ရှန်းရွှေလက်ဆောင်ဆန်က အံ့ဩစရာ! ၂
Vol. 64 Ch. 948
ထိုစျေးကြောင့် လီရှင်း၏စုဆောင်းသူများ Wechat အဖွဲ့ ဂယက်ထသွားသည်။
"ငါ ၄၀၀၀၀၀ ပေးတာ... နောက်က ဘယ်သူလဲ?''
ဥက္ကဌလျိုက ဒေါသထွက်နေသောအီမိုဂျီနှင့် တန်းမေးလိုက်သည်။
ဒီဝိုင်သောက်ဖူးတဲ့သူက သူတို့ပဲရှိတာ။ သူတို့ကလွဲပြီး ဘယ်သူမှလေလံမဆွဲနိုင်။ ဒီချင်းလင်ဝိုင်ကိုသောက်ဖူးသူမရှိလောက်။
သို့ရာတွင် Wechat အဖွဲ့ထဲမှလူတိုင်းက သူတို့လုံးဝမဆွဲကြောင်းပြောကြသည်။
ဥက္ကဌလျိုမှာကြည့်ပြီး မကျေနပ်ရုံကလွဲ၊ မတတ်နိုင်။
သူတို့အားလုံးက ဝိုင်ချိုးတွေ၊ သူတို့ဒီလိုပြောလို့ ဘယ်သူယုံမလဲ? အဖွဲ့ထဲကတစ်ယောက် စျေးတင်လိုက်တာဖြစ်မည်။
ထင်တဲ့အတိုင်းပဲ၊ သောက်တဲ့ကောင်တွေကမယုံရဘူး။
သူကတုံ့ဆိုင်းမနေဘဲ စျေးကို ၆၀၀၀၀၀ တင်လိုက်သည်။
"သော*က်... ဆက်လိုက်နေသေးတာလား?''
ချန်ရှန်းဖေက လေလံစျေးကိုကြည့်ပြီး ၇၀၀၀၀၀ တန်းတင်လိုက်သည်။
ဥက္ကဌလျိုမြင်သောအခါ အဖွဲ့ထဲမှလူများကိုလိုက်ကြည့်ပြီး ဘယ်သူ့လက်ချက်လဲ စူးစမ်းလိုက်သည်။
အေးအေးဆေးဆေးသောက်စားနေသောကောင်များက ရုတ်တရက်သူ့မျက်စိထဲမှာအမြင်ကတ်စရာဖြစ်လာသည်။
ဥက္ကဌပေါင်ကလည်း Wechat အဖွဲ့ထဲမှလူများကိုမျက်မှောင်ကြုတ်ကြည့်သည်။
သူဘာပြောရမှန်းမသိ။
အဖွဲ့ထဲကလူတွေလက်ချက်လားမသိသော်လည်း အပြင်လူတွေ ဒီဝိုင်ချစ်သူအုပ်စုအကြောင်းသိဖို့ခက်၍ ဖြစ်နိုင်ခြေများနေသည်။
အဖွဲ့ထဲကလူဆိုရင် မထူးဆန်း။ ဘာပဲဖြစ်ဖြစ် အားလုံးက ငွေမရှားသူတွေဖြစ်သည်။
အဖွဲ့ဝင်မဟုတ်သူဖြစ်နိုင်သော်လည်း အဓိပ္ပါယ်မရှိ။ မည်သို့ဆိုစေ အပြင်လူပါလာရင် အရင်လိုအလိုက်မသိနိုင်တော့။
တစ်ဖက်လူက ၇၀၀၀၀၀ ထပ်တင်သောကြောင့် ဥက္ကဌလျိုလည်း ၈၀၀၀၀၀ မြှင့်လိုက်သည်။
ဟိုဘက်က ၉၀၀၀၀၀ ထပ်လိုက်မယ်လို့ ဘယ်ထင်မလဲ?
သူကစိတ်ပေါက်ပေါက်နှင့် ၁ သန်းတင်လိုက်သည်။
ဝိုင်ပုလင်းက တစ်သန်းတန်လို့လား?
