← Chapters

ပျက်စီးသွားသော စားသောက်ဆိုင်ငယ်လေး

Vol. 01 Ch. 15

ပျက်စီးသွားသော စားသောက်ဆိုင်ငယ်လေး

Vol. 01 Ch. 15

“အမေရေ… သားပြန်လာပြီ။” သူ၏အိမ်ဘေးနှင့်ကပ်လျက် စားသောက်ဆိုင်ငယ်လေး၏ဆိုင်းဘုတ်အား မြင်တွေ့ရသောအချိန်တွင် ထန်ရှု၏မျက်နှာတွင် ချစ်ခင်မြတ်နိုးသောအပြုံးတို့ပေါ်လာလျက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

သို့သော် သူ၏အပြုံးတို့ ချက်ချင်း ပျောက်ကွယ်သွားရသည်။ ယခင်က သူ၏အသံကြားသည်နှင့် မိခင်ဖြစ်သူသည် ဆိုင်ပေါက်ဝမှ ဆီးကြိုနေကျဖြစ်သည်။ ယနေ့တွင်မူ သူမ ထွက်ပေါ်လာခြင်းမရှိချေ။ ထိုအစား အိမ်နီးနားချင်းများက သူ၏အသံကို ကြားလိုက်ရသောအခါ သက်ပြင်းများချလျက် သူ့အား သနားဂရုဏာသက်နေကြသည်။

“ဆိုင်ထဲမှာ တစ်ခုခုဖြစ်နေတာလား။”  အိမ်နီးချင်းများ၏ အမူအရာများကို ကြည့်ပြီး သူ စားသောက်ဆိုင်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။

အထဲသို့ ထန်ရှုရောက်သောအခါ စားသောက်ဆိုင်လေးမှာ ပျက်စီးနေသည်ကို တွေ့မြင်ရသည်။ အစားအစာများ၊ စွပ်ပြုတ်များနှင့် ပန်းကန်ခွက်ယောက်အကွဲများသည် နေရာအနှံ့ဖြစ်နေပြီး စားပွဲများနှင့်ကုလားထိုင်များမှာလည်း ကန်ကျောက်ခြင်းခံထားရသောကြောင့် မြေပေါ်တွင် ပြိုလဲနေကြသည်။ နံရံများနှင့် ကြမ်းပြင်များမှာလည်း ပေကျံနေသည်ကို တွေ့ရသည်။

မီးဖိုချောင်ထဲတွင် တစ်စုံတရာအား ရိုက်ခွဲနေသောအသံများကြားထဲတွင် ငိုရှိုက်သံနှင့်အတူ စကားသံတစ်စွန်းတစကို သူ ကြားလိုက်ရသည်။  ထိုအသံကြောင့် ထန်ရှု၏ သွေးများဆူပွက်လာပြီး မျက်ဝန်းအစုံတွင် ဒေါသရောင်များ လက်လာခဲ့သည်။

“ဘလက်… ကျေးဇူးပြုပြီးတော့ ထပ်မဖျက်ဆီးပါနဲ့တော့။ မီးဖိုချောင်ထဲက ပစ္စည်းတွေက ငါတို့မှာရှိသမျှအကုန်ပါ။ ရှင် အဲ့ဒါတွေ ထပ်ဖျက်ဆီးရင် ကျွန်မ ဘယ်လို စီးပွားရေးလုပ်လို့ရတော့မှာလဲ။”

ထန်ရှု မီးဖိုချောင်အဝသို့ ရောက်သောအခါ လူလတ်ပိုင်းတစ်ယောက်၏လက်မောင်းကို ကိုင်လျက် မျက်နှာတစ်ခုလုံး မျက်ရည်များအပြည့်ဖြင့် ငိုယိုနေသော မိခင်ဖြစ်သူအား တွေ့လိုက်ရသည်။

“ငါ့ကို စာနာပေးဖို့ ဘယ်လိုတောင်းဆိုရမလဲဆိုတာ အခု သိပြီပေါ့။ လဝက်မတိုင်ခင် ကာကွယ်စောင့်ရှောက်ခ ယွမ်၅ထောင်ပေးဖို့ မင်းကို ပြောခဲ့တယ်။ အခု လတောင်ကုန်သွားပြီ ဘယ်မှာလဲ မင်းရဲ့ပိုက်ဆံ။ မင်း ငါ့စကားကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မမှတ်ဘူးပေါ့။ မင်းကို မှတ်လောက်အောင် သင်ခန်းစာမပေးရင် ငါ့စကားကို ဘယ်တော့မှ သတိရမှာမဟုတ်တော့ဘူး။”

