← Chapters

တန်ရာတန်ကြေး!

Vol. 64 Ch. 950

တန်ရာတန်ကြေး!

Vol. 64 Ch. 950

ရှန်းရွှေလက်ဆောင်ဆန်မှာ စိုက်ပျိုးရခက်သောဆန်အဖြစ်သိထားကြသည်။ နှစ်ထောင်ပေါင်းများစွာ ကုန်းပြင်မြင့်ပေါ်မှာဖြစ်လာခဲ့သည်။ မြေကြီးအနက်ရောင်မှမြေဩဇာရ၊ မှန်လိုကြည်သောရေကန်မှရေရပြီး ကမ္ဘာဦးသစ်တောမှလေသန့်ကိုရှူရှိုက်ရသည်။ ဆန်ကကျောက်စိမ်းရောင်ပေါက်နေသော်လည်း အရသာကစိမ့်ပြီးနူးနူးညံ့ညံ့ရှိသည်။

ထန်မင်းဆက်ကတည်းက ရှန်းရွှေလက်ဆောင်ဆန်မှာ မင်းဆက်အားလုံးအတွက်ပဏ္ဏာဆက်သောဆန်ဖြစ်ခဲ့သည်။ ဆန်များထဲတွင် ဒဏ္ဍာရီဆန်ပြီး ရှေးကတည်းက ထိပ်တန်းဆန်အဖြစ်သိထားကြသည်။

အပြင်လူများသိအောင်ကောင်းကောင်းမိတ်ဆက်ထားခြင်းဖြစ်သော်လည်း ရှန်းရွှေလက်ဆောင်ဆန်၏အဆင့်အတန်းကိုပြသရာလည်းရောက်သည်။

ရှန်းရွှေလက်ဆောင်ဆန်ရှားပါးလိုက်ပုံကလည်း အထင်ရှားဆုံးပြဿနာတစ်ခုပင်။

ရှန်းရွှေလက်ဆောင်ဆန်မှာ အိုမင်းခြင်းကိုဆန့်ကျင်သောဓာတ်များပါသောကြောင့် နိုင်ငံတော်က ဒီဆန်ကိုအဓိကစားသုံးသောဆန်ဖြစ်သည်အထိဖွံ့ဖြိုးအောင်လုပ်ချင်ခဲ့သည်။ ဒါ တစ်နိုင်ငံလုံးအတွက်အကျိုးရှိနိုင်သည်။

ရှန်းရွှေလက်ဆောင်ဆန်ကပတ်ဝန်းကျင်ရွေးလွန်းသောကြောင့် စိုက်ပျိုးရခက်တာ နှမြောစရာ။

ငွေကုန်ကြေးကျခံပြီး ဘာရလဒ်မှမထွက်သည့်နောက်တွင် ဒီသုတေသနကိုရပ်ဆိုင်းထားခဲ့သည်။

ရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံမှာ လိုင်ကျင်းဖြစ်သည်။

လိုင်ကျင်းကဖုန်းချပြီး နည်းနည်းဇဝေဇဝါဖြစ်နေသည်။

ဒီဖုန်းက ဒီနေ့ဝင်လာသောသုံးခါမြောက်ဖုန်းပင်။ ရှန်းရွှေလက်ဆောင်ဆန်ဝယ်ချင်ကြောင်းပြောလာသော ဝိုင်ကုမ္ပဏီတစ်ခုဖြစ်သည်။

ဟာသပဲ?

နှစ်တိုင်း ရှန်းရွှေလက်ဆောင်ဆန်က အကန့်အသတ်နဲ့ရတာ။ မြို့တော်တင်ပို့တာကလွဲပြီး အပြင်မှာရောင်းပေးဖို့သိပ်မကျန်။ နောက်ပြီး ဝေစုရသူတိုင်းကလည်း အဆက်အသွယ်ကောင်းကောင်းရှိသည့်အဓိပ္ပါယ်ပင်။

ဒီလောက်ပဲရှိတာ။ ဝိုင်လုပ်ငန်းကို ဘယ်လိုလုပ်ရောင်းပေးနိုင်မလဲ?

ဒီလူတွေက ထူးဆန်းလိုက်တာ။

လိုင်ကျင်းတွေးတောနေစဉ် နောက်ထပ်ဖုန်းဝင်လာပြန်သည်။ သူကဖုန်းကိုင်လိုက်ရာ တစ်ဖက်လူက_

"CEO လိုင်... မောက်ထိုက်အရက်ကုမ္ပဏီသူဌေးက ရှန်းရွှေလက်ဆောင်ဆန်တောင်းနေပါတယ်... သူကလည်း ဝိုင်လုပ်ဖို့အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်ကို ကီလီု ၅၀ ဝယ်ချင်တယ်တဲ့... စျေးကိုညှိလို့ရပါတယ်တဲ့''

လိုင်ကျင်းက ဒေါသတကြီးနှင့်_

"ဘာမှရောင်းစရာမရှိဘူးလို့ပြောလိုက်''

အမှန်အတိုင်းပြောရရင် မောက်ထိုက်ဝိုင်ကုမ္ပဏီကို သူလုံးဝဂရုမစိုက်။ ပြီးတော့ ဝိုင်လုပ်ဖို့ရှန်းရွှေလက်ဆောင်ဆန်ကတ်တီ ၁၀၀ ကို သူကရောင်းပေးနိုင်မယ်လို့ ဘယ်ကယုံကြည်ချက်တွေရနေတာလဲ?

အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်တောင် ပြောနေသေး။

အဲဒီရှန်းရွှေလက်ဆောင်ဆန်ကို သူတောင်မသိ။

သို့ရာတွင် ထိုဝိုင်ကုမ္ပဏီများက ရုတ်တရက်တပြိုင်တည်းဆက်သွယ်လာ၍ သူလည်းတစ်ခုခုတော့မဟုတ်သလိုခံစားရသည်။ သူကအတွင်းရေးမှူးကိုဖုန်းဆက်ပြီး မှာလိုက်သည်_

"ဘာတွေဖြစ်နေလဲ စုံစမ်းကြည့်စမ်း... ဘာလို့ဒီဝိုင်ကုမ္ပဏီတွေက ရုတ်တရက်ကြီး ရှန်းရွှေလက်ဆောင်ဆန်ဝယ်ချင်ရတာလဲ?''

"CEO လိုင်''

အတွင်းရေးမှူးက ချက်ချင်းပြန်ဖြေသည်_

"လိုင်းပေါ်တက်ကြည့်ရင် သိရမှာပါ... ဒါချင်းလင်ဝိုင်လုပ်ငန်းနဲ့ဆိုင်လိမ့်မယ်''

"ချင်းလင်ဝိုင်လုပ်ငန်း? ချင်းလင်ကုမ္ပဏီရဲ့လုပ်ငန်းလား?''

လိုင်ကျင်းကမေးသည်။ ချင်းလင်ကုမ္ပဏီအကြောင်းတော့ သူသိသည်။

အတွင်းရေးမှူးက အမြန်ခေါင်းညိမ့်ပြီး_

"ဟုတ််တယ်... ချင်းလင်ဝိုင်လုပ်ငန်းက မနေ့ကပဲ ချင်းလင်ဝိုင်လေလံဆွဲခဲ့တယ်... မနှစ်ကမှထုတ်တဲ့ဝိုင်အသစ်တွေချည်းပဲ... လေလံစျေးက တစ်ပုလင်းကို ယွမ် ၆၀၀၀၀၀!''

"ပြီးတော့ ချင်းလင်ဝိုင်လုပ်ငန်းကကြေညာတယ်... ဒီချင်းလင်ဝိုင်ကို ကျွန်မတို့ရှန်းရွှေလက်ဆောင်ဆန်နဲ့လုပ်ထားတာတဲ့... အဲဒါကြောင့် စျေးအရမ်းကြီးတာဆိုပဲ''

အတွင်းရေးမှူးကပြောရင်းဆိုရင်း ဖုန်းထုတ်ပြီး ချင်းလင်ဝိုင်လေလံပွဲဗီဒီယိုကိုရှာကာ လိုင်ကျင်းဆီဖုန်းပေးလိုက်သည်။

လိုင်ကျင်းက ဗီဒီယိုယူကြည့်သည်။ ဖြစ်ကြောင်းကုန်စင်ကိုနားလည်ပြီးနောက် သူ့မျက်နှာနည်းနည်းတည်သွားကာ_

"ချင်းလင်ဝိုင်လုပ်ငန်းက ဘယ်အဆက်အသွယ်ကနေ ရှန်းရွှေလက်ဆောင်ဆန်ရလဲ စုံစမ်းကြည့်''

သူ့စိတ်ထဲမှာ ဝိုးတိုးဝါးတားဖြစ်နေသည်။

ရှန်းရွှေလက်ဆောင်ဆန်တစ်ကတ်တီကို ဘယ်လောက်လဲ?

စျေးအကြီးဆုံးက ၅၀၀ ဂရမ်ကို ယွမ် ၂၀၀၀ မှ ၃၀၀၀ ရှိသည်။

ဒါပေမဲ့အခု သူတို့ရှန်းရွှေလက်ဆောင်ဆန်နာမည်နဲ့ ကတ်တီဝက်ရှိတဲ့ဝိုင်သစ်တစ်ပုလင်းကို ယွမ် ၆၀၀၀၀၀ တဲ့?

