လုယန်ဆရာဘယ်လောက်စွမ်းမည်နည်း
Vol. 30 Ch. 449
လုယန် မျက်နှာပေါ်စင်ကျလာသည့် လက်ဖက်ရည်များကိုသုတ်၍ ချင်ကျိုးနန်ကို အရိုးခံမျက်နှာဖြင့် ပြန်ကြည့်နေသည်။
"ဘာဖြစ်သွားတာလဲ အကြီးအကဲကျိုး"
ချင်ကျိုးနန် လုယန်ကို သရဲတစ်ကောင်ကိုမြင်နေရသကဲ့သို့ မျက်လုံးပြူး၍ ကြည့်နေသည်။ အသက်ကြီး၍ အကြားအာရုံချို့ယွင်းလာသလားဟု ထင်မိသည်။
နှစ်နှစ်ထောင်ကျော်သက်တမ်းရှိသည် တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲ ကူးဖြတ်ခြင်းအကြိုအဆင့်တစ်ယောက်အနေဖြင့် ထိုအခြေအနေမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။
သူသိသလောက် လုယန်နှင့်မုန်ကျင်းကျိုး အရိုင်းနယ်မြေသို့သွားသည်။ စွမ်းအားမြင့်အကူအညီဟူ၍ မြင်းနဂါးနတ်ဆိုးဘုရင်သာ အဖော်ပါသည်။
ထိုအင်အားမျို ဆယ်ဆပွားလျှင်ပင် ကူးဖြတ်ခြင်းအဆင့်ဝိညာဉ်သုံးယောက်ကို ဖမ်းနိုင်မည်မဟုတ်။
"မင်းဖမ်းခဲ့တာ ဘယ်သူတွေလဲ"
"ဝူယွီထောင်ရယ်၊ အရှင်စန်းလဲ့ရယ်၊ အရှင်ဝူကျိရယ်ပါ"
လုယန် အရိုးခံလေသံဖြင့် လက်ချိုးရေတွက်၍ ပြန်ဖြေသည်။
မဟာအကြီးအကဲ လက်ဖက်ရည်ကို အတော်များများစုပ်သောက်လိုက်သည်။ ထိုသုံးယောက်လုံး မဟာယုခတ်၏ နာမည်ကျော်စွမ်းအားရှင်များဖြစ်သည်။ အထူးသဖြင့် ကျားနဂါးအင်ပါယာစွမ်းအင်ရောင်ပိုင်ဆိုင်သည့် ဝူယီထောင်ကို မဟာယုသမိုင်းရေးဆရာများက မကြာခဏချီးကျူးဖော်ပြခဲ့သည်။
"မြင်းအိုက အပြေးမြန်လို့ ကျုပ်တို့အရင်ရောက်လာတာပါ။ ဒီသတင်းက မပျံ့လောက်သေးဘူး။ အရိုင်းနယ်မြေက အရမ်းအန္တရာယ်များပါတယ် အကြီးအကဲချင်။ အဲဒီမှာ ကျုပ်တို့ သေမလိုဖြစ်ဲ့တာ။ အခြေအနေက တကယ်အန္တရာယ်များပါတယ်"
ချင်ကျိုးနန် လုယန်ကို မျက်လုံးမှေး၍ကြည့်သည်။ လုယန်စကားက အလွန်တရာအန္တရာယ်များသည့် အခြေအနေကြားမှ ကူးဖြတ်ခြင်းအဆင့်သုံးယောက်ကို ဖမ်းခေါ်လာသလိုလိုဖြစ်နေသည်။
"အရင်ဆုံး သူတို့ကို မင်းဘယ်လိုဖမ်းခဲ့လဲဆိုတာ ရှင်းပြပါဦး"
လုယန်က ခိုးကြောင်ခိုးဝှက်အမူအရာဖြင့် လေသံကိုနှိမ့်လျက်
