← Chapters

သစ်မွှေးမျှော်စင်! ၂

Vol. 64 Ch. 959

သစ်မွှေးမျှော်စင်! ၂

Vol. 64 Ch. 959

သူ့အခိုက်အတန့်များအားလုံးလိုလိုက ရှုခင်းတွေချည်း။

တစ်ခါတလေ လမ်းဘေးကပန်းတစ်ပွင့်ဆိုရင်တောင် စိတ်ပါရင် ဓာတ်ပုံရိုက်၊ဗီဒီယိုရိုက်တတ်သည်။

သူ့ Wechat အခိုက်အတန့်များကအကြောင်းအရာကိုပဲကြည့်ရင် တော်ဝင်ပညာရှင်ကျင်းကို တော်ဝင်ပညာရှင်တစ်ဦး၊သုတေသနသမားတစ်ဦးမှန်းသိကြမည်မဟုတ်ပေ။

ဒါပေမဲ့ မလိုအပ်ဘဲနဲ့ ဘယ်သူက Wechat အခိုက်အတန့်များမှာ တင်နေမလဲ? ကိုယ်စိတ်ဝင်စားတာ၊ကိုယ့်ဝါသနာကိုမျှဝေရင် စိတ်ခံစားချက်မကောင်းဘူးလား?

ဘာပဲဖြစ်ဖြစ် အခိုက်အတန့်များမှာ မကောင်းတဲ့စိတ်ခံစားချက်တွေကိုထွက်ပေါက်ရှာတဲ့သူတွေလည်းရှိတာပဲ။

ထိုအချိန်_

တရုတ်သိပ္ပံအကယ်ဒမီတွင် အတော်များများကလည်း တော်ဝင်ပညာရှင်ကျင်းကိုစိတ်ဝင်စားနေကြသည်။

ဘာပဲဖြစ်ဖြစ် လော့ဟွေကချင်းလင်အပန်းဖြေစံအိမ်သွားပြီးဘာမှမရခဲ့။ တော်ဝင်ပညာရှင်ကျင်းသွားပြီးတစ်ခုခုရလာရင် သူမျက်နှာမလှပေ။

လော့ဟွေရုံးခန်းထဲတွင် လက်ထောက်ကမျက်မှောင်ကြုတ်ပြီး_

"တော်ဝင်ပညာရှင်လော့... အဲဒီတော်ဝင်ပညာရှင်ကျင်းက Wechat အခိုက်အတန့်များမှာတင်ထားပြန်ပြီ... ချင်းလင်အပန်းဖြေစံအိမ်ရဲ့ပတ်ဝန်းကျင်နဲ့ကုသရေးအစီအစဉ်တွေက သုတေသနသမားတွေရဲ့ကိုယ်နဲ့စိတ်အခြေအနေကိုညှိနှိုင်းဖို့သင့်တော်တယ်တဲ့... အရင်က ခင်ဗျားပြောတာနဲ့တခြားစီပဲ... သူပြောတာက တစ်သံ''

"ဟမ့်!''

ထိုသတင်းကြောင့် လော့ဟွေကနှာခေါင်းရှုံ့ပြီး_

"အသံကောင်းလွှင့်နေတယ်... လဝက်ရှိပြီ... ဘာစိတ်ကူး ဘာအောင်မြင်မှုမှမရဘဲနဲ့''

သူ့စကားက မလိုတမာအသံနှင့်။

ဒီလိုလူမျိုးတွေကို သူမုန်းသည်။ နောက်ဆုံး သူ့လိုအခြေအနေနဲ့ပဲအဆုံးသတ်ရမှာကို ဒီလိုအကွက်တွေသုံးနေသေး။ တစ်ဖက်က သူနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပြီး သူ့ကိုယ်သူအထင်ကြီးနေသည်။

တစ်ရက်ကုန်လွန်သွားသည်။

နောက်တစ်နေ့မှာ တော်ဝင်ပညာရှင်ကျင်း ချင်းလင်အပန်းဖြေစံအိမ်ရောက်တာ လဝက်ပြည့်ပြီဖြစ်သည်။

နေ့လယ်စာစားပြီးနောက် ချင်လင်က နတ်ဘုရားမစမ်းရေပုံးဆွဲပြီး ရုံးခန်းအပြင်ထွက်လာသည်။ သူကမျောကျောက်ကိုအာနိသင်ရှိအောင်လုပ်ပြီး တော်ဝင်ပညာရှင်ကျင်းအောင်မြင်အောင်ကူညီပေးရန်စီစဉ်လိုက်သည်။

သို့သော် သူပန်းခြံထဲဝင်မည်အပြုတွင် မာဟုန်ကလူတချို့နှင့် အပေါက်ဝကိုစောင့်ကြပ်နေသည်။

