သစ်မွှေးမျှော်စင်!
Vol. 64 Ch. 958
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်နှင့်တော်ဝင်ပညာရှင်လီက စံအိမ်ဝင်ပေါက်တွင်စောင့်နေပြန်သည်။
ကားပါကင်တွင် ကားတစ်စီးလာထိုးရပ်ပြီး အသက်ကြီးကြီးတော်ဝင်ပညာရှင်တစ်ဦးဆင်းလာသည်။ တော်ဝင်ပညာရှင်ကျင်းပင်။
"တော်ဝင်ပညာရှင်ကျင်း... ခင်ဗျားကိုစောင့်နေတာကြာပြီ''
တော်ဝင်ပညာရှင်လီကပြုံးပြီး လျှောက်သွားသည်။ သူအလွန်ဝမ်းသာနေသည်။
ဘာပဲဖြစ်ဖြစ် ဒီအပန်းဖြေစံအိမ်ကကောင်းသော်လည်း သူတစ်ယောက်တည်း၊ အဖော်မရှိ။ တော်ဝင်ပညာရှင်ကျင်းရောက်လာတော့ လက်ရှိဖြစ်ပျက်နေသမျှကိုဆွေးနွေးနိုင်ပြီ။
မည်သို့ဆိုစေ တော်ဝင်ပညာရှင်ကျင်းက တော်ဝင်ပညာရှင်လော့လိုလူမျိုးမဟုတ်။ အလွန်နာမည်ကြီးသောသုတေသနသမားတစ်ယောက်လည်းဖြစ်သည်။
ဝန်ကြီးလုသာ သူ့နာမည်သုံးပြီး တော်ဝင်ပညာရှင်လော့ကိုမပြိုင်ခဲ့ရင် သူ့မှာဒီလိုလုပ်ဖို့ရည်ရွယ်ချက်မျိုးမရှိ။
တော်ဝင်ပညာရှင်ကျင်းအပေါ် တော်ဝင်ပညာရှင်လီ၏သဘောထားကို ချင်လင်ရိပ်မိသည်။ လော့ဟွေကိုဆက်ဆံပုံနှင့်တခြားစီပင်။
"သူဌေးချင်... အနှောင့်အယှက်ပေးမိတာ အားနာပါတယ်''
တော်ဝင်ပညာရှင်ကျင်းက ချင်လင်ကိုတွေ့သောအခါ နှိမ့်နှိမ့်ချချလက်ဆွဲနှုတ်ဆက်လာသောကြောင့် ခံစားချက်ချင်းကမတူ။
တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်ကျူးတို့လို တစ်ဖက်သားကိုစိတ်သက်သာရာရစေသည်။
'စီနီယာ'နှင့်'စီနီယာလုပ်သည်'ဆိုသော စကားနှစ်လုံးမှာ တော်ဝင်ပညာရှင်ကျင်းနှင့်တော်ဝင်ပညာရှင်လီတို့က 'စီနီယာ'ဟူသောစကားနှင့်ထိုက်တန်ပြီး လော့ဟွေကမူ 'စီနီယာလုပ်ခြင်း'ပင်။
ချင်လင်က တော်ဝင်ပညာရှင်ကျင်းကိုအပန်းဖြေစံအိမ်ထဲဖိတ်လိုက်သည်။
"သူဌေးချင်... မင်းကအံ့ဩစရာပဲ... ဒီလောက်ကောင်းတဲ့ပတ်ဝန်းကျင်မျိုး ငါမတွေ့ဖူးဘူး''
တော်ဝင်ပညာရှင်ကျူးကလမ်းလျှောက်လာရင်း မချီးကျူးဘဲမနေနိုင်တော့။
ပတ်ဝန်းကျင်ရှုခင်းက ပြောပြဖို့ခက်သည်။ စွဲမက်စရာကောင်းသည်ဟုသာပြောရမည်။
လူတွေကအသက်ရလာရင် ကြည်နူးစရာရှုခင်းတွေကိုသဘောကျတတ်သည်။ ဒါပေမဲ့ အံ့ဩစရာကောင်းပြီးရင်သပ်ရှုမောဖွယ်ရာရှုခင်းမျိုးမြင်ဖူးတာ ဒါပထမဆုံးပင်။
