← Chapters

ရှန်းရွှေလက်ဆောင်ဆန်က အံ့ဩစရာ!

Vol. 64 Ch. 947

ရှန်းရွှေလက်ဆောင်ဆန်က အံ့ဩစရာ!

Vol. 64 Ch. 947

အီတာနယ် လုံးဝကြောင်သွားသည်။

ဘာတွေဖြစ်နေတာလဲ?

ဝိုင်သစ်တစ်ပုလင်းကို ယွမ် ၂၀၀၀၀၀?

ချင်းလင်ဝိုင်ဆိုရင် ဒီလောက်မတန်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်လည်းမဟုတ်။

Live ကြည့်နေသူပရိသတ်သိန်းချီလည်း ကြောင်သွားသည်။ အတော်များများက လေလံဆွဲရန်ပြင်ထားသော်လည်း ၂၀၀၀၀၀ ကိုမြင်ပြီး မှင်တက်နေကြ၏။

Live ထဲမှာ လူအများကြီးရှိသောကြောင့် ရှန်းရွှေလက်ဆောင်ဆန်ချင်းလင်ဝိုင်လေလံပွဲက သေချာပေါက်စိတ်လှုပ်ရှားစရာကောင်းမည်ဟုတွက်ထားကြသည်။

သို့ရာတွင် ဒီလိုလေလံမျိုးဖြစ်မည်ဟု ဘယ်သူမှမထင်မိ။ စစချင်း ယွမ် ၂၀၀၀၀၀ တဲ့။

အရှိုက်ထိတာပဲ။

ထိုအချိန်_

စံအိမ်တစ်ခုတွင် လူတစ်ယောက်က အဖွဲ့ထဲစာအမြန်ပို့လိုက်သည်:

"ဒီပုလင်းအတွက် ငါ ယွမ် ၂၀၀၀၀၀ ပေးထားပြီ... ဥက္ကဌပေါင် ဥက္ကဌလျို နောက်ဆုတ်လိုက်တော့... တို့ကတစ်ဖွဲ့တည်း!''

ထို Wechat အဖွဲ့မှာ လီရှင်းဖိတ်ထားသောဝိုင်စုဆောင်းသူများပင်။

လီရှင်းက သူတို့ကိုဝိုင်မြည်းရန်ဖိတ်ပြီး Wechat အဖွဲ့ဖွဲ့ထားပေးသည်။

သူတို့ကဝိုင်မြည်းကြည့်ပြီး ဒီချင်းလင်ဝိုင်တစ်သုတ်၏တန်ဖိုးကိုသိကြသည်။ မနှစ်ကမှလုပ်သော်လည်း အရသာ၊ အနံ့၊ အထိအတွေ့က နှစ် ၃၀၊ ၄၀ မောက်ထိုက်ထက်မညံ့။

ထို့ကြောင့် ဝိုင်တန်ဖိုးက ယွမ် ၂၀၀၀၀၀ တန်သည်။

အဓိကက ဒီဝိုင်ကိုဝိုင်သိုလှောင်ခန်းထဲမှာ ၁၀ နှစ်၊ နှစ် ၂၀၊ ၃၀၊ ၄၀ ထားလိုက်ရင် သူ့ကိုယှဉ်နိုင်တော့မည်မဟုတ်။ တန်ဖိုးကပိုတက်လာမည်။

ဒီဝိုင်တစ်သုတ်ကိုအရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်နှင့်လုပ်ထားသည်။ ပထမဆုံးအသုတ်ဖြစ်သလို နောက်ဆုံးအသုတ်တောင်ဖြစ်ချင်ဖြစ်သွားနိုင်သည်။ အထူးအသုတ်ဖြစ်၍ နောင်မှာတန်ဖိုးပိုတက်လာမည်။

နောက်ဆုံး live ကြည့်သူများမှာ ယွမ် ၂၀၀၀၀၀ ကြောင့်အံ့အားသင့်ပြီး မလိုက်ဝံ့တော့။ နောက်ပြီး ပထမဆုံးဝိုင်ဖြစ်၍ လိုက်စရာမလို။

မကြာမီ ဒုတိယပုလင်းလေလံစသည်။

အီတာနယ်က 'လေလံ'ပေါ်ထပ်နှိပ်ပြီး ၁၀၀၀၀ ရိုက်လိုက်သည်။ ပထမပုလင်းက ဒီလောက်စျေးမြင့်ရင် လေလံဆွဲချင်သူတွေကိုလှုံ့ဆော်လိုက်သလိုဖြစ်မည်။ ဒီဝိုင်စုဆောင်းတန်ဖိုးက သာမန်မဟုတ်ဟုတွေးမိပြီး တန်ဖိုးခုန်တက်လာလိမ့်မည်။

အီတာနယ်ကစျေးထည့်ပြီး 'အတည်ပြုမည်'ကိုနှိပ်လိုက်ရာ အသိပေးစာပေါ်လာပြန်သည်။

သင့်လေလံစျေးက လက်ရှိအမြင့်ဆုံးတန်ဖိုးထက်နည်းနေပါသည်!