ချင်လင်ကရှေ့တိုးသွားရာ တော်ဝင်ပညာရှင်လီလည်းထွက်လာပြီး ချက်ချင်းပင်_

"သူဌေးချင် အားနာလိုက်တာ... မာဟုန်ကို ငါစောင့်ခိုင်းထားတာပါ... တော်ဝင်ပညာရှင်ကျင်းက အထဲမှာ သုတေသနအချက်အလက်တွေကြည့်ရင်း ရုတ်တရက်အဖြေရှာတွေ့လို့... အခုတွက်ချက်နေတယ်... သူ့ကိုအနှောင့်အယှက်မဖြစ်စေချင်လို့ပါ''

“???... တော်ဝင်ပညာရှင်ကျင်းက အဖြေရှာတွေ့သွားပြီ?''

ချင်လင်ကအမှတ်တမဲ့မေးလိုက်သည်။

တော်ဝင်ပညာရှင်လီကခေါင်းညိမ့်ပြီး_

"အင်း... ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာ တော်ဝင်ပညာရှင်ကျင်းက သူ့အခြေအနေပိုပိုကောင်းလာတယ်ပြောတယ်... သူလုံးဝသက်သာပြီး ထူးထူးခြားခြားအခြေအနေရောက်နေသလိုပဲတဲ့... သုတေသနပြဿနာတွေလည်း ပိုရှင်းလာတယ်တဲ့... စောစောက သူရုတ်တရက်အတွေးပေါက်ပြီး စဉ်းစားရခက်နေတဲ့ပြဿနာတချို့ကိုအဖြေရှာတွေ့သွားတာ''

ချင်လင်က သူ့လက်ထဲမှနတ်ဘုရားမစမ်းရေပုံးကို အမှတ်တမဲ့ပြန်ကြည့်လိုက်သည်။

သူ ရေမလောင်းရသေးပါဘူး။

မျောကျောက်မှအာနိသင်မရှိတာ။

တစ်နည်းပြောရရင် တော်ဝင်ပညာရှင်ကျင်းက မျောကျောက်အာနိသင်မပါဘဲ သူ့အရည်အချင်းနဲ့သူ နားလည်သွားတာပေါ့။

အံ့ဩစရာပဲ။

ဒါကလည်း မျောကျောက်မရှိရင်တောင် သူ့စံအိမ်ရှုခင်းနဲ့ကုသရေးပရောဂျက်တွေက တော်ဝင်ပညာရှင်တွေကိုအထောက်အကူဖြစ်တဲ့သဘော!

အံ့ရော!

ချင်လင်ကသူ့ရုံးခန်းထဲပြန်လာပြီး နတ်ဘုရားမစမ်းရေပုံးကိုဂိမ်းထဲပြန်ထည့်လိုက်သည်။ ထို့နောက် ပန်းခြံထဲသွားကြည့်ပြန်သည်။

သူဝင်လာသောအခါ တော်ဝင်ပညာရှင်ကျင်းက ကျောက်စားပွဲပေါ်တွင် ကွန်ပျူတာတစ်လုံးဖွင့်ထားပြီး သူ့မှတ်စုစာအုပ်ထဲချရေးနေသည်။

"တော်ဝင်ပညာရှင်လီ... VRG342 နောက်ဆုံးအချက်အလက်ကိုစစ်ပေးပါလား?''

တော်ဝင်ပညာရှင်ကျင်းက တော်ဝင်ပညာရှင်လီကိုအကူအညီတောင်းဖို့လည်းမမေ့။

သူတို့နှစ်ယောက်က သိပ္ပံသုတေသနချင်းတူသောကြောင့် တော်ဝင်ပညာရှင်လီက လက်ထောက်လုပ်ပေးဖို့လွယ်သည်။

ချင်လင်ကမျောကျောက်ဆီလျှောက်သွားပြီး မျောကျောက်ကိုထိလိုက်သောအခါ အသိပေးစာရသည်။

(နတ်ဘုရားမစမ်းရေတွင် ပါဝင်ပစ္စည်းမလုံလောက်ပါ... မျောကျောက်အာနိသင်မရှိနိုင်!)

"တော်ဝင်ပညာရှင်ကျင်းက တကယ်အံ့ဩစရာပဲ!''