ဒီအချက်ကနေ ဝန်ကြီးလု၊တော်ဝင်ပညာရှင်လီနဲ့တော်ဝင်ပညာရှင်ကျူးတို့က သူဌေးချင်ကိုဘာလို့တန်ဖိုးထားကြကြောင်း အကြမ်းဖျင်းသူသဘောပေါက်လိုက်သည်။
ဒီမှာ လူ့စိတ်နှလုံးကိုထင်ဟပ်စေသောအရာများရှိနေသည်။
အလှတရား၊ငြိမ်းချမ်းမှုနှင့်ပြည့်နှက်နေသောနှလုံးသားပိုင်ရှင်သာ ဒီလိုလှပသောရှုခင်းမျိုးကိုဖန်တီးနိုင်လိမ့်မည်။
အမှောင်အမိုက်၊အကြံအစည်တွေဖုံးလွှမ်းနေပါက ဒီလိုရှုခင်းမျိုး လုံးဝဖန်တီးနိုင်မည်မဟုတ်ပေ။
ကောင်းယောင်ယောင်က အသင့်စောင့်နေသည်။ သူမက တော်ဝင်ပညာရှင်ကျင်းနေထိုင်ရန် နေရာစီစဉ်ပေး၏။
ချင်လင်လည်း တော်ဝင်ပညာရှင်ကျင်းကိုကြိုပြီး သူ့ရုံးခန်းထဲပြန်လာသည်။ သူ့စိတ်ထဲမှဂိမ်းကိုကြည့်ကာ သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမစမ်းချောင်းမှရေတစ်ပုံးခပ်စေသည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံပြန်လာစေပြီးနောက် ရုံးခန်းတံခါးလော့ချကာ ဂိမ်းထဲဝင်လိုက်သည်။ နတ်ဘုရားမစမ်းရေပုံးကိုထုတ်ယူလာပြီး သူ့ရုံးခန်းထဲထားထားသည်။
အခု အခွင့်အရေးရှာပြီး မျောကျောက်အာနိသင်ကိုအသက်သွင်းကာ တော်ဝင်ပညာရှင်ကျင်းစိတ်ကူးရအောင်ကူညီပေးမည်။ အဲဒီအချိန်ကျရင် တော်ဝင်ပညာရှင်လော့ဖြစ်သွားမယ့်ပုံက စိတ်ဝင်စားစရာပင်။
တစ်ဖက်တွင် တော်ဝင်ပညာရှင်လော့ဇာတ်ခင်းတာလည်း တစ်မျိုးကောင်းသည်။
ဘာပဲဖြစ်ဖြစ် အရင်က ချင်းလင်အပန်းဖြေစံအိမ်မှာပတ်ဝန်းကျင်ကောင်းနှင့်ပရောဂျက်ကောင်းများရှိကြောင်း အားလုံးအတည်ပြုထားကြသည်။ လူကိုသက်သောင့်သက်သာဖြစ်စေပြီး စိတ်ကျေနပ်မှုရစေသည်။ သိပ္ပံသုတေသနအတွက်အထောက်အကူဖြစ်သောကြောင့် အောင်မြင်စေနိုင်သည်။
ဒါကိုဘယ်သူမဆိုစမ်းကြည့်နိုင်သည်ဟု အထင်ရောက်စေသည်။
အခု တော်ဝင်ပညာရှင်လော့က ဇာတ်ခင်းလိုက်ရာ လုံးဝမမှန်တော့။
ချင်းလင်အပန်းဖြေစံအိမ်က လူကိုအကောင်းဆုံးအခြေအနေရောက်စေသော်လည်း သိပ္ပံသုတေသနမှာ လုပ်နိုင်စွမ်းနှင့်ကံအပေါ်မူတည်သေးသည်ဟု အားလုံးထင်သွားကြမည်။
ဒီတော့ လူတိုင်းမလုပ်နိုင်။
ဒါကပိုကောင်းသည်။
မျောကျောက်ကိုလည်း ဖွင့်ချင်မှဖွင့်နိုင်သည်။
တော်ဝင်ပညာရှင်ကျင်းရောက်ခါစဖြစ်၍ ချင်လင်က အလျင်မလိုသေး။ သူ့ရုံးခန်းထဲတွင်နတ်ဘုရားမစမ်းရေထားခဲ့ပြီး စံအိမ်ဘက်တစ်ချက်သွားကြည့်သည်။
"ရှောင်ချင်မလား?''
"ထင်တာပဲ!''
"ရှောင်ချင်ပဲ!''
