မသေမျိုးနတ်မယ်လှုပ်ရှားခြင်း
Vol. 30 Ch. 443
ဂိုဏ်းချုပ်လူကို ဝင်ပူးကပ်သူသည် မဟာယုကူးဖြတ်ခြင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အားလုံးရှင်းလင်းလာသည်။
စုစည်းခြင်းအဆင့်ကျင့်ကြံသူများ တိုက်ခိုက်သည့်မှတ်တမ်း ဘာကြောင့်မရှိခဲ့သနည်း။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်အနေဖြင့် စုစည်းခြင်းအဆင့်တစ်ယောက်ကို ထိန်းချုပ်ပူးကပ်ဖို့ လွယ်ကူသောကြောင့်ဖြစ်သည်။
ပုံမှန်စုည်းခြင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ဂိုဏ်းချုပ်လူက သူ့နှင့်အဆင့်တူများကိုကျော်လွန်၍ ဘာကြောင့် ကူးဖြတ်ခြင်းအဆင့်သို့ အရင်ဆုံးတက်နိုင်သနည်း။ သူ့ကိုမဟာယုကျင့်ကြံသူက ပူးကပ်ထားသောကြောင့် အဆင့်တက်ဖြစ်စဉ်က ချောမွေ့နေခြင်းဖြစ်သည်။
ထိုအချက်များသည် သက်သေအပိုင်းအစများဖြစ်သည်။ ခိုင်မာသည့်သက်သေမရှိသော်လည်း လုယန်နှင့်မုန်ကျင်းကျိုးတွင် တစ်ခြားဖြစ်နိုင်ခြေများ စဉ်းစား၍မရ။
နယ်စားလွီတို့ အလောင်းထိန်းဂိုဏ်းကို ဂုဏ်ပြုရန်ပြင်နေစဉ် ဂိုဏ်းချုပ်လူအော်ဟစ်ရယ်မောသံကိုကြားရသည်။ ခြောက်ကပ်အေးစက်သည့် ရယ်မောသံဖြစ်သည်။ သူ့ပုံမှန်ဟန်ပန်နှင့် များစွာကွာခြားသည်။
"နောက်ဆုံးတော့ ကူးဖြတ်ခြင်းအဆင့်ကို ပြန်ရောက်လာပြီပေါ့...ဟားဟားဟားဟား"
"နေဦး...မင်းက လူပါချန်းမဟုတ်ဘူး။ မင်းဘယ်သူလဲ"
မူမမှန်ကြောင်း နယ်စားလွီ ချက်ချင်းရိပ်စးမိ၍ အော်ဟစ်လိုက်သည်။ သူ့စိတ်ထဲ မကောင်းသည့်နိမိတ်ကို ခံစားနေရသည်။
ဝူယွီထောင်နှင့် အရှင်စန်းလဲ့တို့က 'ဂိုဏ်းချုပ်လူ'ကို ဂုဏ်ပြုကြသည်။
"တာအိုရှင်ဝူကျိ အောင်မြင်စွာအဆင့်တက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
ထိုစကားကြောင့် အကြီးအကဲကိုင် မျက်လုံးပြူးသွားပြီး မယုံနိုင်အောင်ဖြစ်နေသည်။
"ဝူကျိလား...အရှင်ဝူကျိလား။ ကဝေအလောင်းဂိုဏ်းရဲ့ အရှင်ဝူကျိပေါ့"
