ဒုတိယအဆင့်သာရှိသည်
Vol. 30 Ch. 438
ကောင်းကင်မှလူ ပေါ်လာသည်နှင့် ပုန်းကွယ်နေသည့် မဟာယုကျင့်ကြံသူများ ချက်ချင်းလှုပ်ရှားကြသည်။ ကြမ်းတမ်းသည့်သရဲများ လွတ်ထွက်လာ။ ပြဿနာမျိုးစံ ဖန်တီးသည်။
နယ်စားအိမ်တောသို့သွားရန် ကြိုးစားနေသည့် ကျင့်ကြံသူများကို တားဆီးပိတ်ဆို့ထားသည်။
နယ်စားအိမ်တော်အထက်တွင် ရပ်နေသည့် ကောင်းကင်မှလူ၏မျက်လုံးမှ ကြောက်စရာစွမ်းအင်ရောင်တစ်မျိုး ထွက်ပေါ်နေသည်။
ကြီးမားသည့် သူ့လက်တစ်ဘက်ကို ဆန့်လိုက်သည်။ ကောင်းကင် အမှောင်ကျသွားသည်။ လက်ဝါးရိပ်က မြို့တစ်ဝက်စာ ရိုက်ဖျက်နိုင်လောက်အောင် ကြီးမားသည်။ လက်ဝါးထဲတွင် လေဟာနယ်အလွှာများစွာပါသည်။
ဝိညာဉ်စွမ်းအင်မုန်တိုင်းတစ်ခု လှုပ်ရှားနေသည်။
ထိုလက်ဝါးကျလာလျှင် ဟန်ရွှေမြို့တော် သင်္ချိုင်းမြေတစ်ခုဖြစ်သွားမည်။
"အတင့်ရဲလှချည်လားကွ"
နယ်စားလွီ အော်ဟစ်ကြုံးဝါးလိုက်သည်။ သူအသံက မိုးခြုန်းသံကဲ့သို့ လေထုထဲတွင် ဟိန်းထွက်လာသည်။
"သွားစမ်း"
သူ့လက်နှစ်ဘက်ကို ကောင်းကင်ပင့်ပုံစံလှုပ်ရှား၍ ကောင်းကင်မှလူ၏လက်ဝါးရိပ်ကို တွန်းထုတ်လိုက်သည်။
"ဘုန်း"
အားနှစ်ခု ဆုံကြသည်။ လျှပ်စီးနှင့်မီးတောက်ရိုက်ခတ်သကဲ့သိူ့ အဆုံးစမဲ့စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
ကောင်းကင်မှလူ လက်ဝါးကိုပြန်ရုတ်လိုက်သည်။ သူ့လက်ဝါးမှဒဏ်ရာ တဖြေးဖြေးပျောက်ကွယ်သွားသည်။ နည်းနည်းအံ့အားသင့်သွားသယောင်ရှိသည်။
"ဪ...ငါသိသလောက်တော့ မင်းက စုစည်းခြင်းအဆင့်ပဲရှိတာပါ။ ဒါတောင် ငါ့လက်ဝါးကို ခုခံနိုင်တယ်။ နိုင်ငံ့ကံကြမ္မာစွမ်းအားက မင်းကိုအားဖြည့်ပေးထားတဲ့ပုံပဲ"
"မင်းဘယ်သူလဲ"
အားလှိုင်းသက်ရောက်မှုကြောင့် နယ်စားလွီကိုယ်ထဲမှကလီစာများ အဆက်မပြတ်တုန်ခါနေသည်။ နိုင်ငံ့စွမ်းအားအကာအကွယ်သာမရှိလျှင် ထိုလက်ဝါးချက်ဖြင့် သေလျှင်သေ မသေလျှင်လည်း ဒဏ်ရာအပြင်းအထန်ရပေလိမ့်မည်။
သူမပေါ့ဆရဲ။ ရန်သူက သေချာကြိုတင်ပြင်ဆင်ထားကြောင်း ရိပ်စားမိသည်။
ပုံမှန်ဆိုလျှင် နိုင်ငံ့စွမ်းအားဖြင့် သူသည် ကူးဖြတ်ခြင်းအခြေခံအဆင့်သို့ ရောက်နေရမည်။ သို့သာ် ထိုစွမ်းအားကို ကျွမ်းကျင်စွာသုံးတတ်ဖို့လိုသည်။ သူနယ်စားဖြစ်သည်က ရက်ပိုင်းသာရှိသေးသည်။ နိုင်ငံ့စွမ်းအားနှင့် မရင်းနှီးသေး။
"ငါ့နာမည်က ဝူယွိထောင်ပါ"
"ဝူယွီထောင်.."
