ဘာကြောင့် လူတွေမုန်း?
Vol. 64 Ch. 952
ချင်းလင်အပန်းဖြေစံအိမ်_
လော့ဟွေဆိုသောတော်ဝင်ပညာရှင်ရောက်လာပြီဆိုသောကြောင့် ချင်လင်နှင့်တော်ဝင်ပညာရှင်လီက အပေါက်ဝမှာစောင့်နေသည်။
တော်ဝင်ပညာရှင်လော့အကြောင်းကြားပြီး ချင်လင်က သိပ်ဟက်ဟက်ပက်ပက်မရှိ။ အရင်တော်ဝင်ပညာရှင်အားလုံးက သူ့အပေါ်ပျူငှာကြသောကြောင့် သူကမျက်နှာပျက်အောင်မလုပ်ခဲ့။
တော်ဝင်ပညာရှင်လီကလည်း တော်ဝင်ပညာရှင်လော့ကိုသဘောမကျ။ သူတံခါးပေါက်ထွက်ကြိုခြင်းမှာ ဝန်ကြီးလုကိုမျက်နှာသာပေးခြင်းပင်။
ကားတစ်စီးက အပန်းဖြေစံအိမ်မှာလာထိုးရပ်သည်။
လော့ဟွေလည်း သူ့လက်ထောက်နှင့် ကားပေါ်မှဆင်းလာသည်။
တော်ဝင်ပညာရှင်လီရောက်နေခြင်းမှာ တော်ဝင်ပညာရှင်လော့၏စိတ်နေသဘောထားနှင့်အပြောအဆိုမတတ်ခြင်းကြောင့် သူဌေးချင်စိတ်ကွက်မှာစိုး၍ဖြစ်သည်။
ထို့ကြောင့် လော့ဟွေကားပေါ်မှဆင်းသည်နှင့် ချက်ချင်းသူ့ဆီသွားလိုက်သည်_
"တော်ဝင်ပညာရှင်လော့... ခင်ဗျားကိုစောင့်နေတာကြာပြီ... မိတ်ဆက်ပေးဦးမယ်... ဒါ ချင်းလင်ကုမ္ပဏီရဲ့သူဌေးချင်ပဲ''
လော့ဟွေက ချင်လင်ကိုကြည့်လိုက်သည်။
သူရောက်လာကတည်းက သူလို့ထင်ပြီးသား။ အင်တာနက်ပေါ်မှာ သူများတွေက ချင်းလင်စံအိမ်ပိုင်ရှင်ကို သက်လတ်ပိုင်းလူတစ်ယောက်ဟုပြောနေကြသော်လည်း သူကဒီလိုလူငယ်မှန်းသိသည်။
သို့ရာတွင် စီရင်စုအကူအညီကြောင့် အပြင်လူတွေက ဒီအကြောင်းမသိကြ။
ဒါပေမဲ့ သူတို့လိုတော်ဝင်ပညာရှင်တွေအပန်းဖြေဖို့လာတဲ့အချိန်မှာ လူငယ်တစ်ယောက်ရဲ့မျက်နှာကြည့်နေရတာမဟုတ်သေး။
လောလောဆယ် သူ့မှာအာဏာမရှိသေးလို့ပေါ့။ ချင်းလင်အပန်းဖြေစံအိမ်မှာ သုတေသနအောင်မြင်မှ ဟိုနေရာကိုရဖို့အမှတ်ကောင်းကောင်းရမည်။
သူအနိုင်ရရင် တရုတ်သိပ္ပံအကယ်ဒမီမှာ ပြောရေးဆိုခွင့်ရမည်။ ပြီးရင် လုပ်ပိုင်ခွင့်ပေးဖို့ အထက်လူတွေကိုလျှောက်ထားနိုင်မည်။
သူက ဝန်ကြီးလုလိုဘာမှမလုပ်တဲ့သူမဟုတ်။
"သူဌေးချင်... တွေ့ရတာဝမ်းသာပါတယ်''
လော့ဟွေကအတွေးများနေသော်လည်း ချင်လင်ကိုပြုံးပြပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ တစ်ခါတည်း သူကစကားထည့်လိုက်၏_
"သူဌေးချင်... ဒါကကျုပ်ရဲ့လက်ထောက်ပါ... ကျုပ်ကတစ်ယောက်ယောက်တည်းနေနေကျဆိုတော့ သူ့အတွက်တစ်ခန်းစီစဉ်ပေးလို့ရမလား?''