လူလတ်ပိုင်းက သူ၏လက်အား ဆောင့်ရုန်းလိုက်ပြီး စုလင်းယွမ်အား မြေပေါ်သို့ဆောင့်တွန်းလိုက်သည်။ ထို့နောက် ပေါင်းအိုးအား ဆောင့်ကန်ပစ်လိုက်တော့သည်။

ကြီးမားသောပေါင်းအိုးကြီး မြေပေါ်သို့ လည်ထွက်သွားပြီး အထဲမှ ပူလောင်ဆူပွက်နေသောပေါင်းရည်များသည် ထွက်ကျလာကြသည်။

“အမေ.. သတိထား။” ပေါင်းအိုးထဲမှ ပူလောင်ဆူပွက်နေသောပေါင်းရည်များသည် မိခင်၏ကိုယ်ပေါ်သို့ ကျရောက်တော့မည်ကို မြင်လိုက်ရသော ထန်ရှုသည် အပြေး ပြေးသွားပြီး သူ၏မိခင်အား ဆွဲထူလိုက်သည်။

“ရှုအာ.. ပြန်လာပြီလား။ ဗိုက်ဆာနေပြီလား သားလေး။ သားးစားဖို့ အရသာရှိတာ အမေ တစ်ခုခု လုပ်ပေးမယ်နော်။” ထန်ရှု၏ဆွဲထူခြင်းကို ခံလိုက်ရသော စုလင်းယွမ်သည် နာကျင်မှုအား မေ့လျော့သွားပြီး သားဖြစ်သူအား ကယောင်ကတမ်း ပြောလိုက်သည်။

ထိုအချိန်မှာပင် စားသောက်ဆိုင်၏ဖြစ်ပျက်နေသောအခြေအနေအား ပြန်သတိရသွားကာ အကူအညီမဲ့နေသော သူမတို့အဖြစ်အား အလွန် ဝမ်းနည်းသွားရသည်။

ဘလက်သုံး၏ဖျက်ဆီးမှုကြောင့် ချက်ပြုတ်သည့် ပစ္စည်းများ အကုန်ပျက်စီးနေသည်ဖြစ်ပြီး ထန်ရှုအတွက် မည်သည့်စားစရာကိုမျှ ယုတ်စွအဆုံး အရိုးရှင်းဆုံး ကြက်ဥထမင်းကြော်ပင် မပြုလုပ်ပေးနိုင်တော့ချေ။

မိခင်ဖြစ်သူ၏မျက်ဝန်းထဲမှ ကူကယ်ရာမဲ့နေသော၊ မျှော်လင့်ချက်မဲ့နေသော ခံစားချက်တို့အား မြင်တွေ့လိုက်ရချိန်တွင် ထန်ရှု အလွန် စိတ်ထိခိုက်ဝမ်းနည်းရသည်။

ထန်ရှုအတွက်မူ စုလင်းယွမ်သည် မိခင်တစ်ယောက်အနေနှင့်သာမက ဖခင်တစ်ယောက်အနေဖြင့်ပါ သူမ တတ်နိုင်သမျှ နည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ပေးခဲ့သည့် သူ အလွန်ချစ်မြတ်နိုးလေးစားရသော လူတစ်ယောက်ဖြစ်သည်။

ဆယ်နှစ်ကျော်မက သူ၏မိခင်ဖြစ်သူသည် အလွန် အလုပ်ကြိုးစားလုပ်ခဲ့ရသည်။ သူမသည် သူ့အား မိုးကောင်းကင်ကြီးသဖွယ် အုပ်မိုးကာ ပြုစုပျိုးထောင်ပေးခဲ့သဖြင့် ထန်ရှုသည် ကျန်းကျန်းမာမာဖြင့် ကောင်းမွန်စွာ ရှင်သန်ကြီးပြင်းလာခဲ့ရသည်။ ထို့ကြောင့် သူ့အနေဖြင့် မိခင်ဖြစ်သူသည် အမျိုးသမီးတစ်ယောက်ဖြစ်ရုံသာမက ခွန်အားနည်းသော အထီးကျန်နေသော အမျိုးသမီးတစ်ယောက်ဖြစ်သည်ဟူသောအချက်အား မေ့လျော့လုနီးပါး ဖြစ်ခဲ့ရသည်။