ကဝေအလောင်းဂိုဏ်း ထိပ်တန်းဂိုဏ်းတစ်ခုအဖြစ်သတ်မှတ်ခံရသည်မှာ ကူးဖြတ်ခြင်းအဆင့် အရှင်ဝူကျိရှိနေသောကြောင့်သာဖြစ်သည်။
အစောပိုင်းကတိုက်ပွဲတွင် အကြီးအကဲကိုင် တွေးမရခဲ့။ သမိုင်းမှတ်တမ်းများက အရှင်ဝူကျိ ဘယ်ရောက်နေမှန်းမသိကြောင်း ဖော်ပြထားသည်။ နှစ်ရှည်အိပ်စက် မဟာကပ်တွင် ပြန်ရှင်သန်ရန် စောင့်နေခြင်းဖြစ်သည်ဟု ခန့်မှန်းထားသည်။
ထိုသို့ဆိုလျှင် ဘာကြောင့် ကဝေအလောင်းဂိုဏ်းမှ စုစည်းခြင်းကျင့်ကြံသူများသာ တိုက်ခိုက်နေခဲ့သနည်း။ အရှင်ဝူကျိက ဘယ်ရောက်နေသနည်း။
ယခု ရှင်းသွားသည်။ အရှင်ဝူကျိသည် သူတို့မျက်စိရှေ့တွင် တစ်ချိန်လုံးရှိနေခဲ့သည်။
မဟာယုဘက်တွင် ကူးဖြတ်ခြင်းအဆင့်သုံးယောက် ဖြစ်လာသဖြင့်။ ချိုးကျင်အန်း ပိုစိုးရိမ်လာသည်။
ကိုးငရဲဂိုဏ်းချုပ် အံတင်းတင်းကြိတ်၍ ဂိုဏ်းချုပ်လူခန္ဓာကိုယ်ကိုယူထားသည့် အရှင်ဝူကျိကို စိုက်ကြည့်သည်။
ဟွမ်မင်နှင့်မန်ထန်က ဤကိစ္စကိုရှင်းပြသွားပြီးဖြစ်သည်။ မဟာယုကူးဖြတ်ခြင်းအဆင့်များကို ရင်ဆိုင်တိုက်ခိုက်ရန် သူဆုံးဖြတ်ခြင်းမှာ ထိုအကြောင်းကြောင့်လည်းပါသည်။
အလောင်းထိန်းသမားများ လက်ကိုင်ထားသည့် သေခြင်းရှင်ခြင်းအမြင်ကြောင့် ကိုးရဲဂိုဏ်း၏ ဂိုဏ်းတည်ဘိုးဘေးသည် အလောင်းထိန်းဂိုဏ်းမှလာသည်ဟု ကောလဟာလများရှိသည်။
ကောလဟာလသာဖြစ်သည်။ သို့သော် တစ်ခုတော့ သေချာသည်။ အလောင်းထိန်းသမားများ၏ သေခြင်းရှင်ခြင်းအမြင်က ကိုးငရဲဂိုဏ်းအမြင်နှင့် အတော်ဆင်တူသည်။ ထို့ကြောင့်လည်း အလောင်းထိန်းသမားများကို ကိုးငရဲဂိုဏ်းက လေးစားကြခြင်းဖြစ်သည်။
ယခု အလောင်းထိန်းဂိုဏ်းချုပ်ကို အရှင်ဝူကျိက ဝင်ပူးကပ်နေသဖြင့် ကိုးငရဲဂိုဏ်းချုပ် ဒေါသထွက်သည်။
အစက ချိုးကျင်အန်းနှင့်ပေါင်းပြီး အရှင်ဝူကျိ ကူးဖြတ်ခြင်းအဆင့်မတက်ခင် ဝူယွီထောင်ကို မြန်မြန်ကိစ္စတုံးဖို့ ရည်ရွယ်ခဲ့သည်။