ချင်းလင်အပန်းဖြေစံအိမ်မှာအခန်းအပိုပါပြီး သူ့လက်ထောက်အတူတူနေနိုင်မှန်း သူသိသည်။ ချင်းလင်အပန်းဖြေစံအိမ်က တခြားအခန်းစီစဉ်ပေးလေ့မရှိ။
သူဌေးချင်၏သဘောထားကိုတီးခေါက်ချင်သာ ပြောလိုက်ခြင်းဖြစ်သည်။
သူကဒီလိုပြောလာမှတော့ သူ့ကိုမျက်နှာသာမပေးလို့မရဘူးမလား?
"တော်ဝင်ပညာရှင်လော့... ကျွန်တော်တို့အပန်းဖြေစံအိမ်မှာ အခန်းပိုပါပါတယ်... တစ်ခန်းမကဘူး... ခင်ဗျားရဲ့လက်ထောက်နေလို့ရပါတယ်''
ချင်လင်ကပြုံးပြီးပြန်ပြောသည်။
တော်ဝင်ပညာရှင်လော့ကို သူအမြင်မကြည်သောကြောင့် အပိုမစီစဉ်ပေးနိုင်။
တစ်ဖက်လူအကဲစမ်းတာကို သူမသိခြင်းမဟုတ်။ လုံးဝသဘောမကျပေ။
"ရပါတယ်''
တော်ဝင်ပညာရှင်လော့က ချက်ချင်းပြုံးပြီးပြန်ပြောလိုက်သော်လည်း စိတ်ခုသွားသည်။
"သူဌေးချင်... ငါတော်ဝင်ပညာရှင်ကျူးတို့ပြောတာကြားဖူးတယ်... ဒီအပန်းဖြေစံအိမ်ရဲ့အဓိကစားဖွယ်က တော်ဝင်ဆေးစွပ်ပြုတ်ဆို''
သူကပြုံးပြုံးနှင့်မေးသည်။
"ပေကျင်းကအစိုးရစားသောက်ပွဲမှာ စားဖိုမှူးတွေချက်တဲ့တော်ဝင်ဆေးစွပ်ပြုတ်ကို ငါသောက်ဖူးတယ်... ဒါပေမဲ့ တော်ဝင်ပညာရှင်ကျူးတို့ပြောတာနဲ့တခြားစီပဲ... သူဌေးချင်များစီစဉ်ပေးနိုင်မလားမသိဘူး?''
တော်ဝင်ပညာရှင်လီကနားထောင်ရင်း အမြန်ပြောလိုက်သည်_
"တော်ဝင်ပညာရှင်လော့... တော်ဝင်ဆေးစွပ်ပြုတ်ကို သူဌေးချင်ပဲလုပ်တတ်တာ... ပြီးတော့ သူဌေးချင်ကအားမှပဲလုပ်တယ်... သောက်ချင်တိုင်းမရဘူး''
သူက တော်ဝင်ပညာရှင်လော့ကိုသတိပေးလိုက်ခြင်းပင်။
သူဌေးချင်ရဲ့အဆင့်နဲ့ သူစိတ်ပါမှ တော်ဝင်ဆေးစွပ်ပြုတ်လုပ်မှာပေါ့။ ဖိအားပေးလို့ဘယ်ဖြစ်မလဲ။
လော့ဟွေကသဘောပေါက်သော်လည်း မျက်နှာသာပေးမပေးသိချင်၍ အကြံပြုလိုက်သေးသည်_
"သူဌေးချင်... ငါတော်ဝင်ပညာရှင်ကျူးတို့ဆီကကြားပြီးတော့ စားချင်နေတာကြာပြီ... သူဌေးချင်ကိုဒုက္ခပေးလို့ရမလား!''
