ဘာကြောင့် လူတွေမုန်း? ၂
Vol. 64 Ch. 953
ဒီနေရာသာ တရုတ်သိပ္ပံအကယ်ဒမီရဲ့သီးသန့်အပန်းဖြေနေရာဖြစ်လာရင် ဘယ်သူမဆိုလာအနားယူနိုင်အောင် သူစီမံခွင့်ရှိမည်။ ဒါဆို တရုတ်သိပ္ပံအကယ်ဒမီရဲ့တော်ဝင်ပညာရှင်တွေ သူ့ကိုကျေးဇူးတင်ရလိမ့်မည်။
ဒီတော့ ဒီတစ်ခါအလုပ်ကြိုးစားပြီး သူ့သုတေသနမှာတိုးတက်အောင်လုပ်ရမည်။
သိပ္ပံသုတေသနစံပြအနေနှင့် တော်ဝင်ပညာရှင်ကျူးတို့က သူ့ကိုသဘောမကျမှန်းသူသိသည်။
ဒါပေမဲ့ ဒီတစ်ခါ သူများလုပ်နိုင်ရင် သူလည်းလုပ်နိုင်ကြောင်းသက်သေပြမည်။
ချင်းလင်အပန်းဖြေစံအိမ်က သိပ္ပံသုတေသနကိုလဝက်အတွင်းအထောက်အကူဖြစ်စေကြောင်း တော်ဝင်ပညာရှင်ကျူးတို့ကသက်သေပြထား၍ သူကသူတို့ထက်အချိန်ပိုနည်းအောင်လုပ်ပြရမည်။
"တော်ဝင်ပညာရှင်လော့... ကျွန်မအခန်းစီစဉ်ပေးထားပါတယ်... ငါးကုထုံးလည်းပြင်ဆင်ထားပါတယ်''
လော့ဟွေ့နှင့်တော်ဝင်ပညာရှင်လီအခန်းထဲဝင်လာသောအခါ ကောင်းယောင်ယောင်ကပြောသည်။
ချင်လင်က တော်ဝင်ပညာရှင်လော့ကိုသဘောမကျသော်လည်း သူမကစီစဉ်ပေးရဦးမည်။
အနမ်းငါးကုထုံးမှာ စံအိမ်၏အထင်ကရတစ်ခုဖြစ်ပြီး တော်ဝင်ပညာရှင်လီစောင့်စားနေသောအရာလည်းဖြစ်သည်။
ငါးကုထုံး တစ်နေ့နှစ်ကြိမ်ခံရရင် သက်သောင့်သက်သာရှိသည်။
လော့ဟွေ့က ပထမဆုံးငါးကုထုံးခံဖူးခြင်းဖြစ်ပြီး စိတ်လက်ပြေလျော့သွားသည်ကိုခံစားမိသည်။ နှစ်ဝက်လောက်ပင်ပန်းနေခြင်းက တခဏချင်းပျောက်ကွယ်သွားသလို ပြောမပြတတ်အောင်သက်သောင့်သက်သာရှိသည်။
ထို့ကြောင့် တော်ဝင်ပညာရှင်ကျူးတို့စကားကိုပိုယုံကြည်လာသည်။ ဒီလိုပြီးပြည့်စုံတဲ့ပတ်ဝန်းကျင်မျိုးက စိတ်သက်သာရာပြီးကျေနပ်စေသည်။
ဒီလိုအခြေအနေမျိုးမှာ လေ့လာရပိုလွယ်သည်။
လော့ဟွေကမနေနိုင်ဘဲ တော်ဝင်ပညာရှင်လီကိုမေးလိုက်သည်_
"တော်ဝင်ပညာရှင်လီ... ဒီချင်းလင်စံအိမ်က သိပ္ပံသုတေသနအတွက်အထောက်အကူဖြစ်မှတော့ ကျုပ်တို့ဆေးရုံရဲ့သီးသန့်အပန်းဖြေနေရာအဖြစ်လျှောက်ရင်ရော? အဲဒါ ကျုပ်တို့အားလုံးရဲ့အကျိုးအတွက် ခင်ဗျားလုပ်ပေးတာပဲ''
တော်ဝင်ပညာရှင်လီက မတတ်သာပုံနှင့်_
"တော်ဝင်ပညာရှင်လော့... တာဝန်ခံက ဝန်ကြီးလုလေ... ကျုပ်တို့ပူစရာမလိုပါဘူး''
တော်ဝင်ပညာရှင်လော့က အနေအထိုင်မတတ်ဟုသူထင်သည်။
သူ့လိုတော်ဝင်ပညာရှင်တစ်ဦးက အဲဒီနေရာအတွက်ပြိုင်ချင်နေတာတောင် မအောင်မြင်သေး။
ချင်းလင်အပန်းဖြေစံအိမ်ရဲ့သခင်ပါဖြစ်ချင်သေးတာလား?