မုဆိုးမတစ်ယောက်အနေဖြင့် လူတွေရဲ့ပြောစရာစကား ဘယ်လောက်များဖြစ်ခဲ့ရရှာမည်နည်း။ မိခင်ဖြစ်သူ နာကျင်ခံစားခဲ့ရမည်များကို တွေးတောမိရင်း ထန်ရှု ရင်နာလာရသည်။

“အမေ. ကျွန်တော် မဆာပါဘူး။ အိမ်ရောက်တော့မှ ညစာ စားကြတာပေါ့။” ထန်ရှုသည် မိခင်၏ပိန်ပါးပါးကိုယ်လေးအား ပွေ့ဖက်ထားရင်း နီရဲသောမျက်ဝန်းအစုံတို့ဖြင့် ပြောလိုက်သည်။

“အိမ်ပြန်မယ်ဟုတ်လား။ မင်းတို့က အိမ်ကို ပြန်ချင်သေးတယ်ပေါ့ ဟုတ်စ။ ဒီနေ့ ယွမ်၅ထောင် မပေးမချင်း မင်းတို့နှစ်ယောက် အိမ်ပြန်လို့မရဘူး။” အသားမဲမဲနှင့်လူလတ်ပိုင်းက သားအမိနှစ်ယောက်စကားပြောနေသည်အား ကြားဖြတ်ကာ အေးစက်စွာ ပြောလိုက်သည်။

လူလတ်ပိုင်း ပြောလိုက်သည့်စကားအား ကြားသောအခါ စုလင်းယွမ်တစ်ယောက် ကြောက်လန့်တုန်လှုပ်သွားသည်။ သူမသည် ထန်ရှုအား အမြန် ပွေ့ဖက်လိုက်ကာ တုန်လှုပ်စွာ ပြောလိုက်သည်။

“အစ်ကိုဘလက်…ကျွန်မသားလေးကို ဘာမှ မလုပ်ပါနဲ့ရှင်။ သားလေးကို သွားခွင့်ပေးလိုက်ပါ။ ကျွန်မ…ကျွန်မကို အချိန်တစ်ရက်လောက် ထပ်ပေးပါ။ မနက်ဖြန် ဒီအချိန်ဆိုရင် ယွမ်၅ထောင် ကျွန်မ ပေးပါမယ်။”

“ဒီနေ့ မင်းတို့ ဒီ၅ထောင် မပေးနိုင်ဘူးဆိုရင် မနက်ဖြန် ဒီငွေပမာဏ ဟုတ်ချင်မှ ဟုတ်တော့မယ်။” ဘလက်သုံးက စုလင်းယွမ်အား တစ်ချက်ကြည့်လိုက်ပြီး လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။

“ကျွန်တော် မှတ်မိသလောက်ဆိုရင် ကာကွယ်စောင့်ရှောက်ခက ယွမ်၂ထောင်မဟုတ်လား။ ဒီလကျမှ ဘာလို့ ယွမ်၅ထောင် ဖြစ်သွားရတာလဲ။” ထန်ရှုသည် မိခင်အား သူ၏နောက်ဘက်တွင် ထားကာ ကာကွယ်ထားရင်း အမှုမဲ့အမှတ်မဲ့ မေးလိုက်သည်။

ထန်ရှုမှ သူ့အား ဤကဲ့သို့ ရုတ်တရက် ပြန်လည်မေးမြန်းလိမ့်မည်ဟု လူလတ်ပိုင်းမှ မထင်ထားချေ။ ယခင်က ထန်ရှု၏ခံစားချက်မဲ့သောအကြည့်အား သတိရသွားပြီး မည်သည့်စကားမျှမပြောနိုင်ဖြစ်သွားရကာ ထန်ရှုအား အံ့အားသင့်စွာကြည့်လိုက်မိသည်။

“ချီးတဲ့မှပဲ.. မင်းတို့ကို အကြောင်းပြချက် ပေးစရာလိုသလားကွ။” ဘလက်သုံး၏အနောက်ဘက်တွင် ရှိသော ဆံပင်အစိမ်းရောင်နှင့်လူမှ အော်ဟစ်လိုက်ကာ ထန်ရှုအား ရိုက်ရန် သူ၏လက်အား မြှောက်လိုက်သည်။

