ဖြစ်နိုင်ခြေသုံးခု
Vol. 30 Ch. 436
"အချိန်မသေမျိုးရဲ့ နာမည်ပေးစွမ်းရည်က မကောင်းဘူး။ ရှစ်မြှောင့်တြိဂံရဲ့ ပထမတြိဂံသုံးခုကို သူနာမည်ပေးခဲ့တာ။ ငါက နောက်ဆုံးသုံးခုကို နာမည်ပေးခဲတာလေ။ ငါပေးတဲ့နာမည်တွေက ပိုမကောင်းဘူးလား"
ရှစ်မြှောင့်တြိဂံအယူအဆ ဖန်တီးသည့်ကိစ္စတွင် နတ်မယ်သည် အားပေးရုံသက်သက်မဟုတ်။ အရေးကြီးသည့် နာမည်ပေးကိစ္စတွင် ပါဝင်ခဲ့သည်။
လုယန် စိတ်မပါ့တပါ ခေါင်းငြိမ့်သည်။
"...ဟုတ်ပါတယ်။ နောက်ဆုံးတြိဂံနာမည်သုံးခုက တိုက်ရိုက်ဆန်ပြီး နားလည်ရလွယ်"
"ရှစ်မြှောင့်တြိဂံအယူအဆဟာ အစဉ်အလာအချိန်မှော်ပညာပဲ။ လောကသဘာဝဖြစ်စဉ်အားလုံးကို ခြုံငုံထားတယ်လို့ပြောတာဟာ မလွန်ပါဘူး။ ပထမတြိဂံသုံးခုက အတိတ်ကို အကဲခတ်တယ်။ ပစ္စုပ္ပန်တြိဂံသုံးခုက လက်ရှိအချိန်ကို သုံးသပ်တယ်။ အနာဂတ်တြိဂံသုံးခုက ရောက်လာခါနီးအနာဂတ်ကို ခန့်မှန်းတယ်။ ဒီသုံးခုက အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ် ပြည့်စုံတဲ့ဖြစ်စဉ်ကို ကိုယ်စားပြုတယ်။
နောက်ဆုံးကျန်တဲ့ တြိဂံသုံးခုက ခန့်မှန်းလို့မရတဲ့ ဝေးကွာတဲ့အနာဂတ်ကို ကိုယ်စားပြုတယ်။ သူတို့ခန့်မှန်းတာဟာ ဖြစ်နိုင်ခြေသက်သက်ပဲ။ နားလည်ဖို့ အခက်ဆုံးပဲ။ ယင်ထန်မသေမျိုးတောင် အချိန်တွေအများကြီးကြိုတင်ပြီး အနာဂတ်ကို ခန့်မှန်းနိုင်တယ်လို့ မကြွေးကြော်ရဲဘူး။ ဖြစ်နိုင်တဲ့ အပြောင်းအလဲတွေက များလွန်းတယ်လေ။
ရှစ်မြှောင့်တြိဂံတွေကိုသုံးပြီး မှော်စက်ဝန်းတည်ဆောက်တဲ့အခါ အချိန်ကို ကြားခံအဖြစ်ထည့်သွင်းစီစဉ်တယ်။ အဆင့်တူကျင့်ကြံသူတွေ ချိုးဖျက်နိုင်ဖို့ ခက်ခဲတယ်"
နတ်မယ်ရှင်းပြချက်ကြောင့် ရှစ်မြှောင့်တြိဂံ၏ အဆင့်အတန်းကို ပို၍သဘောပေါက်လာသည်။
"မှော်စက်ဝန်းဆရာတွေ ပထမတြိဂံသုံးခုသုံးတာလား နောက်ဆုံးတြိဂံသုံးခုသုံးတာလား ငြင်းခုန်နေကြတာ မဆန်းတော့ပါဘူး"
မှော်စက်ဝန်းလောက၏ နှစ်သုံးသောင်းကြာခဲ့သည့် ပဟေဠိကို လုယန်သဘောပေါက်သွားသည်။
ထိုနှစ်ခုဘယ်လိုသုံးသည်ကို မသိသည့်အပြင် ငြင်းခုန်သည့်လမ်းကြောင်းကပါ မှားယွင်းနေသည်။ ထိုအယူအဆသည် အချိန်မှော်ပညာတစ်ခုဖြစ်သည်။
ထိုအချက်အလက်များကိုသာ အပြင်လောကတွင် ဖွင့်ထုတ်ချပြလိုက်လျှင် မှော်စက်ဝန်းလောကတ်စခုလုံး သေချာပေါက် အံ့ဩတုန်လှုပ်သွားပေလိမ့်မည်။