လုယန် နည်းနည်းအံ့ဩသွားသည်။ မဟာယုကျင့်ကြံသူများ ထကြွလှုပ်ရှားလာသည်ကို သိရပြီးနောက် မဟာယုသမိုင်းကို သူအသေးစိတ်လေ့လာခဲ့သည်။ အထူးသဖြင့် ပထမနိုင်ငံ့ဆရာနှစ်ယောက်၏ အကြောင်းများဖြစ်သည်။
ဝူယွီထောင်အကြောင်း မှတ်တမ်းများတွင် သိပ်မပါ။ သို့သော် သူ့စိတ်ထဲစွဲနေသည်။
"ဝူယွီထောင်က ဘယ်သူလဲ'
ထာဝရနတ်မယ်က သူ့အကြောင်းမသိ။
"ငါးဆက်မြောက်ယုအင်ပါယာမှာ သားတော်ခုနစ်ယောက်ရှိတယ်။ ဝူယွီထောင်က အကြီးဆုံးသားပါ။ သူမွေးတုန်းက အင်ပါယာအမှတ်သညာဖြစ်တဲ့ ကျားနဲ့နဂါးပုံရိပ် ကောင်းကင်မှာပေါ်ခဲ့တယ်လို ပြောတယ်။ ကျင့်ကြံမှုလမ်းမှာ အောင်မြင်ခဲ့တယ်။
ဆယ့်ခြောက်နှစ်မှာ ချီစုပ်ယူနိုင်တယ်။ နောက်သုံးလအကြာမှာ အခြေတည်ဆောက်တယ်။ နောက်ခြောက်လအတွင်း ရွှေသန္ဓေတည်ဆောက်တဘ်။ ပထမဆင့်ရွှေသန္ဓေတွေကြားမှာ သမိုင်းကြောင်းအရှည်ဆုံးဖြစ်တဲ့ ကျားနဂါးရွှေသန္ဓေပါ။
ကျင့်စဉ်တိုးတက်တာမြန်လွန်းလို့ သိပ်မကြာခင် သူနဲ့သက်တူရွယ်တူတွေ နောက်မှာပြတ်ကျန်ခဲ့တယ်။ အဲဒါပြီးတော့ ကျင့်ကြံမှုကို အာရုံစိုက်ပြီးလုပ်ဖို့ သူပျောက်ကွယ်သွားတယ်။
သူ့အဖေအင်ပါယာ နာမကျန်းဖြစ်လို့ သေခါနီးမှာ သားတာ်ငါးယောက် ထီးနန်းလုကြတယ်။ ခြောက်ဆက်မြောက်အင်ပါယာဖြစ်ချင်ကြတယ်။
အဲဒီ့အချိန်မှာ ဝူယွီထောင်ပေါ်လာတယ်။ ကျန်တဲ့သားတော်တွေက သူတို့အကိုအကြီးဆုံး အင်ပါယာဖြစ်နိုင်ခြေများတာကိုသိတော့ ဝူယွီထောင် ထီးနန်းမသိမ်းခင် ဝိုင်းတိုက်ကြတယ်။ ဝူယွီထောင်က လက်ဝါးတစ်ချက်ပဲသုံးပြီး သူ့ညီတွေကို ရိုက်သတ်လိုက်တယ်။ ခြေလက်အပိုင်းအစတွေ ပြန့်ကျဲသွားတယ်။
သူ့ညီတွေအလောင်းပေါ်နင်းပြီး သူနန်းတက်တယ်။ ခြောက်ဆက်မြောက် ယုအင်ပါယာဖြစ်လာတယ်။ သိပ်မကြာခင် သူထပ်ပျောက်သွားတယ်။ ထီးနန်းကို သူ့ညီဝမ်းကွဲတစ်ယောက်ဆီ လွှဲခဲ့တယ်။ သူက သမိုင်းမှာ နန်းသက်အတိုဆုံး အင်ပါယာပဲ။
