← Chapters

အခန်း (၄၉၇)

Vol. 34 Ch. 497

အခန်း (၄၉၇)

Vol. 34 Ch. 497

ရုတ်တရက် ကောင်းကင်ပြိုလဲခြင်းတောင်တန်း အောက်ဘက်ရှိ အကာအကွယ်အစီအရင်ကြီးက အလင်းတန်းများ တောက်ပကာ ပွင့်ဟသွားပြီး အတွင်းမှ ငွေရောင်ချပ်ဝတ်နှင့် ကျော၌ ဆေဘာကြီးတစ်ချောင်း သိုင်းလွယ်ထားသည့် မိန်းကလေးတစ်ဦး ထွက်လာခဲ့သည်။

သူမ၏ မျက်ဝန်းများက ကြယ်များပမာ လင်းလက်တောက်ပနေခဲ့ပြီး သူမထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက ပြင်းထန်အေးစက်၍နေသည်။

၎င်းက အဆင့်တူကျင့်ကြံသူများ သူမအား စေ့စေ့ပင် မကြည့်ရဲအောင် ဖြစ်စေ၏။

ကြည့်ရသည်မှာ စစ်နတ်ဘုရားမ တစ်ယောက်အလားပင်။

“ အဲဒါ နက်နဲခြင်းအင်ပါယာဂိုဏ်းက တစ်ဦးတည်းသော ဂိုဏ်းဝင်လား… ဘယ်လောက်တောင် အရှိန်အဝါကြီးလိုက်သလဲ...”

“ နတ်ဆိုးဘုရင် (၉)ယောက်ကို သူမတစ်ယောက်တည်း သတ်ခဲ့တယ်တဲ့... အဲဒါမျိုးကို အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတွေတောင် လုပ်နိုင်မှာ မဟုတ်ဘူး...”

ဒေါင်ရွှမ် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ ကျင့်ကြံသူအများအပြား အံ့အားသင့်သွားခဲ့ကြသည်။ သူတို့က သူမ၏ရန်သူများ မဟုတ်သည့်တိုင် သူမထံမှ အန္တရာယ်အငွေ့အသက်များ ခံစားနေရဆဲပင်။

ထိုမိန်းကလေးက သူတို့အား တစ်ချက်တည်းဖြင့် ခေါင်းဖြတ်ပစ်နိုင်သည်ဟု ခံစားမိနေကြ၏။

တစ်ဖက်တွင် အဆင့်မြင့်အင်ပါယာများက ဒေါင်ရွှမ်နှင့်ပတ်သက်ပြီး ပို၍ ရှင်းလင်းစွာ ခံစားနိုင်ကြသည်။

သူတို့ဂိုဏ်းမှ မြင့်မြတ်သားတော်၊ သမီးတော်များပင်လျှင် ထိုဆေဘာလွယ်ထားသော မိန်းကလေးနှင့် ရင်ဆိုင်ရပါက အကွက်ရေအနည်းငယ်အတွင်း ရှုံးနိမ့်သွားနိုင်သည်။

သို့သော် သူတို့အားလုံး အဆင့်မြင့်ကျင့်ကြံသူများဖြစ်လေရာ အတွေးများကို စိတ်ထဲ၌သာ သိမ်းထားပြီး အပြင်ပန်းတွင် သာမန်အတိုင်း ဘာမှမဖြစ်သည့်အလား တည်ငြိမ်နေကြ၏။

သူတို့အားလုံး ဒေါင်ရွှမ်၏ လမ်းညွှန်မှုအောက်၌ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်သို့ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့ကြသည်။

သူတို့အားလုံး တောင်ခြေ၌ ရွှမ်ယီခင်းကျင်းထားသည့် အစီအရင်ကြီးအား ဖြတ်ကျော်သွားချိန်တွင် တချို့လူများ မျက်နှာထက်၌ အံ့အားသင့်သွားသော အမူအရာများ ဖြစ်ပေါ်လာ၏။

“ ဒီအကာအကွယ်အစီအရင် ဖွဲ့စည်းထားတဲ့ပုံစံက တော်တော်လေးဆန်းကြယ်တာပဲ…”

