← Chapters

အခန်း (၄၉၉)

Vol. 34 Ch. 499

အခန်း (၄၉၉)

Vol. 34 Ch. 499

သို့သော် ရွှမ်ယီ၏ အနားမှ ဆန်းကြယ်သော တာအိုကာကွယ်သူ ရဲ့ချင်းစုန်အား တွေးမိလိုက်လျှင် ယင်းက စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခု မဟုတ်နိုင်ကြောင်း ခံစားမိလိုက်ကြ၏။

ရဲ့ချင်းစုန်၏ အကူအညီဖြင့်ဆိုပါက စိတ်ဝိညာဉ်သွေးကြော စီစဉ်နေခြင်းက မဖြစ်နိုင်သောကိစ္စ မဟုတ်တော့ပေ။

(Note- စီစဉ်တယ်ဆိုတာက စာထောက်နေနိုင်ပါတယ်။ အရင်ကဟာကို ပြင်နေတာမဟုတ်ဘဲ စနစ်ဆီကရထားတာကို နေရာချမှာမို့ စီစဉ်နေတယ်လို့ သုံးထားတာပါ )

သို့သော် သူတို့အားလုံး ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်သို့ ရောက်ရှိလာချိန်တွင် မမျှော်လင့်ထားသော လူတစ်ဦးအား တွေ့လိုက်ရသည်။

“ အစိမ်းရောင်ထင်းရှူးအင်ပါယာလား… သူက ဒီမှာ ဘာလုပ်နေတာလဲ...”

အဆင့်မြင့်အင်ပါယာများပင် သံသယမဝင်ဘဲ မနေနိုင်တော့ချေ။ တီးတိုးရေရွတ်မိလိုက်ကြ၏။

ထို့နောက် ရဲ့ချင်းစုန်ထံသို့ အနည်းငယ် ဦးညွှတ်လိုက်ကြသည်။

ယခုအချိန်တွင် သူက ရွှမ်ယီ၏ စိတ်ဝိညာဉ်သွေးကြော စီစဉ်နေခြင်း လုပ်ငန်းစဉ်၌ ကူညီပေးနေသင့်သည် မဟုတ်ပေလော။

ရဲ့ချင်းစုန်က သာမန်အတိုင်း ပြုံးလိုက်ပြီး

“ ဂိုဏ်းချုပ်က ရောက်လာတဲ့ မိတ်ဆွေတွေ အားလုံးကို ကြိုဆိုဖို့ ကျုပ်ကို အမိန့်ပေးထားတယ်… အခု ခင်ဗျားတို့အားလုံး ရောက်လာပြီဆိုတော့ တွေ့လို့ရအောင် အလုပ်တွေ အပြီးသတ်ဖို့ ကျုပ် သတင်းပို့လိုက်တော့မယ်...”

ရဲ့ချင်းစုန်က သူ၏ နောက်ဆုံးစကားလုံးများကို တမင်အလေးထားဟန်ဖြင့် ပြောလိုက်သည်။

စကားဆုံးသည်နှင့် စိတ်ဝိညာဉ်အစီအရင်ငယ်လေးတစ်ခု ထုတ်ပြီး ကောင်းကင်ထက်သို့ ပစ်တင်လိုက်သည်။

ရောက်ရှိလာသူများ အံ့အားသင့်မှုနှင့် သံသယများ ရောယှက်နေသည့် မျက်ဝန်းများဖြင့် အသေအချာ ကြည့်နေကြ၏။

ရုတ်တရက် ကောင်းကင်ထက်မှနေ၍ ကျယ်လောင်သော မြည်ဟီးသံများ ထွက်ပေါ်လာလေသည်။

အဆင့်မြင့် အသွင်ပြောင်းလဲခြင်း လက်ဆောင်ထုပ်အား အသုံးပြုလိုက်ခြင်းဖြစ်၏။

ရောက်ရှိလာသူများ မတုံ့ပြန်နိုင်သေးမီတွင် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်၏ အဘက်ဘက်မှ အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာလုံးမှ လေနှင့်တိမ်များအားလုံး တောင်ထိပ်ကောင်းကင်ယံသို့ စုစည်းရောက်ရှိလာခဲ့သည်။

