← Chapters

အခန်း (၄၉၈)

Vol. 34 Ch. 498

အခန်း (၄၉၈)

Vol. 34 Ch. 498

အဆင့်မြင့်အင်ပါယာများပင် အတွေးတချို့ရှိနေကြ၏။

နက်နဲခြင်းအင်ပါယာဂိုဏ်း ဆင်းရဲလွန်းနေသော်လည်း တပည့်(၂)ယောက်ကမူ အလွန်အစွမ်းထက်ကြသည်။

သူမတို့ (၂)ယောက်အနက် လီလန်က ရွှမ်ယီထံမှ အကျိုးကျေးဇူးများစွာ လက်ခံရရှိထားခဲ့သည်ဖြစ်ရာ သူမအား မည်သို့မှ ဆွဲဆောင်နိုင်မည်မထင်ပေ။

တစ်ဖက်တွင် သူတို့ရှေ့မှ မိန်းကလေးကမူ မနေ့တစ်နေ့ကမှ နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ ၀င်လာခြင်းဖြစ်ပြီး မည်သည့်အရာမှ ရရှိဦးမည်မဟုတ်ချေ။

ထိုအပြင် ဤမျှ ဆင်းရဲလွန်းသော ဂိုဏ်းက အထက်တန်းစား ပါရမီရှင်အား မည်သို့ အကူအညီ အထောက်အပံ့ လုံလောက်အောင် ပေးနိုင်မည်နည်း။

ဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ် မည်မျှအရေးပါကြောင်း သူမ သိလာချိန်တွင်…

သူမအား သူတို့ ဂိုဏ်းများထံသို့ ဆွဲဆောင်ရန် အခွင့်အရေး ရောက်လာပေလိမ့်မည်။

အဆင့်မြင့်အင်ပါယာများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ အချင်းချင်း အတွေးများ သိနေကြသည့်အလားပင်။

ချက်ချင်း တစ်ဖက်ပြန်လှည့်ပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။

‘ အရှက်မဲ့လွန်းတယ်…’

“ အဟမ်း.. အဟမ်း…”

တိတ်ဆိတ်နေသော ပတ်၀န်းကျင်တွင် ချောင်းဟန့်သံ ထွက်ပေါ်လာပြီး ဖီးနစ်မီးတောက် အင်ပါယာ ရှေ့ထွက်လာသည်။

ထို့နောက် ရှေ့ဆုံးမှ ဦးဆောင်နေ‌သော ဒေါင်ရွှမ်အား နွေးထွေးစွာ ပြုံးပြလိုက်ရင်း

“ မိန်းကလေး ဒေါင်ရွှမ်… မင်းတို့ ဂိုဏ်းချုပ်က ဘယ်မှာများလဲ…”

“ ကျုပ်တို့ ဂိုဏ်းမှာ အဆင့်(၅) နေခရမ်းစိတ်ဝိညာဉ်အပင်ရှိတယ်… တကယ်လို့ ဂိုဏ်းချုပ်ရွှမ် သဘောတူမယ်ဆိုရင် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်ကို ပို့ပေးချင်လို့ပါ…”

“ အဆင့်(၅)ပဲရှိတယ်ဆိုပြီး အထင်မသေးလိုက်နဲ့ဦး.. အဲ့တာမှာ စိတ်ဝိဉာဉ်သွေးကြောတွေကို အားဖြည့်ပေးနိုင်တဲ့ အထူးသက်ရောက်မှုရှိတယ်… ကောင်းကင်ပြိုလဲခြင်းတောင်တန်းရဲ့ ဟိုး အရင် အထွတ်အထိပ်အခြေအနေကိုတော့ ပြန်မရောက်နိုင်စေပေမယ့် အနည်းဆုံး မြင့်မြတ်နယ်မြေတစ်ခုနဲ့ တူညီတဲ့ အရှိန်အဝါတော့ ကိန်းအောင်းစေနိုင်မှာပါ…”