အချိန်မှော်ပညာသည် နားလည်ရန် ခက်ခဲသည်။ လောကတွင် သင်ယူဖို့အခက်ဆုံး မှော်ပညာဖြစ်သည်။ ထာဝရနတ်မယ်လို ပါရမီထူးခြားလွန်းသူပင် မိုးလေဝသခန့်မှန်းသည့်စွမ်းရည်လောက်သာ သင်ယူနိုင်သည်။
လုယန်လိုပါရမီရှင်သည်လည်း 'ဖြစ်မလာနိုင်သည့်အနာဂတ်ကို ခန့်မှန်းခြင်း'လောက်သာ သင်ယူနိုင်ခဲ့သည်။
မှော်စက်ဝန်းပညာရှင်များက ဟန်ရွှေ့မြို့တော်မှ မှော်စက်ဝန်းအမျိုးအစားနှင့် အခြေခံတည်ဆောက်မှုသဘောတရားများကို ငြင်းခုန်နေကြဆဲဖြစ်သည်။
"တော်တော့၊ ဆက်မငြင်းနဲ့တော့"
နောက်ဆုံးတွင် နယ်စားလွီ၏ ဒေါသတကြီးအော်ငေါက်သံကြောင့် အားလုံးအသံတိတ်သွားကြသည်။
ထိုသို့ဆက်ငြင်းခုန်နေလျှင် မဟာယုကျင့်ကြံသူများ မှော်စက်ဝန်းအသက်သွင်းချိန်အထိပင် ဘာကောက်ချက်မှ ချနိုင်မည်မဟုတ်။
"ဆရာဖန်း၊ ခင်ဗျားက ပထမတြိဂံသုံးခုကို ကျွမ်းကျင်တယ်။ ခင်ဗျားအယူအဆအရ ဒီမှော်စက်ဝန်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။ ဘယ်လိုချိုးဖျက်နိုင်မလဲ"
ဆရာဖန်းက မုတ်ဆိတ်ဖြူသုံးမျှင်ဖြင့် မသေမျိုးတစ်ယောက်ဟန်ပန်မျိုးရှိသည်။ အတော်အထင်ကြီးလေးစားစရာကောင်းသည်။
"မြို့တော်မှော်စက်ဝန်းရဲ့ ရည်ရွယ်ချက်ကို ကျုပ်မခန့်မှန်းနိုင်သေးဘူး။ မှော်စက်ဝန်းချိုးဖျက်ဖို့ အဓိကသော့ချက်က မှော်စက်ဝန်းဗဟိုပေါ် မူတည်နေတယ်။
အဲဒီ့မှော်စက်ဝန်းဗဟိုဟာ ပန်းတစ်ရာစားသောက်ဆိုင်မှာ ရှိမယ်လို့ ကျုပ်ယူဆတယ်။ အခုချက်ချင်းလုပ်ရမယ့်ကိစ္စက စားသောက်ဆိုင်ကိုပိတ်ဆို့ဝိုင်းရံဖို့ပဲ။ စားသောက်ဆိုင်ထဲမှာ ကြမ်းတမ်းတဲ့သရဲတစ်ကောင်ရှိနေရင် ကျုပ်ခန့်မှန်းချက်ကို အတည်ပြုလို့ရပြီ"
ထို့နောက် နယ်စားလွီက နောက်မှော်စက်ဝန်းဆရာတစ်ယောက်ကိုကြည့်သည်။
"ဆရာမြောင်၊ ခင်ဗျားက နောက်ဆုံးတြိဂံသုံးခုမှာ ကျွမ်းကျင်တယ်။ မှော်စက်ဝန်းရည်ရွယ်ချက်၊ ချိုးဖျက်ဖို့နည်းလမ်းနဲ့ ပတ်သက်ပြီး ခင်ဗျားအမြင်ကိုပြောပါဦး"
"မှော်စက်ဝန်းဟာ နောက်ဆုံးတြိဂံသုံးခုကို ဆန့်ကျင်နိုင်စွမ်းရှိတယ်။ ယင်နဲ့ယန်ကို နေရာပြောင်းထားတယ်။ ဘာလို့ဒီလိုလုပ်တယ်ဆိုတာ ကျုပ်မသိသေးဘူး။ ချိုးဖျက်ဖို့ကတော့ မှော်စက်ဝန်းဗဟိုပေါ်မှာပဲ မူတည်နေတယ်။
