← Chapters

တန်ရာတန်ကြေး! ၂

Vol. 64 Ch. 951

တန်ရာတန်ကြေး! ၂

Vol. 64 Ch. 951

ဒီနေ့ စာကြည့်တိုက်မှာခန့်မှန်းဂိမ်းမရှိသေး။ နတ်ဘုရားမတောင်ပေါ်ကလည်း ဘာမှမရပေ။

သူ့ကံကိုမြည်တွန်တောက်တီးနေစဉ် ဖုန်းမြည်လာသည်။

ဝန်ကြီးလုပင်။

ဖုန်းကိုင်လိုက်သောအခါ ဝန်ကြီးလုအသံကြားရသည်_

"သူဌေးချင်... ရုတ်တရက်ကြီးအနှောင့်အယှက်ပေးရတာ အားနာပါတယ်... မင်းဆီမှာအနားယူဖို့လိုအပ်နေတဲ့တော်ဝင်ပညာရှင်တစ်ယောက်ရှိလို့''

ဝန်ကြီးလုကပြောရင်းဆိုရင်း အားနာသံနှင့်_

"သူဌေးချင်... ဒီတော်ဝင်ပညာရှင်က အရင်လူတွေနဲ့မတူဘူး... စိတ်မရှိပါနဲ့... တစ်ခုခုဖြစ်ရင် ကျုပ်ကိုသာဖုန်းဆက်လိုက်ပါ''

ချင်လင်ကဖုန်းချပြီး တစ်ခုခုတော့မဟုတ်သလိုခံစားရသည်။

ဝန်ကြီးလုက ဒီတော်ဝင်ပညာရှင်ကိုမနှစ်မြို့သံပေါက်နေသည်။

ဝန်ကြီးလုဒီလိုဖြစ်တာ ဒီတစ်ခါပဲသူတွေ့ဖူးသည်။

အထူးသဖြင့် တော်ဝင်ပညာရှင်ကျူးနှင့်တော်ဝင်ပညာရှင်လီ အပန်းဖြေစံအိမ်ရောက်လာစဉ်က ဒီစီနီယာကြီးများကိုသူလေးစားခဲ့ရသည်။ ဝန်ကြီးလုနှင့်ထိုတော်ဝင်ပညာရှင်များကလည်း ဆက်ဆံရေးကောင်းသည်။

မကြာမီ_

ရုံးခန်းတံခါးခေါက်သံကြားရသည်။

တော်ဝင်ပညာရှင်လီကပြုံးပြုံးနှင့် ရုံးခန်းထဲဝင်လာကာ_

"သူဌေးချင်... မင်းဆီ လက်ဖက်ရည်တစ်ခွက်လောက်လာသောက်တာ''

"တော်ဝင်ပညာရှင်လီ.. ဘယ်လိုပြောလိုက်တာလဲ? သောက်ချင်သလောက်သောက်လို့ရပါတယ်''

ချင်လင်က အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်ထုတ်ပြီး လက်ဖက်ရည်စနှပ်သည်။ ထို့နောက် တော်ဝင်ပညာရှင်လီအတွက်တစ်ခွက်ငှဲ့ပေးသည်။

တော်ဝင်ပညာရှင်လီကတစ်ငုံသောက်ပြီးနောက်_

"သူဌေးချင်... တော်ဝင်ပညာရှင်လော့ဆိုတဲ့တစ်ယောက် ရောက်လာလိမ့်မယ်... ဂရုစိုက်ပေးပါဦး!''

“???”

ချင်လင်က ဇဝေဇဝါနှင့်မေးသည်_

"တော်ဝင်ပညာရှင်လီ... တော်ဝင်ပညာရှင်လော့က ဘယ်သူလဲ? ဘာလို့စီနီယာကြီးနဲ့ဝန်ကြီးလုက ဒီလောက်စိုးရိမ်နေရတာလဲ?''

"ဝန်ကြီးလုက ပြောထားသေးလား? အဲဒါအမှန်ပဲ''

တော်ဝင်ပညာရှင်လီကပြုံးပြုံးနှင့်ပြောသည်_

"လူတွေက မဖြူစင်တဲ့သုတေသနသမားတွေကို သဘောမကျကြဘူး''

"တော်ဝင်ပညာရှင်လီ... ပြောပြလို့ရမလား?''