စကားပြောနေစဉ် မျက်နှာထက်မှ အပြုံးက အလွန်ရိုးသားဟန်ရှိနေပြီး

“ ဒါပေမယ့် တစ်ခုရှိတာက စိတ်ဝိညာဉ်သစ်ပင်ကို ရွှေ့ပြောင်းတာနဲ့ စိတ်ဝိညာဉ်သွေးကြောကို အားဖြည့်ဖို့က ‌တော်တော်လေး အချိန်ပေးရလိမ့်မယ်… ပြသနာက မိန်းကလေး ဒေါင်ရွှမ်ရဲ့ ကျင့်ကြံမှုက အရေးကြီးတဲ့ ကာလမှာရှိနေတာပဲ… အဲ့တာကို နှောင့်နှေးစေလို့မဖြစ်ဘူး… တကယ်လို့ မိန်းကလေး ဒေါင်ရွှမ်သာ ဆန္ဒရှိမယ်ဆိုရင် ကျုပ်တို့ ဂိုဏ်းကို ခဏလောက်လာပြီး ကျင့်ကြံလို့ရတယ်… နောက်ကျ အဆင့်တက်ပြီးမှ ဒီကို ပြန်လာပေါ့…”

ထိုစကားများအားကြားလျှင် အဆင့်မြင့်အင်ပါယာများအားလုံး စိတ်ထဲ၌ ကျိန်ဆဲလိုက်ကြ၏။

ဂုဏ်သိက္ခာကြီးအားသော ဂိုဏ်းချုပ်တစ်ဦးက မိမိကိုယ်ကိုနှိမ့်ချကာ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးအား အမှန်တကယ် ဖိတ်ခေါ်နေခဲ့သည်။

ထိုလူကား အလွန် အရှက်မဲ့လွန်းလှ၏။

သို့သော် ဖီးနစ်မီးတောက် အင်ပါယာကမူ ပတ်၀န်းကျင်မှ အကြည့်များအား သတိမပြုမိသည့်အလားပင်။

ဖီးနစ်မီးတောက်ဂိုဏ်း တောင်ပိုင်းနယ်မြေ၌ အင်အားတောင့်တင်းလာခဲ့ပြီး မည်သို့ ဆက်လက် ရပ်တည်ခဲ့သနည်း...?

ဂုဏ်သတင်းနဲ့လော…?

ယင်းက ဟာသတစ်ခုနှင့် မခြားပေ။

တောင်ပိုင်းနယ်မြေက သိပ်မဖြစ်ထွန်းဘဲ စိတ်ဝိညာဉ်သွေးကြောကို အားဖြည့်ပေးနိုင်သော စိတ်ဝိဉာဉ်အပင်များမှာ အလွန်ရှားပါးလှသည်။

အဆင့်(၇) မဆိုထားနှင့် အဆင့်(၆) လောက်ဆိုလျှင်ပင် အင်အားစုကြီးများအကြား တိုက်ပွဲစရန် လုံလောက်၏။

ဖီးနစ်မီးတောက်မြင့်မြတ်နယ်မြေက ဤကဲ့သို့ ခေါင်ပါးသော နယ်မြေ၌ ရပ်တည်နိုင်ခဲ့ပြီး ဆန်းကြယ်ပလ္လင်အဆင့်ကျင့်ကြံသူ (၃) ယောက် မွေးထုတ်ပေးနိုင်ခဲ့သည်။

သူ့လက်ကိုင်ထားသော အဓိက နည်းလမ်း(၂)သွယ်ရှိ၏။

စွန့်စားခြင်းမရှိလျှင် ဘ၀က အေးခဲနေမည်ဖြစ်ပြီး ၊ သေခြင်းက မည်သည့် ဂုဏ်သတင်းကိုမျှ မထောက်ဟူ၍ပင်။

ထို့အပြင် သူတို့ဂိုဏ်းထံ၌ နေခရမ်းသစ်ပင် (၃)ပင်သာရှိသည်။

သို့သော် အန္တိမအင်ပါယာအဆင့်သို့ရောက်ရန် သေချာသော ဒေါင်ရွှမ်နှင့်လဲရမည်ဆိုပါက အလွန်ထိုက်တန်သည်။ သူမက တာအိုအရှင်သခင်အဆင့်သို့ပင် ရောက်သွားနိုင်ချေရှိ၏။

‌တဖက်တွင် ဒေါင်ရွှမ်က အသာအယာခေါင်းယမ်းလိုက်ပြီး

“ ကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ဖီးနစ်မီးတောက်အင်ပါယာ… ဒါပေမယ့် ဆရာက ကျွန်မအတွက် အားလုံး စီစဉ်ပြီးပြီမို့လို့ စီနီယာကို ဒုက္ခမပေးတော့ပါဘူး…”