ချင်လင်က သက်ပြင်းချလိုက်သည်။

တကယ် သူ့အရည်အချင်းနဲ့သူပဲ။

ချင်လင်က တော်ဝင်ပညာရှင်ကျင်းကိုအနှောင့်အယှက်မပေးဘဲ ပန်းခြံထဲမှထွက်လာခဲ့သည်။

နောက်တစ်နေ့_

ချင်လင်ကအိပ်ရာထပြီး အပန်းဖြေစံအိမ်ဧည့်ခန်းထဲသွားသည်။ တော်ဝင်ပညာရှင်ကျင်းကထုပ်ပိုးပြီးပြန်ဖို့ပြင်နေသည်။ သူက ချင်လင်အားနှုတ်ဆက်စကားဆို၏_

"သူဌေးချင်... ဧည့်ခံပေးတဲ့အတွက်ကျေးဇူးပါပဲ... မင်းရဲ့အပန်းဖြေစံအိမ်မှာ ရက်ပိုင်းလောက်ထပ်နေချင်သေးတာ... ဒါပေမဲ့ သုတေသနကတိုးတက်လာတော့ ချက်ချင်းပြန်မှဖြစ်မယ်''

ချင်လင်ကိုနှုတ်ဆက်ပြီး တော်ဝင်ပညာရှင်ကျင်းပြန်သွားသည်။

လေယာဉ်လက်မှတ်နှင့်ကားစီစဉ်ပေးဖို့ ဝန်ကြီးလုကိုအသိပေးထားသည်။

တော်ဝင်ပညာရှင်ကျင်းအောင်မြင်သောသတင်းက တရုတ်သိပ္ပံအကယ်ဒမီတွင်ချက်ချင်းပြန့်သွားသည်။

ထို့ကြောင့် တရုတ်သိပ္ပံအကယ်ဒမီမှတော်ဝင်ပညာရှင်များမှာ ချင်းလင်အပန်းဖြေစံအိမ်ကိုအာရုံစိုက်လာကြပြန်သည်။

အရင်တစ်ခါ လော့ဟွေက ချင်းလင်အပန်းဖြေစံအိမ်မှလက်ဗလာနှင့်ပြန်လာပြီး စံအိမ်အကြောင်းချဲ့ကားပြောကြတာဖြစ်ကြောင်း၊အသုံးမဝင်ကြောင်းပြောခဲ့သည်။

ဒါပေမဲ့ အခု တော်ဝင်ပညာရှင်ကျင်းသွားပြီးတော့ ချင်းလင်အပန်းဖြေစံအိမ်မှာအောင်မြင်ခဲ့ပြီး သုတေသနလုပ်ဖို့အလောတကြီးပြန်လာတာ စိတ်ဝင်စားစရာ!

လော့ဟွေလည်း ချက်ချင်းသတင်းရပြီး ကြောင်နေသည်။

ဒီလိုမဖြစ်သင့်။

သူလဝက်လောက်နေခဲ့ပြီး ချင်းလင်အပန်းဖြေစံအိမ်ရဲ့အခြေအနေကိုကောင်းကောင်းသိသည်။ အဲလိုပတ်ဝန်းကျင်မျိုးမှာ စိတ်ကူးရတယ်၊အောင်မြင်တယ်ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ?

အခု သူမလုပ်နိုင်ဘဲ တော်ဝင်ပညာရှင်ကျင်းကလုပ်နိုင်တယ်ဆိုတော့ သူကတော်ဝင်ပညာရှင်ကျင်းလောက်မတော်တဲ့သဘောလား?

မဖြစ်နိုင်။

သူကဘယ်လိုလုပ် သူများထက်ညံ့မှာလဲ?

…

အချိန်ကုန်လွန်သွားသည်။

အချိန်က လူကိုမစောင့်။ အချိန်ကိုဖမ်းဆုပ်ထားချင်လေလေ၊ အချိန်က လွတ်ထွက်သွားလေလေပင်။

မျက်စိတစ်မှိတ်အတွင်း တော်ဝင်ပညာရှင်ကျင်းပြန်ပြီး တစ်ပတ်ကြာသွားသည်။

တော်ဝင်ပညာရှင်လီက ချင်လင်ကိုသတင်းကောင်းပြောပြသည်။ တော်ဝင်ပညာရှင်ကျင်းရဲ့သုတေသနက လုံးဝအောင်မြင်သွားပြီ၊ ချင်းလင်အပန်းဖြေစံအိမ်က အထောက်အကူဖြစ်ခဲ့သည်တဲ့။

ချင်လင်မှာ အလုပ်လက်မဲ့ဘဝပြန်ရောက်ပြီး ကုမ္ပဏီတာဝန်ခံလုံးလုံးဖြစ်သွားသည်။ နေ့တိုင်း သူလုပ်သည့်အလုပ်က ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များလုပ်စေခြင်း၊ ဇာတ်ကွက်တာဝန်ရှိမရှိ မြေပုံအနှံ့လျှောက်သွားစေခြင်းသာ။

All Chapters