ကောင်းကင်ထက်ရှိ လေနှင့်တိမ်များ စုစည်းနေသည့် ဗဟိုနေရာတွင် တင်ပလ္လင်ခွေကာ ထိုင်နေသော ရွှမ်ယီ၏ပုံရိပ် ထွက်ပေါ်လာသည်။

ရွှမ်ယီ၏ အရှေ့ဘက် သုံးပေအကွာတွင် အဆုံးမရှိသော နတ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် အမျှင်တန်းလေးတစ်ခု ရှိနေခဲ့၏။

၎င်းအထဲတွင် မဟာပျက်စီးခြင်းနယ်မြေတစ်ခုလုံး၌ ရှိသော စိတ်ဝိညာဉ်စွမ်းအင်များထက် သာလွန်သော စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။

ထို့နောက် ယင်းချည်မျှင်ငယ်လေးက ကောင်းကင်ပြိုလဲခြင်းတောင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာ၏။

ဘုန်း…

ကောင်းကင်နှင့်မြေကြီး တစ်ပြိုင်နက်တည်း တုန်ခါသွားကာ ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်မှ အလင်းတိုင်လုံးတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ကောင်းကင်ထက်၌ စုစည်းနေသော တိမ်များအား ပြိုကွဲသွားစေခဲ့သည်။

ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဉ်စွမ်းအင်များ မြစ်ကြီးတစ်စင်းအလား ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်သို့ စုစည်းရောက်ရှိလာခဲ့သည်။

ကောင်းကင်ပြိုလဲခြင်းတောင်တန်းမှ သာမန်မြက်ပင်များ၊ သစ်ပင်များအားလုံး ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဉ်ချီစွမ်းအင်ကို အလျင်အမြန် စုပ်ယူနေကြ၏။

အသက်တစ်ရှိုက်…

တောင်ပေါ်ရှိ အပင်များအားလုံး စိတ်ဝိညာဉ်အပင်များအဖြစ် ပြောင်းလဲသွားကြသည်။

အသက်နှစ်ရှိုက်…

ကောင်းကင်ပြိုလဲခြင်းတောင်တန်းပေါ်မှ စိတ်ဝိညာဉ်အလင်းတန်း ၈၁ ခု ပေါက်ကွဲထွက်ပေါ်လာသည်။

၎င်းတို့အားလုံး အဆင့်(၆) စိတ်ဝိညာဉ်အပင်များ ဖြစ်ကြ၏။

အသက်သုံးရှိုက်…

တာအိုအမှတ်အသားများ ဆင်းသက်လာပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ လေးနက်သောစွမ်းအားများ ပျံ့နှံ့သွားကာ လူတိုင်း မှင်တက်သွားခဲ့ကြသည်။

ဤသို့ဖြင့် အမွှေးတိုင်တစ်ချောင်းစာ အချိန်ကုန်ဆုံးသွားခဲ့သည်။

တောင်တန်းပေါ်မှ ကြိုတင်ပြင်ဆင်ထားဟန်ရသော တည်နေရာ (၁၀)ခုတွင် အဆင့်(၈) စိတ်ဝိညာဉ်သစ်ပင် (၈)ပင်တို့က လေနှင့်အတူ ယိမ်းနွဲ့နေသည်။

စိမ်းလန်းသော အရွက်များနှင့် ရှေးဟောင်းသစ်ပင်ကြီးများက ကောင်းကင်ထက်သို့ပင် ဖောက်ထွက်နေပြီး စိန်ကဲ့သို့ တောက်ပသော အလင်းများလည်း ထွက်ပေါ်နေ၏။

၎င်းတို့ထံတွင် ကောင်းကင်နှင့်မြေပြင်အကြားမှ အမြင့်မြတ်ဆုံးသော တာအိုသဘောတရားများ ပါဝင်နေပြီး မြင်လိုက်ရသူတိုင်း၏ အသိစိတ်ပင်လယ်ကို တုန်ခါသွားစေနိုင်စွမ်းရှိသည်။

ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။

ဒေါင်ရွှမ်လည်း အဆင့်(၈) စိတ်ဝိညာဉ်အပင်၏ ကာကွယ်မှုအောက်၌ ရှိသော သူမ နေထိုင်ရာအိမ်သို့ လျှောက်သွားလိုက်သည်။

ထိုနေရာသို့ရောက်လျှင် သူမက ဖီးနစ်မီးတောက်အင်ပါယာအား လှည့်ကြည့်ပြီး ပြုံးပြကာ

“ ဒါက ကျွန်မအတွက် ဆရာပြင်ဆင်ပေးထားတဲ့ အရာပဲ… ဘယ်လိုလဲ ဖီးနစ်မီးတောက်အင်ပါယာ… ကျွန်မကို ကမ်းလှမ်းချင်သေးလား...”

ပတ်ဝန်းကျင်မှ အဆင့်မြင့်အင်ပါယာအဆင့်ကျင့်ကြံသူများအားလုံး တိတ်ဆိတ်နေခဲ့ပြီး အမြဲတစေ တည်တည်ငြိမ်ငြိမ်နေလေ့ရှိသော လီရွှမ် မျက်နှာကမူ ရွှင်လန်းတောက်ပနေခဲ့သည်။

ဖီးနစ်မီးတောက်ဂိုဏ်းမှ ရောက်လာသူများ၏ မျက်နှာများကမူ ဖြူဖျော့နေချေပြီ။

နောက်ကွယ်မှ အဆင့်နိမ့်ကျင့်ကြံသူများအားလုံးလည်း ယခုအချိန်တွင် အလွန်တုန်လှုပ်နေကြပြီဖြစ်ပြီး မည်သည့်စကားမှ မဆိုနိုင်ကြတော့ချေ။

လက်ရှိမြင်ကွင်းများက စိတ်ကူးပင် မယဉ်နိုင်သော ကိစ္စများဖြစ်ပြီး ရွှမ်ယီ မည်ကဲ့သို့ ပြုလုပ်ခဲ့ကြောင်း သူတို့ စဉ်းစားတွေးတောနိုင်ခြင်းပင် မရှိတော့ပေ။

အားလုံး၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့၏။

နက်နဲခြင်းအင်ပါယာဂိုဏ်းအား လုံးဝ ရန်စ၍ မဖြစ်ချေ။

ပတ်ဝန်းကျင်တစ်ခုလုံး အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖီးနစ်မီးတောက်အင်ပါယာ ပထမဆုံးပြန်လည်သတိဝင်လာခဲ့ပြီး ရွှမ်ယီထံသို့ လက်ယှက်ကာ အနည်းငယ်ဦးညွှတ်လိုက်ပြီး မချိပြုံးပြုံးလျက်

“ အစောပိုင်းက ကျုပ်လုပ်ခဲ့တဲ့ အမှားအတွက် ဂိုဏ်းချုပ်ရွှမ်ကို တောင်းပန်ပါတယ်… ပြီးတော့ ကျုပ်ကိုခွင့်လွှတ်ဖို့လည်း မျှော်လင့်ပါတယ်… ကျုပ်တို့ဂိုဏ်းမှာ အရမ်းရှားပါးတဲ့ ရတနာတွေ မရှိသလို စိုက်ပျိုးထားတဲ့ စိတ်ဝိညာဉ်အပင်တွေကိုလည်း ဂိုဏ်းချုပ်ရွှမ် စိတ်မဝင်စားလောက်ဘူး…”

ထိုစကားများအား ပြောနေစဉ်တွင် ဖီးနစ်မီးတောက်အင်ပါယာ အလွန်ခါးသီးသလို ခံစားနေရပြီး နှလုံးသားထဲ၌ နောင်တများ ပြည့်နှက်နေခဲ့သည်။

ထို့နောက် သူ၏အကြည့်များက ဖီးနစ်မီးတောက်မြင့်မြတ်နယ်မြေမှ ပါလာသူများထံသို့ ဝေ့ဝိုက်ကာ ကျရောက်သွားပြီးနောက် ရှုံ့မဲ့နေသော အမူအရာဖြင့် ရွှမ်ယီအား ထပ်မံဦးညွှတ်လိုက်ပြီး