နောက်ပိုင်းမှာ ဝူယွီထောင်သုံးခဲ့တဲ့ လက်ဝါးချက်ကို အခြေခံပြီး သူဟာအဲဒီတုန်းက ကူးဖြတ်ခြင်းအဆင့်ကို ရောက်နေလောက်ပြီလို့ တစ်ချို့က ခန့်မှန်းကြတယ်။ ဒီခန့်မှန်းချက်သာမှန်ရင် ဝူယွီထောင်ရဲ့ပါရမီဟာ ယုအင်ပါယာတွေအားလုံးထဲမှာ ဒုတိယအကောင်းဆုံးပဲ"
"ပထမကဘယ်သူလဲ"
"နိုင်ငံတည်ထောင်တဲ့ ပထမယုအင်ပါယာပဲပေါ့"
"ဪ...ဒါဆို ဒီဝူယွီထောင်က အတော်စွမ်းအားကြီးတယ်ပေါ့"
ထာဝရနတ်မယ် ခေါင်းငြိမ့်သည်။ ဘာမှဆက်မပြောတော့။
ဝူယွီထောင်၏စွမ်းအားအဆင့်က အတော်သာမန်ဆန်သည်ဟု သူခံစားရသည်။ သုံးသွားသည့် လက်ဝါးပညာာကလည်း မပြည့်စုံသေးသည့်အဆင့်ဖြစ်သည်။
"ဪ...ဒဏ္ဍာရီဆန်ဆန်မွေးလာတဲ့ အင်ပါယာဝူယွီထောင်လား"
နယ်စားလွီ သူ့နာမည်ကို ကြားဖူးထားပါသည်။ ကူးဖြတ်ခြင်းအဆင့်မှန်သမျှ ထူးခြားသည့် သမိုင်းကြောင်းကိုယ်စီရှိသည်။
"နိင်ငံ့ကံကြမ္မာစွမ်းအား လွှဲပေးရင် မင်းကို အသက်ချမ်းသာပေးမယ်။ ငါကတိတည်ပါတယ်"
ဝူယွီထောင် အထက်စီးလေသံဖြင့်ပြောသည်။ နယ်စားလွီကို သိပ်အရေးမစိုက်။
နယ်စားလွီ ကူးဖြတ်ခြင်းအဆင့်တိုက်ခိုက်စွမ်းအားရှိလည်း ဘာထူးမည်နည်း။ ထိုစွမ်းအားသည် တကယ့်ကူးဖြတ်ခြင်းအဆင့်စွမ်းအားကို မမီနိုင်။
ဝူယွီထောင်အမြင်တွင် နယ်စားလွီသည် ကူးဖြတ်ခြင်းအခြေခံအဆင့် စွမ်းအင်ဒိုင်းတစ်ခု ကိုင်ထားသည့်လူသာဖြစ်သည်။ တဖြေးဖြေး စွမ်းအားကုန်ပြီး သေသွာမည့်လူဖြစ်သည်။
"မင်းမှာ လိပ်ခေါင်းရောဂါရှိတယ်လို့ သမိုင်းမှတ်တမ်းမှာ ပြောထားတယ်။ ပလ္လင်ပေါ်မှာ မထိုင်နိုင်ဘူးတဲ့။ ဒါကြောင့်် သက်တမ်းအတိုဆုံးအင်ပါယာလို့ ဖော်ပြထားတယ်။ ကြည့်ရတာ တကယ်မှန်နေတဲ့ပုံပဲ"
နယ်စားလွီ အညံ့မခံဘဲ ပြန်ပက်သည်။
"မင်းကသေချင်နေတာပဲ"
ဝူယွီထောင်မျက်နှာ တင်းမာလာသည်။ ဘယ်သူမှသူ့ကို ထိုသို့မလေးမစားမပြောရဲ။
"ဝှီး"
သူ့အင်္ကျီလက်ကို ခါလိုက်သည်။ အရောင်ငါးမျိုးချီစွမ်းအင်နှစ်ခု သူ့ဦးခေါင်းထက်တွင်ပေါ်လာသည်။ တဖြေးဖြေးအသွင်ပြောင်းပြီး ပေတစ်ထောင်ရှည်သည့် ခြေငါးချောင်းနဂါးတစ်ကောင်နှင့် တောင်ကုန်းအရွယ် ကျားတစ်ကောင်ဖြစ်လာသည်။
သူ့ဘေးတစ်ဘက်တစ်ချက်စီတွင် စောင့်ကြပ်နေသည်။