“ အိုး…”

ဒေါင်ရွှမ်၏ ငြင်းပယ်မှုကိုကြားလျှင် ဖီးနစ်မီးတောက်အင်ပါယာ စိတ်မဆိုးခဲ့ချေ။ ထိုအစား ထူးဆန်းစွာပြုံးလိုက်ပြီး

“ မိန်းကလေး ဒေါင်ရွှမ်အတွက် ဂိုဏ်းက ဘယ်လိုတွေ ပြင်ဆင်ထားတယ်ဆိုတာ ကျုပ်သေချာမသိပေမယ့် အခွင့်အရေးတစ်ခုတော့ ရှိဦးမှာပါ…”

ဒေါင်ရွှမ် သူတို့အား လာရောက်ကြိုဆိုချိန်တွင် ရွှမ်ယီက ကောင်းကင်ပြိုလဲခြင်းတောင်မှ စိတ်ဝိညာဉ်သွေးကြောကို ပြုပြင်မွမ်းမံနေသည်ဟု ပြောခဲ့သည်။

ထိုစကားများက အဆင့်မြင့်အင်ပါယာများအကြား စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်နှင့် မခြားပေ။

စိတ်ဝိညာဉ်သွေးကြောအား ပြုပြင်မွမ်းမံနေသည်လော…?

ယင်းက ဟာသတစ်ခုပင်။

ရွှမ်ယီက အလွန်ထူးခြားသော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သူတို့မငြင်းပေ။ သို့သော် သူက အင်ပါယာတစ်၀က်အဆင့်၌သာရှိသေး၏။

စိတ်ဝိညာဉ်သွေးကြောများအား ပြုပြင် အားဖြည့်ပေးနိုင်စွမ်းရှိနေလျှင်ပင် သူ့အဆင့်နှင့် မည်မျှ လုပ်ဆောင်နိုင်မည်နည်း...?

သဘာ၀အတိုင်းပင် ၊ စိတ်ဝိညာဉ်သွေးကြောများတွင်လည်း အဆင့်များရှိ၏။

အဆင့်(၁) စိတ်ဝိညာဉ်သွေးကြောက အဆင့်(၁) စိတ်ဝိညာဉ်အပင်များကိုသာ မွေးထုတ်ပေးနိုင်စွမ်းရှိပြီး တစ်ခါတစ်လေမှ အဆင့်(၂) စိတ်ဝိညာဉ်‌အပင်များ ပေါက်ဖွားလာတတ်သည်။

ထိုနေရာ၌ ကျင့်ကြံပါက အခြေတည်ဝိညာဉ်အဆင့်လောက်ထိသာ ထောက်ပံ့ပေးနိုင်၏။

အဆင့်(၂) စိတ်ဝိညာဉ်သွေးကြောပင်လျှင် ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက် လေ့ကျင့်ရန် မလုံလောက်နိုင်ပေ။

သာမန်အားဖြင့် မြင့်မြတ်နယ်မြေတစ်ခုချင်းစီ၏ မြေအောက်၌ အဆင့်(၆) စိတ်ဝိညာဉ်သွေးကြောများ ရှိတတ်သည်။

စိတ်ဝိညာဉ်ချီစွမ်းအင်များ စုစည်းနိုင်သည့် အမျိုးမျိုးသော စိတ်ဝိညာဉ်သစ်ပင်များ၏ ထောက်ပံ့မှုနှင့် အင်အားစုတစ်ခုလုံးမှ လူများ ကျင့်ကြံနိုင်ရန် စွမ်းအင်လုံလောက်‌ပေလိမ့်မည်။

သို့ရာတွင် ပျက်စီးသွားသော စိတ်ဝိညာဉ်သွေးကြောကို ပြန်လည်ပြုပြင်လိုပါက ပေးဆပ်ရမည့် ကုန်ကျစရိတ်မှာ အလွန်ကြီးမားသည်။