“??”

အီတာနယ်ကြောင်သွားသည်။

နည်းတယ်?

သူပြန်ကြည့်လိုက်သောအခါ အမြင့်ဆုံးတန်ဖိုးက ၂၀၀၀၀၀ ဖြစ်နေဆဲ။

ဒုတိယဝိုင်ပုလင်းကိုလေလံဆွဲတာ သူပဲလား?

တစ်ယောက်တည်းတော့ မဟုတ်နိုင်။

မင်မြို့တော်တွင် လီရှင်းက Wechat အဖွဲ့ထဲကြည့်လိုက်ရာ ယွမ် ၂၀၀၀၀၀ နှင့်လေလံဆွဲထားကြောင်း နောက်ထပ်စာတစ်စောင်တွေ့လိုက်ရသည်။

ဒီလူတွေ လေလံပွဲမှာ ချင်းလင်ဝိုင်ကိုဝေစုခွဲနေကြပြီ။

"နောက်ထပ် ယွမ် ၂၀၀၀၀၀ ပေးထားပြီ... ဒီထက်ပိုပေးချင်တဲ့သူရှိလား?''

ချင်းလင်စံအိမ်မာတီမီဒီယာဌာန live လွှင့်ခန်းထဲတွင် လင်းလန်ဇီကအံ့ဩသံနှင့်ကြေညာနေသည်။

ဒီဝိုင်တစ်သုတ်အခြေအနေကို သူမသိသည်။ မနှစ်ကမှဖောက်ထားခြင်းပင်။ ရှန်းရွှေလက်ဆောင်ဆန်နဲ့စိမ်ထားတာဆိုရင်တောင် အများကြီးတန်နေသည်။ ယွမ် ၂၀၀၀၀၀ ပေးမည်ဟု လုံးဝမထင်မိ။

ယွမ် ၂၀၀၀၀၀ မှာ စံအိမ်ကတင်ရောင်းတဲ့စျေးမဟုတ်။ စရန်ငွေနဲ့တကယ့်လေလံစျေးဖြစ်သည်။

ယွမ် ၂၀၀၀၀၀ ကို ဥက္ကဌပေါင်တို့က အလိုက်တသိသတ်မှတ်ထားခြင်းပင်။ ဝိုင်စုဆောင်းသူများ၊ သူဌေးများကမသိလောက်။ live ကြည့်သူပရိသတ်များမှာ စျေးလိုက်မပြိုင်ရဲကြပေ။

မြန်မြန်ဆန်ဆန်ပင် တတိယပုလင်းလေလံစတင်သည်။

အီတာနယ်က လေလံခလုတ်ကိုနှိပ်လိုက်ပြန်သည်။ ဒီတစ်ခါ သူကစိတ်ဆုံးဖြတ်ပြီး ၅၀၀၀၀ တန်းထည့်လိုက်သည်။

ဒီတစ်ခါ ရက်ရက်ရောရောပေးမည်။

ရှေ့လူက ယွမ် ၂၀၀၀၀၀ နဲ့ နှစ်ပုလင်းဆက်တိုက်ယူသွားပြီ။ သူထပ်မဆွဲနိုင်လောက်တော့ဘူးမလား?

ဝိုင်သစ်လောက်ကို ပိုက်ဆံမကြည့်ဘဲနေမလား?

သူက'အတည်ပြုသည်'ကိုနှိပ်လိုက်ရာ အသိပေးစာတက်လာပြန်သည်။

"သင့်လေလံစျေးက လက်ရှိအမြင့်ဆုံးတန်ဖိုးထက်နည်းနေပါသည်!''

အီတာနယ်က တန်ဖိုးကြည့်လိုက်ရာ ၂၀၀၀၀၀ ပဲဖြစ်နေ၍ ချက်ချင်းထဆဲပစ်သည်_

"သော*က်... ပိုက်ဆံမကြည့်ဘူးလား?''