"အကြီးအကဲချိုး၊ ဒီမှာ တစ်ခြားလူတွေလည်းမရှိဘူး။ ကျုပ်တို့အားလုံးကလည်း ကောင်းကင်ရုံးတော်ဂိုဏ်းဝင်တွေပါ။ ဒီတော့ ကျုပ်အမှန်အတိုင်းပြောပါ့မယ်။ ကျုပ်တို့ဂိုဏ်းမှာ အရမ်းစွားအားကြီးတဲ့လူတစ်ယောက်ရှိတယ်။
ရှေးခေတ်ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ အမြင့်ဆုံးခေါင်းဆောင် မဟာကောင်းကင်အဓိပဓိ ပဲဝါအရှင်ပါ။
ပဲဝါအရှင်ရဲ့ အကူအညီနဲ့ ဒီကူးဖြတ်ခြင်းအဆင့်သုံးယောက်ကို ကျုပ်ဖမ်းခဲ့တာပါ"
ချင်ကျိုးနန် ခဏမင်သက်မိသွားသည်။ ထို့နောက် သဘောပေါက်ဟန်ဖြင့် ပြုံးလာသည်။
ယွမ်ကျိ ဝင်လှုပ်ရှားခဲ့ပုံရသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းတွင် တူမယွမ်၏ရာထူးက ဂိုဏ်းချုပ်သာဖြစ်သော်လည်း နာမည်နောက်ခံအမျိုးမျိုးဖြင့် လှုပ်ရှားနိုင်သည်။
ယခုပင် ယွမ်ကျိသည် ဂိုဏ်းတပည့်များကြားတွင် အကြီးဆုံးဂိုဏ်းတူအမဖြစ်သလို ယာယီဂိုဏ်းချုပ်လည်းဖြစ်သည်။
"ကဲပါ...ဟုတ်ပါပြီ။ ရှောင်ယွမ်ကိစ္စဆိုတော့ မင်းသူနဲ့ သွားပြောတာကောင်းမယ်"
ချင်ကျိုးနန် လုယန်ကို မစ်ရှင်ခန်းမထဲမှ နှင်ထုတ်လိုက်သည်။
လုယန် စိတ်ပျက်လက်ပျက်ခေါင်းခါ၍ ထာဝရနတ်မယ်ကို ပြောသည်။
"တွေ့လား၊ ကျုပ်ပြောသားပဲ။ အမယွမ်ဆီ အရင်သွားသင့်ပါတယ်လို့။ အမယွမ်ကိုကျော်ပြီး မစ်ရှင်ခန်းမမှာ ကျိုးဆောင်မှတ်လာထုတ်လို့ ဘယ်ရမလဲ။ မဖြစ်နိုင်ဘူးလေ"
"အေးပါ"
နတ်မယ် စိတ်ပျက်သွားသည်။
ချိုးကျင်အန်းပြောခဲ့သလိုပင် ယွမ်ကျိသည် သူတို့ဆရာကို ထောင်မှထုတ်ရန် တရားဝင်စာရွက်စာတမ်းများ စီမံဆောင်ရွက်ပြီး၍ ဂိုဏ်းသို့ပြန်ရောက်နေသည်။
လုယန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ရောက်ချိန်တွင် ယွမ်ကျိက ခါတိုင်းကဲ့သို့ တည်ကြည်သည့်ဟန်ပန်ဖြင့် တင်ပျဉ်ခွေထိုင်နေသည်။
သူ့မျက်လုံးများက ကြယ်ကမ္ဘာပေါင်းများ ပါဝင်နေသကဲ့သို့ အလန်တရာနက်ရှိုင်း၍ အသိခက်သည်။
ထိုမျက်လုံးကို အဝေးမှလှမ်းကြည့်ရုံဖြင့် ဖိအားတစ်ခု ခံစားရသည်။
