← Chapters

မမြင်ဖူးတာမရှိ

Vol. 30 Ch. 448

မမြင်ဖူးတာမရှိ

Vol. 30 Ch. 448

ရှေးခေတ်မသေမျိုးတစ်ယောက်၊ ကူးဖြတ်ခြင်းအင့်သုံးယောက်နှင့် ရွှေသန္ဓေအဆင့်တစ်ယောက်။ လုယန်၏ သိစိတ်နယ်မြေ အတော်စည်ကားနေသည်။

သူ့သိစိတ်နယ်မြေ လူကြပ်လွန်းနေသလားဟု လုယန်ထင်မိသည်။

ထို့ပြင် သူ့သိစိတ်နယ်မြေဟုဆိုသော်လည်း ထိုအခန်းကို နတ်မယ်က အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်နှင့် လုံးဝမလိုက်ဖက်သည့် နူးညံ့သည့်ပန်းရောင်ပတ်ဝန်းကျင်မျိုး ဖန်တီးထားသည်။

ယခု သိစိတ်နယ်မြေသခင်မဖြစ်သည့် ထာဝရနတ်မယ် အကျဉ်းသားသုံးယောက်ကို ဩဝါဒချွေနေသေည်။

"နင်တို့သုံးယောက် လိမ်လိမ်မာမာနေတာ ပိုကောင်းမယ်။ ဒီနေရာက ငါ့ထိန်းချုပ်နယ်မြေပဲ။ လုယ်ဆိုတဲ့ ဒီကောင်လေးက ငါ့ကာကွယ်မှုအောက်မှာရှိတဲ့ ထာဝရမျိုးဆက်ရဲ့ ဒုခေါင်းဆောင်ပဲ။ ငါ့ကိုဆက်ဆံသလို သူ့ကိုဆက်ဆံပါ၊ နားလည်တယ်နော်"

တင်ပါးပေါ်လက်ထောက်ပြိး ပြောနေပုံက လူချမ်းသာမိသားစုမှ ဂုဏ်မောက်သည့် သခင်မလေးတစ်ယောက်နှင့် တူနေသည်။

အဆုံးစမဲ့ကြွယ်ဝမှုနှင့် စည်းစိမ်ချမ်းသာများကို ခံစားခဲ့သည့် ကူးဖြတ်ခြင်းအဆ်င့ ဝူယွီထောင်တို့ ကြပ်သိပ်နေသည့် ဤသိစိတ်နယ်မြေထဲတွင် ဒူးထောက်၍ နတ်မယ်ဆူပူငေါက်ငမ်းသည်ကို နားထောင်နေကြရသည်။

အထူးသဖြင့် ခြောက်ဆက်မြောက်အင်ပါယာဖြစ်ခဲ့သည့် ဝူယွီထောင် သူ့အဖြစ်သူ အရှက်ကြီးရှက်နေသည်။

သုံးယောက်သား အချင်းချင်းကြည့်ကြသည်။ ဝူယွီထောင်ပင် အရင်လို ခမ်းနားထည်ဝါမှုမျိုးမရှိတော့။

သို့သော် သူတို့ဘယ်လိုမှမယှဉ်နိုင်။ ဘာမှမတတ်နိုင်ကြ။

သူတို့နိုးထလာသည့်ရည်ရွယ်ချက်က မသေမျိုးဖြစ်သည်။ သို့သော် ထာဝရနတ်မယ်က မသေမျိုးဖြစ်နေပြီးဖြစ်သည်။ ကွာခြားချက်က တိုင်းတာမရအောင် ကြီးမားသည်။

ထို့ပြင် ဤတိုက်ပွဲအရှင်ဘယ်လိုနောက်ခံရှိမှန်းမသိကြ။

သူတို့ဘယ်လောက်ကြိုးစားတွေးတွေး ရှေးဟောင်းခေတ်မသေမျိုးလေးယောက်နှင့် နတ်မယ်ကို ယှဉ်မတွေးမိကြ။

လုယန် သိစိတ်နယ်မြေမှ စိတ်အေးလက်အေး ထွက်လိုက်သည်။ နတ်မယ်ရှိနေလျှင် ကူးဖြတ်ခြင်းအဆင့်သုံးယောက် ပြဿနာရှာနိုင်မည်မဟုတ်။

