← Chapters

အခန်း (၄၉၆)

Vol. 34 Ch. 496

အခန်း (၄၉၆)

Vol. 34 Ch. 496

ရွှမ်ယီ ခေါင်းမော့ပြီး အဝေးသို့ လှမ်းကြည့်လိုက်လျှင် ကောင်းကင်ပြိုလဲခြင်းတောင်တန်း မြောက်ဘက်အခြမ်း ကောင်းကင်ယံ၌ တောက်ပသော နတ်အလင်းများ တစ်ခုပြီးတစ်ခု ပြေးလွှားနေသည်ကို မြင်လိုက်ရ၏။

အစောပိုင်း ရွှမ်ယီ ကြေငြာခဲ့သော သတင်းစကားက တောင်းပိုင်းနယ်မြေ တစ်ခွင်ကို လှုပ်ခတ်သွားခဲ့သည်။

နက်နဲခြင်းအင်ပါယာဂိုဏ်းနှင့် ပတ်သက်ပြီး မည်သို့သော သဘောထားများရှိစေကာမူ တောင်ပိုင်းနယ်မြေမှ အင်အားစုများအားလုံး ဖွင့်ပွဲအခမ်းအနားသို့ လာရောက်ကြမည်သာ။

“ ပြပွဲကောင်းတစ်ခုတော့ပြင်ဆင်ပြီးပြီ… ဒီတစ်ကြိမ် ဂုဏ်သတင်းရမှတ် ဘယ်လောက် တိုးလာဦးမလဲ…”

ကောင်းကင်ထက်မှ နတ်အလင်းတန်းများ တစ်ခုပြီးတစ်ခု ဆင်းသက်လာလေသည်။

ရောက်လာသူများထဲတွင် အနိမ့်ဆုံးက ပထမအတိဒုက္ခအဆင့် အထွတ်အထိပ် အင်ပါယာများ ဖြစ်ကြ၏။

လက်ရှိအချိန်တွင် ကောင်းကင်ပြိုလဲခြင်းတောင်တန်း ပတ်၀န်းကျင်၌ ထောင်နှင့်ချီသော နတ်အလင်းများ တောက်ပနေခဲ့ပြီး ပြင်းထန်သော အရှိန်အဝါများ အစီအရီ ထွက်ပေါ်နေပေသည်။

၎င်းက အံ့မခန်းမြင်ကွင်းတစ်ခုဖြစ်ပြီး မြင်လိုက်ရသူတိုင်းကို ထိတ်လန့်သွားစေနိုင်၏။

“ မီရက်မင်းဆက်ရဲ့ အင်ပါယာအိုကြီးက မီရက်မင်းဆက်ကို သူ့လက်နဲ့ ကိုယ်တိုင် တည်ဆောက်ခဲ့တာ… မြင့်မြတ်နယ်မြေတွေက အန္တိမအင်ပါယာအဆင့်ကျင့်ကြံသူတွေတောင် သူ့ကိုမြင်ရင် လေးလေးစားစား ဆက်ဆံရလိမ့်မယ်…”

“ သူ ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ လုံး၀ မမျှော်လင့်ထားဘူး….”

မိုးကုပ်စက်ဝိုင်းအစွန်းတွင် ခရမ်းရောင် စစ်ရထားတစ်စင်းက မိုးခြိမ်းသံများနှင့်အတူ ဖြည်းညှင်းစွာ မောင်းနှင်လာနေ၏။ ၎င်းထံမှ ထွက်ပေါ်နေသည့်အရှိန်အဝါက အထက်တန်းဆန်ကာ အစွမ်းထက်လှသည်။

၎င်းအပေါ်တွင် အဖြူရောင်ဆံနွယ်များနှင့် အင်ပါယာအိုကြီးတစ်ဦး ထိုင်နေခဲ့ပြီး ရံဖန်ရံခါ မျက်တောင်ခတ်လိုက်လျှင် နက်ရှိုင်းသော အလင်းများ တောက်ပလာတတ်၏။

ထိုအဘိုးကြီးအမည်က အင်ပါယာ ရွှမ်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၈၅၀၀၀၀) တုန်းက မီရက်မင်းဆက်ကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။

