← Chapters

အရှက်ကွဲချင်သူ အကြီးအကျယ်အရှက်ကွဲခြင်း! ၂

Vol. 64 Ch. 956

အရှက်ကွဲချင်သူ အကြီးအကျယ်အရှက်ကွဲခြင်း! ၂

Vol. 64 Ch. 956

သူကလော့ဟွေကိုသဘောမကျသော်လည်း သူ့ရှေ့မှာထုတ်မပြဘဲ ချက်ချင်းပြုံးလိုက်ပြီး_

"တော်ဝင်ပညာရှင်လော့... ဒီညတော့ရှယ်ပဲ... သူဌေးချင်ကိုယ်တိုင် တော်ဝင်ဆေးစွပ်ပြုတ်ချက်ထားတယ်တဲ့''

"အဲဒီတော်ဝင်ဆေးစွပ်ပြုတ်က ကမ္ဘာမှာအရသာအရှိဆုံးပဲ... အထက်လူတွေနဲ့လူချမ်းသာတွေတောင် မစားဖူးကြဘူး''

"သူဌေးချင်ချက်မချက်က သူ့စိတ်အပေါ်မူတည်တယ်... ခါတိုင်းဆို စားချင်တိုင်းမရဘူးနော်''

တော်ဝင်ပညာရှင်လီ တကယ်ဝမ်းသာနေသည်။

ဘာပဲဖြစ်ဖြစ် သူကတော်ဝင်ဆေးစွပ်ပြုတ်ကို တစ်ကြိမ်မက စားဖူးသူပင်။

အစားကောင်းမကြိုက်တဲ့သူရှိလို့လား?

လော့ဟွေလည်း စိတ်ဝင်စားနေသည်။

အရင်ကတော်ဝင်ဆေးစွပ်ပြုတ်သောက်ဖူးသော်လည်း မြို့တော်ကအစိုးရစားသောက်ပွဲမှာ စာဖိုမှူးများချက်သည်ကိုသာစားဖူးသည်။ အရမ်းအရသာရှိသည်။

အဲဒီလိုအရသာရှိတဲ့အစားအစာမျိုးကို ပထမဆုံးစားဖူးခြင်းပင်။

သို့ရာတွင် အစိုးရစားသောက်ပွဲစားဖိုမှူးတွေက ချင်းလင်အပန်းဖြေစံအိမ်ရဲ့ ၄၀% လောက်တောင်မကောင်းဟု တော်ဝင်ပညာရှင်ကျူးတို့ပြောသည်ကိုလည်းကြားဖူးသည်။

တော်ဝင်ပညာရှင်တွေက မလိမ်လောက်။ ချင်းလင်အပန်းဖြေစံအိမ်ဆေးစွပ်ပြုတ်က တကယ်ကောင်းသည်ဟုသာဆိုကြသည်။

ထို့ကြောင့် သူမျှော်လင့်မိသည်။

နောက်ပြီး သူ့စိတ်အားနေသောကြောင့် ပိုတွေးကြည့်သည်။ ဘာပဲဖြစ်ဖြစ် သူ့သုတေသနနဲ့အာဏာပြရတာ သူသဘောကျသည်။

ဒါက သူ့အကျင့်။

ဒီလူငယ်က အကြောင်းအရင်းမရှိဆေးစွပ်ပြုတ်လုပ်မည်ဟု သူမထင်။ သူကချက်ပြုတ်ခဲသည်တဲ့။

ဒီနေ့ သူ့ကိုအရှက်ရအောင်လုပ်လိုက်တာနဲ့ ဆိုင်ကောင်းဆိုင်မည်။

ဒီနည်းနဲ့စိတ်ပြေအောင်လုပ်ပြီး တောင်းပန်ချင်တာဖြစ်မည်။

တော်ဝင်ပညာရှင်နဲ့ မိန်းမတွေကလေးတွေကြားမှာ ဘယ်ဟာကပိုအရေးကြီးလဲသိသေးရင် သူငတုံးမဟုတ်။

လော့ဟွေကတွေးရင်းတွေးရင်း ဖြစ်နိုင်သည်ဟုထင်သည်။

စားသောက်ခန်းထဲရောက်သောအခါ လော့ဟွေရော တော်ဝင်ပညာရှင်လီပါ ဆေးနံ့ပြင်းပြင်းကိုရကြသည်။