သို့သော် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာ။ အရှင်စန်းလဲပေါ်လာသည်။ အရှင်ဝူကျိလည်း မျှော်လင့်ထားသည့်ထက်စော၍ အဆင့်တက်ခဲ့သည်။
မဟာယုဘက်မှ အင်အားတောင့်လာပြီဖြစ်၍ လောဘကြီးပြီး ရက်စက်ကြမ်းတမ်းသည့် ဝူယွီထောင်၏စရိုက်မှန် ပေါ်လာသည်။
"နယ်စားလွီ၊ နိုင်ငံ့ကံကြမ္မာ လက်လွဲပေးဖို့ ငါမင်းကို အခွင့်အရေး ပေးခဲ့တယ်။ မင်းက လက်မခံဘူးဆိုတော့လည်း အားသုံးပြီး ယူရတော့မှာပေါ့"
စကားဆုံးသည်နှင့် ကူးဖြတ်ခြင်းအဆင့်သုံးယောက် နယ်စားလွီကို တစ်ပြိုင်တည်းတိုက်ခိုက်သည်။ ဟန်ရွှေမြို့ထဲမှ ဝိညာဉ်စွမ်းအားများ ပြင်းထန်စွာ လှုပ်ရှားလာသည်။ ထိုတိုက်ပွဲက ကမ္ဘာ့အဆုံးသတ်ဟုပင် ထင်ရသည်။ နယ်စားလွီ သေလုမျေားပါး ဖြစ်သွားသည်။
နိုင်ငံ့ကံကြမ္မာစွမ်းအားက သူ့ကိုကယ်တင်ခဲ့၍သာ တော်သေးသည်။ မဟုတ်လျှင် ထိုတိုက်ခိုက်မှုတစ်ခုတည်းဖြင့် သူချက်ချင်းသသွားလိမ့်မည်။
နယ်စားလွီ လုယန်ဘေးမှ မြေပေါ်သို့ ပြုတ်ကျလာသည်။
လုယန် မျက်ခုံးလှုပ်သွားသည်။ အခြေအနေက ဆိုးသထက်ဆိုးလာသည်။ မဟာယုဘက်တွင် ကူးဖြတ်ခြင်းအဆင့်သုံးယောက်ရှိသည်။ စွမ်းအားကွာခြားချက်က ကြီးမားလွန်းသည်။
"ဒါက နိုင်ငံ့ကံကြမ္မာစွမ်းအားပဲဖြစ်မယ်။ ဒီတိုက်ကွက်နဲ့တောင် မင်းကိုမသတ်နိုင်ဘူးပဲ။ အခု နိုင်ငံ့စွမ်းအားကို ငါပိုပြီးတောင်လိုချင်လာပြီ။ ဒီစွမ်းအားနဲ့ ငါ့ရဲ့ကျားနဲ့နဂါးစွမ်းအင်ရောင်ကို ဘယ်လောက်အသွင်ပြောင်းနိုင်မလဲ သိချင်နေပြီ"
နတ်စားလွီ အတင်းကြိုးစားထရပ်ရင်း နှာခေါင်းတစ်ချက်ရှုံ့သည်။ သေဖို့အတွက် သူအသင့်ပြင်ထားပြီးဖြစ်သည်။
"ငါ့ကိုသတ်ရုံနဲ့ နိုင်ငံ့စွမ်းအားကို ရမယ်ထင်နေလား။ ရူးပါ့ကွာ၊ ငါသေရင်တောင် ဒီစွမ်းအားက သူ့မူလနေရာကို ပြန်သွားမှာကွ။ တစ်စွန်းတစ်စလေးတောင် မင်းရမယ်မထင်နဲ့"
"အဲလိုလား"
အရှင်ဝူကျိ လှောင်ပြုံးပြုံး၍ မှော်အဆောင်တစ်ခု ဆွဲထုတ်လိုက်သည်။
"ငါဘာလို့ ဒီခန္ဓာကိုယ်ကို ဝင်ပူးကပ်ထားလဲသိလား"
"ဝိညာဉ်ဖျက်အဆောင်..."