နန်ဟွမ်အင်ပါယာ အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် သူ့မျက်ဝန်းများက ကြယ်ရောင်များအလား တစ်ဖျပ်ဖျပ်တောက်ပသွားပြီး ပတ်ဝန်းကျင်သို့ နတ်အသိ ဖြန့်ကျက်လိုက်သည်။ အကာအကွယ်အစီအရင်ကြီးအား နက်ရှိုင်းစွာ သိမြင်လိုဟန်ရ၏။

သို့သော် တစ်ခဏကြာပြီးနောက် စူးစမ်းခြင်းကို ရပ်တန့်ပြီး ခေါင်းယမ်းလိုက်သည်။ သူ့မျက်နှာထက်တွင်မူ ဖုံးကွယ်၍မရသော ထိတ်လန့်မှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“ ဒီလို အံ့အားသင့်စရာကောင်းတဲ့ အစီအရင်မျိုး… ငါတောင် လုံးဝဖောက်မမြင်နိုင်ဘူး… နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်က တော်တော်လေးထူးခြားတာပဲ…”

နန်ဟွမ် သက်ပြင်းချကာ ရေရွတ်လိုက်လျှင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူတချို့ ကြားသွားကြ၏။

ထိုအခါ အားလုံးထိတ်လန့်သွားခဲ့ကြသည်။

နန်ဟွမ်၏အင်အားစုက အရှေ့ပိုင်းနယ်မြေမှ ဆင်းသက်လာခြင်းဖြစ်သည်။

ထာဝရကျက်သရေကိုးသွယ် မြင့်မြတ်နယ်မြေက အရှေ့ပိုင်းတိုက်ကြီးမှ အကြီးဆုံးသော အစီအရင်ပညာရပ်များ ပိုင်ဆိုင်ထားသည့် အင်အားစုကြီးတစ်ခု ဖြစ်၏။

နန်ဟွမ်အင်ပါယာက ထိုနေရာ၌ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ၎င်း၏အစီအရင်ပညာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။

တစ်ချိန်တုန်းက သူသည် ဂိုဏ်းမှတပည့်တစ်ဦးအား ကယ်တင်ရန်အတွက် နတ်ဆိုးမျိုးနွယ်တစ်ခုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ဖူး၏။ ထိုအချိန်တွင် သတ်ဖြတ်ခြင်းအစီအရင် (၉)ခုအား တစ်ဆက်တည်း ခင်းကျင်း၍ ဆန်းကြယ်ပလ္လင်အဆင့်ကျင့်ကြံမှုဖြင့် ၎င်းနှင့်အဆင့်တူ နတ်ဆိုးအင်ပါယာ တစ်ဒါဇင်ကျော်အား သတ်ဖြတ်ပစ်ခဲ့သည်။ နောက်ဆုံးတွင် ထိုနတ်ဆိုးမျိုးနွယ်ခေါင်းဆောင်ကိုယ်တိုင် ထွက်လာပြီး တားဆီးခဲ့ရ၏။

သို့သော် ယခုတွင် ထိုကဲ့သို့ ပညာရှင်မျိုးက နက်နဲခြင်းအင်ပါယာဂိုဏ်း တောင်ခြေ၌ ခင်းကျင်းထားသော အစီအရင်အား ဖောက်မမြင်နိုင်ဘူးတဲ့လား…?

လူတိုင်း လေးလံသော နှလုံးသားများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

နက်နဲခြင်းအင်ပါယာဂိုဏ်းခေါင်းဆောင်ရွှမ်ယီက ၎င်းနှင့်မျိုးဆက်တူ ကျင့်ကြံသူများအားလုံးကို အဝေးဆုံး၌ ချန်ထားခဲ့ပြီး မျိုးဆက်ဟောင်းအင်ပါယာများပင် ၎င်းအား ဖိနှိပ်နိုင်ခြင်းမရှိပေ။

ထို့အပြင် နက်နဲခြင်းအင်ပါယာဂိုဏ်း၌ အလွန်လျှို့ဝှက်ဆန်းကြယ်ကာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော အကြီးအကဲဖြစ်သည့် အင်ပါယာရဲ့ချင်းစုန် ရှိနေသေးသည်။