ထိုသူ၏လက်သည်  ထန်ရှုနှင့် ၁၀စင်တီမီတာကျော်ကျော် ရောက်ရှိချိန်တွင် ကြမ်းပြင်ပေါ်မှ ဖန်ကွဲစသည် ပျံဝဲလာပြီး အစိမ်းရောင်ဆံပင်နှင့်လူ၏လက်ကောက်ဝတ်အား ညှာတာမှုကင်းမဲ့စွာ ထိုးစိုက်လာသဖြင့် လက်ကောက်ဝတ်မှ သွေးများစီးကျလာသည်။

သနားစရာကောင်းသော ထိုအနိုင်ကျင့်သောသူသည် သူ၏အစွမ်းအား ပြချင်ခဲ့သော်လည်း ထိုသို့ဖြစ်ပျက်လိမ့်မည်ဟု ထင်မိမထားချေ။ လက်ကောက်ဝတ်တွင် ဖန်ကွဲစ ထိုးစိုက်နေသည်မှာ မခံရပ်နိုင်လောက်အောင် နာလွန်းလှသည်။

ဆံပင်အစိမ်းနှင့်လူသည် ထန်ရှုအား မရိုက်နိုင်ခဲ့သောလည်း ထိုအခြင်းအရာသည် ထန်ရှုမှ ထိုလူအား အလွတ်ပေးမည်ဟု အဓိပ္ပာယ်မသက်ရောက်ပေ။

တန်းခွဲ-၁၀မှ ကျောင်းသားများ သူ့အား ဘယ်လောက်အနိုင်ကျင့်ကျင့် ပြောပြော ထန်ရှုသည် တစ်ခွန်းမျှ ခွန်းတုံ့မပြန်ခဲ့ချေ။ ထိုအရာသည် ထန်ရှု၌ စိတ်ထားကောင်းသည်ဟု မဆိုလို၊ ထိုနည်းတူ အားနည်းသူဟုလည်း အဓိပ္ပာယ်မှတ်ယူ၍ မရပေ။ ထိုကျောင်းသားများသည် အနိုင်ကျင့်ပြောဆိုသည်မှန်သော်ငြားလည်း ထန်ရှုအပေါ် အမှန်တကယ် နာကျင်စေလိုခြင်း မရှိပေ။

သို့သော် ယခုလူများသည် ထိုကဲ့သို့မဟုတ်ချေ။ ၎င်းတို့သည် သူ၏မိခင်ကြိုးစားအားထုတ်မှုကို ဖျက်ဆီးရုံမျှသာမက လူကို နာကျင်ထိခိုက်စေရန် တွန်းလှဲကြသေးသည်။ မိခင်ဖြစ်သူအား စိတ်ရောကိုယ်ပါ ထိခိုက်နာကျင်အောင် လုပ်ခြင်းသည် ထန်ရှုအား လွန်မင်းစွာ ဒေါသထွက်စေသည်။

ထန်ရှုအတွက် အရေးကြီးဆုံးသောလူသားသည် သူ၏မိခင်သာ ဖြစ်ပြီး မိခင်စိတ်ချမ်းသာမှုသည် သူ့အတွက် အရေးကြီးဆုံးသောအရာပင်ဖြစ်သည်။

ထိုသူများသည် မိခင်ဖြစ်သူ၏ဆိုင်ကလေးအား ဖျက်ဆီးလိုက်ကတည်းက ထန်ရှု၏စိတ်ထဲတွင် သေလူများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

တစ်ဖက်လူ ဘာလုပ်ရမည်မှန်းမသိစဉ်မှာပင် ထန်ရှုသည် ဆံပင်အစိမ်းနှင့်လူအနားရောက်လာကာ ဒူးခေါင်းအား ကန်ထည့်လိုက်ပြီး လဲကျသွားစဉ်တွင် ထိုလူ စကားမပြောနိုင်စေရန် မျက်နှာအား တက်နင်းပစ်လိုက်သည်။