မြင်ကွင်းက ခြောက်ခြားစရာကောင်းလွန်းသည်။ ဟန်ရွှေ့မြို့ခံများ ကြောက်ရွံ့တုန်လှုပ်နေသည်။ လည်ချောင်းထဲတွင် တစ်ခုခုတစ်ဆို့နေသလို ခံစားကြရသည်။
"အရောင်ငါးမျိုး ကျားနဂါးချီ။ ဒါဟာ အင်ပါယာစွမ်းအင်ရောင်ပဲ"
"သွားပြီ။ ဒီစွမ်းအားကို ငါတို့ဘယ်လို တိုက်ခိုက်နိုင်မှာလဲကွာ"
"နယ်စားကို ငါတို့ယုံကြည်ရမယ်။ သူနည်းလမ်းတစ်ခု ရှာနိုင်မှာသေချာပါတယ်"
မြို့ခံများ ထိုသို့ ပြောနေသော်လည်း သူတို့စိတ်ထဲတွင် သိပ်မသေချာလှ။ ဝူယွီထောင်ကို နယ်စားလွီနိုင်မနိုင် သေချာမသိသေး။
"သူ့ကိုသတ်ပြီး နိုင်ငံ့ကံကြမ္မာစွမ်းအားကို ယူလိုက်"
ကျားနှင့်နဂါးရိပ်ကို ဝူယွီထောင် အမိန့်ပေးလိုက်သည်။
ကျားနှင့်နဂါး တိုက်ခိုက်လာသော်လည်း နယ်စားလွီ ကြောက်ရွံ့ခြင်းမရှိ။ သူထွက်ပြေးလျှင် သန်းချီသည့် မြို့ခံများ ဝူယီထောင်၏ကျွန်ဘဝသို့ ရောက်သွားမည်။
"တောင်တန်းဖိနှိပ်ခြင်း"
အရိုင်းနယ်မြေတံဆိပ်ကိုထုတ်၍ အောက်သို့ရိုက်ချလိုက်သည်။ ကောင်းကင်တွင် 'အရိုင်း'ဟူသည့် စာလုံးကြီးပေါ်လာပြီး ကြီးမားသည့် လက်နက်ကိုင်ဝိညာဉ်တစ်ခုအသွင်သို့ ပြောင်းသွားသည်။ ကျားနှင့်နဂါးကို ခုခံတိုက်ခိုက်သည်။
ထိုဝိညာဉ်သည် နိုင်ငံ့စွမ်းအားဖြင့် တည်ဆောက်ထားသည့် တောင်တန်းစောင့်ဝိညာဉ်ဖြစ်သည်။ အရှင်းဆုံးပြောရလျှင် နိုင်ငံ့ကံကြမ္မာစွမ်းအားဖြစ်ည်။ နယ်စားလွီထက် ထိုဝိညာဉ်လှုပ်ရှားမှုက ပိုကျွမ်းကျင်သည်။
"ငါလျှော့တွက်မိသွားတယ်။ မင်းမှာ ဒီလိုနည်းလမ်းတွေ ရှိနေတာပဲ"
ဝူယွီထောင်မျက်နှာမှ လှောင်ပြုံးရိပ်ပျောက်ကွယ်သွားသည်။ ထိုတောင်တန်းဝိညာဉ်အကြောင်း သူသတင်းရမထား။ ဆက်တိုက်ခိုက်လျှင် နိုင်ငံ့ကံကြမ္မာတွင် တစ်ခြားဝှက်ဖဲများရှိနေနိုင်သေးသည်။
အကယ်၍ အန္တရာများသည့်ယခုအခြေအနေကြောင့် မြို့ထဲမှ မှော်စက်ဝန်းကို မတော်တဆ သူချိုးဖျက်မိလျှင် ဟန်ရွှေတွင် သူကြိုးစားအားထုတ်ထားသမျှအရာအားလုံး အလဟဿဖြစ်သွားမည်။
"ဒီနိုင်ငံ့စွမ်းအားဟာ ငါ့ကျားနဂါးချီကို အပြည့်အဝအသွင်ပြောင်းနိုင်အောင် ကူညီနိုင်မှာပဲ။ ...သေလိုက်စမ်း"