နယ်စားလွီ ထိုအဆောင်အကြော်ငးသိသည်။ သူ့ဘဝအဆုံးသတ်တော့မည်ဟု ခံစားနေရသည်။ ထိုမှော်အဆောင်သည် သရဲအန္တရာယ်ကို ဖြေရှင်းရန် နယ်ခံအစိုးရအဖွဲ့နှင့် အလောင်းထိန်းဂိုဏ်း ပူးပေါင်း၍ အရေးပေါ်ဖန်တီးထားခြင်းဖြစ်သည်။ ဝူကျိလက်ထဲမှ မှော်အဆောင်က အဆင့်မြင့်သည်။ စွမ်းအားပိုမြှင့်ထားသည်။ အရိုင်းနယ်မြေတံဆိပ်အမှတ်အသားပင် မှော်အဆောင်ပေါ်တွင်ပါသည်။
သို့သော် ထိုအဆောင်နှင့် ဝူကျိဘာလုပ်ဖို့ ကြံနေသည်ကို သူသေချာနားမလည်။
အရှင်ဝူကျိ မှော်အဆောင်ကိုမြှောက်လိုက်သည်။ ဟန်ရွှေ့မြို့ထဲတွင် အလင်းစက်များစွာပေါ်လာသည်။ ထိုနေရာအားလုံးက ဝိညာဉ်ဖျက်မှော်အဆောင် အသုံးပြုခဲ့သည့် နေရာများဖြစ်သည်။
"မဟာမှော်စက်ဝန်း၊ နိုးထစမ်း"
ဝူကျိလက်ထဲမှ မှော်အဆောင် မီးလောင်သွားသည်။ မြို့ထဲမှ အလင်းစက်များ ပိုတောက်ပလာပြီး ခမ်းနားသည့်မှော်စက်ဝန်းကြီးတစ်ခုအဖြစ် အချင်းချင်းချိတ်ဆက်သွားသည်။ ခန္ဓာကိုယ်ထဲမှ နိုင်ငံကံကြမ္မာစွမ်းအား တဖြေးဖြေးယိုစိမ့်သွားလာသည်ကို နယ်စားလွီခံစားနေရသည်။ ပိုင်ရှင်မဲ့စွမ်းအင်လို ဖြစ်လာသည်။
"ဒီအချိန်ရောက်ဖို့ ဒီခန္ဓာကိုယ်ကိုဝင်ပူးပြီး အချိန်အကြာကြီး ငါဒုက္ခခံခဲ့တာကွ"
အရှင်ဝူကျိ အော်ဟစ်ရယ်မောနေသည်။ သူ့ရယ်သံက ဟန်ရွှေ့မြို့အနှံ့ ပဲ့တင်ထပ်သွားသည်။
"အရင်နယ်စား ရာထူးပြုတ်သွားတဲ့အချိန်မှာ မဟာရှားရုံးတော်က အရိုင်းနယ်မြေအင်အားစုတွေကို မယုံကြည်တော့ဘူး။ နယ်စားသစ်ဖြစ်တဲ့မင်းက ငါတို့အလောင်းထိန်းကိုပဲ ယုံကြည်အားကိုးရတော့မှာလေ။ သရဲအန္တရာယ်ကို ငါတို့အလောင်းထိန်းဂိုဏ်းပဲ ဖြေရှင်းနိုင်စွမ်းရှိတာမဟုတ်လား။
ဝိညာဉ်ဖျက်အဆောင်ကို အလောင်းထိန်းဂိုဏ်းနဲ့ မင်းတို့အစိုးရအဖွဲ့ ပူးပေါင်းဖန်တီးခဲ့တာ။ အဆောင်ထဲမှာ အစိုးရအဖွဲ့ရဲ့ ဆန္ဒစွမ်းအင်ပါတယ်။ အရိုင်းနယ်မြေတံဆိပ်အမှတ်အသားကြောင့် ဒီစွမ်းအင် ပိုအားကောင်းလာတယ်။
သရဲတွေကို မြို့ထဲမှာ ငါနေရာချတယ်။ ငါ့တပည့်တွေကို မှော်အဆောင်သုံးပြီး သရဲတွေရှင်းလင်းခိုင်းတယ်။ မှော်အဆောင်က သရဲစွမ်းအင်ရောင်နဲ့ ပေါင်းစပ်သွားတော့ မှော်စက်ဝန်းဆုံမှတ်တစ်ခုဖြစ်လာတယ်လေ"