ပြီးတော့ သူကသိပ္ပံသုတေသနမှာအာဏာပြချင်တာမလား? အထက်လူတွေ သူဌေးချင်ကိုဘယ်လောက်တန်ဖိုးထားလဲ သူမမြင်ဘူးလား?
သုတေသနကိုပဲဂရုစိုက်ပြီး တခြားအရာများကိုဂရုမစိုက်တတ်တဲ့သူဌေးချင်လိုလူက အနောက်နိုင်ငံများကိုအကြိမ်ကြိမ်တားမြစ်နိုင်ခဲ့ကြောင်းသိထားကြသည်။ သူလုပ်ရပ်ကြောင့် အထက်လူများရင်ထဲရောက်ခဲ့သည်!
လော့ဟွေ့လည်းပြုံးပြီး ဘာမှမပြောတော့။
အခုတာဝန်ခံက ဝန်ကြီးလု။ ဒါပေမဲ့ သူသုတေသနအောင်မြင်ပြီးအနိုင်ရခဲ့ရင် အဲဒီနေရာအတွက်ယှဉ်ပြိုင်ခွင့်ရှိပြီ။
"တော်ဝင်ပညာရှင်လီ... ကျုပ်ပြန်ပြီး သုတေသနလုပ်လိုက်ဦးမယ်''
တော်ဝင်ပညာရှင်လီ၏သဘောထားကို လော့ဟွေကရိပ်မိသောကြောင့် အခန်းပြန်လာသည်။
ဒီလိုစံတွေများနေတဲ့သူနဲ့ ပြောရဆိုရတာခက်သည်။
သူ့သုတေသနကို အရင်အာရုံစိုက်ထားရမည်။
လက်ရှိအခြေအနေကအရမ်းကောင်းသည်ဟု သူထင်သည်။ သူ့လက်ထောက်နှင့်သွားလေ့လာရမည်။ ထူးခြားချက်ရှိကောင်းရှိနိုင်သည်။
အခန်းထဲပြန်ရောက်သောအခါ သူနှင့်သူ့လက်ထောက်က သုတေသနအချက်အလက်များကိုစဖတ်ကြသည်။
သို့ရာတွင် သူ့အောင်မြင်ခြင်း၊မအောင်မြင်ခြင်းက ချင်းလင်အပန်းဖြေစံအိမ်နှင့်မဆိုင်ကြောင်း၊ မျောကျောက်နှင့်သာဆိုင်ကြောင်း သူမသိ။ နောက်ပြီး မျောကျောက်အသက်ဝင်ခြင်း၊မဝင်ခြင်းကလည်း ချင်လင်၏ဆန္ဒအပေါ်မူတည်နေသည်။
ထို့ကြောင့် လော့ဟွေနှင့်လက်ထောက်မှာ တစ်ညလုံးသာကုန်သွားသည်။ ဘာမှမထူးချေ။
တရုတ်သိပ္ပံအကယ်ဒမီအဆင့်တွင် သုတေသနစမ်းသပ်ချက်များက အောင်မြင်လွယ်သည်။ နှစ်ချီ၊ဆယ်စုနှစ်ချီသော သုတေသနပြဿနာဟူ၍ သိပ်များများစားစားမရှိ။
လော့ဟွေက စိတ်ဓာတ်မကျ။ ဒါပထမဆုံးညသာဖြစ်သည်။ နောက်လဝက်ကျန်သေးသည်။
ထို့ကြောင့် နောက်တစ်နေ့တွင် အပန်းဖြေစံအိမ်ပတ်ဝန်းကျင်၊ရှုခင်းနှင့်ငါးကုထုံးကိုဆက်လက်ခံစားသည်။ သန့်စင်သောလေကိုရှုရှိုက်ပြီး ညပိုင်းတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာသည်။
နေသာထိုင်သာရှိမှ သုတေသနလေ့လာဖို့ သူ့လက်ထောက်ကိုခေါ်သည်။
