အခြေအနေပြောင်းလဲခြင်း
Vol. 30 Ch. 441
နတ်မယ်၊ ဒီလူက စုစည်းခြင်းအခြေခံအဆင့်ကနေ ကူးဖြတ်ခြင်းအကြိုအဆင့်ထိ တက်သွားတယ်လို့ ပြောတာလား"
လုယန် တအံ့တဩ ပြန်မေးသည်။ ဖြစ်သွားသည့်အခြေအနေကို သူနားမလည်။
ကူးဖြတ်ခြင်းအကြိုအဆင့်သည် ကျင့်စဉ်အဆင့်အစစ်မဟုတ်။ တိုက်ခိုက်စွမ်းအားကို ရည်ညွှန်းသည့် အတိုင်းအတာဖြစ်သည်။ ပုံမှန် စုစည်းခြင်းအဆင့်များထက် စွမ်းအားသာလွန်ပြီး ကူးဖြတ်ခြင်းအဆင့်သို့ မရောက်သေးသူများ၏ စွမ်းအားကို ရည်ညွန်းခြင်းဖြစ်သည်။
"ငါနင့်ကိုအရင်က ပြောဖူးတယ်မဟုတ်လား။ ဒါက စိတ်စွမ်းအားကို လေ့ကျင့်တဲ့နည်းလမ်းပါ။ ကိုယ်ပွားခန္ဓာတွေ အများကြီးခွဲပြီး ဘဝအတွေ့အကြုံယူတာ။ သေမျိုးလောကကို နားလည်အောင် ကြိုးစားတယ်။ နောက်ဆုံးကျမှ ပြန်ပေါင်းစည်းပြီး အပြည့်ဝဆုံးအခြေအနေကို ပြန်ရောက်တယ်။
ဒါမှမဟုတ် မူလအခြေအနေထက် သာလွန်တဲ့အဆင့်ကိုရောက်တယ်။ ပြီးတော့ ဒီလူရဲ့ကျင့်စဉ်နည်းလမ်းက ဒုဂိုဏ်းချုပ်ကျောက်ရိုးနဲ့ ဆင်တူပဲ"
"သူက ကိုးငရဲဂိုဏ်းကလား"
"ရိုးရိုးဂိုဏ်းသားမဟုတ်ဘူး။ ကျင့်စဉ်မြင့်လေ ရာထူးမြင့်လေဆိုတဲ့ စည်းမျဉ်းအရဆိုရင် သူက ဂိုဏ်းချုပ်ဖြစ်လောက်တယ်"
လုယန် တွေးရခက်သွားသည်။ မယုံမရဲဖြစ်မိသည်။
ကိုးငရဲဂိုဏ်းက အရမ်းဆင်းရဲလွန်းလို့ ဂိုဏ်းချုပ်ကိုယ်တိုင် ဘေးထွက်ပြီး အချိန်ပိုင်းအလုပ်လုပ်နေရတာများလား....
.....
စက္ကူဖြူဦးထုပ်နှင့်လူ သက်ပြင်းချသည်။
"ကိုယ်ပွားအားလုံး ပြန်လာကြပြီ။ ဒီကိုယ်ပွားတွေရဲ့ပုံစံကို ဆက်သုံးလို့ရတော့မှာမဟုတ်ဘူး။ ဒီတစ်ခါ ငါတို့ ဝိညာဉ်ကျောက်တွေ ဘယ်လောက်နစ်နာဆုံးရှုံးသွားပြီလဲ..