တော်ဝင်ပညာရှင်လီ စိတ်ညစ်သွားသည်။
သေပါရော။ ဒီကောင်က ဆေးရုံမှာ သူ့အဖွဲ့သားတွေကိုဆက်ဆံသလိုလာလုပ်နေတယ်။ ကြည့်ရတာ သူသတိပေးလည်းအလကားပဲ။
"အားနာပါတယ် တော်ဝင်ပညာရှင်လော့... တော်ဝင်ဆေးစွပ်ပြုတ်လုပ်ဖို့က ပါဝင်ပစ္စည်းတွေလိုတယ်... အခု ကျွန်တော့်မှာပါဝင်ပစ္စည်းဘာမှမရှိဘူး... ကျွန်တော်လုပ်စရာရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်''
အခုတော့ တော်ဝင်ပညာရှင်လီပြောတဲ့အပြောအဆိုမတတ်တဲ့လူအကြောင်းသိပြီ။ ထို့ကြောင့် သူကသုံးလေးခွန်းပြောပြီးသည်နှင့်ထွက်လာ၏။
ပွင့်ပွင့်လင်းလင်းပြောရရင် တော်ဝင်ဆေးစွပ်ပြုတ်က စိတ်ရှိတိုင်းလုပ်နိုင်သည်။ သို့ရာတွင် တစ်ဖက်လူ၏စိတ်နေသဘောထားကြောင့် သူအဆင်မပြေ။
တော်ဝင်ပညာရှင်လီသတိပေးတာသူကြားရင် ဒီလူလည်းမကြားတာမဖြစ်နိုင်။ ဒါကိုမှတောင်းဆိုလာတာက နေရခက်စေသည်။
တကယ်ဆို တော်ဝင်ပညာရှင်တစ်ဦးက ဒီလိုမဖြစ်သင့်။
ဒီလူအပန်းဖြေစံအိမ်မှာနေတဲ့အတောအတွင်း သူမတွေ့ဟုဆုံးဖြတ်လိုက်သည်။ မမြင်ရတာပိုကောင်းမည်။
မျောကျောက်ကိုတော့ အသုံးချခွင့်မပေးနိုင်။ ဒါဆို သူအဆင့်တက်စရာအကြောင်းမရှိပေ။
ချင်လင်ထွက်သွားသောကြောင့် လော့ဟွေ့ပိုပြီးစိတ်ရှုပ်သွားသည်။
မောက်မာရိုင်းစိုင်းတဲ့စီးပွားရေးသမား!
သို့ရာတွင် သူကပြုံးပြီး တော်ဝင်ပညာရှင်လီအား_
"တော်ဝင်ပညာရှင်လီ... ဒီသူဌေးချင်က တကယ့်လူပဲ''
တော်ဝင်ပညာရှင်လီက တော်ဝင်ပညာရှင်လော့အကြောင်းကောင်းကောင်းသိသောကြောင့်_
"တော်ဝင်ပညာရှင်လော့... ဒီအပန်းဖြေစံအိမ်ပတ်ဝန်းကျင်ကအရမ်းကောင်းတယ်... ခင်ဗျားကိုလိုက်ပြမယ်''
လော့ဟွေ့က မငြင်း။ တော်ဝင်ပညာရှင်လီနောက်လိုက်ကြည့်ရာ အပန်းဖြေစံအိမ်ရှုခင်းကိုသူသဘောကျသွားသည်။ တကယ်အံ့ဩစရာကောင်းသည်။
တော်ဝင်ပညာရှင်အားလုံး ပုံမှန်အနားယူအပန်းဖြေရသည်။ အပန်းဖြေနေရာအတော်များများကို သူရောက်ဖူးသော်လည်း ချင်းလင်အပန်းဖြေစံအိမ်ပတ်ဝန်းကျင်ကိုမမီပေ။
တစ်ချက်ကြည့်ရုံနှင့် ရုတ်တရက်အားလုံးကြည်လင်သွားသည်။
ပန်းများအစုလိုက်အစုလိုက်ပွင့်နေပုံက ကြည့်ကောင်းပြီး တဖြည်းဖြည်းစိတ်သက်သာရာရလာသည်။ အပန်းဖြေစံအိမ်ပတ်ဝန်းကျင်ကို အတော်အားစိုက်ထုတ်ပြီးလုပ်ထားပုံပင်။