← Chapters

တာအိုလမ်းစဉ်ဂိုဏ်းအတွက် ပြင်ဆင်ထားသည့်တိုက်ကွက်

Vol. 30 Ch. 439

တာအိုလမ်းစဉ်ဂိုဏ်းအတွက် ပြင်ဆင်ထားသည့်တိုက်ကွက်

Vol. 30 Ch. 439

နယ်စားလွီနှင့် ဝူယွီထောင်ရင်ဆိုင်တွေ့ချိန်တွင် သခင်အန်းက မဟာမှော်စက်ဝန်းကို အသက်သွင်းလိုက်သည်။ ခွက်တစ်လုံးမှောက်ထားသကဲ့သို့ စက်ဝိုင်းခြမ်းပုံစံရှိသည့် အကာအကွယ်တစ်ခု ဟန်ရွှေ့မြို့ကို ဖုံးအုပ်သွားသည်။

သူတို့တိုက်ပွဲကြောင့် မြို့ကိုထိခိုက်မည်မဟုတ်တော့။

ကောင်းကင်ပြင်တွင် လျှပ်စီးတန်းများ တလက်လက်တောက်ပ၍ နားကွဲမတတ်ပေါက်ကွဲသံများ ဟိန်းထွက်နေသည်။ နှစ်ယောက်သား အပြင်းအထန်တိုက်ခိုက်ကြသည်။ ခြေလက်များ ဆုံတွေ့တိုင်း စူးရှတောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုတိုက်ပွဲကို သေမျိုးများ တိုက်ရိုက်မကြည့်နိုင်ကြ။ အဆင့်နိမ့်ကျင့်ကြံသူများပင် တိုက်ပွဲအရှိန်ရိုက်ခတ်သကဲ့သို့ ရင်ဘတ်များတင်းကြပ်လာကြသည်။

ဝူယွီထောင် စကြာဝဠာလက်ဝါးဖြင့် နယ်စားလွီခန္ဓာကိုယ်ကို နောက်တစ်ကြိမ် မထိုးဖောက်ရဲတော့။ ကျန်နေသည့်သူ့လက်တစ်ဘက် နယ်စားလွီခန္ဓာကိုယ်ထဲ ပိတ်မိသွားမည်ကို စိုးရိမ်သည်။

ယခုပင် လက်တစ်ဘက်အချုပ်ခံထားရသဖြင့် လှုပ်ရှားရသည်မှာ အတော်လေးအခက်တွေ့နေသည်။ နယ်စားလူ၏ ဒဏ်ရာပျောက်ကင်းစွမ်းရည်ကလည်း အံ့မခန်းမြန်ဆန်သည်။ ထို့ကြောင့် တိုက်ပွဲတွင် အသာစီးရနေသည်။

"ခွေးမသား၊ လွှတ်စမ်း"

ဝူယွီထောင် ထိရောက်အောင် မတိုက်ခိုက်နိုင်။ ဘာကြောင့် ထိုမျှရဲတင်းသည့်နည်းလမ်းမျိုး နယ်စားလွီဘယ်လိုစိတ်ကူးမိသည်ကို သူနားမလည်။

ဝူယွီထောင် ဝိုက်လက်သီးတစ်ချက်ထိုးလိုက်သည်။ နယ်စားလွီ၏ဦးခေါင်း တစ်ဘက်သို့လည်ထွက်သွားသည်။ သို့သော် ထို့နောက် သူ့လည်ပင်း ပြန်ကျုံ့သွားပြီး ဦးခေါင်းက မူလနေရာသို့ ဖြေးညှင်းစွာ ပြန်ရောက်လာသည်။

"အစက ဒီပညာကို ဝစီပိတ်နဲ့တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ။ အခု မင်းအရင်ကံထူးသွားပြီပေါ့"

နယ်စားလွီမျက်လုံးများ ဒေါသအရောင်တောက်နေသည်။

"ဝစီပိတ်...တာအိုရှင်ဝစီပိတ်ဆိုတာလား"

ဝူယွီထောင် ထိုနာမည် ကြားဖူးသည်။

'အဲဒီ့ဝစီပိတ်ရဲ့ရန်သူတွေ နေရာတိုင်းမှာရှိတယ်လို့ ပြောကြတယ်။ သူက မဟာရှားကျင့်ကြံသူတွေရဲ့ တိုက်ခိုက်စွမ်းအားကို မြှင့်တင်ပေးချင်လို့ တမင်ရန်ဘက်ဖြစ်အောင်လုပ်ခဲ့တာများလား'

