← Chapters

ဘာကြောင့် လူတွေမုန်း? ၃

Vol. 64 Ch. 954

ဘာကြောင့် လူတွေမုန်း? ၃

Vol. 64 Ch. 954

လော့ဟွေနှင့်သူ့လက်ထောက်က ထိုင်စရာနေရာရှာပြီး ပစ္စည်းများနှင့်ဆက်လေ့လာသည်။ ခက်ခဲနေသောပြဿနာကိုဖြေရှင်းရန်နည်းလမ်းရှာနေသော်လည်း ဒီလိုလှပသောပတ်ဝန်းကျင်က အထောက်အထူမဖြစ်ဘဲရှိနေသည်။

မည်သည့်လှည့်စားမှုမှမပါလျှင် သုတေသနသမားတိုင်းမှာ သုတေသနသမား၏တကယ့်အရည်အချင်း၊လုပ်နိုင်စွမ်းအပေါ်မူတည်နေသည်။ အကယ်၍ မအောင်မြင်ပါက သူတို့မှာလုပ်နိုင်စွမ်းမရှိ၊ ဒါမှမဟုတ် လမ်းကြောင်းမှန်ပေါ်မရောက်ဟုဆိုရမည်။

ထို့​ကြောင့် ချင်းလင်အပန်းဖြေစံအိမ်တွင် ချင်လင်၏အကူအညီမပါဘဲ လုပ်သမျှကအချည်းနှီးဖြစ်နေမည်။

ကလေးငိုသံထွက်လာသောအခါ လော့ဟွေပိုပြီးစိတ်ရှုပ်သွားသည်။

လင်းလျိုတို့က ပန်းခြံကိုဖြတ်လျှောက်သွားခြင်းပင်။ ကလေးငယ်ငယ်တွေက စိတ်ရှုပ်စရာကောင်းတာမှန်သော်လည်း လော့ဟွေမှာနဂိုကစိတ်ရှုပ်နေသည်ဖြစ်၍ ကလေးငိုသံကနားထဲစူးဝင်လာသလိုခံစားရပြီး လင်းလျိုတို့အား စိတ်မရှည်သံနှင့်_

"မင်းတို့ကလေးက အနှောင့်အယှက်ဖြစ်ရင် အခန်းထဲပြန်ခေါ်သွားလေ... ငါ့စိတ်ကူးတွေကိုဖျက်နေတာပဲ''

သူ့စကားကြောင့် အမျိုးသမီးသုံးဦးကမကျေမချမ်းဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် အားလုံးက ဒီအပန်းဖြေစံအိမ်မှာလာအနားယူကြတဲ့သူတွေပဲ။

သို့ရာတွင် တော်ဝင်ပညာရှင်တစ်ဦးမှန်းသိသောကြောင့် သူဌေးချင်ကိုအနှောင့်အယှက်မဖြစ်စေချင်၍ အမျိုးသမီးသုံးဦးကပန်းခြံထဲမှထွက်သွားသည်။

ကလေးဝင်နှောက်သောကြောင့် လော့ဟွေအာရုံလုံးဝပျက်သွားပြီး ပန်းခြံအပြင်လမ်းလျှောက်ထွက်လာရာ လင်းဖန်နှင့်ကျောက်မိုချင်းလမ်းလျှောက်နေသည်ကိုတွေ့ရသည်။

ထို့ကြောင့် သူကခေါင်းထပ်ခါလိုက်ကာ_

"ဒီနေရာက သိပ္ပံသုတေသနအတွက်အထောက်အကူဖြစ်ပြီး တော်ဝင်ပညာရှင်တွေနေနေတာ ဘာလို့မိန်းမတွေကလေးတွေတပြုံကြီးရှိနေတာလဲ? ငါတို့အကြံရခါမှ သူတို့ကနှောင့်ယှက်ရင်ဘယ်လိုလုပ်မလဲ?''

လက်ထောက်ကမျက်မှောင်ကြုတ်ပြီး_

"တော်ဝင်ပညာရှင်လော့... ဒါသူ့နေရာလေ... စီမံရေးက သူ့သဘောအတိုင်းပေါ့''

"ဟမ်... သူဌေးချင်ကို ဒီအကြောင်းပြောရမယ်''

လော့ဟွေကနှာခေါင်းရှုံ့ပြီး ချင်လင်ရုံးခန်းထဲလျှောက်သွားသည်။

သူ့စိတ်တွေရှုပ်နေပြီး အသက်ရှူကမမှန်။ သူ့ကိုဒီလိုဖြစ်အောင်လုပ်တဲ့တရားခံကိုရှာချင်သည်။ နောက်ပြီး သူတောင်းဆိုမည့်အရာကဖြစ်သင့်သည်ဟု သူထင်သည်။

ရုံးခန်းထဲ၌_

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား သစ်လုံးများထမ်းပြီး သိုလှောင်ခန်းထဲပို့စေသည်။ ဒီနေ့ နတ်ဘုရားမတောင်ပေါ်မှာ အဝါရောင်သစ်မွှေးနှစ်ပင်ထပ်ထွက်ပြီး အရည်အသွေး ၁ နှင့် ၂ သစ်တုံးအများကြီးရသည်။