ထိုသုံးယောက်ကို အဆင့်တူချင်းဆိုလျှင်ပင်ပင် သူနှိပ်ကွပ်နိုင်သည်။

အပြင်ဘက်တွင် ဂိုဏ်းချုပ်လူ ဒေါင်‌ဒေါင်မြည်အခြေအနေဖြစ်နေသဖြင့် အားလုံးပျော်ရွှင်နေကြသည်။ ချိုးကျင်အန်းနှင့်နယ်စားလွီက ဝူယွီထောင်တို့သုံးယောက်ကို မဖမ်းလိုက်နိုင်သဖြင့် နည်းနည်းစိတ်မသက်မသာဖြစ်နေသည်။

သုံးယောက်လုံး လုယန်စိတ်နယ်မြေတွင် အကျဉ်းသားဘဝရောက်နေသည်ကို သူတို့မသိကြ။

"ဝူယွီထောင်တို့ကို မဖမ်းလိုက်နိုင်တာ ဆိုးတာပဲ။ ဖမ်းနိုင်ခဲ့ရင် တကယ့်အောင်ပွဲကြီးဖြစ်မှာ"

"စိတ်မကောင်းမဖြစ်ပါနဲ့လေ။ နိုင်ငံ့ကံကြမ္မာနဲ့ ဟွမ်ရွှေမြို့တော် မထိခိုက်တာတောင် အတော်ကံကောင်းနေပါပြီ"

လုယန်စဉ်းစားသည်။ ထာဝရနတ်မယ်က ထိုသုံးယောက်ကို ဘာကြောင့်ချက်ချင်းဖန်းပြီး ချိုးကျင်အန်းလက်ထဲသို့ မအပ်သနည်း။ တမင်လွှတ်ပေးပြီးမှ ပြန်သွားဖမ်းပြီး သိစိတ်နယ်မြေထဲသို့

အကြောင်းရင်း သုံးခုရှိနိုင်သည်။

တစ်အချက်၊ ချိုးကျင်အန်းတို့သည် ကူးဖြတ်ခြင်းအဆင့်သုံးယောက်ကို ထိန်းချုပ်နိုင်စွမ်း မရှိလောက်။

နှစ်အချက်၊ ချက်ချင်းဖမ်းလျှင် နတ်မယ်၏သရုပ်မှန် ပေါ်သွားနိုင်သည်။

သုံးအချက်၊ ကိုယ့်ဘာသာဖမ်းထားခြင်းသည် နယ်စားလွီနှင့်ချိုးကျင်အန်းလက်ထဲသို့ လွှဲပေးခြင်းထက် ပိုအကျိုးအမြတ်ရသည်။ ဂိုဏ်းသို့ပြန်ပြီး ကျိုးဆောင်မှတ်နှင့်လဲလှယ်နိုင်သည်။

နတ်မယ်စရိုက်အရ နံပတ်သုံးအချက်ကိုသာ စဉ်းစားခဲ့ခြင်းဖြစ်လောက်သည်။

လူအုပ်ထဲမှ မုန်ကျင်းကျိုးကို ချိုးကျင်အန်း သတိထားမိသဖြင့် လှမ်းခေါ်သည်။

"ငါမင်းခန္ဓာကိုယ်ကို ငှားမသုံးခင်က ဓာတ်ငါးမျိုးပညာတစ်ခုသင်ပေးမယ်လို့ ပြောထားတယ်။ မင်းအားတဲ့အချိန် ဓာတ်ငါးမျိုးဂိုဏ်းကို လာသင်ပါ"

လောင်ပါးကို ကျိန်စာလက်သီးထိုးဖို့ မုန်ကျင်းကျိုးခန္ဓာကိုယ်ကိုငှားခဲ့သည်။ ဓာတ်ငါးမျိုးပညာသင်ပေးမည်ဟု ကတိပေးခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ကျိန်စာသင့်ပြီး အရိုင်းနယ်မြေသို့ ခရီးထွက်လာရင်း မဟာယုကျင့်ကြံသူများ ပြဿနာရှင်းနေရသဖြင့် သူမအားလပ်ခဲ့။ ယခုမှ ပြောဖို့အချိန်ရသည်။