ကျုပ်စဉ်းစားမရတာက မှော်စက်ဝန်းဗဟိုဟာ အလောင်းထိန်းဂိုဏ်းဂိတ်တံခါးမှာ ရှိနေတဲ့အချက်ပဲ။ ဗဟိုမှာထိန်းချုပ်နေတဲ့ သရဲတစ်ကောင်ရှိရမယ်။ အလောင်းထိန်းဂိုဏ်းရဲ့ မျက်စိအောက်မှာတင် ပုန်းကွယ်နေတာဖြစ်ရမယ်"
ဆရာမြောင်က နားမလည်သော်လည်း နယ်စားလွီနားလည်သည်။ ဟွမ်မင်လို အတွင်းလူရှိနေလျှင် ဗဟိုတွင် သရဲတစ်ကောင်ထားဖို့ ခက်မည်မဟုတ်။
"ဆရာရန်၊ ခင်ဗျားကရောဘယ်လိုလဲ။ ဒါဟာ ရှေ့တြိဂံနောက်တြိဂံတွေနဲ့ပတ်သက်တဲ့ မှော်စက်ဝန်းမဟုတ်ဘဲ မဟာယုကျင့်ကြံသူတွေ ယင်နဲ့ယန်ကို မျှခြေပျက်အောင်လုပ်ထားတာလို့ ခင်ဗျားပြောခဲ့တယ်မဟုတ်လား"
"မှန်ပါတယ်။ ယင်ယန်မညီမျှရင် သရဲတပ်ဖွဲ့ကြီး ချီတက်လာပြီး မြို့တော်ထဲမှာ ဒုက္ခပေးလိမ့်မယ်။ မဟာယုကျင့်ကြံသူတွေ ဒီအဖြစ်ကနေ ဘယ်လိုအကျိုးအမြတ်ယူဖို့ စီစဉ်ထားလဲ ကျုပ်မသိဘူး။
လက်ရှိလုပ်သင့်တာက သရဲတွေရှင်းလင်းတဲ့ကိစ္စကို အရှိန်မြှင့်ဖို့ပါ။
နယ်စားလွီ စဉ်းစားသည်။ မြို့တော်ပြဿနာကြောင့် ဘယ်လိုအကျိုးဆက်များဖြစ်လာမည်ကို ဆရာရန်မသိသော်လည်း သူသိသည်။ ဟန်ရွှေ့မြို့သည် အရိုင်းနယ်မြေ၏ဗဟိုဖြစ်သည်။
ဟန်ရွှေ့ ကပ်ဆိုးသင့်လျှင် နယ်မြေခံတို့၏ စိတ်နှလုံး မငြိမ်မသက်ဖြစ်လာမည်။ အရိုင်းနယ်မြေတစ်ခုလုံး၏ နိုင်ငံ့ကံကြမ္မာစွမ်းအား အခြေယိုင်နဲ့လာမည်။
"ကျန်တဲ့ဆရာတွေရော တစ်ခြားအမြင်မျိုး ရှိသေလား"
အသံတိတ်နေသည့် တစ်ခြားမှော်စက်ဝန်းပညာရှင်များကို နယ်စားလွီ မျက်လုံးဝေ့ကြည့်သည်။
အားလုံးခေါင်းခါကြသည်။ သူတို့လည်း ထိုဖြစ်နိုင်ခြေသုံးခုသာ တွေးမိသည်။
နယ်စားလွီ ချက်ချင်းဆုံးဖြတ်ချက်ချ၍ တာဝန်ခွဲပေးသည်။
"ပထမတြိဂံသုံးခု၊ နောက်ဆုံးတြိဂံသုံးခုနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဖြေရှင်းဖို့က မခက်ပါဘူး။..ဂိုဏ်းချုပ်ချိုး၊ ပန်းတစ်ရာစားသောက်ဆိုင်ကိုသွားပြီး ထူးခြားချက်ရှိမရှိ စုံစမ်းပေးပါ"
ပန်းတစ်ရာစားသောက်ဆိုင်သည် မှော်စက်ဝန်းဗဟိုဖြစ်လျှင် သရဲဘုရင်အဆင့်မကောင်းဆိုးဝါးတစ်ယောက် ရှိနေပေလိမ့်မည်။ အလွန်တရာ အန္တရာယ်များသည်။
ချိုးကျင်အန်း ဟန်ရွှေ့သို့ ရောက်လာသည်ကို နယ်စားဝမ်းသာနေသည်။ အားကိုးစရာလူတစ်ယောက် ရခြင်းဖြစ်သည်။