ချင်လင်ကပိုပြီးဇဝေဇဝါဖြစ်သွားသည်။

တော်ဝင်ပညာရှင်လီက သက်ပြင်းချပြီး_

"ပြောလို့တော့ရပါတယ်... အဲဒီတော်ဝင်ပညာရှင်လော့က ငါတို့ တော်ဝင်ပညာရှင်ကျူးတို့နဲ့မတူဘူး... သူက သိပ္ပံသုတေသနကိုအာဏာသုံးချင်တယ်... ပြီးတော့ အရည်အချင်းအဆင့်အတန်းနဲ့ပတ်သက်ရင် အရမ်းပြောရဆိုရခက်တယ်''

ချင်လင်ကဘေးနားထိုင်ပြီး တော်ဝင်ပညာရှင်လီပြောမည့်အကြောင်းကိုနားထောင်နေသည်။ တော်ဝင်ပညာရှင်လီနှင့်ဝန်ကြီးလုက တော်ဝင်ပညာရှင်လော့ကို ဘာကြောင့်သဘောမကျကြောင်း သူအကြမ်းဖျင်းသဘောပေါက်ပြီ။

တော်ဝင်ပညာရှင်လီနဲ့တော်ဝင်ပညာရှင်ကျူးတို့က သုတေသနသမားသက်သက်ဆိုရင် တော်ဝင်ပညာရှင်လော့ကမဟုတ်။

"ပြည်တွင်းသိပ္ပံသုတေသနလောကက စီနီယာပြဿနာနဲ့ လက်ရှိတရုတ်ပြည်တွင်းအခြေအနေကိုမကျေနပ်ကြတဲ့လူငယ်တွေက အနောက်တိုင်းကိုထွက်သွားကြတယ်''

"အများစုက လုပ်ရည်ကိုင်ရည်မရှိ ယုံကြည်ချက်မရှိပေမဲ့ တချို့က အရမ်းလုပ်နိုင်ကြတယ်... အစွမ်းအစရှိကြတယ်... သူတို့ပါထွက်သွားရတယ်''

"ဒါက စီနီယာပြဿနာကြောင့်လည်းပါတယ်''

"အစက ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့စီနီယာကြီးတွေကို အထက်လူတွေကဂရုစိုက်ပေးချင်လို့ စီနီယာအတိုင်းစဉ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်''

"ဥပမာ ပြန်သွားတာမကြာသေးတဲ့တော်ဝင်ပညာရှင်ဟောင်က အများကြီးပါဝင်အားထုတ်ခဲ့တယ်... သုတေသနအဖွဲ့အမျိုးမျိုးမှာ ဗျူဟာသုတေသနပရောဂျက်တွေအများကြီးလေ့လာခဲ့တယ်''

"သူက ဒီသုတေသနမှာခေါင်းဆောင်မဟုတ်ပေမဲ့ သူရဲ့အားထုတ်မှုတွေကိုလျစ်လျူရှုထားလို့မရဘူး... သူကပါဝင်အားထုတ်ထားတဲ့စီနီယာတစ်ဦးပဲ''

"ပါမောက္ခရန်လိုနာမည်ကြီးတွေတောင် တော်ဝင်ပညာရှင်ဟောင်ထက်ဂျူနီယာကျတယ်''

"ဒီလိုစီနီယာစဉ်တာက အစကကောင်းတဲ့ကိစ္စပဲ... ဘာပဲဖြစ်ဖြစ် ငယ်ငယ်ရွယ်ရွယ်မှာလုပ်ခဲ့တာတွေကို အသက်ရလာတဲ့အခါ ဘယ်သူမှအမေ့မခံချင်ကြဘူး''

