← Chapters

အခန်း (၅၀၅)

Vol. 34 Ch. 505

အခန်း (၅၀၅)

Vol. 34 Ch. 505

ရွှမ်ယီ၏မျက်ဝန်းများ တဖျတ်ဖျတ်လက်သွားခဲ့သည်။

ထိုလူ၏ လက်အတွင်းရှိ ရုန်းက မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်မှ ဆင်းသက်လာခြင်း ဖြစ်ဟန်တူသော်လည်း ၎င်းက အနည်းငယ်ကွာခြားနေ၏။

ထိုဆန်းကြယ်သောဧည့်သည်က ထိုရုန်းအား ဖန်တီးခဲ့ချိန်တွင် သူ၏ကိုယ်ပိုင်အမြင်များ ထည့်သွင်းထားကြောင်း ထင်ရှားသည်။

၎င်းက ရွှမ်ယီအား ထူးဆန်းသောဧည့်သည်နှင့် ပတ်သက်ပြီး အနည်းငယ်စိတ်ဝင်စားသွားစေ၏။

ထိုရောက်ရှိလာသောဧည့်သည်၏ အန္တိမအင်ပါယာအဆင့်ကျင့်ကြံမှုနှင့်ပတ်သက်၍မူ အနည်းငယ်မျှ ခေါင်းထဲမရှိပေ။

သို့သော် မည်သည့်ရည်ရွယ်ချက်ဖြင့် ရောက်လာမှန်းမသိသော ထူးဆန်းသည့်ဧည့်သည်က အစီအရင်ပညာရပ်များတွင် ကျွမ်းကျင်မှုတချို့ ရှိဟန်ရ၏။

မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်မှာ သူတော်စင်အဆင့် အကာအကွယ်အစီအရင်တစ်ခုဖြစ်ကြောင်း မေ့ထား၍ မရချေ။

၎င်းအား အတုယူကာ ပုံတူကူး ဖန်တီးနိုင်ရုံနှင့် အစီအရင်နယ်ပယ်၌ အလွန်ထူးချွန်ကာ အစွမ်းထက်သူဟု သတ်မှတ်နိုင်ပြီဖြစ်သည်။

သို့သော် ထိုလူကမူ သူ၏ကိုယ်ပိုင်အမြင်များကိုပင် ထည့်သွင်းအသုံးပြုခဲ့သေး၏။

၎င်းက အစီအရင်ပညာနယ်ပယ်၌ ထိုလူက ဆရာသခင်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ထင်ရှားစေသည်။

ထူးဆန်းသော ဧည့်သည် အစီအရင်နှင့် ပတ်သက်ပြီး မိန်းမောနေရာမှ ပြန်လည်သတိဝင်လာလျှင် သူ့ ရှေ့၌ ရပ်နေသော ရွှမ်ယီနှင့်ရဲ့ချင်းစုန်တို့ကို့ တွေ့လိုက်ရ၏။

ထိုလူက ချက်ချင်း လက်ယှက်လိုက်ပြီး

“ မင်းတို့နှစ်ယောက်… ကြည့်ရတာ နက်နဲခြင်းအင်ပါယာဂိုဏ်းက လူတွေ ဖြစ်ပုံရတယ်… ငါ့နာမည်က ဂျီကျူးယွဲ့ပါ… ပြီးတော့ ဒီနေ့ နက်နဲခြင်းအင်ပါယာဂိုဏ်းကို ရောက်လာတာ အကြောင်းရင်းနှစ်ခုရှိတယ်…”

မိမိကိုယ်ကို ဂျီကျူးယွဲ့ဟု ရည်ညွှန်းခဲ့သော အဘိုးအိုက လက်နှစ်ချောင်းထောင်ပြလိုက်သည်။

“ပထမတစ်ချက်အနေနဲ့ ပြောရမယ်ဆိုရင် မင်းတို့ဂိုဏ်းက အကြီးအကဲတစ်ယောက် မိန်းကလေးတစ်ယောက်ကို တောင်ပေါ်ခေါ်လာသေးလား… အဲဒီကလေးမက ငါရွေးချယ်ထားတဲ့ ဆက်ခံသူပါ… အဆင်ပြေရင် ငါနဲ့ပြန်ပြီး ထည့်ပေးလိုက်နိုင်မလား…”

ထိုစကားအား ကြားလျှင် ရဲ့ချင်းစုန်၏မျက်နှာ ချက်ချင်းအေးစက်သွားပြီး သူ့ရှေ့မှလူအား ချက်ချင်း ရိုက်သတ်ရန်ပြင်လိုက်၏။