တိုက်ပွဲပြီးသွားသော်လည်း ရှင်းလင်းစရာကိစ္စများစွာ ကျန်သေးသည်။ မြို့ထဲတွင်ရှိနေသည့် သရဲများပြဿနာရှင်းဖို့၊ ပုန်းကွယ်နေသည့် မဟာယုကျင့်ကြံသူများရှိမရှိ စစ်ဆေးဖို့၊ လူထုကို တည်ငြိမ်အောင်ထိန်းဖို့ စသဖြင့် လုပ်စရာအတော်များသည်။

ချိုးကျင်အန်း ခဏဆက်နေပြီး နယ်စားလွီကို ကူညီရဦးမည်။

ပြီးခဲ့သည့် တိုက်ပွဲတွင် ထာဝရနတ်မယ်က သူ့နတ်စွမ်းအားကို ထုတ်ပြခဲ့သဖြင့် ယင်အလောင်းတောင်တန်းနှင်း အလောင်းထိန်းဂိုဏ်းဌာနချုပ်နှင့် နှစ်သောင်းချီစုစည်းထားသည့် ယင်ဓာတ်များ ပျက်စီးသွားသည်။

သို့သော် ကူးဖြတ်ခြင်းတစ်ပိုင်းအဆင့်် လူပါချန်းရှိနေသဖြင့် မကြာမီ နဂိုပုံစံအတိုင်း ပြန်ဖြစ်လာလောက်ပါသည်။

တကယ်တမ်းပြောရလျှင် "ကူးဖြတ်ခြင်းအကြိုအဆင့်"နှင့် "ကူးဖြတ်ခြင်းတစ်ဝက်အဆင့်"သည် အဓိပ္ပါယ်အားဖြင့် အတူတူဖြစ်သည်။

(** ခန္ဓာကိုယ်သာ ကူးဖြတ်ခြင်းအဆင့်ရှိသည့် ဂိုဏ်းချုပ်လူပါချန်းအဖြစ်ကို ရည်ညွှန်းပါသည်)

မုန်ကျင်းကျိုး၏ ကျိန်စာကိစ္စ ဖြေရှင်းပြီးဖြစ်၍ အရိုင်းနယ်မြေမစ်ရှင် ပြီးဆုံးသွားသည်။ လုယန်တို့လည်း ကျောက်ပိုကိုနှုတ်ဆက်၍ မြင်းရထားဖြင့် တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ကြသည်။

သူတို့ထွက်မသွားမီ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက် ဟန်ရွှေ့မြို့သို့ရောက်လာသည်။ နောက်လိုက်စစ်သည်များစွာ ပါလာသည်။ အားလုံးရွှေသန္ဓေအဆင့်ဖြစ်၍ ကောင်းကင်မှပျံသန်းလာကြသည်။

မဟာရှားနှင့် ရွှေဗုဒ္ဓနယ်မြေကြား နယ်ခြားတွင် တပ်စွဲထားသည့် စစ်သည်များဖြစ်သည်။ ခေါင်းဆောင်က ကူးဖြတ်ခြင်းအဆင့် တပ်မှူးတစ်ယောက်ဖြစ်သည်။ 'စည်းမျဉ်း'များ ကျိုးပျက်သွားချိန်တွင် ဟန်ရွှေမြို့ မူမမှန်သည်ကို ချက်ချင်းရိပ်မိပြီး တပ်ဖွဲ့အင်အားဖြင့် ချီတက်လာခြင်းဖြစ်သည်။

သို့သော် သူတို့ခြေတစ်လှမ်းနောက်ကျသွားသည်။ နတ်မယ်က ပြဿနာကို တိတ်တဆိတ်ဖြေရှင်းပြီးဖြစ်နေသည်။

"ခုနက လူတွေအများကြီးရှိလို့ ငါမမေးရဲဘူး။ တိုက်ပွဲမှာပေါ်လာတာ မင်းကိုယ်ထဲက ထာဝရနတ်မယ်လား"

မုန်ကျင်းကျိုး သိချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် မေးသည်။