မတတ်နိုင်ဘူးလေ။ ရှေးဟောင်းကျင့်ကြံသူတွေက ငါတို့ကို လာဒုက္ခပေးတာကိုး"
သူအလုပ်ပင်ပင်ပန်းပန်းကြိုးစား၍ ငွေရှာခဲ့သည်။ သူတို့ဂိုဏ်း အကြွေးနစ်နေကြောင်း သူ့နောက်လိုက်များသိသွားမည်ကို စိုးရိမ်သည်။ ယူထားသည့် ချေးငွေများကို ဖုန်ဒူတည်ဆောက်ဖို့နှင့် လခပေးဖို့ သုံးခဲ့ရသည်။
နောက်တစ်ချိန် သူကူးဖြတ်ခြင်းအဆင့်ရောက်လျှင်ပင် ထိုအဖြစ်မှန်ပေါ်သွားပါက သူအသက်မရှင်နိုင်လောက်။
အသက်ရှင်နေတုန်း ထိုဟာကွက်ကိုဖြည့်ဖို့ သူအလုပ်ကြိုးစားရသည်။
အသားကင်ဆိုင်သည် ဒုဂိုဏ်းချုပ်ကျောက်ရိုး၏ အသက်သွေးကြောဖြစ်သည်။ သူ့အတွက်လည်း ထိုသို့ပင်ဖြစ်သည်။
"မင်းဘယ်သူလဲကွ"
ဝူယွီထောင် အော်မေးသည်။
လမ်းမှန်ဂိုဏ်းချုပ် ချိုးကျင်အန်းရှေ့တွင် သူသည်ကိုးငရဲဂိုဏ်းမှလူဖြစ်ကြောင်း ထုတ်ပြော၍မဖြစ်။
ထို့ကြောင့် လှောင်ပြုံးပြုံး၍သာ နေလိုက်သည်။
သို့သော် အပြင်လူများအမြင်တွင် ထိုအပြုအမူသည် လျှို့ဝှက်သည့်လက္ခဏာဖြစ်သည်။ ကိုးငရဲဂိုဏ်းချုပ်၏ သရုပ်မှန်ကလည်း အစကတည်းက ပဟေဠိတစ်ပုဒ်ဖြစ်သည်။
"စကားပြောနေလို့ ဘာမှအကျိုးမရှိဘူး။ ကဲ... မဟာယုခေတ်ကကောင်၊ ငါတို့ရန်ကြွေးအသစ်အဟောင်းပေါင်းပြီး တစ်ခါတည်းရှင်းရအောင်"
စကားပိုပြောလေ အမှားအယွင်းပိုလုပ်မိနိုင်လေဖြစ်ကြောင်း ကိုးငရဲဂိုဏ်းချုပ်သိသည်။ ထို့ကြောင့် နောက်ထပ်စကားဆက်မပြောတော့ဘဲ ဝူယွီထောင်ကို တိုက်ခိုက်သည်။
"မင်းကများ ငါ့ကိုတိုက်ခိုက်ရဲတယ်ပေါ့"
"အနန္တငရဲ...မဟာကြိတ်ဆုံကျောက်"
ကြီးမားသည့် ရေခဲတောင်တစ်ခု ဝူယွီထောင်ဦးခေါင်းထက်တွင် ပေါ်လာသည်။ ဟန်ရွှေ့မြိုတစ်ဝက်စာခန့် ကြီးမားသည်။ အနက်ရောင်ရေခဲနှင့်တူသည်။ အလွန်တရာအေးစက်သည်။
ဝူယွီထောင်ခြေထောက်အောက်မှ ပြင်းထန်သည့်မီးတောက်များ ထိုးထွက်လာသည်။ ငရဲမီးတောက်နှင့်တူသည်။ သို့သော် ထို့ထက်ပို၍ ပိုကြမ်းတမ်းပြင်းထန်သည်။
ရေခဲတောင်နှင့် မီးတောက်များက ကြိတ်ဆုံတစ်ခုလို ဝူယွီထောင်ကို အလှုပ်ရှားနိုင်အောင် အထက်အောက်ညှပ်ဖိထားသည်။
"ဟား...ဒီလိုအသေးအဖွဲစွမ်းအားလေးနဲ့ ငါ့ကိုလာစမ်းလို့ရမယ်ထင်လား"
"ငါလည်းလာကူမယ်ဟေ့"