သို့သော် ရဲ့ချင်းစုန် မလှုပ်ရှားရသေးမီ ရွှမ်ယီက လက်ဝှေ့ယမ်းကာ ရပ်တန့်စေလိုက်ပြီး နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ကာ

“ ကျုပ် သူမကို ပြန်မပေးဘူးဆိုရင်ရော… ခင်ဗျားလည်း သိပါတယ်… ရီဟန်ရဲ့ခန္ဓာကိုယ်ထဲမှာ ခင်ဗျားရဲ့ ကိုးငရဲ အစီအရင်ရှိနေပေမယ့် အဲဒါနဲ့ပတ်သက်ပြီး သူမ ဘာမှ မထိတွေ့ရသေးဘူးဆိုတာ…”

“ ပြီးတော့ အဲဒီလိုမျိုး ကြုံရာလူတစ်ယောက်ကို အမှတ်အသားပြုထားပြီး ခင်ဗျားပိုင်တယ်ဆိုပြီး နေရာတကာမှာ လိုက်တောင်းနေလို့ မရဘူးလေ… အဲ့လိုမှမဟုတ်ရင် တောင်ပိုင်းနယ်မြေတစ်ခုလုံး ခင်ဗျားတပည့်တွေချည်းပဲ ဖြစ်ကုန်မယ် မဟုတ်ဘူးလား…”

ရွှမ်ယီ၏စကားများ ကြားလျှင် ဂျီကျူးယွဲ့ ဟူသောအဘိုးအို အနည်းငယ်မျှ စိတ်မဆိုးဘဲ

“ ဟောဒီက မိတ်ဆွေလေးပြောတဲ့စကား မမှားပါဘူး… အဲဒါကြောင့်မို့လို့ ဒီအဘိုးကြီးက နောက်တစ်ခု ထပ်ပြောပါရစေ…”

စကားဆုံးသည်နှင့် ဂျီကျူးယွဲ့၏ မျက်ဝန်းများအတွင်း၌ စိတ်အားထက်သန်မှုများ ဖြစ်ပေါ်လာကာ

“ ဒီအဘိုးကြီးက တောင်ပိုင်းနယ်မြေမှာ အရမ်းနာမည်မကြီးပေမဲ့ ကျင့်ကြံမှုကတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်… ပြီးတော့ ကျုပ်တစ်သက်လုံး လေ့လာလိုက်စားခဲ့တဲ့ အစီအရင်ပညာနဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုရှိတယ်…”

“ ဒါကြောင့် နက်နဲခြင်းအင်ပါယာဂိုဏ်းကို ဝင်ခွင့်ရနိုင်မလား… အကြီးအကဲတစ်ယောက်ဖြစ်ဖို့လည်း မတောင်းဆိုပါဘူး… သာမန်ဂိုဏ်းဝင်တစ်ယောက် ဖြစ်ရင်တောင် အဆင်ပြေပါတယ်…”

“ ဒါပေမဲ့ ဒီအစီအရင်ကို တည်ဆောက်ခဲ့တဲ့ စီနီယာဘေးမှာ အမြဲတမ်းနေနိုင်ဖို့ မျှော်လင့်ပါတယ်… အဲဒီ စီနီယာဆီကသာ လမ်းညွှန်မှုတစ်ခု နှစ်ခုရမယ်ဆို ဒီအဘိုးကြီး သေရမယ်ဆိုရင်တောင် နောင်တ မရှိတော့ဘူး…”

ထိုစကားအား ကြားလျှင် ရဲ့ချင်းစုန် အံ့အားသင့်သွားခဲ့ရသည်။ အလွန်တည်ငြိမ်သော စိတ်ဓာတ်ရှိသူ ဖြစ်နေလျက်ပင် အံ့အားသင့်သွားသော အကြည့်များအား ဖုံးကွယ်မထားနိုင်ခဲ့ချေ။

သို့သော် ရွှမ်ယီ၏ အမူအရာကမူ သာမန်အတိုင်း ရှိနေဆဲပင်။

ရဲ့ချင်းစုန်ဆိုသည်မှာ ၎င်း၏ဘဝတစ်ခုလုံးကို ကျင့်ကြံခြင်း၌သာ မြှုပ်နှံထားခဲ့သူဖြစ်ပြီး မှော်ဆေးပညာ၊ အစီအရင်ပညာ စသည်တို့နှင့်ပတ်သက်ပြီး များစွာသိရှိထားခြင်း မရှိပေ။

