Chapters

သစ်မွှေးမျှော်စင်! ၃

Vol. 64 Ch. 960

သစ်မွှေးမျှော်စင်! ၃

Vol. 64 Ch. 960

နေ့စဉ်တာဝန်များအပြီးသတ်ပြီးနောက် ချင်လင်လည်းထရပ်ပြီး ရုံးခန်းအပြင်ထွက်လာသည်။ သူ့တိုက်ခန်းပြန်ရောက်သောအခါ လမ်းလျှောက်ပြီးပြန်လာသောလင်းဖန်၊ကျောက်မိုချင်းတို့နှင့်တွေ့သည်။

ကျောက်မိုချင်းက နေ့တိုင်းလမ်းလျှောက်သည်။ ဒီလိုပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးက ကလေးရောအမေအတွက်ပါကောင်းသည်။

"ချင်လင်... ရှင့်ကိုပြောစရာရှိတယ်!''

ကျောက်မိုချင်းက ချင်လင်ကိုတွေ့တွေ့ချင်းပြောသည်။

"ဘာဖြစ်လို့လဲ?''

ချင်လင်က တန်းမေးသည်။

ကျောက်မိုချင်းက ပန်းခြံဘက်လက်ညိုးထိုးပြပြီး_

"ရာသီဥတုကပိုပူလာပြီ... ပန်းခြံထဲမှာမျှော်စင်ဆောက်ရင်မကောင်းဘူးလား? မဟုတ်ရင် နေ့ပိုင်းအပြင်မထွက်နိုင်ဘူး... မိုးရွာရင်လည်း အားလုံးစံအိမ်ထဲမှာပဲနေလို့မ​ဖြစ်ဘူး... စံအိမ်နဲ့ပန်းခြံကြားမှာ စင်္ကြံဆောက်ရင်ရော?''

ချင်လင်ကနားထောင်ရင်း ခေါင်းညိမ့်လိုက်သည်။

ခြစ်ခြစ်တောက်ပူတဲ့နေအောက်မှာ ဂိမ်းထုတ်ကုန်အပင်တွေကိုကြည့်ရင် အရသာတစ်မျိုးဖြစ်သွားပြီ။ မျှော်စင်လေးနဲ့၊ ဖရဲသီးပန်းကန်လေးနဲ့၊ လှပတဲ့မြင်ကွင်းကိုရှုစားရတာက စိတ်ကူးကောင်းပင်။

မိုးရွာတဲ့နေ့တွေမှာ စင်္ကြံပေါ်လျှောက်ပြီး ပန်းခြံထဲကဂိမ်းထုတ်ကုန်အပင်များကိုလျှောက်ကြည့်နိုင်သည်။ ဒီအကြံမဆိုး။ မျှော်စင်ထဲကနေ မိုးသံတဖျောက်ဖျောက်ကိုနားထောင်နိုင်သေးသည်။

အကြံကတော့ကောင်းသည်။ ဒီအပင်အားလုံးက ဂိမ်းထုတ်ကုန်များဖြစ်၍ သာမန်သစ်နှင့်စင်္ကြံမျိုးမရ။ ဒီမှာအသုံးမဝင်နိုင်။

ထို့ကြောင့် ဂိမ်းဂိုဒေါင်ထဲမှ သစ်မွှေးနှင့်နံ့သာနီကို သူတွေးမိသည်။

ဂိမ်းသစ်က အပင်များအတွက်အမာခံဖြစ်မည်။

အချိန်ကြာပြီဖြစ်၍ ဂိမ်းဂိုဒေါင်မှာသစ်များပုံနေသည်။ မျှော်စင်နှင့်သစ်သားစင်္ကြံကောင်းကောင်းဆောက်နိုင်သည်။

သို့ရာတွင် သစ်မွှေးနှင့်နံ့သာနီပမာဏကလန့်လောက်စရာဖြစ်နေ၍ ရုံချန်းထဲတန်းသယ်လို့မရ။ နောက်ထပ်နေရာရှာရဦးမည်။