ချိုးကျင်အန်း လှုပ်ရှားလိုက်သည်။ လက်နှစ်ဘက်ဖြင့် မှော်တံဆိပ်များဖန်တီးပြီး ဓာတ်ငါးမျိုးမှော်ပညာတစ်ခု အသက်သွင်းလိုက်သည်။
အနက်ရောင်ရေခဲတောင်၏ အအေးဓာတ်က ပိုပြင်းထန်လာသည်။ အချိန်နှင့်လေဟာနယ်ပင် အေးခဲသွားသယောင်ထင်ရသည်။ မီးတောက်များ အနက်ရောင်ပြောင်းသွားသည်။ မြေအောက်သရဲမီးတောက်ဖြစ်လာသည်။ ထိုမီးတောက်သည် အဓိကအားဖြင့် ဝိညာဉ်ကို လောင်ကျွမ်းနိုင်စွမ်းရှိသည်။
ဝမ်ယွိထောင် မျက်နှာပျက်သွားသည်။ ထိုနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက သူ့အသက်အန္တရာယ်ရှိလာနိုင်သည်။
"ဖျောက် ဖျောက်"
အရိုးကြိုးကြေသံများ ပဲ့တင်ထပ်သွားသည်။ ကူးဖြတ်ခြင်းအဆင့်သွေးများ စီးကျလာသည်။ ထိုသွေးသည် မအေးခဲနိုင်၊ မလောင်ကျွမ်းနိုင်။ ကြိတ်ဆုံအစွန်းမှ စိမ့်ကျလာသည်။
"လောကလက်ဝါး"
ဝူယွီထောင် အော်ဟစ်ကြုံးဝါး၍ ဒေါသတကြီး လက်ဝါးဖြင့်ရိုက်ထုတ်သည်။ လက်ဝါးလေဟာနယ်ထဲမှ ကမ္ဘာငယ်များစွာ၏ အလေးချိန်ကြောင့် အနန္တငရဲမဟာကြိတ်ဆုံ ကြေမွသွားသည်။
"ပါရမီသုံးပါးမှော်စက်ဝန်း တည်ဆောက်ပါ"
ချိုးကျင်အန်း တွဲဘက်နှစ်ယောက်ကို လှမ်းပြောလိုက်သည်။ စက္ကူဦးထုပ်နှင့်လူပေါ်လာသဖြင့် သူ့ယုံကြည်ချက်များ တိုးပွားလာသည်။
"ငါက ဓာတ်ငါးမျိုးစွမ်းအားကို ထိန်းချုပ်ပြီး ကောင်းကင်နေရာကိုယူမယ်။
မင်းက အနန္တငရဲစွမ်းအားနဲ့ မြေကြီးနေရာကိုယူလိုက်။
..သခင်လွီ၊ ခင်ဗျားက နယ်စားပဲ။ လူတွေရဲ့အုပ်ထိန်းသူအရာရှိဆိုတော့ လူသားနေရာကိုယူပါ"
ပါရမီသုံးပါးမှော်စက်ဝန်းသည် နာမည်ကျော်သည်။ ရေးခေတ်ကတည်းက စပေါ်ခဲ့သည်။ သို့သော် ကံကြမ္မာစွမ်းအားနှင့် ကျင့်စဉ်စွမ်းအား မြင့်မားစွာ လိုအပ်သဖြင့် ထိုမှော်စက်ဝန်းမျိုး အောင်မြင်စွာတည်ဆောက်ရန် ခဲယဉ်းသည်။
သုံးယောက်လုံး စကားမပြောတော့။ ကောင်းကင်၊ မြေကြီးနှင့် လူသားနေရာကို အသီးသီးယူကြသည်။
မှော်စက်ဝန်းတည်ဆောက်ပြီးသည်နှင့် သုံးယောက်လုံး တစ်သားတည်းဖြစ်သွားသလို ခံစားကြရသည်။ သူတို့စွမ်းအား တိုးပွားလာသည်။ သူတို့ဝိညာဉ်များ ပိုတည်ငြိမ်လာသည်။
"တာလော်သုံးထပ်စွမ်းအား"
