဲ့ တူညီတယ်။ အစစ်အမှန်ချီကို ပြောင်းလဲချင်တယ်ဆိုရင် နည်းနည်းလောက် ထပ်ပြီးတော့ သန့်စင်ဖို့ လိုအပ်တယ်။ အဲ့ဒါဆိုရင် အစစ်အမှန်ချီအဖြစ် မြင့်တက်နိုင်ပြီ။ ဒါပေမယ့် မူလအစစ်အမှန်ချီတော့ မဟုတ်ဘူး..'

ရှဲ့လင်ဖုန်းက သူ့ကို တွေ့ချင်သည်မှာ သိုင်းပညာများအကြောင်း ကိစ္စနှင့်သာ ဖြစ်ပေလိမ့်မည်။

တကယ်တော့ သိုင်းသခင်များ၏ အတွင်းအားချီသည် အစစ်အမှန်ချီနှင့် အမှန်တကယ် တူညီပါသည်။ အတွင်းဘက် နယ်မြေက ၎င်းကို အမည်ကွဲပြားစွာ ခေါ်ဆိုခြင်းသာရှိ၏။

သို့ရာတွင် ၎င်းသည် မူလအစစ်အမှန်ချီထက်တော့ များစွာ နိမ့်ကျနေပါသေးသည်။ အစစ်အမှန်ချီအဖြစ် ပြောင်းလဲလိုပါက သန့်စင်မှုပြုကာ အရည်အသွေးကို မြှင့်တင်ဖို့သာ လိုအပ်၏။

နည်းလမ်းမှာတော့ မူလအဆင့်၏ အမြင့်ဆုံးကို ရောက်ရှိထားပြီး မူလစိတ်ဝိဉာဉ်အရိုးနှင့် နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် လီရွှမ်အတွက် စိတ်ဝိဉာဉ်စွမ်းအင်အပေါ် အသုံးချနိုင်မှုမှာ အခြားသိုင်းသမားများ ရောက်ရှိနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပါသည်။ သူ့အတွက် သိုင်းသမားများ၏ အတွင်းအားချီကို သန့်စင်ကာ အစစ်အမှန်ချီအဖြစ် ပြောင်းလဲခြင်းက တကယ်တော့ ပြဿနာမဟုတ်ပါ။

ချီနှင့်သွေးအား မူလအစစ်အမှန်ချီအဖြစ် စုစည်းသည့် ကျင့်ကြံနည်းကို အနည်းငယ် မွမ်းမံလိုက်ရုံနှင့် ရနိုင်၏။

သို့ပေမယ့် သိုင်းပညာ အတွင်းအားချီမှ စုစည်းလာသည့် အစစ်အမှန်ချီမှာ သန့်စင်သည့် မူလအဆင့်အမှန်ချီထက် ပိုမိုအားနည်းမှာပါ။

သို့ရာတွင် ဤသည်မှာ ရွှေအရိုး သို့မဟုတ် ကျောက်စိမ်းအရိုးအား ပိုင်ဆိုင်ထားသည့် သိုင်းသမားများနှင့် နှိုင်းယှဉ်ခြင်း ဖြစ်၏။ ကြေးအရိုး သို့မဟုတ် သူ့ထက် နိမ့်ကျသည့် လူများနှင့် နှိုင်းယှဉ်ပါက အားနည်းနေမည် မဟုတ်ပါ။

ထို့အပြင် အတွင်းဘက်နယ်မြေရှိ သိုင်းသမားများ၏ အတွင်းအားချီတွင်လည်း ခွန်အား ကွဲပြားမှုများ ရှိနေ၏။

ရှဲ့လင်ဖုန်း၏ သိုင်းပညာ အတွင်းအားချီသည် ရွှယ့်ဝူရှင်း၏ သိုင်းပညာ အတွင်းအားချီထက် ပိုမိုသန်မာပါသည်။

သူသာ အစစ်အမှန်ချီအဖြစ် ပြောင်းလဲလိုက်ပါက ရွှီယန်၏ မူလအစစ်အမှန်ချီလောက် ကောင်းမွန်ခြင်း မရှိလျှင်တောင် ရှီအာ၏ မူလ အစစ်အမှန်ချီထက်တော့ သေချာပေါက် နိမ့်ကျမည် မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် ရှဲ့လင်ဖုန်းသည် အတွင်းဘက်နယ်မြေတွင် ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်၏။

"ကောင်းပြီ။ သူ့ကို အားရင် လာခဲ့လို့ ရတယ်လို့ ပြောလိုက်.."

လီရွှမ်က ခေါင်းငြိမ့်သည်။

ရှဲ့လင်ဖုန်းသည် အတွင်းဘက်နယ်မြေတွင် ကောင်းမွန်သည့် ဂုဏ်သတင်းရှိ၏။ ရွှီယန်က မကြာခင်တွင် ထိုနေရာသို့ စွန့်စားသွားလာမှု ပြုမှာဖြစ်သည်။ ဒီရှဲ့လင်ဖုန်းမှ တစ်ဆင့် အတွင်းဘက်နယ်မြေရှိ သိုင်းသမားများနှင့် အဆက်အသွယ် တိုးမြင့်လာခြင်းက သူ့အတွက် အကျိုးရှိမှာ ဖြစ်၏။

ထို့အပြင် အစစ်အမှန်နှင့် အတုအယောင် သိုင်းပညာစနစ်ဟူ၍ ငြင်းခုန်မှုက တစ်နေ့တွင် ထွက်ပေါ်လာမှာ ဖြစ်သည်။ ထိုအခါ အကူအညီများ ရလာနိုင်၏။

သို့ပေမယ့် အရေးအကြီးဆုံး အချက်မှာ ရှဲ့လင်ဖုန်းဆီမှ အတွင်းဘက်နယ်မြေရှိ သိုင်းပညာများအား လှည့်ဖျားယူကာ ၎င်းကို ကိုးကားမှုပြုပြီး နောက်ဆက်တွဲ ကျင့်စဉ်များကို တီထွင်ရာ၌ များစွာ ပိုမို လွယ်ကူလာစေရန် ဖြစ်သည်။

All Chapters