မှော်စက်ဝန်းပညာရှင်တို့၏ သုံးသပ်ချက်အားလုံး မှားယွင်းနေသည်။ ဟန်ရွှေ့မြို့ထဲရှိ မှော်စက်ဝန်းသည် သရဲများကို ဆုံမှတ်အဖြစ်သုံးခြင်းမဟုတ်သလို ယင်နှင့်ယန်ကို မျှခြေဖျက်ဆီးခြင်းလည်းမဟတု်။ ဝိညာဉ်ဖျက်အဆောင်များသုံး၍ တည်ဆောက်ထားခြင်းဖြစ်သည်။
သို့သော် မှော်စက်ဝန်းပညာရှင်များက ဝိညာဉ်ဖျက်အဆောင်များရှိကြောင်းပင်မသိကြ။ ထို့ကြောင့် မှော်အဆောင်ကိစ္စကို ဘယ်သူမှ အာရုံမစိုက်မိ။
"မှော်အဆောင်နဲ့ သရဲရှင်းတဲ့ကိစ္စဟာ မင်းတို့အစိုးရအဖွဲ့ရဲ့ ဆန္ဒပဲ။ ဒီတော့ ဒီမှော်စက်ဝန်းကလည်း မင်းတို့ရဲ့ ဆန္ဒပဲလေ။ အစိုးရက နိုင်ငံ့ကံကြမ္မာစွမ်းအားကို သူတို့သဘောဆန္ဒအရ စွန့်လွှတ်နေသလို ဖြစ်သွားတာပေါ့ကွာ"
အရှင်ဝူကျိ လှောင်ပြုံးပြုံးသည်။ နိုင်ငံတစ်ခု၏ကံကြမ္မာစွမ်းအားကို ပိုင်ရှင်မဲ့ဖြစ်အောင်လုပ်ဖို့ အလွန်ခက်ခဲသည်။ နိုင်ငံအုပ်ချုပ်သူများ၏ ကိုယ်ပိုင်သဘောဆန္ဒဖြင့် စွန့်လွှတ်ဖို့လိုသည်။
နိုင်ငံ့ကံကြမ္မာစွမ်းအားကိုရဖို့ ထိုဖြစ်ရပ်အာလုံးကို သူစီစဉ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့စွမ်းအား ယိုစိမ့်ထွက်သွားပြီး ပိုင်ရှင်မဲ့ဖြစ်လာသည်ကို ခံစားမိသဖြင့် နယ်စားလွီ စိတ်ပျက်သွားသည်။ သူ့ထက်အတွေ့အကြုံပိုရှိသည့် နယ်စားတစ်ယောက်ဆိုလျှင် ထိုအမှားမျိုး လုပ်မိမည်မဟုတ်။
"နိုင်ငံ့ကံကြမ္မာစွမ်းအား သူတို့လက်ထဲအရောက်ခံလို့မဖြစ်ဘူးဟေ့"
ချိုးကျင်အန်းနျင့် ကိုးငရဲဂိုဏ်းချုပ် ချက်ချင်းတိုက်ခိုက်ကြသည်။
"တာလော်သုံးထပ်စွမ်းအား"
"ကောင်းကင်ပြစ်ဒဏ်မိုးကြိုး"
"အလောင်ချီ မိုင်တစ်ထောင်ဖြန့်"
ကူးဖြတ်ခြင်းအဆင့်သုံးယောက် ပြိုင်တူတိုက်ခိုက်ကြသည်။ ချိုးကျင်အန်းနှင့် ကိုးငရဲဂိုဏ်းချုပ် လွင့်ထွက်သွားပြီး သွေးချောင်းအဆက်မပြတ်ဆိုးနေကြသည်။
အလင်းလိုလို ရေလိုလိုအရာတစ်ခု နယ်စားလွီခန္ဓာကိုယ်မှ အမျှင်အချပ်များအဖြစ် လေထဲသို့ လွင့်ပျံထွက်လာသည်။