ဝူယွီထောင် လက်သီးကိုလွှဲယမ်း တိုက်ခိုက်သည်။ လက်သီးရိပ် ပေါ်လာသည်။ လက်သီးအလင်းဖြတ်သွားသည့်နေရာတိုင်း လေဟာနယ်အက်ကွဲသွားသည်။ ထွက်ပြေးလမ်းအားလုံးကို ပိတ်ဆို့သည်။
လက်သီးရိပ် တိုးဝင်လာသည်။ ကိုးငရဲဂိုဏ်းချုပ်၏ ဝမ်းဗိုက်ကိုထိသည်။ အားသုံးခုကို သူတို့သုံးယောက် မျှဝေခံစားရသည်။ ပထမအားလှိုင်းကို ကိုးငရဲဂိုဏ်းချုပ်ရင်ဆိုင်သည်။ ဒုတိယအားလှိုင်းကို ချိုးကျင်အန်းရင်ဆိုင်သည်။ အပြင်းထန်ဆုံးတတိယအားလှိုင်းကို နယ်စားလွီ ခုခံရသည်။
ထို့ကြောင့် လက်သီးဒဏ် များစွာလျော့ပါးသွားသည်။
ပါရမီသုံးပါးမှော်စက်ဝန်း အထောက်အပံ့ကြောင့် နိုင်ငံ့ကံကြမ္မာစွမ်းအား ပို့လွှတ်မှုက ပိုမြန်ဆန်လာသည်။ သုံးယောက်လုံး ချက်ချင်းဒဏ်ရာပျောက်ကင်းသွားသည်။ လက်သီးချက်လုံးဝမထိခဲ့သလိုပင်ဖြစ်သည်။
"သတ်ကြ"
သူတို့သုံးယောက် မှော်စက်ဝန်းကို ရှေ့သို့ဦးတည်၍ အပြင်းထန်ဆုံးတိုက်ကွက်ကိုယ်စီထုတ်ကြသည်။ ဝူယွီထောင်နှင့် နောက်တစ်ကြိမ်ရင်ဆိုင်သည်။
သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းများ ထပ်ကာထပ်ကာ ပေါက်ကွဲထွက်၍ အကြိမ်ကြိမ် ပြန်ပျောက်ကင်းသည်။ အဆင့်နိမ့်ကျင့်ကြံသူများအတွက် သေလောက်သည့်ဒဏ်ရာများက သူတို့အတွက် ဝိညာဉ်စွမ်းအားယိုစိမ့်ထွက်ရုံလောက်သာဖြစ်သည်။
ဝမ်ယွီထောင် အသက်ကိုပင်ပန်းစွာ ရှူရှိုက်နေသည်။ ရန်သူများထက် သူ့ခန္ဓာပေါက်ကွဲထွက်ခဲ့သည့် အကြိမ်ရေ ပိုများသည်။ ဝိညာဉ်စွမ်းအားများစွာ ကုန်သည်။ ဆေးလုံးများပင် အားပြန်မဖြည့်နိုင်တော့။
တိုက်ပွဲကွင်းမှ ထွက်သွားချင်သော်လည်း ပြိုင်ဘက်သုံးယောက်က ဝိုင်းထားသည်။ လုံးဝဖောက်ထွက်၍မရ။
"ခွေးမသား"
"ငါးရောင်ခြယ်အလင်းဘီး"
"အနန္တငရဲ"
"တောင်တန်းစောင့်ဝိညာဉ်"
သုံးယောက်လုံး အစွမ်းထက်ဆုံး တိုက်ကွက်များထုတ်ကြသည်။ အရောင်ငါးမျိုး နဂါးနှင့်ကျားစွမ်းအင်ရောင် ပျောက်ကွယ်သွားသည်။ ပြန်မတည်ဆောက်နိုင်တော့။ ဝူယွီထောင် တိုက်ခိုက်မှုသုံးခုကို ထိပ်တိုက်ရင်ဆိုင်သည်။ ခန္ဓာကိုယ်ကြေမွသွားသည်။ ဒဏ်ရာကုသနှုန်းလည်း အတော်နှေးသွားသည်။
ထိုအဖြစ်ကိုကြည့်၍ ဟန်ရွှေ့မြို့ခံများ အော်ဟစ်အားပေးကြသည်။ သူတို့ရင်ထဲမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။