အခု လုံးဝမတန်တော့။
ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်နဲ့စိမ်ထားရင်တောင်၊ ပထမဆုံးအသုတ်ဖြစ်ရင်တောင်၊ ပြီးတော့ ဒီတစ်သုတ်တည်းထွက်ရင်တောင်မှ ဝိုင်သစ်ဖြစ်နေသည်။
သို့ရာတွင် သုံးလေးနှစ်မှဆယ်နှစ်အတွင်း ဒီတန်ဖိုးရှိလာနိုင်သည်။
သူကိုယ်တိုင် ဒီဝိုင်ကိုသောက်ခဲ့ဖူးသောကြောင့်ပင်။
နှစ် ၄၀ နှင့်အထက် မောက်ထိုက်တန်ဖိုးက တစ်နှစ်တိုးတိုင်း စျေးတက်လာသည်။ ၄၅ နှစ်သက်တမ်းရှိလျှင် ယွမ်တစ်သန်းနှင့်အထက်ရှိနိုင်သည်။
ဒီချင်းလင်ဆေးဖက်ဝင်ဝိုင်သစ်က နှစ် ၃၀၊ ၄၀ ဝိုင်နှင့်တူသည်။ ၁၀ နှစ်လှောင်ထားရင် တစ်သန်းကျော်တန်နိုင်သည်။
ဒါစုဆောင်းခြင်းတန်ဖိုးနှင့်အလားအလာကောင်းခြင်းပင်။
အဲဒီအပြင် ရှန်းရွှေလက်ဆောင်ဆန်ပထမအသုတ်ဖြစ်နေသည်။ ဒီသက်တမ်းနဲ့ချင်းလင်ဝိုင်က ဒီတစ်သုတ်တည်းဖြစ်၍ ထပ်ပေါင်းတန်ဖိုးတက်မည်။
အလားတူ နှစ် ၄၀ မောက်ထိုက်ကို လေလံစျေး ယွမ်သုံးလေးသန်းရနိုင်သည်။
"သော*က်ရမ်းလိုက်နေ... မင်းနဲ့မကစားတော့ဘူး!''
ချန်ရှန်းဖေ လက်လျှော့လိုက်သည်။
သူ့မှာငွေမရှားသော်လည်း ဒီနည်းနဲ့မလိုက်ချင်။
နောက်ပြီး ဒီအငမ်းမရကောင်တွေနဲ့ပြိုင်နေတာထက် ချင်လင်ဆီတောင်းလိုက်တာက ပိုကောင်းမည်။
တစ်သန်းကြောင့် live ကြည့်သူအားလုံး အံ့အားသင့်သွားသည်။
ချင်းလင်ဝိုင်တစ်ပုလင်း ယွမ် ၂၀၀၀၀၀ နဲ့တင် လန့်စရာကောင်းနေပြီ။ အခု ၅၀၀၀၀၀ တဲ့။
ဒီဝိုင်က ကြောက်ခမန်းလိလိပင်။ မောက်ထိုက်နဲ့ဖန်းကျိုလိုဘရန်းရှိတဲ့ဝိုင်တွေတောင် လန့်ကုန်ပြီ။
"၆၆၆... ဒီနေ့တော့ ချမ်းသာတယ်ဆိုတဲ့အဓိပ္ပါယ်ကိုသိလိုက်ပြီ''
"ချင်းလင်ဝိုင်စုဆောင်းတန်ဖိုးတက်ပြန်ပြီ''
"ဟား ဟား... အိမ်မှာ ချင်းလင်ဝိုင်က သုံးလေးသေတ္တာရှိတယ်... ထပ်ယူရဦးမလားလို့''
"...''