ခြားနားချက်က အဆ ၃၀၀ တောင်။

ခေါင်းရောင်းတဲ့ပရိသတ်တွေ ဒီလောက်ပိုက်ဆံမရ။

အထူးသဖြင့် ရှန်းရွှေလက်ဆောင်ဆန်က နှစ်တိုင်းပမာဏအကန့်အသတ်ရှိသည်။ အဆက်အသွယ်တိုင်းမှဖြန့်ဝေနိုင်သောပမာဏကလည်း အတူတူလောက်ပင်။ ဝိုင်စိမ်ဖို့ရှန်းရွှေလက်ဆောင်ဆန်ဒီလောက်အများကြီးရတာ မဖြစ်နိုင်။

နောက်ပြီး ဩဇာအာဏာရှိသူအတော်များများက သူတို့ကိုလာရှာသော်လည်း သူတို့မှာရောင်းပေးစရာမရှိ။ အခု ချင်းလင်ဝိုင်လုပ်ငန်းက ရှန်းရွှေလက်ဆောင်ဆန်နဲ့ဝိုင်လုပ်နေပြီ။ ဩဇာအာဏာရှိသူတွေက ဘယ်လိုထင်ကြမလဲ?

သူတို့ကိုရောင်းပေးဖို့မရှိ၊ သူများဝိုင်လုပ်ဖို့တော့ရှိသည်ဆိုရင် စိတ်ကြည်မည်မဟုတ်။

ဒါသူတို့ကိုမီးစင်တင်ပြီး ဒုက္ခပေးတာမလား?

သို့ရာတွင် နှစ်တိုင်း ရှန်းရွှေလက်ဆောင်ဆန်ကိုအကန့်အသတ်နှင့်သာရောင်းပြီး အရောင်းကိုယ်စားလှယ်တိုင်းကလည်း ပမာဏမှတ်တမ်းတင်ထားသည်။

ထို့ကြောင့် ချင်းလင်ဝိုင်လုပ်ငန်းက ရှန်းရွှေလက်ဆောင်ဆန်ဘယ်ကရလဲ အဖြေရှာဖို့မခက်ပေ။ အဖြေရသည်နှင့် ထိုအဆက်အသွယ်တာဝန်ခံကိုလူလဲပစ်ရမည်။

သူ့ကိုမျက်စိဖွင့်ပေးတာပဲ။

အဆက်အသွယ်အားလုံးကပုံမှန်ဆိုရင် ချင်းလင်ဝိုင်လုပ်ငန်းတော့ ဒုက္ခရောက်ပြီ။ ဒါ ရှန်းရွှေလက်ဆောင်ဆန်ရဲ့နာမည်နဲ့ဆိုင်သည်။ သူတို့ကိုရအောင်ဖော်ထုတ်ပြီး အပြစ်ပေးရမည်။

အဲဒီအချိန်ကျရင် ဂုဏ်သိက္ခာပိုင်းဖြစ်လာပြီ။ ချင်းလင်ဝိုင်လုပ်ငန်းဒုက္ခရောက်ရုံသာမက ချင်းလင်ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကလည်း မေးခွန်းထုတ်စရာဖြစ်လာမည်။

နောက်ပြီး သူတို့က ရှန်းရွှေလက်ဆောင်ဆန်နာမည်သုံးပြီး လူတွေကိုလှည့်စားချင်ရင် တန်ရာတန်ကြေးပေးဆပ်ရမည်။

ချင်းလင်ကုမ္ပဏီကိုအနှောင့်အယှက်ဖြစ်မှာလား? သူလုံးဝစိတ်မပူ။

နှစ်တိုင်း ရှန်းရွှေကထုတ်တဲ့လက်ဆောင်ဆန်မှာ အဆက်အသွယ်ကျယ်ကျယ်ပြန့်ပြန့်ရှိသည်။ သူတို့ ချင်းလင်ကုမ္ပဏီနဲ့မပတ်သက်ရရင်တောင် ချင်းလင်ကုမ္ပဏီကလည်း သူတို့နဲ့ပတ်သက်နိုင်မည်မဟုတ်။

ချင်လင်က ဒီအကြောင်းမသိ။

ရုံးခန်းထဲထိုင်ပြီး အင်တာနက်ပေါ်မှချင်းလင်ဝိုင်အကြောင်းသတင်းများဖတ်နေသည်။ ဥက္ကဌပေါင်တို့လေလံပွဲမှာပါဝင်ခဲ့ကြောင်း သတင်းများထွက်ပြီးနောက် အဆိုးမြင်မှတ်ချက်များပျောက်သွားပြီး ချင်းလင်ဝိုင်နာမည်တက်လာပြန်သည်။

ဒီလိုလေလံမျိုးနှစ်ကြိမ်ထပ်ဆွဲရင် မကြာခင် လူတိုင်းအမြင်ပြောင်းလဲလာပြီး မောက်ထိုက်ကိုတောင်းဆိုရာမှချင်းလင်ဝိုင်ဖြစ်လာမည်ဟု သူယုံကြည်ထားသည်။

…

တစ်ပတ်ကုန်လွန်သွားသည်။

ချင်လင်က မနက်စောစောရုံးခန်းထဲသွားပြီး သူ့နေ့စဉ်တာဝန်များလုပ်သည်။

All Chapters