မှော်စက်ဝန်းဗဟိုလို အန္တရာယ်များသည့် နေရာမျိုးကို စုစည်းခြင်းအဆင့်လေးငါးယောက်သွားမှသာ စိတ်ချရသည်။ သို့သော်ယခု ပန်းတစ်ရာဆိုင်သို့လွှတ်ရန် စုစည်းခြင်းအဆင့်အရေအတွက် များများမရနိုင်။ ချိုးကျင်အန်းသည် စုစည်းခြင်းအဆင့်လေးငါးယောက်စာနှင့် ညီမျှသဖြင့် ကံကောင်းသွားသည်။
"ကောင်းပြီလေ။ ကျုပ်အခုသွားလိုက်ပါ့မယ်"
ချိုးကျင်အန်း ခပ်အေးအေးအမူအရာဖြင့် လက်ခံလိုက်သည်။
ထိုစားသောက်ဆိုင် မှော်စက်ဝန်းဗဟိုဖြစ်လျှင်ပင် အန္တရာယ်ရှိမည်ဟု သူမခံစားရ။
"အလောင်းထိန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လူက ကျင့်စဉ်ဝင်နေတာဆိုတော့ အလောင်းထိန်းဂိုဏ်းကို စုံစမ်းစစ်ဆေးဖို့ အကြီးအကဲကိုင်ကို တာဝန်ပေးရတော့မှာပဲ"
နယ်စားလွီ လက်ထောက်တစ်ယောက်ကို အလောင်းထိန်းဂိုဏ်းသို့ ချက်ချင်းလွှတ်၍ အခြေအနေပြောခိုင်းလိုက်သည်။
ဂိုဏ်းချုပ်လူ ကျင့်စဉ်ဝင်နေသဖြင့် အကြီးအကဲကိုင်က ယာယီဂိုဏ်းချုပ်အဖြစ် တာဝန်ယူထားသည်။
နယ်စားလွီ ကျောက်ပိုကို သတင်းမပို့ခိုင်းသည်မှာ ကျင့်စဉ်အဆင့်က နိမ့်လွန်းသောကြောင့် ဖြစ်သည်။ သူသွားသည့်နှုန်းက နှေးလွန်းမည်။ ယခုကိစ္စကို ချက်ချင်းလှုပ်ရှားဖို့လိုသည်။
ထို့နောက် အရိုင်းနယ်မြေတပ်မှူး အန်းဖျင်ကို ဆင့်ခေါ်သည်။
"လောင်အန်း၊ အလောင်းထိန်းဂိုဏ်းတပည့်တွေကိုပဲ အားလုံးလုပ်ခိုင်းလို့မရဘူး။ ပိုက်စိပ်တိုက်ရှာဖွေဖို့ လူအင်အားထပ်တိုးလိုက်ပါ။ ဟန်ရွှေ့မြို့က သရဲပြဿနာကို အမြန်ဆုံးရှင်းနိုင်မှဖြစ်မယ်"
"ဟုတ်ကဲ့"
တာဝန်အားလုံးခွဲပေးပြီးနောက် နယ်စားလွီ စိတ်သက်သာရာရသွားသည်။
လူယန်တို့အတွက် စီစဉ်ပေးဖို့လည်း သူမမေ့။
"အခု ဟန်ရွှေ့က စိတ်ချရပါပြီ။ မင်းတို့ အိမ်တော်မှာနေလို့ရတယ်။ ပြဿနာတွေရှင်းပြီးတာနဲ့ မင်းတို့ကိုလိုက်ပို့ဖို့ ဂိုဏ်းချုပ်ချိုးကို ပြောပေးမယ်"
လုယန်တို့ အပြင်ထွက်၍ သရဲနှိမ်နှင်းရာတွင် ကူညီချင်သည်။ သို့သော် သူတို့နောက်ခံက သာမန်မဟုတ်သဖြင့် နယ်စားလွီ စဉ်းစားရသည်။ သူတို့တစ်ခုခုဖြစ်သွားလျှင် တာအိုလမ်းစဉ်ဂိုဏ်းကို ရှင်းပြရခက်မည်။
ထို့ကြောင့် လုယန်တို့လှုပ်ရှားမည့်ကိစ္စကို သူလက်မခံ။ ထို့ကြောင့် လုယန်တို့အားလုံး နယ်စားအိမ်တော်တွင်သာ နေရသည်။
......