Live မှာ ချက်ချင်းလက်ငင်း စည်ကားလာ၏။
နောက်လေလံဆက်ဆွဲသည်။
ချင်းလင်ဝိုင်ဒုတိယလေလံစတင်သည်။
ဥက္ကဌလျိုက Wechat အဖွဲ့သားများကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ စျေးကြိုညှိထားသော်လည်း စည်းကမ်းမရှိသူပါနေသည်။ သူ့ကိုအပြစ်တင်လို့မရ။
သူကချက်ချင်းလေလံထဲဝင်ပြီး တစ်သန်းတင်လိုက်သည်။ သူလေလံထပ်ဆွဲချင်သည်။
တစ်ဖက်တွင် ဥက္ကဌပေါင်က စျေးကြည့်ပြီးသက်ပြင်းချလိုက်သည်။ ဒါဥက္ကဌလျိုလက်ချက်ဖြစ်မည်။
ညှိနှိုင်းမှုပျက်ပြယ်သွားပြီဖြစ်၍ လေလံပြိုင်ရတော့မည်။
သူက တိတ်တဆိတ် ၁.၁ သန်းထည့်လိုက်သည်။
ဒီဝိုင်က ယွမ်တစ်သန်းဆိုတာထက် ပထမဆုံးအသုတ်ဖြစ်ပြီး တစ်ခုတည်းသောအသုတ်လည်းဖြစ်သည်။ ဒီဝိုင်ကဝိုင်ကောင်းမှန်းသိထားသောကြောင့် သေချာပေါက်လိုက်ရမည်။
Live ကြည့်သူပရိသတ်များမှာ တစ်သန်းအထိလေလံဆွဲသူများကိုကြည့်ရင်း ရူးနေပြီလားဟုထင်ကြသည်။
နောက်လေလံများတွင်လည်း ဝိုင်တစ်တွဲစီ၏တန်ဖိုးက တစ်သန်းထက်မလျော့။
ဒီချင်းလင်ဝိုင်လေလံက အုတ်အော်သောင်းတင်းပင်။
ထို့ကြောင့် နောက်တစ်နေ့တွင် ချင်းလင်စံအိမ် live မှာ ရေပန်းစားရှာဖွေမှုထဲတန်းရောက်သွားသည်။
သတင်းဖတ်သူများက ထိုရေပန်းစားသတင်းကြောင့် အံ့အားသင့်ကုန်သည်။
ဝိုင်စျေးကြီးတာ လက်သင့်ခံနိုင်သည်။ သက်တမ်းရင့်နာမည်ကြီးဝိုင်များမှာ စျေးမကြီးဘဲမနေ။
ဒါပေမဲ့ မနှစ်ကမှထွက်တဲ့ဝိုင်အသစ်က တန်ဖိုးဒီလောက်မြင့်နေသတဲ့။
တစ်ပုလင်းကို အမြင့်ဆုံး ယွမ် ၆၀၀၀၀၀ ရသည်။
ချင်းလင်ဝိုင်ကိုက စန်းထနေတာလား?
ဒီလိုဖြစ်နိုင်ခြေရှိသည်။ အရင်က ကျောက်တုံးသုံးတုံးမှာ ဒီနည်းအတိုင်းဖြစ်ခဲ့သည်။
အတော်များများက ဒီလိုထင်ကြ၏။
ဖေးချန်ရှိဝိုင်နီလုပ်ငန်းတစ်ခုတွင် သူဌေးဟောင်လျန်မှာ မနက်စောစောစီးစီး မကြည်မသာမျက်နှာနှင့် သူ့ကုမ္ပဏီရုံးခန်းထဲထိုင်နေသည်။
သူ့ဝိုင်လုပ်ငန်းက ဒုက္ခရောက်ပြီ။
ချင်းလင်အရက်က နိုင်ငံတကာအရက်ဖလှယ်ပွဲမှာ အရက်ဖြူခေါင်းစဉ်တွင်အနိုင်ရပြီးနောက် အနောက်တိုင်းစျေးကွက်မှာယှဉ်နိုင်သော်လည်း သူတို့အရက်ကမူ မောက်ထိုက်နှင့်ဖန်းကျိုထက်တစ်ဆင့်နိမ့်ရုံမျှသာရှိသည်။ တရားဝင်ဆုတံဆိပ်အမျိုးမျိုးလျှောက်ဖို့တော့ အဆင့်မီသည်။
အခု မောက်ထိုက်နဲ့ဖန်းကျိုကနာမည်ရပြီးပြီဆိုတော့ သူ့အလှည့်ပေါ့။ ကုမ္ပဏီနဲ့ဝိုင်နာမည်အတွက် အတော်အသုံးဝင်သည်။
အခုကျ ဒီချင်းလင်ဝိုင်က ဘယ်ကမှန်းမသိတိုးဝင်လာပြီး နံပါတ်တစ်ဝိုင်ဖြစ်လာသည်။ သူတို့ကိုပေးမည့်ဆုတံဆိပ်အမျိုးမျိုးမှာ အပူတပြင်းဆွေးနွေးကြပြီးနောက် ချင်းလင်ဝိုင်ကိုပေးဖို့ဖြစ်လာသည်။
သူတို့ကိုအရှိုက်ထိုးလိုက်သလို အောင့်သက်သက်နှင့်ခံရ၏။ သူတို့စျေးကွက်ကိုလည်း ထိခိုက်နိုင်သည်။
အခုမနက်အစောကြီး မနေ့ညကရေပန်းစားနေသောချင်းလင်ဝိုင်လေလံသတင်းကို သူဖတ်ရသည်။