ဝူယွီထောင်စဉ်းစာသည်။ အင်ပါယာတစ်ယောက်ဖြစ်၍ သူ့အတွေးများက တစ်ခြားလူများထက် ပိုရှင်းလင်းသည်။ ပိုကျယ်ပြန့်သည်။

"တာအိုလမ်းစဉ်ဂိုဏ်းဟာ မဟာယုပြန်တည်ဆောက်ဖို့ကိစ္စမှာ အကြီးမားဆုံးအဟန့်တားပဲ"

တာအိုလမ်းစဉ်ဂိုဏ်းကို သတိထားဖို့ နိုင်ငံ့ဆရာသတိပေးခဲ့သည်ကို သူပြန်သတိရလာသည်။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းဝင်များနှင့် သူတစ်ခါမှမကြုံရသေး။

"နယ်စားလွီက တကယ်အံ့ဩစရာပဲ။ ဒီအတိုင်းဆက်သွားရင် သူနိုင်လောက်တယ်"

လုယန်မျက်လုံးများ အရောင်လက်လာသည်။ ထိုနယ်စား ထိုမျှယုံကြည်စိတ်ချရမည်ထင်မထား။ သူ့ဂိုဏ်းနာမည်ကို ထုတ်မပြောသဖြင့် လုယန်ဝမ်းသာနေသည်။

နယ်စားလွီ၏ ကြမ်းတမ်းသည့် တိုက်ခိုက်နည်းလမ်းအရ သူ့ဆရာဝစီပိတ်နှင့် ကြီးမားသည့်ရန်ငြှိုးရှိပုံရသည်။

"သူမနိုင်နိုင်ဘူး။ ဝူယွီထောင် သူ့တိုက်ခိုက်ပုံနဲ့ မရင်းနှီးသေးလို့ပါ။ ဝူယွီထောင် သူ့တိုက်ခိုက်ပုံကို နားလည်သွားပြီဆိုရင် သူအရေးနိမ့်လိမ့်မယ်"

တိုက်ပွဲအတွေ့အကြုံများစွာရှိသည့် ထာဝရနတ်မယ်က ဟာကွက်ကိုတန်းမြင်သည်။

အနိုင်ရဖို့ တစ်ခုတည်းသောနည်းလမ်းက ဝူယွီထောင်ကို အငိုက်ဖမ်းထိန်းချုပ်ပြီး အတုမဲ့စွမ်းအားဖြင့် ချက်ချင်းသတ်ပစ်ဖို့သာရှိသည်။

သို့သော် နယ်စားလွီတွင် ထိုအတုမဲ့စွမ်းအားမျိုးမရှိ။

နတ်မယ်ခန့်မှန်းထားသလိုပင် လေးငါးကြိမ် ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ဝူယွီထောင် အဖြေတစ်ခု ချက်ချင်းရှာတွေ့သွားသည်။

ဘယ်လက်ကို ဓားအသွင်ပြောင်း၍ နယ်စားလွီကို ခုတ်လိုက်သည်။ နယ်စားလွီ ဘေးသို့ရှောင်သည်။

သို့သော် ဝူယွီထောင်က နယ်စားလွီကို တိုက်ခိုက်ခြင်းမဟုတ်။ သူ့ညာလက်ကို ခုတ်ဖြတ်ခြင်းဖြစ်သည်။

"ဖျောင်း"

ဓားချက်ကြောင့် ညာလက်ပြတ်ထွက်သွားသည်။ မြို့အထက် မှော်စက်ဝန်းအကာအကွယ်ပေါ်သို့ သွေးများ မိုးရွာသလိုကျလာသည်။ အလင်းအကာအကွယ်ကို တိုက်စားသည်။ တဖျစ်ဖျစ်မြည်သံများ အသဲတုန်ဖွယ် ကြားနေရသည်။

ထိုအကာအကွယ် ဆက်မထိန်းနိုင်တော့ဘဲ ဟန်ရွှေ့မြေပြင်ပေါ်သို့ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏သွေးများ ကျလာလျှင် ကပ်ဆိုးတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် မှော်စက်ဝန်းက ခိုင်မာသည်။ တိုက်စားနေသည့်သွေးစွမ်းအင်များ ကုန်ခမ်းသွားသော်လည်း အကောင်းပကတိအတိုင်း ကျန်နေသည်။