Live မှာ လုံးဝပေါက်သွားသည်။

ဒီချင်းလင်ဝိုင်က ဘာဆွဲဆောင်မှုရှိလို့လဲ? ဘာလို့ ၂၀၀၀၀၀ နဲ့ဆက်တိုက်ဆွဲနေကြတာလဲ?

ဝိုင်အကြောင်းသိပ်မသိသူတောင် မနှစ်ကမှထွက်တဲ့ဝိုင်က ယွမ် ၂၀၀၀၀၀ မတန်မှန်းသိသည်။ ရှန်းရွှေလက်ဆောင်ဆန်နဲ့လုပ်ထားလို့များလား?

ဒါတင်မကသေး။ နောက်လေလံ ၁၀ ခုလုံး ယွမ် ၂၀၀၀၀၀ နှင့်ချည်း ဝယ်သွားကြသည်။

အီတာနယ် လက်လျှော့လိုက်ပြီ။

သူက အရှုံးသမားသက်သက်သာ။ ကံကောင်းပြီးကော်ပီကူးရောင်းနိုင်သော်လည်း ဒီအရှုပ်ထုပ်ကိုသူမတတ်နိုင်။

နောက်တစ်ဆင့်က နှစ်ပုလင်းစီ လေလံ ၁၀ ကြိမ်တင်မည်ဖြစ်သည်။

"အခု ချင်းလင်ဝိုင်နှစ်ပုလင်း လေလံစဆွဲပါမယ်... ရှန်းရွှေလက်ဆောင်ဆန်နဲ့စိမ်ထားတဲ့ချင်းလင်ဝိုင်ပါပဲ''

လင်းလန်ဇီက live ထဲပြောလိုက်သည်။

တစ်ချိန်တည်းမှာ လက်ထောက်တစ်ယောက်ကလည်း ချင်းလင်ဝိုင်နှစ်ပုလင်းကို live ထဲယူပြသည်။

အီတာနယ်မှာ live ကိုကြည့်ရင်း လေလံဆွဲဖို့စိတ်မပါတော့။ live ကြည့်သူအများစုလည်း သူ့လိုဖြစ်သွားသည်ဟုဆိုရမည်။

တစ်ပုလင်း ယွမ် ၂၀၀၀၀၀ မှာ အတော်များများသုံးရန်လက်တွန့်သောပမာဏဟုဆိုရမည်။ နှစ်ပုလင်းဆိုမပြောနှင့်တော့။

နောက်ပြီး အရင် ၁၀ ကြိမ်ကြောင့် ဒီတစ်ခါ နှစ်ပုလင်းကို ယွမ် ၄၀၀၀၀၀ ပေးကြလိမ့်မည်။

အရင်ဆယ်ကြိမ်စလုံးက တစ်ယောက်တည်းဟုတ်မဟုတ်တော့ သူမသိ။

ထင်တဲ့အတိုင်း ဒီလေလံကို ယွမ် ၄၀၀၀၀၀ တန်းပေးလာသည်။

ရှန်းရွှေလက်ဆောင်ဆန်ချင်းလင်ဝိုင်၏ပင်တိုင်စံစျေးလိုဖြစ်နေသည်။

အရင် ယွမ် ၂၀၀၀၀၀ လို ဒီယွမ် ၄၀၀၀၀၀ က နောက်ဆုံးစျေးဖြစ်မည်။ ဘယ်သူမှလိုက်ပြိုင်မည်မဟုတ်ဟု သူထင်သည်။

သို့သော် ဒီတစ်ခါမတူ။ ၄၀၀၀၀၀ ဟုကြေညာပြီးပြီးချင်း ၅၀၀၀၀၀ လိုက်ပေးသူရှိလာသည်။

မင်မြို့တော်_

ချန်ရှန်းဖေလည်းဖုန်းကိုင်ပြီး ချင်းလင်စံအိမ် live ကြည့်နေသည်။ သူ့ဘေးတွင် လီရှင်းဆီမှလက်ဆောင်ရထားသောချင်းလင်ဝိုင်ပုလင်းရှိသည်။

"၁၀ ပုလင်းယူပြီးပြီ... တော်ရောပေါ့!''

ချန်ရှန်းဖေက စိတ်မရှည်သံနှင့်ပြောသည်။ ၅၀၀၀၀၀ က သူ့လေလံစျေးပင်။

All Chapters