ဝူယွီထောင်တို့သုံးယောက် ယွမ်ကျိမျက်လုံးများကိုမြင်သည်နှင့် တစ်ကိုယ်လုံးတောင့်တင်းသွားကြသည်။ ထိုမြင်ကွင်းဘာထူးခြားသည်ကို လုယန်နားမလည်နိုင်။ သို့သော် ကူးဖြတ်ခြင်းအဆင့်များဖြစ်သည့် သူတို့သုံးယောက်က နားလည်သည်။
သူ့တို့စိတ်ဝိညာဉ်ထဲမှ နက်ရှိုင်းသည့်အကြောက်တရားမျိုး ခံစားကြရသောကြောင့်ဖြစ်သည်။
မဟာရှားခေတ်တွင် ကောင်းကင်ကြယ်များသည် ရှေးဟောင်းခေတ်၏ ရောင်ပြန်အကြွင်းအကျန်မျှသာဖြစ်သည်။ ကြယ်အစစ်ဟူ၍ မရှိသလောက်ရှားသည်။
ထို့ကြောင့် သူတို့နိုးထလာချိန်တွင် မဟာရှားခေတ်ကောင်းကင်မှ မူမမှန်မှုကို ချက်ချင်းသတိထားမိသည်။
တစ်စုံတစ်ယောက်က ကောင်းကင်မှကြယ်များကို တိတ်တဆိတ်ပြန်ဖြည့်ထားသည်။ မှတ်တမ်းမှတ်ရာလည်း လုံးဝမရှိ။
ဘယ်လိုစွမ်းအားမျိုးဖြင့် ထိုသို့လုပ်နိုင်သည်မသိ။
ထိုလူသည် ဘယ်အဆင့်ရောက်နေ၍ ထိုမျှစွမ်းအားကြီးသည်မသိ။
ကောင်းကင်ကြယ်များ ပြန်ဖြည့်သူကို သူတို့အမြဲတမ်းသိချင်နေခဲ့သည်။
ယခု သူတို့သိရပြီဖြစ်သည်။
သို့သော် မသိခဲ့လျှင်ကောင်းမည်ဟု ခံစားနေကြရသည်။
"အမယွမ်၊ ကျုပ်ပြန်ရောက်ပါပြီ"
လုယန် ရိုရိုသေသေပြောလိုက်သည်။
"သူက ဒီမသေမျိုးကို ဘယ်လိုခေါ်လိုက်တာလဲ။ 'အမ'တဲ့လား"
စန်းလဲ့ ဣန္ဒေမထိန်းနိုင်တော့ဘဲ တအံ့တဩပြောလိုက်မိသည်။
ကျန်နှစ်ယောက်လည်း ထိုနည်းတူပင်ဖြစ်သည်။ ထိုမိန်းမသည် လုယန်၏ ဂိုဏ်းတူအမလော။
သို့ဆိုလျှင် လုယန်၏ဆရာသည် မည်မျှစွမ်းအားကြီးနေသနည်း။
တာအိုလမ်းစဉ်ဂိုဏ်းက တကယ်ကြောက်စရာကောင်းလွန်းလှသည်။
"မင်းပြန်ရောက်ပြီပေါ့"
ယွမ်ကျိထရပ်သည်။ အေးစက်စက်သူ့မျက်လုံးထဲမှ ကြယ်အရောင်များ ခဏသာလင်းလက်ပြီးနောက် ပျောက်ကွယ်သွားသည်။ ပုံမှန်မျက်လုံးဖြင့် လုယန်ကို ငြိမ်၍အကဲခတ်နေသည်။
"မင်းကိုယ်ထဲက ကူးဖြတ်ခြင်းအဆင့်သုံးယောက်နဲ့ ဘယ်လိုတွေ့ခဲ့တာလဲ"
ယွမ်ကျိ သာမန်အကြည့်ဖြင့် တစ်ချက်သာကြည့်လိုက်သော်လည်း လုယန်သိစိတ်နယ်မြေထဲသို့ ထိုးဖောက်မြင်သည်။
"ကဲ၊ ထွက်ကြတော့"
ထာဝရနတ်မယ်က ကူးဖြတ်ခြင်းသုံးယောက်ကို တွန်းထုတ်လိုက်သည်။
သူ့လက်ထဲတွင် ကူးဖြတ်ခြင်းအဆင့်သုံးယောက်သည် ကြက်များငှက်များနှင့်မခြား။