ထာဝရနတ်မယ်ပြန်ရှင်သန်ချိန်တွင် မုန်ကျင်းကျိုး၊ အရိုးရိုင်းနှင့် မြင်းအိုတို့အားလုံး ကိုယ်တွေ့မြင်ခဲ့သည်။

အပြင်လူများမရှိသဖြင့် လုယန်ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်။ အဲဒါသူပဲ"

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ အံ့ဩတုန်လှုပ်သွားကြသည်။ နတ်မယ်က ကူဖြတ်ခြင်းအခြေခံစွမ်းအားဖြင့် ဝူယွီထောင်တို့ကို အလွယ်တကူ အနိုင်ယူခဲ့သည်ကို သူတို့မြင်ခဲ့သည်။

အဆင့်တူခြင်းတွင် ပြိုင်ဘက်ကင်းသူ။

ထာတရနတ်မယ်ထိုမျှစွမ်းအားကြီးမည်ဟု မုန်ကျင်းကျိုးထင်မထား။

လုယန်ကို အားကျသည့်မျက်လုံးဖြင့် ကြည့်နေသည်။ လုယန်၏တိုက်ပွဲစွမ်းအား အံ့မခန်းဖြစ်နေခြင်းသည် နတ်မယ်လမ်းညွှန်ချက်ကြောင့်ဖြစ်မည်ဟု သူတွေးနေသည်။

"တိုက်ခိုက်ရုံတင်မဟုတ်ပါဘူး။ သူက အဲဒီ့ဝိညာဉ်တွေကိုဖမ်းပြီး အခုငါ့စိတ်နယ်မြေထဲမှာ ထည့်ထားတယ်"

မုန်ကျင်းကျိုးနှင့် အရိုးရိုင်း အံ့ဩမဆုံးဖြစ်နေစဉ် မြင်းရထားက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။

အေးအေးလူလူသွားနေသည့်မြင်းအိုက လေဟာနယ်မှော်ပညာသုံးပြီး ခွာလေးဘက်ကို အမြန်လှုပ်ရှား၍ တာအိုလမ်းစဉ်ဂိုဏ်းသို့ အမြန်ဆုံးရောက်အောင် ပြေးလွှားနေခြင်းဖြစ်သည်။

သူနှေးနှေးနှေးကွေးကွေးလုပ်မနေရဲတော့။ သူဆွဲသည့်မြင်းရထားတွင် ရွှေသန္ဓေအဆင့်သုံးယောက်သာ ပါလာသည်မဟုတ်။ ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်သုံးခုလည်းပါလာသည်။ သူမြန်မြန်ပြန်မှဖြစ်မည်။

မြင်းအို၏ ပြင်းထန်သည့် စိတ်အားထက်သန်မှုကြောင့် သူတို့သုံးယောက် အချိန်တိုအတွင်း ပြန်ရောက်လာသည်။ မြင်းအိုလည်း အန္တရာယ်ကင်းသွားပြီဟု ခံစားလိုက်ရသဖြင့် သက်ပြင်းချသည်။

"မင်းတို့နှစ်ယောက် သွားနှင့်ပါ။ ငါမစ်ရှင်ခန်းမကိုသွားပြီး အကိုတိုင်ဆီ သတင်းပို့လိုက်ဦးမယ်"

လုယန် မုန်ကျင်းကျိုးနှင့် အရိုးရိုင်းကို နှုတ်ဆက်၍ မစ်ရှင်ခန်းမသို့ ဦးတည်လိုက်သည်။

မစ်ရှင်ခန်းမ ရှေ့စားပွဲမှ အမတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး သူမေးလိုက်သည်။

ထိုအမက သူ့ကိုသိနေသည်။ အရင်က သူတို့နှစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ဖူးသည်။

"အမထန်၊ အကိုတိုင်ရှိလား။ ကျုပ်ခရီးစဉ်ကနေ သိလာတာလေးတွေ သတင်းပို့စရာရှိလို့ပါ"

"အကိုတိုင်မရှိဘူး။ မဟာအကြီးအကဲပါတယ်။ သူဆီသတင်းပို့လို့ရတယ်"

တာဝန်ခံအစစ်ဖြစ်သည့် မဟာအကြီးအကဲကိုယ်စား တိုင်ပုဖန် မစ်ရှင်ခန်းမကို စီမံနေခဲ့သည်ကို သူပြန်သတိရလာသည်။

"ကောင်းပြီလေ"

"အကိုတိုင်မသွားခင်က မှာခဲ့တယ်။ မင်းတစ်ခုခု အရေးတကြီးသတင်းပို့စရာရှိရင် တိုက်ရိုက်ဝင်သွားလို့ရတယ်တဲ့"

လုယန်ခေါင်းငြိမ့်၍ ကျေးဇူးတင်စကားဆိုပြီး မစ်ရှင်ခန်းမထဲသို့ဝင်သွားသည်။

...