မီရက်တာအိုကျမ်းစာက အင်ပါယာအဆင့်၌သာရှိသော်လည်း လေ့ကျင့်စဉ် သဘာ၀ကံကြမ္မာ၏ အကူအညီပေးခြင်းကို ရရှိခဲ့သည်။

ရှေးယခင် အတိတ်တုန်းက အင်ပါယာ ရွှမ်နှင့် အရှေ့ပိုင်းနယ်မြေရှိ နတ်ဘုရားနိုင်ငံတော်မှ အန္တိမအင်ပါယာအဆင့် ကျင့်ကြံသူတို့ တစ်နေရာတွင် တိတ်တဆိတ် ရင်ဆိုင်ဖူးသည်ဟု ဆိုကြသည်။

တိုက်ပွဲရလဒ်ကို မည်သူမှ အတိအကျမသိကြသော်လည်း မီရက်မင်းဆက်အား သိမ်းပိုက်ရန်စီစဉ်ထားသော နတ်ဘုရားနိုင်ငံတော်ကမူ ထိုကိစ္စအာစ ဆက်လက်ဆောင်ရွက်ခြင်းမရှိတော့ပေ။

ထိုတိုက်ပွဲပြီးနောက် အင်ပါယာရွှမ်က အန္တိမအင်ပါယာအဆင့်ရောက်နေပြီဟူ၍လည်းကောင်း ၊ အန္တိမအင်ပါယာအဆင့်ကို ယှဉ်တိုက်နိုင်သော ရတနာပိုင်ဆိုင်ထားသည်ဟူ၍လည်ကောင်း လူအများ ထင်ကြေးပေးခဲ့ကြသည်။

အကျဉ်းချုပ်ရလျှင် မီရက်မင်းဆက်အား သာမန်အဖြစ် ရှုမြင်၍မရပေ။ ၎င်းက မြင့်မြတ်နယ်မြေတစ်ခုထက် မနိမ့်ကျသော အင်အားစုတစ်ခုဖြစ်၏။

ဤအချိန်တွင် ကောင်းကင်ပြိုလဲခြင်းတောင်တန်းပတ်၀န်းကျင်၌ အင်အားစုအမျိုးမျိုးမှ ကျင့်ကြံသူများ စုဝေးနေကြသည်။

လူအများစုက နက်နဲခြင်းအင်ပါယာဂိုဏ်းဖွင့်ပွဲအခမ်းအနားကို စိတ်၀င်စားနေကြ၏။

ကြယ်တံခွန်တစ်စင်းအလား ရုတ်တရက် တောက်ပကာ မြင့်တက်လာသော ဂိုဏ်းနှင့်ပတ်သက်ပြီး လူတိုင်းသိချင်နေကြသည်မှာ အဆန်းတော့မဟုတ်ပေ။

သို့သော် ဂိုဏ်းထံသို့မ၀င်ရောက်ရသေးမီ ဖွင့်ပွဲသို့ဂုဏ်ပြုရန်ရောက်လာသူများကြောင့် အလွန်အံ့အားသင့်သွားကြ၏။

“ အစ်ကို တိုင်ရွှမ်က အစောကြီးရောက်နေတာကိုး… အဲ့တာက ကျုပ်တို့အနေနဲ့ မျက်နှာပူစရာပဲဗျာ…”

ထိုအချိန်တွင် မီရက်မင်းဆက် စစ်ရထားအနီး၌ အနီရောင်အလင်းများနှင့်အတူ ခမ်းနားသော ဖီးနစ်အော်မြည်သံ ထွက်ပေါ်လာသည်။

ကောင်းကင်ပြိုလဲခြင်းတောင်ခြေမှ ကျင့်ကြံသူများ အံ့အားသင့်စွာ ခေါင်းမော့ကြည့်လိုက်ကြပြန်၏။

သူတို့အားလုံး အနီရောင်အလင်းများကြား ခမ်းနားစွာ ပျံသန်းနေသည့် ဖီးနစ်များကို တွေ့လိုက်ရသည်။

ဖီးနစ် တစ်ကောင်ချင်းစီ၏ ကျောထက်၌ တောက်ပသော အနီရောင်၀တ်စုံများ၀တ်ဆင်ထားသည့် အင်ပါယာတစ်ယောက်စီ ရှိနေ၏။