လက်ရှိ သစ်မွှေးနှင့်ပတ်သက်လျှင် ပြည်တွင်းကဘယ်သူ၊ဘယ်ကုမ္ပဏီမှာမဆို သူ့ထက်ပိုမွှေးတဲ့သစ်မွှေးမရှိနိုင်။

ထိုစဉ် တံခါးခေါက်သံကြားရသည်။

သူကဝင်ခဲ့ဖို့ခေါ်လိုက်ရာ လော့ဟွေနှင့်သူ့လက်ထောက်ဝင်လာသည်။

သူမျက်မှောင်ကြုတ်လိုက်သည်။

ဘာလို့ဒီလူဖြစ်နေတာလဲ? ဒီလူဘယ်လိုလူမှန်းသိပြီးကတည်းက သူနှင့်မတွေ့အောင်ရှောင်နေခဲ့သည်။ အကူအညီမဖြစ်ဘဲ စကားများမှခက်နေမည်။

လော့ဟွေကထိုင်ပြီး လာရင်းကိစ္စကိုတန်းပြောသည်_

"သူဌေးချင်... ငါတို့တော်ဝင်ပညာရှင်တွေ မင်းရဲ့အပန်းဖြေစံအိမ်ကိုလာမှတော့ စိတ်ကူးစိတ်သန်းကောင်းမယ့်ပတ်ဝန်းကျင်မျိုးဖြစ်အောင်ဖန်တီးပေးသင့်တာပေါ့''

ချင်လင်က ဇဝေဇဝါဖြစ်သွားပြီး_

"တော်ဝင်ပညာရှင်လော့... ကျွန်တော့်အပန်းဖြေစံအိမ်ပတ်ဝန်းကျင်က ခင်ဗျားအတွက်မကောင်းလို့လား? ဒါမှမဟုတ် အနမ်းငါးကုထုံးနဲ့တခြားပရောဂျက်တွေက မကောင်းဘူးလို့ပြောချင်တာလား?''

လော့ဟွေက ချက်ချင်းခေါင်းခါပြီး_

"သူဌေးချင်... အများကြီးမဟုတ်ပါဘူး... ငါ့လိုတော်ဝင်ပညာရှင်တွေက တွေးတောပြီးသုတေသနလုပ်ကြတယ်... ပါမောက္ခလီခိုင် ဒါမှမဟုတ် တော်ဝင်ပညာရှင်ကျူးရဲ့သုတေသနလိုပဲ... အပန်းဖြေစံအိမ်မှာစိတ်ကူးရပြီး ချက်ချင်းတွက်ချက်ကြရတာ''

"အဲလိုအခြေအနေမှာအနှောင့်အယှက်ဖြစ်ရင် သုတေသနအတွက်ဘယ်လောက်အဆုံးအရှုံးများလဲ မင်းသိမှာပါ... ဒီတစ်ခါ တော်ဝင်ပညာရှင်ကျူးတို့သာနှောင့်ယှက်ခံရရင် ဒုံးပျံသုတေသနက အောင်မြင်မှာမဟုတ်သလို အနောက်တိုင်းထက်ရှေ့ရောက်မှာလည်းမဟုတ်ဘူး''

"တော်ဝင်ပညာရှင်လော့... ခင်ဗျားဘာပြောချင် နေတာလဲ ကျွန်တော်မသိဘူး!''

ချင်လင်ကမျက်မှောင်ကြုတ်ပြီး လော့ဟွေကိုကြည့်လိုက်သည်။

သူ့ပုံစံကြောင့် လော့ဟွေကတဲ့တိုးပြောလိုက်သည်_

"သူဌေးချင်... ငါတို့သိပ္ပံသုတေသနက တကယ်အရေးကြီးတာ... ဒီတစ်ခါ ငါပန်းခြံထဲမှာလေ့လာနေရင်း စိတ်ကူးရတယ်... ငါ့သုတေသနအတွက် လုံးဝအထောက်အကူဖြစ်မှာ... ဒါပေမဲ့ ရုတ်တရက် ကလေးငိုသံကြားပြီး ငါအာရုံပျက်သွားရော''

ရုတ်ချည်းဆိုသလို လော့ဟွေကသူ့ဘက်သူယက်ကာ ယုံကြည်မှုအပြည့်နှင့်ဆက်ပြောသည်_

"အဲဒါ ငါ့အတွက်ဘယ်လောက်ဆိုးလဲသိလား? မင်းရဲ့အပန်းဖြေစံအိမ်ထဲမှာ မိန်းမတွေကလေးတွေ ဒီလောက်အများကြီးမရှိသင့်ဘူး... မဆီမဆိုင် လူကြီးတွေ ကိုယ်ဝန်ဆောင်တွေပါရှိနေတာ မကောင်းဘူး''

“????”

ချင်လင်ကမျက်နှာသေနှင့် သူ့ကိုကြည့်လိုက်သည်။

All Chapters