ထိုဆေးနံ့ကြောင့် လော့ဟွေမျက်စိကျယ်သွားသည်။

ဒီလိုကောင်းတဲ့ဆေးနံ့မျိုး အရင်ကမရဖူး။ ဒီအနံ့နဲ့တင် အတော်အရသာရှိမည်ဟုသိလိုက်သည်။

တော်ဝင်ပညာရှင်ကျူးပြောတာ အမှန်ဖြစ်မည်။

တော်ဝင်ပညာရှင်လီက ချက်ချင်းသူ့ထိုင်ခုံသွားပြီး အဖုံးလှပ်လိုက်သည်။ ဆေးနံ့ကထောင်းခနဲထွက်လာ၍ သူသွားရည်ကျလာသည်။

လင်းလျိုတို့လည်း ဝမ်းသာသွားသည်။

တော်ဝင်ဆေးစွပ်ပြုတ်က သူတို့မျှော်နေတဲ့အစားအစာ!

"ဒီနေ့ သူဌေးချင်ချက်ပြန်ပြီဟေ့''

"တကယ်... အမြဲတမ်း သူဘာချက်မလဲမျှော်နေတာ''

"မြန်မြန်စားရအောင်... စကားမပြောနဲ့တော့''

လော့ဟွေက သူ့လက်ထောက်နှင့်အတူထိုင်သည်။

သူကမျက်မှောင်ကြုတ်ကာ အမျိုးသမီးသုံးဦးကိုကြည့်လိုက်သည်။

သူတို့၊တော်ဝင်ပညာရှင်လီတို့အဆင့်အတန်းနဲ့ မိန်းမတွေ၊ကလေးတွေနဲ့အတူထိုင်ခိုင်းတာ လုံးဝလေးစားမှုမရှိဟု သူထင်သည်။

ဒါပေမဲ့ လောလောဆယ် တော်ဝင်ဆေးစွပ်ပြုတ်သောက်တော့မှာ၊ ဒီကိစ္စနဲ့စိတ်ရှုပ်မခံနိုင်။

သို့ရာတွင် စားပွဲပေါ်ကအစားအစာကိုကြည့်ပြီး သူမျက်မှောင်ကြုတ်သွားသည်။

အရင်အတိုင်းပဲ။ ဘယ်မှာလဲ တော်ဝင်ဆေးစွပ်ပြုတ်?

တော်ဝင်ပညာရှင်လီတို့စားပွဲပေါ်ကျ တစ်မျိုး။ တော်ဝင်ဆေးစွပ်ပြုတ်ထည့်ထားတဲ့ပန်းကန်တွေ။

လော့ဟွေကစိတ်ရှုပ်သွားပြီး သူ့ဘေးမှစားပွဲထိုးကိုမေးလိုက်သည်_

"သူတို့အားလုံးကတော်ဝင်ဆေးစွပ်ပြုတ်ပါပြီး ငါတို့ကျဘာလို့မပါတာလဲ?''

စားပွဲထိုးကအားလုံးချပြီး အမြန်ဖြေလိုက်သည်_

"လူကြီးမင်း အားနာလိုက်တာ... အဲဒီတော်ဝင်ဆေးစွပ်ပြုတ်ကို ကျွန်တော်တို့သူဌေးက အခမဲ့ဝန်​ဆောင်မှုပေးတာပါ... ပြီးတော့ ပါဝင်ပစ္စည်းအခြေအနေကြောင့် အရင်လူတွေကိုဦးစားပေးထားတာပါ... လူကြီးမင်းသုံးဆောင်ချင်ရင် စာရင်းကြိုပေးပြီး နောက်တစ်ကြိမ်စောင့်ရပါမယ်''

တော်ဝင်ပညာရှင်လီနှင့်လင်းလျိုတို့က လှမ်းကြည့်လိုက်သည်။

သူဌေးချင်ချက်ပြီဆိုတာနဲ့ တစ်ယောက်မကျန်ချက်ကျွေးမှန်း လင်းလျိုတို့သိသည်။ နောက်ပြီး ပါဝင်ပစ္စည်းမလောက်စရာအကြောင်းမရှိ။

ဒီတော့ ဒီလူကိုသက်သက်လုပ်တာ။

တော်ဝင်ပညာရှင်လီလည်း သတိထားမိသည်။ သူကမျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။ သူအတတ်နိုင်ဆုံး တော်ဝင်ပညာရှင်လော့ကိုသတိပေးခဲ့သော်လည်း သူဌေးချင်က တော်ဝင်ပညာရှင်လော့ကိုပညာပြပြီထင်သည်။