အကယ်၍ အင်ပါယာတစ်၀က်အဆင့်ကျင့်ကြံသူတစ်ယောက် နှစ်ပေါင်းထောင်နှင့်ချီ မကျင့်ကြံဘဲ ပျက်စီးသွားသော စိတ်ဝိညာဉ်သွေးကြော ပြန်လည် ကောင်းမွန်လာစေရန် အာရုံစိုက်နေပြီဆိုပါစို့ ၊ သူသာ အဆင့်(၃) စိတ်ဝိညာဉ်သွေးကြောတစ်ခု ပြန်လည် တည်ဆောက်နိုင်ပါက ကောင်းကင်ကို အန်တုနေပြီဟု မှတ်ယူနိုင်သည်။

ထို့ကြောင့် ဤမျှကြီးမားသော နယ်မြေကြီး၌ မြင့်မြတ်နယ်မြေ နှစ်ခု သုံးခုမျှသာ ရှိနေခြင်းဖြစ်၏။

သို့သော် သူတို့အနေဖြင့် ဤစကားများအား ထုတ်ပြောရန် မလိုအပ်ပေ။ နောက်ဆုံးတွင် သူတို့က ရွှမ်ယီ၏ နက်နဲခြင်းအင်ပါယာဂိုဏ်းနှင့် မိတ်ဆွေဖွဲ့ရန်အတွက် ရောက်လာကြခြင်းဖြစ်ပြီး သူတို့အကြား၌ ရန်ငြိုးရန်စများ မရှိပေ။

အဆင့်မြင့်အင်ပါယာများ တစ်ယောက်ကိုတစ်ယောက် နောက်တစ်ကြိမ် ကြည့်လိုက်ကြပြီး မည်သည့်စကားမှ မဆိုကြတော့ချေ။

ဒေါင်ရွှမ်၏ ဦးဆောင်မှုနောက်မှ တိတ်တဆိတ် လိုက်လာကြ၏။ သူတို့အားလုံး ရွှမ်ယီနှင့်တွေ့လျှင် မရယ်မိအောင်အတွက် ယခုကတည်းက ကြိုးစားကာ ထိန်းချုပ်နေရသည်။

မှန်ပေသည်။ သူတို့အနေဖြင့် အနည်းငယ်မျှ ရယ်မိသွား၍ မရချေ။

အဘယ်ကြောင့်ဆိုသော် နက်နဲခြင်းအင်ပါယာဂိုဏ်းက တောင်ပိုင်းနယ်မြေမှ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်၏။

ထို့ကြောင့် လေးစားမှုပြုရန် လိုအပ်သည်။

သို့သော် သူတို့အဖွဲ့ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်သို့ ရောက်တော့မည့်အချိန်တွင် ထင်ယောင်ထင်မှားလော၊ အစစ်အမှန်လော မသေချာသည့် ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူတို့အားလုံး မိမိတို့ ခြေထောက်အောက်ရှိ မြေပြင် ရုတ်တရက် လှုပ်ယမ်းသွားကြောင်း ခံစားလိုက်ရ၏။

“ ဘာဖြစ်တာလဲ...”

လူတိုင်း ပဟေဠိဖြစ်နေကြစဉ်တွင် နတ်အလင်းတန်းတစ်ခုက ကောင်းကင်အား ဖြတ်ကျော်ကာ ရောက်ရှိလာသည်။

ယင်းက လီလန်ဖြစ်ပြီး ရွှမ်ယီ၏ ဒုတိယတပည့်လည်းဖြစ်ပေသည်။

လီလန်က လူအုပ်အတွင်းမှ သူမအဖေဖြစ်သူအား ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက်

“ အဝေးက တကူးတက လာရောက်တဲ့ မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ်… အခုအချိန်မှာ ကျွန်မဆရာက စိတ်ဝိညာဉ်သွေးကြော စီစဉ်နေတာမို့လို့ လုပ်ငန်းစဉ်အတောအတွင်းမှာ တုန်ခါမှုတချို့ ရှိနိုင်ပါတယ်… ဒါပေမဲ့ စိုးရိမ်စရာမလိုကြောင်း လာပြီးပြောပြတာပါ...”

လီလန်၏စကားကြောင့် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

ရွှမ်ယီက စိတ်ဝိညာဉ်သွေးကြောကို စီစဉ်နေသည်လော…?

ယင်းက လုပ်ကြံပြောခဲ့တဲ့ ဇာတ်လမ်းတစ်ခု မဟုတ်ဘူးလား…?

All Chapters