“ နက်နဲခြင်းအင်ပါယာဂိုဏ်းက အခုမှစပြီး တည်ထောင်တာဖြစ်တဲ့အတွက် ဂိုဏ်းက တပည့်တွေ ဟိုဟိုဒီဒီသွားလာဖို့ နတ်သားရဲတွေ မရှိလောက်သေးဘူး… ဒါကြောင့်မို့လို့ ကျုပ်နဲ့အတူပါလာတဲ့ ဖီးနစ် (၉)ကောင်ကို လက်ဆောင်အဖြစ် ပေးပါရစေ… ကျုပ်တို့ ဖီးနစ်မီးတောက်မြင့်မြတ်နယ်မြေက နက်နဲခြင်းအင်ပါယာဂိုဏ်းအပေါ်မှာ လုံးဝမကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို ယုံကြည်ပေးပါ…”

ထို့နောက် သူက ဆက်လက်ပြီး

“ အစောပိုင်းက မသိနားမလည်ဘဲ ပြုမိခဲ့တဲ့ အမှားအတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်ရွှမ်…”

သူ့ မျက်နှာထက်တွင် အပြုံးတစ်ခုဆင်မြန်းထားခဲ့သော်လည်း နှလုံးသားတစ်ခုလုံး ဓားဖြင့်မွှန်းခံရသည့်အလား ခံစားနေရသည်။

ယခုတစ်ကြိမ်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်း ဖွင့်ပွဲအခမ်းအနားကို ဂုဏ်ပြုရန်အတွက် သူတို့ ဖီးနစ်မီးတောက်ဂိုဏ်း နှစ်ပေါင်းသောင်းနှင့်ချီ ဂရုတစိုက်မွေးမြူထားခဲ့သော ဖီးနစ် (၉)ကောင်အား တစ်ခါတည်း ခေါ်ဆောင်လာခဲ့သည်။

ယခုတွင် မမျှော်လင့်သော ကိစ္စများဖြစ်ပျက်သွားပြီး ဖီးနစ် (၉)ကောင်အား လက်ဆောင်အဖြစ် ပေးလိုက်ရချေပြီ။

ဖီးနစ်မီးတောက်ဂိုဏ်း၌ မျိုးပွားရန်အတွက် အသုံးပြုသော ဖီးနစ် (၂)ကောင်သာ ကျန်ရှိတော့၏။

ယနေ့ပြီးလျှင် သူတို့ ဖီးနစ်မီးတောက်မြင့်မြတ်နယ်မြေမှ ဖီးနစ်ဟူသော စကားလုံးပင် ပျောက်ဆုံးသွားတော့မည်ကို စိုးရိမ်ရ၏။

ဖီးနစ်မီးတောက်အင်ပါယာ နှလုံးသားထဲ၌ အလွန်နာကျင်နေသော်လည်း မလိုလားဟန် မပြဝံ့ချေ။

နက်နဲခြင်းအင်ပါယာဂိုဏ်းမှ ထုတ်ပြသော ဝှက်ဖဲများက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် လက်ရှိရောက်ရှိလာသူအားလုံး နက်နဲခြင်းအင်ပါယာဂိုဏ်း ထုတ်ဖော်ပြသလိုက်သော ဝှက်ဖဲများကို မြင်လိုက်ရစဉ် အံ့အားသင့်ကာ တုန်လှုပ်ချောက်ချားသွားကြသော်လည်း နောက်ပိုင်းတွင် မကောင်းသောအတွေးများ မဝင်လာနိုင်ဟု မည်သူမှ မပြောနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် နက်နဲခြင်းအင်ပါယာဂိုဏ်းက ရုတ်တရက်ပေါ်ထွက်လာပြီး ၎င်း၏ ကြီးမားသော ခွန်အားများ စွမ်းဆောင်ရည်များကို ပြသခဲ့သော်လည်း နှစ်ပေါင်းများစွာ တည်တံ့လာခဲ့သည့် မြင့်မြတ်နယ်မြေ သို့မဟုတ် မင်းဆက်တစ်ခုနှင့် အခြေခံအုတ်မြစ်နေရာတွင် ယှဉ်နိုင်ရန် မသေချာသေးသောကြောင့်ပင်။

………

All Chapters