စကြာဝဠာလေဟာနယ်ပါသည့် လက်ဝါးဖြင့် ဝူယွီထောင် ရိုက်ချလိုက်သည်။ လေဟာနယ်တစ်ခုလုံး တဝုန်းဝုန်းတုန်ခါနေသည်။
နယ်စားလွီ ထိုလေဝဲတစ်ခုထဲတွင် ပိတ်မိသွားသည်။ ထူးဆန်းသည့်အင်အားတစ်ခုက သူ့ကိုဆွဲခေါ်နိုင်သည်။ ရုန်းထွက်ဖို့ အတော်ခက်ခဲသည်။
"ဝေါ့"
လက်ဝါးစွမ်းအားကို အပြည့်အဝါခံလိုက်ရသည်။ လက်ဝါးရိပ်က သူ့နောက်ဘက်တွင် ပေါ်လာသည်။ သူ့ရင်ဘတ်ကို ထိုးဖောက်သွားသည်။ သွေးချောင်းအဆက်မပြတ်ဆိုးနေရသည်။ အောက်ဘက်မှကြည့်နေသည့် ပရိတ်သတ်ထဲမှ ကြောက်ရွံ့တတ်သူများ ချက်ချင်းမျက်လုံးမှိတ်ထားမိကြသည်။
နယ်စားလွီ၏မျက်လုံးများ အရောင်မှိန်လာသည်။ အသက်ဓာတ်များ လျင်မြန်စွာ လျော့ပါးသွားသည်။
ဝူယွီထောင် နောက်တစ်ကြိမ်တိုက်ခိုက်ရန်ပြင်နေစဉ် အရောင်မှိန်နေသည့် မျက်လုံးများ ရုတ်တရက် အရောင်တောက်လာသည်။ ရင်ဘတ်မှဒဏ်ရာလည်း ချက်ချင်းပျောက်ကင်းသွားသည်။
ဝူယွီထောင် လက်ဝါးပြန်ရုတ်သိမ်းသည့်အချိန် တစ်စက္ကန့်စာနှေးသွားသည်။ သူ့ညာလက်က နယ်စားလွီရင်ဘတ်နှင့် တစ်သားတည်းဖြစ်သွားသည်။
နယ်စားလွီ၏မျက်လုံးတွင် ရူးသွပ်သည့်အရိပ်များ ပေါ်လာသည်။ မှော်စွမ်းအားချင်းတိုက်ခိုက်လျှင် အစကတည်းက ကူးဖြတ်ခြင်းအဆင့်ရောက်နေသည့် ဝူယွီထောင်ကို သူမယှဉ်နိုင်။ ရုပ်ခန္ဓာချင်းသာ ယှဉ်နိုင်သည်။
နိုင်ငံ့ကြမ္မာစွမ်းအားက အဆုံးမရှိ။ ဒဏ်ရာရထားသည့် သူ့ခန္ဓာကိုယ်ကို အဆက်မပြတ်ကုသပေးနိုင်သည်။
တစ်ယောက်နှင့်တစ်ယောက် ထိခိုက်အောင်တိုက်ခိုက်ရင်း ဝူယွီထောင်ကို တဖြေးဖြေးအားနည်းအောင်လုပ်၍ သူအသေသတ်နိုင်လိမ့်မည်။
"သောက်ရူး"
ဝူယွီထောင် အော်ဆဲသည်။ တိုက်ပွဲအတွေ့အကြုံကြွယ်သော်လည်း နယ်စားလွီလို မိုက်ရူးရဲတိုက်ခိုက်ပုံမျိုး တစ်ခါမှမမြင်ဖူးခဲ့။
"လာစမ်းပါ၊ လိပ်ခေါင်းထွက်နေတဲ့ အမှိုက်ကောင်"
နယ်စားလွီ တဟားဟားအော်ရယ်နေသည်။ သူ့သွားများတွင် သွေးစွန်းနေသည်။
*****************************************