"သူတို့ကျင့်စဉ်အခြေခံက သာမန်ပါပဲ။ မသေမျိုးဖြစ်လာဖို့ မလွယ်ဘူး။....အခြေအနေကို ရှင်းပြပါဦး"
ယွမ်ကျိက သုံးယောက်လုံး၏ လက်ရှိအနေအထားကို တန်းသိသည်။ ထိုသုံးယောက်ကို ကျင့်ကြံသူလောကတွင် သူမမြင်ဖူး။ ရှေးဟောင်းကျင့်ကြံသူများသာဖြစ်ရမည်။
သူတို့ကျင့်စဉ်အဆင့်ကလည်း အားနည်းလွန်းသည်ဟုမြင်သည်။
လုယန် အဖြစ်အပျက်များကို ပြန်ပြောပြသည်။ သူ့ချစ်ကံဇာတာစန်းပွင့်ခဲ့သည့် ဖြစ်ရပ်များကို ချန်လှပ်ထားသည်။ အလောင်းထိန်းဂိုဏ်းသို့ ရောက်ခဲ့ပုံ၊ ဟန်ရွှေ့သရဲကပ်နှင့်ကြုံခဲ့ပုံ၊ ဟွမ်မင်ကို တွေ့ခဲ့ပုံ မဟာယုစုစည်းခြင်းအဆင့်သခင်မန်ထန် ပြဿနာရှာချိန် ချိုးကျင်အန်းဝင်ကယ်ပုံများကို ပြောပြသည်။
"သခင်မန်ထန်နဲ့ဟွမ်မင်က ထွက်ပြေးသွားတယ်။ မမိလိုက်ဘူး။ ဝူယွီထောင်က သူ့အစီအစဉ်တွေသတင်းပေါက်သွားတယ်ထင်ပြီး စောစောစီးစီးလှုပ်ရှားဖို့ ထွယ်လာတယ်လေ"
ဝူယွီထောင် "..."
ဒါဆို သခင်မန်ထန်နှင့်ဟွမ်မင်ကို မင်းတို့မဖမ်းမိခဲ့ဘူးပေါ့..
စန်းလဲ့နှင့်ဝူကျိက ဝူယွီထောင်ကို နာနာကျည်းကျည်းကြည့်ကြသည်။ ဘာကြောင့် ထိုလူစိတ်လောပြီး အလျင်စလို လူလုံးထွက်ပြခဲ့သနည်း။
သူတို့မူလအစီအစဉ်က အရှင်ဝူကျိ ကူးဖြတ်ခြင်းအဆက်တက်ပြီးမှ မဟာမှော်စက်ဝန်းကိုအသက်သွင်း၍ နိုင်ငံ့စွမ်းအားကို သိမ်းယူဖို့ဖြစ်သည်။
မူလအစီအစဉ်အတိုင်း လုပ်ခဲ့သည်ဆိုသော်လည်း အချိန်နည်းနည်းစောသွားသည်။ နောက်ဆုံးတွင် နတ်မယ်က နိုင်ငံ့စွမ်းအားကိုသုံးပြီး သူတို့ကိုအနိုင်ယူခဲ့သည်။
လုယန် ဝူယွီထောင်အဖွဲ့နှင့် နယ်စားလွီအဖွဲ့တို့ တိုက်ပွဲအကြောင်း ဆက်ပြောနေသည်။ အထူးသဖြင့် ဂိုဏ်းချုပ်လူ ဝင်ပူးကပ်ခံရပုံနှင့် ကိုးငရဲဂိုဏ်းချုပ်ဟု ယူဆရသည့် စက္ကူဖြူဦးထုပ်နှင့်လူ ဝင်ကူညီခဲ့ပုံ အလေးပေးပြောသည်။
"ဂိုဏ်းချုပ်လူကို ဝင်ပူးကပ်တယ်ပေါ့"
ယွမ်ကျိမျက်လုံးများ မှေးစင်းသွားသည်။ လေဟာနယ်လှိုင်းထလာသည်။ ကြောက်စရာတန်ခိုးရှင်တစ်ယောက် စောင့်ကြည့်ခံနေရသကဲ့သို့ အရှင်ဝူကျိ၏ဝိညာဉ် တုန်လှုပ်လာသည်။ ထိုအဖြစ်မှ မလွတ်မြောက်နိုင်။