ထို့ကြောင့် မင်မြို့တော်တန်းမောင်းသွားလိုက်သည်။ ဒီတစ်ခါ သူလည်း လဝက်ခန့်လူပြတ်နေသောဝေးဝေးလံလံဆင်ခြေဖုံးနေရာတွင် ဂိုဒေါင်ကြီးကြီးရှာသည်။

လဝင်လောက်လူပြတ်နေမှ သူအလုပ်လုပ်တဲ့အတောအတွင်း လူရှင်းနေမည်။

ချင်လင်ကဘာပြဿနာမှမတွေ့လျှင် အတွေးနှင့်ဂိမ်းထဲဝင်ပြီး စိုက်ပျိုးရေးခြံဂိုဒေါင်ထဲသွားလိုက်သည်။

အပြင်မှာ သစ်ဂိုဒေါင်က ကာတွန်းပုံသေးသေးလေးမဟုတ်တော့ဘဲ အတော်ကြီးသောဂိုဒေါင်ကြီးဖြစ်သည်။

သစ်မွှေးနှင့်နံ့သာနီအပြည့်ရှိသောကြောင့် အချိန်အတော်ယူပြီး သယ်လိုက်ရသည်။

(သစ်မွှေး: အရည်အသွေး ၁)

(သစ်မွှေးပင်မှခုတ်ထားသော အထူးသစ်မျိုးဖြစ်သည်:

အနံ့စုပ်ခြင်း +၁၊ သစ်မာ +၁၊ အသား +၁၊ ပိုးမွှားနိုင်ခြင်း +၁)

(နံ့သာနီ: အရည်အသွေး ၁)

(နံ့သာနီပင်မှခုတ်ထားသော အထူးသစ်မျိုးဖြစ်သည်:

အသည်းကိုသန့်စင်ပြီးချီဓာတ်အားဖြည့်ပေးခြင်း +၁၊ မကောင်းဆိုးဝါးနှင်ခြင်း +၁၊ စိတ်တည်ငြိမ်စေခြင်း +၁၊ အသား +၁၊ သစ်မာ +၁၊ စိတ်အေးချမ်းစေခြင်း +၁!)

ချင်လင်က သစ်မွှေးကိုထိပြီး အတွေးနှင့်ဂိုဒေါင်အပြင်ထုတ်သည်။

အကြိမ်ကြိမ် ဂိမ်းထဲဝင်လိုက်ထွက်လိုက်လုပ်သည်။ သူက အရည်အသွေး ၁ သစ်မွှေးနှင့်နံ့သာနီကို နှစ်ပုံပုံထားသည်။

အရည်အသွေး ၂ သစ်မွှေးနှင့်နံ့သာနီကို မျှော်စင်နှင့်စင်္ကြံဆောက်ရန်မဖြစ်နိုင်သောကြောင့် ချင်လင်က အရည်အသွေး ၁ ကိုသာယူသည်။

အရည်အသွေး ၁ တောင် ဒီလောက်သက်တမ်းရှိတဲ့သစ်မွှေးနဲ့နံ့သာနီတွေအများကြီးထုတ်လာတာ လန့်စရာဖြစ်နေပြီ။ ဒါမျိုး ဘယ်သူမှမလုပ်နိုင်။

နောက်ပြီး ဂိမ်းထုတ်ကုန်သစ်မွှေးနှင့်နံ့သာနီမှာ အလိုလိုခံစားမိနိုင်သော အနံ့စုပ်ခြင်း၊ ပိုးမွှားနိုင်ခြင်း၊ စိတ်တည်ငြိမ်ပြီးချီဓာတ်အားဖြည့်ပေးခြင်းအရည်အသွေးများပါနေသည်။

မျှော်စင်မှာထိုင်နေရင်ကို ကြည်နူးစရာပင်။