ဒီလူ သူဌေးချင်ကိုဘယ်လိုအနှောင့်အယှက်ပေးထားလဲ သူမသိ။

သို့ရာတွင် သူဂရုမစိုက်ချင်တော့။ သူ့ဆေးစွပ်ပြုတ်ကို အေးအေးဆေးဆေးသောက်နေလိုက်သည်။ သူဌေးချင်က လူကောင်း၊သဘောကောင်းမှန်း အားလုံးသိသည်။ သူဌေးချင်ကတမင်သက်သက်လုပ်တယ်ဆိုမှတော့ တော်ဝင်ပညာရှင်လော့ရဲ့လုပ်ရပ်ကြောင့်သာဖြစ်မည်။

စားပွဲထိုးကဆင်ခြေပေးနေမှန်း လော့ဟွေသိသည်။

ဒါ သူ့ကိုတမင်လုပ်တာ။

သူ့ကိုဒီလိုဆက်ဆံခံရတာ ဒါပထမဆုံးပင်။

သို့ရာတွင် သူ့စိတ်က ဒေါသထွက်ခွင့်မပေး။ ဒေါသထွက်လွန်း၍ပေါက်ကွဲချင်သော်လည်း စားပွဲထိုးကိုပြုံးပြီးကြည့်လိုက်ကာ_

"အနှောင့်အယှက်ဖြစ်ရင် အားနာတယ်ကွာ... ငါနားလည်ပါတယ်''

သို့ရာတွင် စားချင်စိတ်တန်းပျောက်သွားသည်။

ချင်လင်က လော့ဟွေကိုဂရုမစိုက်။ ဒီလိုဖြစ်လာမှတော့ သိတတ်တဲ့သူက အလိုက်တသိဆုံးဖြတ်လိမ့်မည်။

သူ့စိတ်ထဲမှဖန်သားပြင်ကိုပြန်ကြည့်ပြီး ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားကာ ဇာတ်ကွက်ရှိမရှိကြည့်စေသည်။

နောက်တစ်နေ့_

ချင်လင် သတင်းကောင်းရသည်။ လော့ဟွေက မနက်အစောကြီး သူ့လက်ထောက်နှင့်ပြန်သွားသည်တဲ့။

ကြည့်ရတာ ဒီလူမှာမျက်နှာရှိသေးသားပဲ။

တော်ဝင်ပညာရှင်တစ်ယောက်အနှောင့်အယှက်ဖြစ်သွားမှာ ချင်လင်ကစိုးရိမ်မနေ။ သူကဖုန်းထုတ်ပြီး ဝန်ကြီးလုကိုဆက်လိုက်သည်။

ဖုန်းဝင်သောအခါ ဝန်ကြီးလုအသံကြားရသည်_

"သူဌေးချင်... ဘာဖြစ်လို့လဲ? ဟိုလော့ဟွေက ဒီနေ့ပြန်လာပြီလို့စာပို့တယ်... တစ်ခုခုဖြစ်လို့လား?''

ချင်လင်က မတတ်သာပုံနှင့်_

"ဝန်ကြီးလု... နောက်ကျရင် ကျွန်တော့်အပန်းဖြေစံအိမ်ကို အဲလိုလူမျိုးတွေမပို့ပါနဲ့... သူတို့ထပ်လာရင် ကျွန်တော့်အပန်းဖြေစံအိမ်က ဧည့်သည်လက်ခံတာပိတ်ရလိမ့်မယ်''

"သူဌေးချင်... ငါတို့အဲလိုဘယ်လုပ်မလဲ? မင်းရဲ့အပန်းဖြေစံအိမ်မရှိဘဲ ငါတို့မဖြစ်ဘူး''

ဝန်ကြီးလုကအမြန်ကြေအေးလိုက်ပြီး ဆက်မမေးတော့။ လော့ဟွေဘယ်လိုလူလဲ သူသိသည်။

ထင်တဲ့အတိုင်း ဒုက္ခပေးပြီ။ အရင်က ခေါင်းဆောင်ကိုမလွှတ်ခိုင်းသင့်ဘူး။

တစ်ဖက်တွင်_

All Chapters