ဝူယွီထောင်၏ ပြတ်သွားသည့်လက် ချက်ချင်းပြန်ပေါက်လာသည်။

"ကောင်းကင်အော်သံ"

အချုပ်အနှောင်လွတ်သွားပြီဖြစ်၍ ဝူယွီထောင် ပါးစပ်ဖွင့်၍ စူးရှသည့်အော်သံတစ်ခု ထုတ်လွှတ်သည်။ ထိုအသံတွင် မှော်စွမ်းအားတစ်မျိုးပါသည်။ လူပေါင်းများစွာ တီးတိုးပြောဆိုနေသံနှင့်တူသည်။ နယ်စားလွီ နားကိုအုပ်၍ အာရုံခြောက်ပါးကို ပိတ်ထားသော်လည်း ထိုအသံက ထိုးဖောက်ဝင်လာသည်။

"တာလော်သုံးထပ်စွမ်းအား"

ဝူယွီထောင် အခွင့်အရေးကို အမအရဖမ်းဆုပ်သည်။ သူ့လက်သီးက နေတစ်စင်းလို အလင်းဖြာနေသည်။

"ရွှေခန္ဓာရှိတဲ့ အဆင့်မြင့်ဗုဒ္ဓကိုယ်တော်ကိုတောင် ဒီလက်သီးနဲ့ ချိုးဖျက်နိုင်တယ်ကွ"

ဝူယွီထောင် အော်ဟစ်ရယ်မောနေသည်။

ကောင်းကင်အသံကြောင့် အာရုံထွေပြားနေသည့် နယ်စားလွီ အပြင်လောကကို အာရုံမခံနိုင်။ ထို့ကြောင့် လက်သီးချက်ထိသွားသည်။

"ဝေါ့"

သွေးများ အဆက်မပြတ်အန်ထွက်လာသည်။ နိုင်ငံ့စွမ်းအားက သူ့ဒဏ်ရာကို လျင်မြန်စွာကုသပေးသည်။ သို့သော် လက်သီးချက်က စွမ်းအားသုံးခုပါသည်။ ပထမစွမ်းအားက နယ်စားလွီကို အပြင်းအထန်ဒဏ်ရာရစေသည်။ ဒုတိယနှင့် တတိယစွမ်းအားက နိုင်ငံ့စွမ်းအား၏ ကုသမှုကို တားဆီးသည်။

"မသေသေးဘူးလား။ လက်သီးတစ်ချက် ထပ်သုံးရမှာပေါ့"

နိုင်ငံကံကြမ္မာစွမ်းအားက လက်တစ်ကမ်းတွင်ရှိနေသဖြင့် ဝူယွီထောင်မျက်နှာ လောဘရိပ်သန်းနေသည်။

"မဟာယုအင်ပါယာက တကယ်စွမ်းအားကြီးတာပဲ"

တည်ငြိမ်သည့်စကားသံနှင့်အတူ ငါးရောင်ခြယ်အလင်းဘီးတစ်ခု ရုတ်တရက်ပေါ်လာပြီး နယ်စားလွီရေတွင် ပိတ်ကာလိုက်သည်။

ဝူယွီထောင်လက်သီးချက်က စွမ်းအားကြီးသည်။ အလင်းဘီးက အသက်နှစ်ရှူစာခန့်သာ ထိန်းထားနိုင်သည်။

"ဖျောင်း"

အလင်းဘီး ကြေမွသွားသည်။ နယ်စားလွီ နေရာတွင် မရှိတော့။

"ဒီမှာပါ"

ဝူယွီထောင်လှည့်ကြည့်သည်။ နယ်စားလွီကို ချိုးကျင်အန်းက တွဲကူထာသည်။

"ခင်ဗျားအဆင်ပြေရဲ့လား"

"မသေနိုင်သေးပါဘူး"

"မင်းက ဟိုဂိုဏ်းချုပ်ပဲ။ မင်းက ပန်းတစ်ရာစားသောက်ဆိုင်မှာ ရှိနေတာမဟုတ်ဘူးလား"

ဝူယွီထောင် ချိုးကျင်အန်းကို အေးစက်စက်စိုက်ကြည့်သည်။ စားသောက်ဆိုင်တွင် စွမ်းအားအကြီးဆုံး သူ့သရဲနှစ်ကောင်ကို တာဝန်ပေးထားခဲ့သည်။

......