“ ဖီးနစ်မီးတောက် မြင့်မြတ်နယ်မြေ…”

၎င်းတို့က အစစ်အမှန်ဖီးနစ်များ မဟုတ်ကြသော်လည်း အစစ်အမှန်ဖီးနစ်များ၏ သွေးမျိုးဆက် အနည်းငယ် ပိုင်ဆိုင်ထားကြသည်။

ဘုရင်အဆင့် ကျင့်ကြံမှုနှင့် စတင်မွေးဖွားလာသည့် သားရဲများဖြစ်ကြပြီး အရွယ်ရောက်လျှင် သာမန်အင်ပါယာအဆင့်ကျင့်ကြံသူများနှင့် ယှဉ်နိုင်စွမ်းရှိကြ၏။

ဖီးနစ်(၉)ကောင်က ကောင်းကင်ထက်၌ လှပကျော့ရှင်းစွာ ပျံသန်းနေကြပြီး ၎င်းတို့ထံမှ ထွက်ပေါ်နေသည့် ခမ်းနားသော အနီရောင် စွမ်းအားများက ကမ္ဘာမြေတစ်ခွင်ကို အလင်းပေးနေသည့်အလားပင်။

ထို့အပြင် ၎င်းတို့အားလုံး အင်ပါယာအဆင့်သို့ ရောက်နေကြချေပြီ။

ပို၍ အံ့အားသင့်စရာ ကောင်းသောအရာမှာ ဖီးနစ်(၉)ကောင် အထက်၌ လူသား အင်ပါယာများ ထိုင်နေကြခြင်းဖြစ်၏။

ဖီးနစ်မီးတောက် မြင့်မြတ်နယ်မြေက တောင်ပိုင်းနယ်မြေမှ မြင့်မြတ်နယ်မြေတစ်ခုဖြစ်ကာ ဖီးနစ်(၉)ကောင်အား ၎င်းတို့ဂိုဏ်းမှ အဆင့်မြင့်ဆုံးကျင့်ကြံသူများ ဦးဆောင်လာခဲ့သည်။

ဦးဆောင်လာသူ (၉)ယောက်အနက် (၈)ယောက်တွင် အနိမ့်ဆုံးက ကောင်းကင်ပလ္လင်အဆင့် ကျင့်ကြံမှု ရှိကြ၏။ ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာ (၃)ယောက်ပင် ပါဝင်နေသည်။

၎င်းတို့အား ဦးဆောင်လာသူက အလွန်ငယ်ရွယ်နုပျိုကာ အသက် (၃၀) ပင် ကျော်သေးဟန် မရသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက သူ၏ ကိုယ်ပိုင်အဆင့်အတန်းကို မီးမောင်းထိုးပြနေခဲ့သည်။

ထိုလူက ဖီးနစ်မီးတောက်မြင့်မြတ်နယ်မြေရှိ တစ်ဦးတည်းသော အန္တိမအင်ပါယာအဆင့် ကျင့်ကြံသူဖြစ်ကာ ဖီးနစ်မီးတောက်မြင့်မြတ်နယ်မြေ၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။

“ ဖီးနစ်မီးတောက်မြင့်မြတ်နယ်မြေ အရှင်သခင်ကိုယ်တိုင် နက်နဲခြင်းအင်ပါယာ ဂိုဏ်းဖွင့်ပွဲအခမ်းအနားကို ရောက်လာတာပဲ… ကြည့်ရတာ နက်နဲခြင်းအင်ပါယာဂိုဏ်းကို တော်တော်လေး မျက်နှာသာ ပေးပုံရတယ်…”

ကျင့်ကြံသူတချို့ တုန်လှုပ်သွားကြပြီး မနေနိုင်တော့ဘဲ အချင်းချင်း တီးတိုးပြောလိုက်ကြသည်။

သို့သော် အသေအချာစဉ်းစားကြည့်လိုက်လျှင် ယင်းက ဖြစ်သင့်သောကိစ္စတစ်ခုပင်။

တောင်ပိုင်းနယ်မြေဆိုသည်မှာ အမှန်တကယ် ခေါင်းပါးလွန်းလှသည်။ တောင်ပိုင်းနယ်မြေတွင် မြင့်မြတ်နယ်မြေ အဆင့်မီသော အင်အားစု နှစ်ခု သုံးခုမျှသာ ရှိ၏။