"ဒါပေမဲ့ ဘယ်ကိစ္စပဲဖြစ်ဖြစ် အမြင်နှစ်ဖက်ရှိတယ်... နိုင်ငံရေးအကွက်ရွှေ့ချင်တဲ့သူတွေက ဒီလိုကောင်းတဲ့ကိစ္စမျိုးကို အဆိုးမြင်အောင်အသုံးချကြတယ်... အဲဒါကြောင့် နိုင်ငံခြားထွက်တဲ့ပညာရှင်တချို့က မကျေနပ်တဲ့ကိစ္စတွေပါလာတယ်''

"ဒီတော်ဝင်ပညာရှင်လော့က သိပ္ပံသုတေသနကိုအာဏာသုံးချင်တယ်... လူငယ်တွေကိုဖိနှိပ်တယ်... လူငယ်တွေကကိုယ့်စာတမ်းကိုယ်ဖတ်ရင်တောင် သူတို့နာမည်လက်မှတ်ထိုးခိုင်းတယ်''

"ဒီလိုအခြေအနေမျိုးကို ဘယ်သူကသည်းခံနိုင်မလဲ?''

"အဓိကက ပြည်တွင်းမှာဒီလိုသုတေသနသမားတွေအများကြီးရှိနေတာပဲ''

ဒါကြောင့် တော်ဝင်ပညာရှင်လီ၊တော်ဝင်ပညာရှင်ကျူးနဲ့ဝန်ကြီးလုတို့ကတောင် သဘောမကျတာပဲ။

"တော်ဝင်ပညာရှင်လီ''

ချင်လင်က မတတ်သာပုံနှင့်_

"ဒီလိုလူမျိုးကို ဝန်ကြီးလုကဘာလို့ ကျွန်တော့်အပန်းဖြေစံအိမ်ပို့ချင်တာလဲ?''

တကယ်တော့ ဒီလိုလူမျိုးကို သူလည်းသဘောမကျ။

တော်ဝင်ပညာရှင်လီက သက်ပြင်းချကာ_

"တော်ဝင်ပညာရှင်လော့ရဲ့ဘိုးဘေးတွေက တိုင်းပြည်အတွက်အများကြီးအားထုတ်ခဲ့လို့ သူ့နောက်ကွယ်မှာအဆက်အသွယ်တွေရှိတယ်... ပြီးတော့ သူ့သုတေသနတစ်ခုက အရေးကြီးအဆင့်ရောက်နေတာ... မတိုးတက်သေးဘူး... မင်းဆီမှာအပန်းဖြေရင် သုတေသနကိုအထောက်အကူဖြစ်မှန်းသိလို့ သူကစမ်းကြည့်ချင်တာ''

"ပြီးတော့ သူကအပန်းဖြေစံအိမ်လာရမယ့်အထဲမှာမပါလို့ သူ့အဆက်အသွယ်ကိုအသုံးချထားတာ... ဝန်ကြီးလုလည်း ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းရုံကလွဲပြီး မတတ်နိုင်ဘူး''

ချင်လင် တကယ်ခေါင်းကိုက်သွားသည်။

ပေကျင်းတွင် ဝန်ကြီးလုလည်း သူ့ရုံးခန်းထဲထိုင်ပြီးခေါင်းကိုက်နေသည်။ သူကဖုန်းကိုင်ပြီး_

"ခေါင်းဆောင်ပြောတာ ကျွန်တော်နားလည်ပါတယ်... ဒီလိုလူမျိုးကြောင့် သူဌေးချင်အနှောင့်အယှက်ဖြစ်မှာပဲစိုးတာ... ဒီလိုမောက်မာပြီး အာဏာပြချင်တဲ့သူကို ဘယ်သူကသဘောကျမလဲ? သူ့ကိုယ်သူလုပ်နိုင်တယ်ထင်ပြီး ဘဝင်မြင့်နေတာ''

"ခေါင်းဆောင်... ကျွန်တော်နားလည်တယ်... သူ့ဘိုးဘေးတွေပါဝင်လုပ်ဆောင်ခဲ့တာကို... သုတေသနကလည်း အရေးကြီးနေလို့သွားခွင့်ပေးတာ... ကျွန်တော် သူဌေးချင်ကိုလည်းပြောပြီးပြီ''

"ဒါပေမဲ့ ခေါင်းဆောင်.. သူကဒါကိုနေရာရဖို့လုပ်တာ... သူ့သိပ္ပံသုတေသနအောင်မြင်တာနဲ့ ဆုရသလိုပဲမလား?''