အချိန်အတော်ကြာမှ မစ်ရှင်ခန်းမသို့ပြန်လာသည့် မဟာအကြီးအကဲက သတင်းအစီရင်ခံစာမျိုးစံကို ခွဲခြားစီစစ်၍ မစ်ရှင်အဆင့်များနှင့် အန္တရာယ်များကို သုံးသပ်ပြီး အနာဂတ်အလားအလာများကို ခန့်မှန်းတွက်ချက်နေသည်။

"အင်း..ရှောင်တိုင်က အဘိုးကြီးတစ်ယောက်ရဲ့စိတ်ခံစားချက်ကို မသိဘူးပဲ"

မျက်လုံးကိုပွတ်၍ ညည်းညူရင်း မဟာအကြီးအကဲ ထိုင်ခုံကိုမှီ၍ အနားယူလိုက်သည်။

"မဟာအကြီးအကဲ၊ ဒီမှာရှိနေတာလား"

လုယန်အသံ တံခါးဝမှပေါ်လာသည်။

"ဪ...လုယန်၊ ဝင်ခဲ့လေ"

အကြီးအကဲ ခန္ဓာကိုယ်ပြန်မတ်၍ ဟန်ပန်ကိုထိန်းလိုက်သည်။

တိုင်ပုဖန်ပြောသွားသည့်စကားကို သူပြန်သတိရလာသည်။

"ဆရာ၊ မစ်ရှင်ခန်းမှာထိုင်ရင် လုယန်နဲ့မုန်ကျင်းကျိုးကို သတိထားပါ။ သူတို့သတင်းလာပို့ပြီဆိုရင် တကယ်သတင်းကြီတွေချည်းပဲ။ အံ့ဩမသွားမိစေနဲ့"

ထိုစဉ်က သူရယ်၍သာနေလိုက်သည်။ သူ့စိတ်ထဲလုံးဝမထား။ လုယန်တို့လုပ်နေသည့်ကိစ္စများကို သူသိသည်။ ထာဝရဂိုဏ်းသို့ ဖောက်ဝင်သည်။ ဂိုဏ်းကိုရှင်းလင်းသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းကို တည်ထောင်ပြီး ကိုးငရဲဂိုဏ်းကို လှည့်စားသည်။

ရှောင်တိုင်သည် အသက်ငယ်လွန်းသေးသည်။ လောကအတွေ့အကြုံ သိပ်မစုံသေး။

သို့သော် သူ့လိုသက်တမ်းရင့်ဂိုဏ်းကြီးအကဲတစ်ယောက်ကိုတော့ ထိုကိစ္စများက အံ့ဩအောင်လုပ်နိုင်မည်မဟုတ်။

သူသည် ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်အောက်တွင် စွမ်းအားအကြီဆုံးဖြစ်သည်။ သူမမြင်ဖူးသည့် မဖြေရှင်းဖူးသည့်ကိစ္စ ဘာမှမရှိ။

"လုယန်၊ မင်းတို့ အရိုင်းနယ်မြေကိုသွားတယ်လို့ကြားတယ်။ အခုပြန်လာပြီဆိုတော့ ဘာသတင်းထူးလဲ"

မဟာအကြီးအကဲ လက်ဖက်ရည်ကို အေးအေးလူလူသောက်ရင်း မေးလိုက်သည်။

"ဟုတ်ကဲ့၊ အရိုင်းနယ်မြေမှာ ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်သုံးယောက်ကို ဖမ်းခဲ့ပါတယ်။ အခု ကျုပ်ရဲ့သိစိတ်နယ်မြေထဲမှာ အကျဉ်းချထားတယ်"

"ဖူး..."

***************************************

All Chapters