ထန်ရှု၏လှုပ်ရှားမှုသည် အလွန်မြန်ဆန်လှသောကြောင့် တစ်ဖက်လူများ မတုံ့ပြန်နိုင်ခင်မှာပင်  ဆံပင်အစိမ်းနှင့်လူသည် မြေပေါ်တွင် မချိမဆန့် ဖြစ်နေပေသည်။ ထိုအခါမှာပင် ကျန်သောသူများ သတိဝင်လာကြသည်။

“သူတောင်းစား.. ငါတို့ကို ပြန်ခံချနေတယ်ပေါ့လေ။ မင်း အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်။”

“ခွေးကောင်… ငါ့ညီအစ်ကိုကို လွှတ်လိုက်။ မဟုတ်ရင် မင်းကို ငါ ရိုက်ချိုးပစ်မယ်။”

သူတို့အထဲမှ လူတစ်ယောက်မှာ ထန်ရှု၏ရိုက်နှက်ခြင်းကို ခံလိုက်ရကြောင်း သတိထားမိလိုက်သဖြင့် လူမိုက်များ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ဘလက်သုံးမှလွဲ၍ ကျန်သောသူများသည် ထန်ရှုဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။ ဘလက်သုံးသည် နေရာမှာပင် ရပ်နေသော်လည်း ထန်ရှုအား စူးစမ်းသလို ကြည့်နေသည်။

ဘလက်သုံးသည် ကမ်းနားလမ်းတွင် နေလာခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိပြီဖြစ်သည့်အလျောက် သူသည် ကမ်းနားဧရိယာတစ်ဝိုက်တွင် သူမသိသောအရာမရှိချေ။ သည်စားသောက်ဆိုင်လေးသည် ဖွင့်ခဲ့သည်မှာ ၆လပင်မပြည့်သေးသော်ငြားလည်း ထိုဆိုင်နှင့်ပတ်သက်သမျှ သူ အကုန် သိသည်။

ကျေးလက်မှ ရောက်လာသော စုလင်းယွမ်တွင် သားငယ်တစ်ယောက်ရှိပြီး သည်ဆိုင်လေးမဖွင့်ခင် သူမသည် အလုပ်ကြမ်းမျိုးစုံ လုပ်ခဲ့ရကာ ပိုက်ဆံစုခဲ့ရခြင်းဖြစ်သည်။ သူမ အလုပ်လုပ်နိုင်သရွေ့ ငွေရှာဖို့ကြိုးစားနေမည့်အမျိုးသမီး ဖြစ်သည်။

လွန်ခဲ့သောတစ်လက နေကာမျက်မှန်တပ်ဆင်ထားသော လူတစ်ယောက်သည် ဘလက်သုံးအား လာရှာပြီး စုလင်းယွမ်နှင့်ထန်ရှုအား ထိခိုက်စေအောင်လုပ်ပေးရန်အတွက် ယွမ်တစ်သိန်းပေးခဲ့သည်။

ဘလက်သုံးသည် စုလင်းယွမ်အား သနားသော်လည်း သူမနှင့်ပတ်သက်မှုတစ်စုံတရာမရှိသောကြောင့် စုလင်းယွမ်နှင့် ယွမ်တစ်သိန်းအား ရွေးချယ်စေရာတွင် ပိုက်ဆံအား တုံ့ဆိုင်းခြင်းမရှိဘဲ ရွေးချယ်ခဲ့သည်။

“ထန်ရှုက တစ်ခန်းလွတ်နေတာမဟုတ်ဘူးလား။” သူ၏ယခင်တွေ့မြင်နေမှုအရ ထန်ရှု၏ဦးနှောက်မှတ်ဉာဏ်သည် ပြသနာရှိနေသည်။ တစ်ခန်းလွတ်နေတဲ့ကောင်လေးသည် သူ မဟုတ်သကဲ့သို့ ထန်ရှုသည် စကားအား အချက်ကျကျ ပြောနိုင်ပြီး လူတွေကို ညှာတာမှုမရှိ ရိုက်နိုင်ရပါသနည်း။

နေကာမျက်မှန်နှင့်လူ ခိုင်းစေချက်အရ စားသောက်ဆိုင်အား ဖျက်ဆီးခြင်း၊ စုလင်းယွမ်အား အနိုင်ကျင့်ခြင်းသည် ထောင်ချောက်တစ်ခုဖြစ်သည်။ ရည်ရွယ်ချက်အစစ်အမှန်သည် ထန်ရှု ထွက်ပေါ်လာရန်ဖြစ်သည်။ ဘယ်သူတွေကများ ထန်ရှုကို ထိခိုက်စေချင်ရပါသနည်း။ ထိုဟာသည် ထန်ရှုအပေါ် ဘလက်သုံး သံသယဖြစ်စေသည်။