ပန်းတစ်ရာစားသောက်ဆိုင်။

ကြီးမားသည့်သရဲတစ်ကောင် ကြမ်းပြင်တွင် လဲကျနေသည်။ သူ့ခန္ဓာကိုဘ် ဟောင်းလောင်းပေါက်ဖြစ်နေသည်။ ထမင်းစားတူသုံးချောင်းက သူ့ဝိညာဉ်သုံးခုကို ဖျက်ဆီးခဲ့သည်။ ပါးစပ်ထဲတွင် ထမင်းခွက်ကို ထိုးထည့်ထားသည်။

သေးငယ်သည့် သရဲငယ်များစွာ ဇက်ကျိုးနေသည်၊ ခေါင်းပြတ်နေသည်။ ဆိုင်ထဲတွင် ပြန့်ကျဲနေသည်။

......

"ဗိုက်ပူသရဲနဲ့ အစာငတ်သရဲကိုပြောတာလား။ သူတို့က အဲလောက်လည်း မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဝါးမျိုးပြီး သရဲအသစ်တစ်ကောင် အဖြစ်ပေါင်းစပ်သွားတယ်။ အဲဒါက စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် အဲလောက်လည်း မဆန်းပြားလှပါဘူး။

ဂုတ်ပိုးပေါ်ခွတက်ပြီး ဝိညာဉ်သုံးခု လိပ်ပြာခုနစ်ပါးကို ထိန်းချုပ်နိုင်တဲ့ သရဲငယ်လေးတွေကတော့ တာအိုလမ်းစဉ်ဂိုဏ်းက အမှိုက်သရိုက်အဆင့်ပဲရှိတာပါ"

ဗိုက်ပူသရဲနှင့် အစာငတ်သရဲသည် တကယ်လိုက်ဖက်ညီသည်။ တစ်ယောက်က အစားလွန်၍ သေခဲ့သူဖြစ်သည် သရဲဘဝတွင် အမြဲတမ်းဆာလောင်နေ၍ အဆက်မပြတ်စားသည်။ ဘယ်တော့မှမဝ။

အစာငတ်သရဲက အစာငတ်၍သေသည်။ သူလည်း သရဲဘဝတွင် မရပ်မနားစားသည်။ ဘယ်တော့မှ ဗိုက်မပြည့်။ ထိုသရဲနှစ်ကောင် အချင်းချင်းဝါးမျိုလိုက်သဖြင့် အစားပုပ်သရဲင်အဖြစ်ပေါင်းစပ်သွားသည်။ သာမန်ကျင့်ကြံသူတစ်ယောက်ကို သေအောင်ကျိန်စာတိုက်နိုင်သည့် သတ္တဝါဖြစ်လာသည်။

"ငါ့ကိုရင်ဆိုင်ဖို့ ဗိုက်ပူသရဲနဲ့အစာငတ်သရဲကိုသုံးတာဟာ ငါ့ကိုအထင်သေးတာပဲ"

ဝူယွီထောင်မျက်လုံးများ မှေးစင်းသွားသည်။ ထိုသရဲနှစ်ကောင်သည် စုစည်းခြင်းကျင့်ကြံသူများစွာကို ဝါးမျိုခဲ့သည်။ စုစည်းခြင်းနောက်ဆုံးအဆင့်များကိုပင် ဝါးမျိုနိုင်သည်။ ထိုသရဲများကို စုစည်းခြင်းအဆင့်တစ်ယောက် ရင်မဆိုင်နိုင်။

ဤချိုးကျင်အန်း၏ တိုက်ခိုက်စွမ်းအားက သူထင်ထားသည်ထက် ကျော်လွန်နေသည်။

"မင်းကခုခံပါ၊ ငါတိုက်ခိုက်မယ်။ ဘယ်လိုလဲ"

ချိုးကျင်အန်း နယ်စားလွီကို သိစိတ်အာရုံမှ လှမ်းပြောသည်။

"ကောင်းပြီလေ"

တိုက်ခိုက်စွမ်းအားတွင် ချိုးကျင်အန်းကို သူမမီ။

"နယ်စားမင်း၊ ကျုပ်တို့ရောက်ပါပြီ"

အကူခေါ်ထားသည် စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ချို့ ထပ်ရောက်လာသည်။