"ရပ်ကြည့်မနေနဲ့ကွ။ လာကူဦး"
ဝူယွီထောင် အော်ဟစ်လိုက်သည်။
"မင်းကြီး၊ ဒါက ခင်ဗျားနဂိုပုံစံမဟုတ်သလိုပဲ။ အခု အကူအညီတောင်းနေတာလား"
ရုတ်တရက် ထွက်လာသည့် စကားသံနှင့်အတူ တောင်ဝှေးကိုင်ထားသည့် ခါးကုန်းအဘိုးအိုတစ်ယောက် တိုက်ပွဲကွင်းတွင်ပေါ်လာသည်။
"စန်းလဲ့၊ ဒါအကူအညီတောင်းနေတာမဟုတ်ဘူးကွ။ အမိန့်ပေးနေတာ"
ဝူယွီထောင် အဘိုးအိုကို ဒေါသဖြင့် စိုက်ကြည့်သည်။
"ကွဲပြားသယောင်ရှိပေမယ့် အတူတူပါပဲ"
အဘိုးအိုစန်းလဲ့ ရယ်မောနေသည်။ မကျိုးဘဲကျန်နေသည့်သူ့သွားများ ပေါ်လာသည်။
"စန်းလဲ့ဆိုတော့...သူက အရှင်စန်းလဲ့ဆိုတာများလား"
နယ်စားလွီ သူ့ဘာသာရေရွတ်လိုက်သည်။ အတည်ပြုနိုင်ရန် ချိုးကျင်အန်းနှင့် ကိုးငရဲဂိုဏ်းချုပ်ကို လှမ်းကြည့်သည်။ ထိုနှစ်ယောက်မျက်လုံးတွင်လည်း ထိတ်လန့်ရိပ်သန်းနေသည်။
အရှင်စန်းလဲ့အကြောင်း သူတို့သုံးယောက်လုံးကြားဖူးထားသည်။ စိတ်လေးလာကြသည်။ စန်းလဲ့သည် မိုးကြိုးပညာအထူးကျွမ်းကျင်သည့် မဟာယုခေတ် စွမ်းအားမြင့်ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူဖြစ်သည်။
နောက်ထပ်ကူးဖြတ်ခြင်းအဆင့်တစ်ယောက်။
တစ်ယောက်တည်းရင်ဆိုင်ရသည်ပင် ခက်ခဲလှသည်။ ယခု နှစ်ယောက်ဖြစ်လာသည်။
"ဟဲဟဲ၊ အညံ့ခံလိုက်ပါ။ ငါတို့လိုချင်တာ နိုင်ငံ့ကံကြမ္မာစွမ်းအားပါပဲ"
စန်းလဲ့က ရယ်မောရင်းပြောသည်။ သူ့အသံက ခြောက်ကပ်အက်ကွဲ၍ နားကလောစရာကောင်းသည်။ သူ့တောင်ဝှေးတွင် လျှပ်စီးအလင်းများ တဖျတ်ဖျတ်တောက်ပနေသည်။ နယ်စားလွီငြင်းပယ်သည်နှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေသယောင်ရှိသည်။
ချိုးကျင်အန်းတို့ ဘာမှပြန်မပြောနိုင်ဘဲ အသံတိတ်သွားကြသည်။
"ဂျိန်း"
ရုတ်တရက် မိုးခြုန်းသံတစ်ခု တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
အရှင်စန်းလဲ့ မင်သက်မိသွားသည်။ သူဘာမှ မလှုပ်ရှားရသေး။
နယ်စားလွီ၏မျက်လုံးများ အရောင်လက်လာပြီး မိုးခြုန်းသံကြားရာဆီ လှမ်းကြည့်သည်။
"ဂိုဏ်းချုပ်လူပဲ။ သူက ကူးဖြတ်ခြင်းအဆင့်ကို တက်တော့မယ်"
....