“ငါတို့မှာ အရွယ်ရောက်ပြီးသား လူ၇ယောက်ရှိတယ်။ ဒီကောင်လေးက အားနည်းတဲ့ ငချွတ်လေးဖြစ်ပြီး ငါတို့ကို ဦးအောင် ချရဲတယ်ပေါ့လေ။ ဒီကောင်တော့ နာချင်နေပြီနဲ့တူတယ်။” ဘလက်သည် ခေါင်းခါလိုက်ပြီး စုလင်းယွမ်ကို ကြည့်လိုက်သည်။

ယခင်အချိန်တုန်းက ဘလက်သည် စုလင်းယွမ်အား စေ့စေ့ပင် မကြည့်ဖူးချေ။ စုလင်းယွမ်၏ဘဝဇာတ်ကြောင်းကြောင့် သနားဂရုဏာသက်ခဲ့ပြီး လေးစားမှုရှိခဲ့သည်။ ယနေ့မှ ဘလက်သည် စုလင်းယွမ်အား သေချာစွာ ကြည့်မိလေရာ စုလင်းယွမ်သည် သူ မြင်ဖူးသမျှ အမျိုးသမီးထဲတွင် အလှဆုံးဖြစ်သည်ကို သူ တွေ့ရှိလိုက်ရသဖြင့် ကမ်းလှမ်းချက်တစ်ခုလုပ်ရန် စဉ်းစားမိခြင်းဖြစ်သည်။

“စုလင်းယွမ်သာ ငါနဲ့အတူနေမယ်ဆိုရင် သူမကို ထိခိုက်ဒဏ်ရာ ရစေမှာမဟုတ်ဘူး။ သူမက ခေါင်းမာပြီး ငါ့ရဲ့ကမ်းလှမ်းချက်ကို လက်မခံခဲ့ဘူး။” စုလင်းယွမ်တစ်ယောက် သူ့အပေါ်ထားသည့် သဘောထားအား တွေးမိပြီး ဘလက် ခေါင်းယမ်းလိုက်သည်။ စိတ်မရှည်မှုများသည် မြင့်တက်လာခဲ့ရသည်။

လူမိုက်၅ယောက်သည် ထန်ရှုဆီ ပြေးလာသောအချိန်တွင် ထန်ရှု ကြောက်ရွံ့စိတ် မဖြစ်သော်လည်း စိတ်လှုပ်ရှားမှုအပြည့်နှင့်ဖြစ်သည်။

ထန်ရှုသည် ဆံပင်အစိမ်းနှင့်လူအား လူ၃ယောက်ဆီသို့ ကန်ထုတ်လိုက်သည်။ အခြားခြေထောက်ဖြင့် နောက်လူတစ်ယောက်အား ပေါင်းရည်ပူဆီသို့ ကန်ပစ်လိုက်ရာ ထိုသူမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

နောက်ဆုံးတစ်ယောက်၏လက်သီးသည် ထန်ရှု၏နဖူးအား ထိုးမည့်တော့မည့်ဆဲဆဲတွင် ထန်ရှုသည် လှောင်ရယ်ရယ်လိုက်ပြီး သူ၏လက်ချောင်းနှစ်ချောင်းဖြင့် ထိုသူ၏လက်ကောက်ဝတ်အား ထိုးလိုက်ပြီး သူ၏လက်သီးဖြင့် ပစ်ထိုးလိုက်သည်။

လူမိုက်၅ယောက်အား ထိန်းချုပ်လိုက်ပြီးနောက်တွင် အသားမဲမဲနှင့် လူလတ်ပိုင်းဘက် လှည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ဘလက်သုံး.. ကျွန်တော်တို့ဆိုင်ထဲက ပစ္စည်းတွေက ခင်ဗျားကြောင့် အကုန် ပျက်စီးလုနီးပါး ဖြစ်နေပြီ။

အခု ကျွန်တော်တို့ လျော်ကြေးအတွက် စကားပြောရအောင်။”

All Chapters