ချင်လင်ကသူ့ကိုသဘောမကျသောကြောင့် ပေါ်မလာချေ။
သို့ရာတွင် တစ်ရက်ပြီးတစ်ရက်လွန်သည်နှင့်အမျှ လော့ဟွေစိတ်မရှည်ဖြစ်လာသည်။
နေ့တိုင်းနေ့တိုင်း သူစိတ်နှင့်ခန္ဓာအကောင်းဆုံးအခြေအနေရောက်မှ သူ့လက်ထောက်နှင့်သုတေသနလေ့လာသည်။ သုတေသနတွင်ကြုံရသောပြဿနာများကိုနှိုက်နှိုက်ချွတ်ချွတ်လေ့လာသော်လည်း နောက်ဆုံး ဘာရလဒ်မှမထွက်။
မျက်စိတစ်မှိတ်အတွင်း လဝက်ကုန်လွန်သွားသည်။
"ဘာလို့ဒီလိုဖြစ်ရတာလဲ? မဖြစ်သင့်ဘူး!''
လော့ဟွေအခန်းထဲမှစိတ်ပျက်လက်ပျက်အသံထွက်လာသည်။
သူ့ဘဝမှာ ဘယ်သူ့ကိုမှမရှုံးဖူး။ တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်ကျူးတို့လို့ စံများနေသောလူတွေကိုလည်းကြည့်မရ။
ဒီတစ်ခါ တော်ဝင်ပညာရှင်ကျူးတို့ပြောသလို လဝက်ထဲသူရောက်လာပြီ။ ဒီခက်ခက်ခဲခဲသုတေသနကိုအောင်မြင်ပြီး သူတို့ထက်မညံ့ကြောင်းသက်သေပြချင်သည်။
ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင်ကျူးရဲ့ဒုံးပျံသုတေသနက သူ့သုတေသနထက်ပိုအရေးကြီးသည်။
တစ်ချိန်တည်းအောင်မြင်ရင်တောင် သူရှုံးနေသေးသည်။
၁၄ ရက်ရှိသွားပြီ။ သူထင်ထားတဲ့လဝက်က နည်းနည်းပိုမြန်နေသည်။
ရလဒ်က သူထင်သလိုမဟုတ်။ သူကတကယ်ပဲ ဟိုကောင်တွေလောက်မတော်ဘူးလား?
ထို့ကြောင့် သူပိုပြီးစိတ်ပျက်သွားသည်။
ရုတ်တရက် သူ့ဘေးမှလက်ထောက်က_
"တော်ဝင်ပညာရှင်လော့... ကျွန်တော်သတင်းရတယ်... ပါမောက္ခလီခိုင်ရဲ့အပူချိန်နိမ့်သုတေသနနဲ့ တော်ဝင်ပညာရှင်ကျူးရဲ့သုတေသနအောင်မြင်တာ ပန်းခြံထဲမှာတဲ့... အဲဒီမှာစမ်းကြည့်မလား?''
လော့ဟွေက အဓိပ္ပါယ်မရှိဟုထင်သည်။
နေရာပြောင်းတာနဲ့ သိပ္ပံသုတေသနနဲ့ ဘာဆိုင်လို့လဲ? ကိုယ့်အရည်အချင်းက အဓိက။
သို့ရာတွင် သူအရမ်းစိတ်ပျက်နေသောအချိန်ဖြစ်၍_ "သွားကြည့်ရအောင်'' ဟုသာ ပြန်ဖြေလိုက်သည်။
ချင်းလင်အပန်းဖြေစံအိမ်ပန်းခြံက အရမ်းလှသည်။ အပင်တိုင်းက ဂိမ်းထုတ်ကုန်ဖြစ်ပြီး ဂိမ်းအရည်အသွေးရှိသည်။ သူတို့နိုင်ငံထဲမှာ ဒီလိုနေရာမျိုးမရှိဟုဆိုနိုင်သည်။