၎င်းက အသင်္ချေရှေးနဂါးမင်းဆက်ဌာနခွဲတည်ရှိရာ ဝဲပျံခြင်းနဂါးတောင်တန်းကို တစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့သည့် မြင်ကွင်းကို လူတိုင်း အမှတ်ရနေဆဲပင်။

ယခုအချိန်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်း တောင်ခြေမှ အကာအကွယ်အစီအရင်ပင်လျှင် အလွန်လျှို့ဝှက်ဆန်းကြယ်နေပြီး ၎င်းအား ဖောက်မြင်နိုင်ခြင်း မရှိပေ။

နက်နဲခြင်းအင်ပါယာဂိုဏ်း နောက်ကွယ်မှ စွမ်းအားများက သူတို့ထင်ထားသည်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းနေချေပြီ။

ထိုနက်နဲခြင်းအင်ပါယာဂိုဏ်းက မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း…?

၎င်းက ရုတ်တရက်ထွက်ပေါ်လာပြီး ချက်ချင်းထိပ်ဆုံးသို့ ထိုးတက်သွားခဲ့သည်။

လူတိုင်း ထိတ်လန့်နေစဉ်တွင် ကောင်းကင်ပြိုလဲခြင်းတောင်တန်း အစစ်အမှန်ပုံရိပ်က သူတို့အားလုံး မျက်လုံးရှေ့မှောက်၌ ရှင်းလင်းစွာ ထွက်ပေါ်လာ၏။

“ အမ်… ဒါက…”

ထိုအခါ လူတိုင်း အလွန်အံ့အားသင့်သွားပြီး နေရာ၌ပင် အေးခဲသွားကြလေသည်။

အဆင့်မြင့်ကျင့်ကြံသူများသာမက အဆင့်နိမ့်ကျင့်ကြံသူများအားလုံး၏ နှလုံးသားထဲ၌ အတွေးတစ်ခုသာ ရှိတော့၏။

‘ နက်နဲခြင်းအင်ပါယာဂိုဏ်းက အရှေ့ပိုင်းတိုက်ကြီး သမိုင်းတစ်လျှောက်လုံးမှာ အဆင်းရဲဆုံး မြင့်မြတ်နယ်မြေတစ်ခုအဖြစ် ယှဉ်ပြိုင်ချင်နေတာလား…’

‌၎င်းက အလွန်ဆင်းရဲချို့တဲ့လွန်းလှသည်။

တခြားသော မြင့်မြတ်နယ်မြေများအား မဆိုထားနှင့်၊ မဟာပျက်စီးခြင်းနယ်မြေမှ တချို့အင်အားစုငယ်လေးများ၌ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကပင် ကောင်းကင်ပြိုလဲခြင်းတောင်တန်း၌ရှိသော စိတ်ဝိညာဉ်ချီစွမ်းအင်များထက် သာလွန်နေသေး၏။

စိတ်ဝိညာဉ်ဆေးပင်များနှင့် ပတ်သက်၍မူ ပြောနေစရာပင် မလိုတော့ချေ။

အပေါ်ယံကြည့်လိုက်လျှင် ကောင်းကင်ပြိုလဲခြင်းတောင်တန်းတစ်ခုလုံး၌ စိမ်းလန်းစိုပြေသော အပင်များ ရှင်သန်တည်ရှိနေသည်။

သို့သော် အသေအချာကြည့်လိုက်ပါက ထိုအပင်များအားလုံး၌ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ မရှိကြောင်း တွေ့ရပေလိမ့်မည်။

“ ဒါ…”

ဂုဏ်ပြုရန် ရောက်ရှိလာသူတိုင်း မည်သည့်စကားဆိုရမှန်း မသိလောက်အောင်အထိ တုန်လှုပ်သွားခဲ့ကြ၏။