လိုချင်နေခဲ့သည့် နိုင်ငံကံကြမ္မာစွမ်းအားကို မြင်လိုက်ရသဖြင့် ဝူယွီထောင် လက်ကိုဆန့်ထုတ်ပြီး မိုးမြေလက်ဝါးဖြင့် နယ်စားလွီကို ဖိချလိုက်သည်။
ထို့ပြင် လုယန်တို့လည်း နယ်စားလွီဘေးတွင် ကပ်လျက်ရှိနေခြင်းဖြစ်သည်။
"နိုင်ငံ့ကံကြမ္မာစွမ်းအားက ငါ့ဟာပဲကွ"
"ဒီမသေမျိုးလည်း နိုင်ငံ့ကံကြမ္မာစွမ်းအားကို အတော်သဘောကျနေတယ်။ ငါ့ကိုအရင်သုံးခွင့်ပေးပါလား"
ကြည်လင်ပြတ်သားသည့် မခိုးမခန့်လေသံတစ်ခု မိုးမြေကြားတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ဘယ်နေရာက ထွက်လာသည်ကို ခန့်မှန်းမရ။
လူတစ်ယောက် နယ်စားလွီနှင့်လက်ဝါးရိပ်၏ကြားတွင် ဖျတ်ခနဲ ပေါ်လာသည်။ နိုင်ငံ့ကံကြမ္မာစွမ်းအင်အားလုံးကို ဖြူဖွေးသေးသွယ်သည့် သူ့လက်ကိုဆန့်ထုတ်၍ စုပ်ယူလိုက်သည်။
"နင်ကဒါကို မိုးမြေလက်ဝါးလို့ခေါ်တာလား"
မိန်းကလေးက လှောင်ပြုံးပြုံး၍ ဝူယွီထောင်၏လက်ဝါးရိပ်ကို ရိုက်ဖယ်လိုက်သည်။ ဝူယွီထောင် သူ့လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ့လက်က ထိန်းချုပ်မရအောင် တုန်ခါနေသည်။ မျက်လုံးတွင် ထိတ်လန့်ရိပ်သန်းလာသည်။
ထိုမိန်းကလေးတစ်ကိုယ်လုံး နိုင်ငံ့စွမ်းအားဖုံးလွှမ်းနေသည်။ မျက်နှာကို သဲသဲကွဲကွဲမမြင်ရ။ ကိုယ်ဟန်ကျောါရှင်းသည်။ ဖြူဖွေးသည့်ခြေအစုံက ဖိနပ်မပါခြေဗလာ။ မိုးကျနတ်မယ်တစ်ပါးလို တင့်တယ်သည်။ စွမ်းအားကြီးသည်။ မြင်သူတိုင်း ရှိခိုးချင်စိတ်ပေါ်လာနိုင်သည်။
"မင်းဘယ်သူလဲ"
ထူးဆန်းသည်မိန်းကလေးကို ဝူယွီထောင် စိုက်ကြည့်နေသည်။ ထိုမိန်းကလေးသည် အသိခက်သည့် ချောက်နက်တစ်ခုနှင့်တူသည်။ ခန့်မှန်းမရ။
သူ့လက်ကို ရိုက်ထုတ်လိုက်သည့်စွမ်းအားသည် ကူးဖြတ်ခြင်းအခြေခံအဆင့်ထက်မပို။ သို့သော် စွမ်းအားထိန်းချုပ်ပုံက သူ့ထက်များစွာသာနေသည်။
ဘယ်လိုမှ ဖြစ်နိုင်စရာမရှိ။
မိန်းကလေးက ဝူယီထောင်ကို အထင်မကြီးဟန်ဖြင့် လှမ်းကြည့်သည်။ သူ့နှုတ်ခမ်း မပွင့်တပွင့်ဟသွားပြီး သူ့နာမည်ကို ကြေညာသည်။
"ဒီမသေမျိုးဟာ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ မဟာကောင်းကင်အဓိပဓိ တိုက်ပွဲအရှင်ပဲ"
*******************************************