"အမှန်အတိုင်းပြောရရင် သူ့ကိုနေရာမရစေချင်ဘူး... သူကသိပ္ပံသုတေသနမှာပိုတော်ရင်တောင် သိပ္ပံသုတေသနသက်သက်လုပ်တဲ့သူတွေကိုပဲ ပိုသဘောကျတယ်''

"ဟုတ်တယ် ဟုတ်တယ်... ငါနားလည်တယ်... သူနဲ့သူဌေးချင်မသင့်မြတ်ရင် သူ့ကိုချက်ချင်းပြန်လာခိုင်းမယ်''

ဖုန်းချပြီးနောက် ဝန်ကြီးလုကသက်ပြင်းရှည်ကြီးချလိုက်သည်။

အထက်လူတွေက သူဌေးချင်ကိုပိုတန်ဖိုးထား၍သာ တော်တော့သည်။ အခု တော်ဝင်ပညာရှင်လော့က သူ့အဆက်အသွယ်အင်အားသုံးလာတော့ သူဌေးချင်ကိုစိတ်ပျက်အောင်မလုပ်မိစေဖို့သာ ဆုတောင်းရတော့မည်။

ထိုအချိန်_

ပေကျင်းမှမင်မြို့တော်လေယာဉ်တစ်စီးပေါ်တွင် လူကြီးတစ်ဦးက ပထမတန်းတွင်ထိုင်လိုက်လာသည်။

လော့ဟွေက သူ့လက်ထဲမှချင်းလင်အပန်းဖြေစံအိမ်မိတ်ဆက်ကိုကြည့်ရင်း ဒီခရီးကိုမျှော်လင့်စောင့်စားမိသည်။ ဒီတစ်ခါ သူ့အဆက်အသွယ်ကိုသုံးပြီး ချင်းလင်အပန်းဖြေစံအိမ်သွားဖို့အခွင့်အရေးယူခဲ့သည်။

ထို့ကြောင့် သူ့လက်ထောက်တစ်ယောက်နှင့်ထွက်လာသည်။

ဝန်ကြီးလုက လက်ထောက်မခေါ်ဖို့သတိပေးသော်လည်း သူကပြဿနာရှိသည်မထင်။

ချင်းလင်အပန်းဖြေစံအိမ်ကိုခရီးထွက်လာခြင်းက သုတေသနကိုအထောက်အကူဖြစ်စေသောကြောင့်ပင်။ သူ့သုတေသနက အရေးကြီးအဆင့်ရောက်နေပြီဖြစ်၍ သူ့ကိုကူဖို့လက်ထောက်လိုသည်။

"တော်ဝင်ပညာရှင်လော့... အဲဒီချင်းလင်စံအိမ်က တကယ်ထူးခြားပါ့မလား?''

သူ့ဘေးမှသက်လတ်ပိုင်းလူကမေးသည်။ သူက တော်ဝင်ပညာရှင်လော့၏လက်ထောက်ပင်။

လော့ဟွေကပြုံးပြီး_

"ပါမောက္ခလီခိုင်ကိုကြည့်လေ... ချင်းလင်စံအိမ်ကအဲလောက်အံ့ဩစရာမကောင်းရင် သူသုတေသနဆက်လုပ်နိုင်မှာမဟုတ်ဘူး''

"တော်ဝင်ပညာရှင်ကျူးနဲ့တော်ဝင်ပညာရှင်ဖေးလည်းရှိသေးတယ်... သူတို့ရဲ့ဒုံးပျံသုတေသနက တန့်နေတာကြာပြီ... အနောက်တိုင်းကလူတွေလည်း အကြပ်ရိုက်နေတဲ့ပြဿနာနော်... ဒါပေမဲ့ သူတို့သုံးယောက်က ချင်းလင်အပန်းဖြေစံအိမ်သွားပြီးမှအောင်မြင်သွားတာ''