ယခုတွင် နက်နဲခြင်းအင်ပါယာဂိုဏ်းက မဟာပျက်စီးခြင်းနယ်မြေ၌ ဂိုဏ်းတစ်ခု တည်ထောင်လိုက်ပြီဖြစ်လေရာ တောင်ပိုင်းနယ်မြေရှိ မြင့်မြတ်နယ်မြေများအကြား နောက်ထပ်တစ်ခု ပေါင်းထည့်လိုက်ခြင်းအဖြစ် ယူဆနိုင်သည်။

ထို့ကြောင့် ၎င်းတို့ ရောက်လာခြင်းက သင့်တော်သည်ဟု ယူဆနိုင်သည်။

သို့သော် နောက်ဆက်တွဲ ထပ်မံထွက်ပေါ်လာသည့် ဂုဏ်ပြုသံများကြောင့် လူအများ ပို၍တုန်လှုပ်သွားခဲ့ရ၏။

“ မြောက်ပိုင်းနတ်ဘုရားနိုင်ငံတော်မှ ခရမ်းဆူးအင်ပါယာ… နက်နဲခြင်းအင်ပါယာဂိုဏ်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ဂုဏ်ပြုဖို့ ရောက်လာပါပြီ...”

“ ထာဝရကျက်သရေကိုးသွယ်ကုန်းမြေမှ ကိုယ်စားလှယ် နန်ဟောင်အင်ပါယာ… နက်နဲခြင်းအင်ပါယာဂိုဏ်းဖွင့်ပွဲ အခမ်းအနားကို ဂုဏ်ပြုဖို့ ရောက်လာပါတယ်...”

“ အနောက်နားခိုရာ နတ်ဘုရားနိုင်ငံတော်မှ ကိုယ်စားလှယ် ဖန်ရှောင်… နက်နဲခြင်းအင်ပါယာဂိုဏ်းဖွင့်ပွဲ အခမ်းအနားကို ဂုဏ်ပြုဖို့ ရောက်လာပါပြီ...”

“ မြင့်မြတ်ခြင်းမူလ လေလံစံအိမ်ကိုယ်စားလှယ် မိုးကြိုးအင်ပါယာလည်း နက်နဲခြင်းအင်ပါယာဂိုဏ်းဖွင့်ပွဲ အခမ်းအနားကို ဂုဏ်ပြုဖို့ ရောက်ရှိလာပါတယ်...”

“ ….”

“…….”

၎င်းတို့က တောင်ပိုင်းနယ်မြေမှ ဒေသခံ မြင့်မြတ်နယ်မြေများသာမက တောင်ပိုင်းနယ်မြေ၌ ဌာနခွဲများ တည်ထောင်ထားသော ကျန်နယ်မြေကြီးများမှ မြင့်မြတ်နယ်မြေများနှင့် မင်းဆက်များလည်း ပါ၀င်သည်။

မဟာမူလကုန်းမြေနှင့် သန့်စင်ခြင်းမျှော်စင်မှလွဲ၍ ကျန်အင်အားစုများအားလုံး ၎င်းတို့ ကိုယ်စားလှယ်များ စေလွှတ်ခဲ့၏။

ထို့အပြင် ရောက်ရှိလာသူများက သက်ဆိုင်ရာ အင်အားစုများ၏ ခေါင်းဆောင်များ သို့မဟုတ် ထိပ်တန်း အကြီးအကဲများ ဖြစ်ကြသည်။

ကောင်းကင်ပြိုလဲခြင်းတောင်တန်း ပတ်ဝန်းကျင်တွင် ရောင်စုံနတ်အလင်းများက နဂါးကြီးများအလား ကောင်းကင်ထက်၌ လင်းလက်တောက်ပစွာ ထွက်ပေါ်နေခဲ့သည်။

၎င်းတို့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက အလွန်ကြီးကျယ်ခမ်းနားကာ ပြင်းထန်လွန်းသည်ဖြစ်ရာ အဆင့်နိမ့်ကျင့်ကြံသူများအားလုံး အသက်ရှူကြပ်သွားရ၏။

All Chapters