"ဘယ်လို...ဟွမ်မင်က ကျင့်စဉ်ပြန်စတဲ့ မဟာယုကျင့်ကြံသူပေါ့"
အကြီးအကဲကိုင်၏နဖူးမှသွေးကြောများ ဖောင်းထလာသည်။ ထိုအကြောင်း ယခုမှသိရသဖြင့် သူဒေါသထွက်နေသည်။
အလောင်းထိန်းဂိုဏ်းနောက်ဘက်မှတောင်တန်း တုန်ခါလာသည်။ သူ့ခန္ဓာကိုယ်အစစ်က ထိုနေရာတွင်ရှိသည်။
ဟွမ်မင်လို မဟာယုသူလျိုက ဂိုဏ်းပြိုင်ပွဲတွင် ပေါ်ပေါ်ထင်ထင်ဝင်ပြိုင်ခဲ့သေးသည်။ ထိုလုပ်ယန်သည် အလောင်းထိန်းဂိုဏ်းကို လူရယ်စရာဖြစ်အောင်လုပ်ခြင်းဖြစ်သည်။
တစ်ခြားအကြီးအကဲသုံးယာက်ကို လှမ်းခေါ်၍ အခြေအနေကို သူပြောပြသည်။ ထိုအကြီးအကဲများလည်း သူ့လိုပင် ဒေါသထွက်ကြသည်။ ဟွမ်မင် တစ်ခုခုအစီအစဉ်ချခဲ့ခြင်းရှိမရှိ အလောင်းထိန်းဂိုဏ်းတစ်ခုလုံးကို စစ်ဆေးရန် ဆုံးဖြတ်ကြသည်။
....
"အဲ..မန်ထန်နဲ့ဟွမ်မင်က အဆက်အသွယ်ပြတ်သွားပါလား။ မြို့ပြင်မှာ စုစည်းခြင်းအဆင့်တိုက်ပွဲတစ်ခု ငါအာရုံခံမိတယ်။ မန်ထန်ရဲ့သရုပ်မှန်ပေါ်သွားလို့ မဟာရှားကျင့်ကြံသူတွေနဲ့တွေ့ပြီး အဖမ်းခံလိုက်ရတာလား။
ဒါဆို ငါတို့အစီအစဉ်ကိုလည်း မကြာခင် သိသွားကြမှာပဲ။ အရင်ဦးအောင် လှုပ်ရှားမှဖြစ်မယ်"
လျှို့ဝှက်ခန်းတစ်ခုတွင် လူတစ်ယောက် ဖြေးညှင်းစွာ ထရပ်လာသည်။ သူ့နှုတ်ခမ်းတွင် ယုံကြည်ချက်အပြုံးတစ်ခု ရှိနေသည်။
သူ့ခန္ဓာကိုယ်မှ စုစည်းခြင်းထိပ်ဆုံးအဆင့်တစ်ယောက်ပင် မရှိနိုင်သည့် စွမ်းအင်ရောင်မျိုး ထွက်ပေါ်နေသည်။
************************************