ယွမ်ကျိ အလောင်းထိန်းဂိုဏ်းသို့ ကျင့်စဉ်ပညာနှီးနှောဖလှယ်ဖို့ သွားခဲ့စဉ်က အလောင်းထိန်းဂိုဏ်းချုပ်၏ လမ်းညွှန်မှုကို အဓိကခံယူခဲ့သည်။
"ဂိုဏ်းချုပ်လူရဲ့မီးအိမ်က မငြိမ်းသေးဘူး။ ဒါဆို သူက အပြည့်အဝမပူးကပ်ခဲ့တဲ့သဘောပေါ့။ ဒါပေမယ့် ဒီလုပ်ရပ်ကိုတော့ ခွင့်လွှတ်ပေးလို့မရဘူး"
ယွမ်ကျိ ရှေ့တစ်လှမ်းတိုးသည်။ အရှင်တူကျိဦးခေါင်းကို ဖိချလိုက်သည်။ ဝူကျိ မချိမဆန့်အော်ဟစ်နေသည်။ သူ့ဝိညာဉ်သုံးခုနှင့် လိပ်ပြာခုနစ်ပါးကို အတင်းဆုတ်ဖြဲနေသလို ခံစားရသည်။ သူ့သိစိတ်အာရုံ ချက်ချင်းလွင့်ပါးပျောက်ကွယ်သွားသည်။
"မင်းတို့ဘာလို့ပျောက်သွားတာလဲ။ ငါမင်းတို့ကို ဘာလို့မမြင်ရတာလဲ"
အရှင်ဝူကျိ၏မြင်ကွင်း မှောင်မိုက်သွားသည်။ အကန်းတစ်ယောက်လို ဟိုတိုက်ဒီတိုက်ဖြစ်နေသည်။
"အရှင်ဝူကျိ၊ မင်းက..."
စန်းလဲ့ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ သူတို့ပျောက်သွားခြင်းမဟုတ်ဘဲ ဝူကျိ၏ အပြင်လောကကိုအာရုံခံနိုင်စွမ်း ပျောက်သွားခြင်းဖြစ်ကြောင်း သူပြောလိုသည်။
"တစ်ယောက်ယောက် စကားပြောနေတာလား။ ကျယ်ကယ်ပြောစမ်းပါ။ ငါမကြားရဘူး"
ဝူကျိ အကြားအာရုံလည်း ဆုံးရှုံးသွားသည်။
သူ့သိစိတ်အာရုံ မှေးမှိန်သွားသည်။ ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေသည်။ သို့သော် အသံထွက်မလာဘဲ မြေပေါ်သို့ လဲကျသွားသည်။
ဝိညာဉ်ကို သန့်စင်လိုက်ခြင်းဖြစ်သည်။ ယနေ့မှစ၍ အရှင်ဝမ်ကျိဆိုသည့်လူ မရှိတော့"
"သူ့ကို လက်နက်ဝိညာဉ်အဖြစ်သုံးမယ်"
ယွမ်ကျိကပြောသည်။ ဝူကျိဝိညာဉ်ခန္ဓာကို ဘေးသို့လွှင့်ပစ်လိုက်သည်။
ကူးဖြတ်ခြင်းအဆင့် လက်နက်ဝိညာဉ်တစ်ခု။ ကူးဖြတ်ခြင်းအဆင့် ရတနာတိုင်း ယခုလိုစွမ်းအားကြီးသည့်ဝိညာဉ်မျိုး ရှိကြသည်မဟုတ်။
ကျင့်ကြံသူတစ်ယောက်၏ဝိညာဉ်ကို လက်နက်ဝိညာဉ်အဖြစ်သန့်စင်ခြင်းသည် အကြမ်းနည်းသုံး၍ ဝိညာဉ်ကိုအပြည့်အဝမဖျက်ဆီးရုံတစ်မယ်သာဖြစ်သည်။
"ရှင်တို့နှစ်ယောက်လည်း တစ်ခုခုထိန်ချန်ထားရင် လက်နက်ဝိညာဉ်အဖြစ် သန့်စင်ခံရမယ်"
*******************************************