အစောပိုင်းက မြို့ထဲတွင် သူတို့ကို သရဲများတားဆီးခဲ့သည်။ ချိုးကျင်အန်းက ပန်းတစ်ရာဆိုင်မှ ထွက်လာပြီးနောက် သူတို့ကိုကူညီတိုက်ခိုက်ပေးခဲ့သည်။ ထို့ကြောင့် ဤနေရာသို့ လာကူနိုင်ခြင်းဖြစ်သည်။

"မင်းတို့က မြို့ထဲကိုဆင်းပြီး မင်းတို့အဖော်တွေကို သွားကူပါ။ မြို့ကို တည်ငြိမ်အောင်ထိန်းကြပါ"

နယ်စားလွီ လက်ခါပြလိုက်သည်။ ဤတိုက်ပွဲသည် သာမန်စုစည်းခြင်းကျင့်ကြံသူများ ဝင်မတိုးနိုင်။ စုစည်းခြင်းထိပ်ဆုံးအဆင့်ဖြစ်သည့် သူသည်ပင် နိုင်ငံ့ကံကြမ္မာစွမ်းအားမရှိလျှင် ချက်ချင်းသေသွားနိုင်သည်။

ချိုးကျင်အန်းလို စုစည်းခြင်းအဆင့်အဓိပဓိထိပ်သီးတစ်ယောက်သာ ကူညီနိုင်သည်။

သို့သော် မသေမျိုးငါးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ကို လွယ်လွယ်တွေ့နိုင်သည်တော့မဟုတ်။

ဝူယွီထောင် သူ့နည်းလမ်းဟောင်းကို ထပ်သုံး၍ ချိုးကျင်အန်းကို ထိန်းချုပ်ရန် ကြိုးစားသည်။

"ကောင်းကင်အသံစွမ်းအား..."

ချိုးကျင်အန်း၏ တိုက်ပွဲအတွေ့အကြုံက နယ်စားလွီထက်များစွာသာလွန်သည်။ ဖျက်ဆီးခြင်းကြာပန်းတစ်ပွင့် သူ့လက်ဝါးထဲတွင် ပေါ်လာသည်။

"ငရဲကြာနီမီးတောက်"

"ဘုန်း"

အဖျက်စွမ်းအင် ပေါက်ကွဲထွက်လာသည်။ ကြီးမားသည့် အနီရောင်ကြာပန်း ဟန်ရွှေ့မြို့အထက်တွင် ပွင့်လန်းလာသည်။ ပွင့်ချပ်တိုင်းက လေဟာနယ်ချိုးဖျက်နိုင်သည့် စွမ်းအားရှိသည်။ ပွင့်ချပ်နှစ်ဆယ့်ရှစ်ခုမှထွက်လာသည့် အဖျက်စွမ်းအားက တိုင်းတာ၍ပင်မရ။

မြို့အကာအကွယ်ရှိနေသည့်တိုင် ပြင်းထန်သည့်အပူလှိုင်းကို လုယန်ခံစားနေရသည်။

မီးခိုးများရှင်းသွားချိန်တွင် စုတ်ပြတ်သတ်နေသည့် ဝူယွီထောင်၏အသွင် ပေါ်လာသည်။ အဝတ်အစားများ ဖရိုဖရဲဖြစ်နေသည်။ တစ်ကိုယ်လုံး မီးလောင်ရာများ ဖုံးလွှမ်းနေသည်။ အရေပြားများ တွ့န်လိမ်သွားသည်။ ဦးခေါင်းတွင် ဆံပင်တစ်ချောင်းမှမရှိတော့။ အစောပိုင်းကလို တည်ငြိမ်ခံ့ညားသည့်ဟန်ပန်မျိုး မရှိတော့။

"ဒီတိုက်ကွက်ကိုအရင်က တာအိုလမ်းစဉ်ဂိုဏ်းအတွက် ရည်ရွယ်ထားတာ။ မင်းကိုတိုက်ခိုက်ဖို့ အရင်သုံးလိုက်ရတာ ဆိုးတာပဲ"

ချိုးကျင်အန်း ခေါင်းကိုဖြေးညှင်းစွာ ခါယမ်းနေသည်။ သူလက်ထဲတွင် နောက်ထပ်ကြာနီတစ်ပွင့်ပေါ်လာသည်။

**************************************

All Chapters