"သူတို့ပြန်လာတော့ ချင်းလင်အပန်းဖြေစံအိမ်အခြေအနေကိုလည်းပြောပြတယ်... အဲဒီက ပတ်ဝန်းကျင် အစားအစာ နေရာထိုင်ခင်း ပရောဂျက်တွေက သူတို့သုတေသနအတွက် တကယ်အထောက်အကူဖြစ်တယ်တဲ့''

"အဲဒါကြောင့် ငါ့အဆက်အသွယ်သုံးပြီး အဲဒီကိုသွားမှာ... သုတေသနအောင်မြင်ရင် ဆေးရုံထဲကနေရာက ငါ့အတွက်ပဲ''

သက်လတ်ပိုင်းလူကမျက်မှောင်ကြုတ်ပြီး_

"တော်ဝင်ပညာရှင်လော့... ချင်းလင်အပန်းဖြေစံအိမ်က ဒီလောက်စွမ်းမှတော့ ဝန်ကြီးလုဘာလို့ ကျွန်တော်တို့ဆေးရုံရဲ့အထူးအပန်းဖြေတဲ့နေရာမလုပ်ပေးတာလို့ထင်လဲ? အမြဲတမ်း တစ်ယောက်နှစ်ယောက်ပဲပို့တယ်... သူက သူများဆီကခွင့်တောင်းနေရသေးလို့လား?''

လော့ဟွေကသက်ပြင်းချကာ_

"အဲဒါ သူ့လိုစိတ်ကူးယဉ်သမားတွေရဲ့အားနည်းချက်​ဖြစ်မယ်... သိပ္ပံသုတေသနအတွက်လည်းအတူတူပဲ''

"အဲဒါကြောင့် ငါချင်းလင်အပန်းဖြေစံအိမ်ရောက်ရင် လက်ရှိသုတေသနကိုနားလည်အောင်လုပ်မယ်... သုတေသနအောင်မြင်တာနဲ့ အဲဒီနေရာကငါ့အတွက်ပဲ''

"အဲဒီအချိန်ကျရင် ဝန်ကြီးလုနဲ့စကားပြောပြီး ချင်းလင်စံအိမ်ကိုစီမံခွင့်တောင်းမယ်... ငါ့ကိုစီမံခွင့်ပေးမှ ချင်းလင်စံအိမ်ကကောင်းကောင်းအသုံးတည့်မှာ... အခုလို သုံးလေးယောက်ကိုစီစဉ်ခိုင်းနေစရာမလိုဘူး''

"တော်ဝင်ပညာရှင်လော့... ချင်းလင်စံအိမ်ရဲ့နောက်မှာ ချင်းလင်ကုမ္ပဏီရှိတယ်နော်!''

လက်ထောက်က မျက်မှောင်ကြုတ်ပြီးပြောသည်။

လော့ဟွေကစိတ်ထဲရှိပုံမပေါ်_

"ချင်းလင်ကုမ္ပဏီကို အထက်လူတွေစောင့်ကြည့်နေတာမှန်တယ်... ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံအတွက်အရေးအကြီးဆုံးက သိပ္ပံသုတေသနပဲ... ချင်းလင်စံအိမ်က သိပ္ပံသုတေသနအတွက်အထောက်အကူဖြစ်မှတော့ အကျိုးရှိရှိအသုံးချသင့်တယ်... စီးပွားရေးသမားတစ်ယောက် စိတ်ထင်တိုင်းလုပ်နေလို့မဖြစ်ဘူး''

"ဟုတ်တယ်!''

ဒါအဓိပ္ပါယ်ရှိသည်ဟု လက်ထောက်ကထင်သည်။

လော့ဟွေကဆက်ပြီး_

"အဲဒါကြောင့် ဒီတစ်ခါအပင်ပန်းခံရမယ်... ငါတို့သုတေသနပရောဂျက်ရဲ့ခက်ခဲတဲ့ပြဿနာကိုဖြေရှင်းရမယ်... တော်ဝင်ပညာရှင်ကျူးတို့အဲဒီမှာအောင်မြင်နိုင်ရင် ငါတို့မလုပ်နိုင်စရာအကြောင်းမရှိဘူး''

All Chapters