အလောင်းထိန်းဂိုဏ်း။
ပြန့်ကျဲနေသည့် ကဝေအလောင်းဂိုဏ်းသားများ၏အလောင်းပေါ်သို့ အကြီးအကဲကိုင် တံတွေးထွေးလိုက်သည်။
"ထွီ၊ ရယ်ရတယ်ကွာ။ ဒီအဆင့်လောက်နဲ့များ ငါတို့ကို လာစမ်းရဲတယ်။ ခေတ်ကာလကို ဘယ်လိုအမီလိုက်ရမလဲဆိုတာ မသိကြဘူးလား"
"မင်း...မင်းသုံးနေတာ အလောင်းထိန်းပညာမဟုတ်ဘူး"
နောက်ဆုံးရှင်ကျန်နေသည့် ကဝေအလောင်းဂိုဏ်းသားက အကြီးအကဲကိုင်ကို တုန်တုန်ရင်ရင်လက်ညှိုးထိုး၍ပြောသည်။ သူ့အသက်ဓာတ်များ မှေးမှိန်လာသည်။
ဖြစ်သွားသည့်ကိစ္စကို သူမယုံနိုင်သေး။ သူယခုထိ အသက်ရှင်နေသေးသည်။ သို့သော် သူ့ခန္ဓာကိုယ်ကို အကြီးအကဲကိုင်က ဖုတ်ကောင်အစစ်ဖြစ်အောင် သန့်စင်လိုက်ပြီဖြစ်သည်။ သူလုံးဝမမခုခံနိုင်ခဲ့။
ထို့ပြင် ထူးဆန်းသည့်ပညာရပ်မျိုးစုံကို သုံးသွားသည်။
အကြီးအကဲကိုင်တို့လေးယောက်ရှေ့တွင် ကဝေအလောင်းဂိုဏ်း ဂုဏ်ယူရသည့် ရှေးဟောင်းအလောင်းထိန်းပညာက လုံးဝအသုံးမဝင်။
"ဘာလို့အလောင်းထိန်းပညာမဟုတ်ရမှာလဲကွ။ ဒီပညာကို တာအိုလမ်းစဉ်ဂိုဏ်းက ပိုကောင်းအောင်ပြန်ပြုပြင်ထားတာပါ"
အကြီးအကဲကိုင် ဂုဏ်ယူဝင့်ကြွားစွာ ရင်ကော့၍ ပြောသည်။
"ကဲ့...အားလုံးထိုင်ပြီး အားဖြည့်ကြပါ။ ခဏနေရင် မြို့ထဲကို သွားကူရအောင်"
အကြီးအကဲကိုင်က သူ့အဖော်များကို ပြောလိုက်သည်။ ခုနကတိုက်ပွဲကြောင့် သူတို့အားအင်ကုန်ခမ်းခဲ့ကြသည်။
"ဂျိန်း"
အထက်ကောင်းကင်တွင် မိုးခြုန်းသံ ပဲ့တင်ထပ်သွားသည်။ အကြီးအကဲလေးယောက် တအံ့တဩမော့ကြည့်ကြသည်။
အကြီးအကဲကိုင်က အရင်ဆုံးသဘောပေါက်သည်။ သူ့ရင်ထဲ အပျော်စိတ်များ ပြည့်နေသည်။
"ဂိုဏ်းချုပ်ကြီး အဆင့်တက်တော့မယ်"
************************************