အထူးသဖြင့် အဆင့်မြင့်အင်ပါယာများ ဖြစ်ကြသည်။

အမှန်တွင် သူတို့အားလုံး ရောက်မလာခင်ကတည်းက နက်နဲခြင်းအင်ပါယာဂိုဏ်းအတွက် ချီးကျူးစကားများစွာ ပြင်ဆင်ထားခဲ့ပြီးသားဖြစ်၏။

သို့သော် သူတို့ရှေ့မှောက်မှ ဆင်းရဲ နုံချာလွန်းသော တောင်ကြီးအားမြင်လိုင်ရလျှင် ပါးစပ်များ အကြိမ်ကြိမ် ဟလာခဲ့သော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။

ကံကောင်းထောက်မစွာနှင့် သူတို့အထဲ၌ လျင်မြန်စွာ တုံ့ပြန်နိုင်သူတစ်ချို့ ရှိနေခဲ့သည်။

ချက်ချင်း လက်ခုပ်တီးလိုက်ပြီး

“ နက်နဲခြင်း အင်ပါယာဂိုဏ်းက ဟိုတလောကမှ စတင်တည်ထောင်ထားတာဆိုတော့ လက်ဗလာနဲ့ ဖွင့်ပွဲကိုရောက်လာရင် ရိုင်းသွားမှာပေါ့… ကျုပ်တို့ဂိုဏ်းမှာ အဆင့်(၆) ကျောက်စိမ်းနှင်းကြာပန်းရှိပါတယ်… လာမယ့်ရက်အနည်းငယ်အတွင်း ကောင်းကင်ပြိုလဲခြင်းတောင်ကိုပို့ဖို့ ပြင်ဆင်ထားပြီးပြီ… အဲ့ဒီအပင်နဲ့ဆိုရင် ဂိုဏ်းချူပ်ကြီးအနေနဲ့ ဂိုဏ်းက စိတ်ဝိညာဉ်သွေးကြောတွေကို ပြန်လည် အားဖြည့်နိုင်မှာပါ…”

တစ်စုံတစ်ယောက် စတင်လိုက်သည်နှင့် ကျန်လူများလည်း အလိုက်သင့် ၀င်ရောက် စီးမျောကြလေသည်။

အပြင်ပန်းကြည့်လျှင် နက်နဲခြင်း အင်ပါယာဂိုဏ်းအား အလွန်အမင်း ကူညီပေးချင်နေဟန်ရ၏။

သို့သော် မျက်၀န်းများထဲမှ လှောင်ပြောင်ရိပ်များကမူ ဖုံးကွယ်မရနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

“ ရွှမ်ယီက တစ်ခေတ်မှာ တစ်ယောက်ဖွားတဲ့ ပါရမီရှင်တစ်ယောက်ပဲ… ဒါပေမယ့် သူတစ်ယောက်တည်းအားနဲ့ မြင့်မြတ်မြေတွေက အရင်းအမြစ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ…”

ချောင်ဖန်က ပြောလိုက်သည်။

“ အင်း… နောက်ဆုံးကျတော့လည်း သူက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပါပဲလေ… သူ့မှာ အမြင်သိပ်မရှိဘူး… ကောင်းကင်ပြိုလဲခြင်းတောင်ကြီးက သုံးစားလို့မရအောင် အခြေအနေဆိုးနေတာကိုတောင် မမြင်နိုင်ခဲ့ဘူးပဲ…”

အဆင့်မြင့်အင်ပါယာများအနေဖြင့် စကားများကို လက်လွတ်စပယ်ပြောရန် မလွယ်ကူသော်လည်း အဆင့်နိမ့်ကျင့်ကြံသူများကမူ အချင်းချင်း တီးတိုးပြောနေကြချေပြီ။

နက်နဲခြင်းအင်ပါယာဂိုဏ်းအပေါ် ယခင်က ထားရှိခဲ့သော လေးစား ရိုသေမှုများပျောက်ကွယ်သွားပြီး လက်ညှိုးထိုး ဝေဖန်နေကြပြီဖြစ်၏။

သူတို့ပုံစံက အကြံ‌ညာဏ်ပေးနေဟန်ဖြင့် အလွန်မောက်မာနေကြလေသည်။

All Chapters