စံအိမ်ထဲဝင်ပြီး မကြာမီ ချင်လင်ကိုဖုန်းများနှင့်ဝိုင်းပြီးဓာတ်ပုံရိုက်ခံရသည်။
အခု စာလည်းတော်၊သိုင်းလည်းတော်တဲ့ရှောင်ချင်က အရမ်းနာမည်ကြီးနေပြီ။ သူအင်တာနက်မှာနာမည်မကြီးချင်ရင်တောင် အင်တာနက်ဆယ်လီအတော်များများထက်နာမည်ကြီးနေသည်။
သူကသက်ပြင်းချပြီး စိတ်ပျက်လက်ပျက်နှင့် အပန်းဖြေစံအိမ်ပြန်လာသည်။
အခု စံအိမ်ကသွားရခက်နေပြီ။
တောင်တန်းစံအိမ်လာသောခရီးသည်များက လမ်းညွှန်အရင်ကြည့်ပြီး သူဆိုတဲ့ရှောင်ချင်အပါအဝင် တောင်တန်းစံအိမ်အကြောင်း အများကြီးသိထားကြသည်။
အချိန်ကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်ပတ်ကုန်သွား၏။
ဒီနှစ်ပတ်အတွင်း မျောကျောက်ကိုအသက်သွင်းဖို့ ချင်လင်မလောခဲ့။
သို့ရာတွင် တော်ဝင်ပညာရှင်ကျင်းက စိတ်ကြည်နေသည်။ သူ့စိတ်နှင့်ခန္ဓာကိုယ်အခြေအနေက ကောင်းသည်ထက်ကောင်းလာသည်ဟုခံစားမိသည်။
"သူဌေးချင်... မင်းရဲ့အပန်းဖြေစံအိမ်က တကယ်အံ့ဩစရာပဲ... နှစ်ပတ်လောက်နားပြီး ငါ့အခြေအနေကပိုပိုကောင်းလာတယ်... သိပ္ပံသုတေသနအတွက်အထောက်အကူဖြစ်တယ်ဆိုတာ အမှန်ပဲ''
တော်ဝင်ပညာရှင်ကျင်းက ချင်လင်ကိုမြင်မြင်ချင်း မပြောပြဘဲမနေနိုင်_
"ခါတိုင်း အခက်ကြုံရင် တော်ဝင်ပညာရှင်တွေကစိတ်မြန်လာကြတယ်... ဖိအားများလာပြီး အာရုံကြောတွေကတင်းလာတာ... အဲဒါ သိပ္ပံသုတေသနအတွက်မကောင်းဘူး''
"အဲဒါကြောင့် ငါတို့အနားယူဖို့စီစဉ်ပေးရတာ... ဒါပေမဲ့ အများစုက အပန်းဖြေသွားရင်တောင် ဖြေဖျောက်ဖို့ခက်တယ်... ဘာလို့လဲဆိုတော့ တော်ဝင်ပညာရှင်တွေက အပန်းဖြေနေတဲ့အတောအတွင်းမှာ သူတို့သုတေသနပြဿနာတွေကြောင့် ဒုက္ခရောက်နေကြတာ''
"သူဌေးချင်ရဲ့အပန်းဖြေစံအိမ်က လုံးဝအံ့ဩဖို့ကောင်းတယ်... ဒါကြောင့် တော်ဝင်ပညာရှင်ကျူးတို့အောင်မြင်ကြတာကိုး''
"တော်ဝင်ပညာရှင်ကျင်းက မြှောက်နေတာပဲ''
ချင်လင်က ပြောသည်_
"တော်ဝင်ပညာရှင်လော့ ကျွန်တော့်ဆီလာခဲ့တယ်လေ... သူလည်းဘာမှမရသွားပါဘူး''
တော်ဝင်ပညာရှင်ကျင်းက ခေါင်းခါပြီး_
"ဒီလိုပြောလို့မရဘူး... ချင်းလင်အပန်းဖြေစံအိမ်က တို့လိုလူတွေရဲ့စိတ်အခြေအနေကိုညှိနှိုင်းပေးဖို့ အရမ်းအထောက်အကူဖြစ်တယ်... အပန်းဖြေရင်း ဒီလိုသက်သောင့်သက်သာရှိတဲ့အခြေအနေက သိပ္ပံသုတေသနအတွက်အရမ်းအကျိုးရှိတယ်... ရမရဆိုတာက ငါတို့ပြဿနာပါ''
တော်ဝင်ပညာရှင်ကျင်းကို ချင်လင်ပိုပြီးလေးစားမိသည်။
တချို့လူတွေက မုန်းစရာ။
ဒါပေမဲ့ တချို့လူတွေကတော့ လက်ဆုပ်လက်ကိုင်ပြစရာမရှိလည်း နှစ်နှစ်ကာကာလေးစားထိုက်သည်။
တော်ဝင်ပညာရှင်ကျင်းကဖုန်းထုတ်ပြီး ပတ်ပတ်လည်ရှုခင်းများကိုဓာတ်ပုံရိုက်နေသည်။
ဒါ သူ့ဝါသနာတစ်ခုဖြစ်မည်။
သူကဓာတ်ပုံရိုက်ပြီး ရှုခင်းလှလှတွေကိုမျှဝေချင်သည်။