သို့သော် မှော်ဆေးတာအိုကို လေ့ကျင့်ထားခဲ့သော ရွှမ်ယီကမူ ၎င်းနှင့်ပတ်သက်ပြီး ကောင်းစွာနားလည်ထား၏။

မှော်ဆေးတာအို၌ဖြစ်စေ၊ အစီအရင်တာအို၌ဖြစ်စေ အဆင့်မြင့်လာလေလေ တိုးတက်ရန် ပို၍ခက်ခဲလေဖြစ်သည်။

အကယ်၍ သူသာ ဒန်ချင်ဇီ၏ အမွေကို ရရှိခဲ့ခြင်းမရှိပါက မှော်ဆေးအင်ပါယာအဆင့်သို့ ဤမျှလွယ်ကူစွာ ရောက်သွားရန် မဖြစ်နိုင်ပေ။

သူ့အနေဖြင့် စနစ်ထံမှ အကူအညီ မရလျှင် မှော်ဆေးတာအို၌ ယခုကဲ့သို့ အောင်မြင်မှုများ ရရှိရန် နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားပေလိမ့်မည်။

အစီအရင်တာအိုကလည်း ထိုနေရာတွင် မှော်ဆေးတာအိုနှင့် သိပ်ပြီးခြားနားခြင်းမရှိပေ။

ယင်းကြောင့် မှော်ဆေးပညာရှင်များနှင့် အစီအရင်ပညာရှင်များ၏ အဆင့်အတန်း အလွန်မြင့်မားနေရခြင်း ဖြစ်ပေသည်။

သို့သော် ရွှမ်ယီအနေဖြင့် နောက်လိုက်များ တကူးတက မလိုချင်ခဲ့ပေ။

ထိုသို့မဟုတ်လျှင် ဒန်ချင်ဇီထံမှ အမွေအဖြစ် ရရှိထားခဲ့သော ပညာရပ်များထဲမှ အချို့အား ထုတ်ပြလိုက်ရုံနှင့်ပင် လူပေါင်းသောင်းနှင့်ချီ ဆွဲဆောင်နိုင်မည်ဖြစ်သည်။

အရှေ့ပိုင်းတိုက်ကြီး၌ရှိသော အင်အားစုကြီးများအတွင်းမှ မှော်ဆေးအင်ပါယာများပင် အစေခံများအဖြစ် သူ့အနောက်သို့ တစ်ကောက်ကောက် လိုက်ပါလာကြပေလိမ့်မည်။

ထို့အပြင် ယခုအချိန်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်းက မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကို ပိုင်ဆိုင်ထား၏။

အရှေ့ပိုင်းတိုက်ကြီး၌ ၎င်းထက် ကျော်လွန်သောအစီအရင်များကို လက်ချိုးရေတွက်၍ရသည်။

မဟာကောင်းကင်ဘုံကြယ်စင်စု အစီအရင်ကြီးအား လေ့လာခွင့်ရခြင်းမှာ အစီအရင်ပညာရှင်တိုင်းအတွက် ကောင်းကင်မှ ကျလာသော အခွင့်အရေးတစ်ခုပမာဖြစ်၏။

ထို့ကြောင့် ဂျီကျူးယွဲ့ ဤမျှ စိတ်အားထက်သန်စွာတောင်းဆိုနေသည်မှာ ရွှမ်ယီအတွက် အံ့ဩစရာမဟုတ်တော့ချေ။

သိုရာတွင် ဂျီကျူးယွဲ့ဆိုသူ၏ ပုံစံက စိတ်ရင်းဖြင့်တောင်းဆိုနေခြင်းဖြစ်ဟန်တူသော်လည်း နက်နဲခြင်းအင်ပါယာဂိုဏ်းအတွက် ၎င်းက ယခုမှတွေ့ဖူးသော သူစိမ်းတစ်ယောက်သာဖြစ်သေး၏။

ထို့အပြင် နက်နဲခြင်းအင်ပါယာဂိုဏ်းက မဟာကောင်းကင်ဘုံ ကြယ်စင်စုအစီအရင်ကြီး၏ ကာကွယ်မှုအောက်၌ ရှိနေချေပြီ။

နောက်ထပ် အန္တိမအင်ပါယာအဆင့်ကျင့်ကြံသူတစ်ဦး တိုးလာခြင်းက သိပ်ပြီး ထူးခြားမသွားတော့ပေ။

ရွှမ်ယီတွေးတောနေစဉ် လီလန်နှင့် ဒေါင်ရွှမ်တို့နှစ်ယောက် အပြေးတစ်ပိုင်းနှင့် ရောက်ရှိလာကြသည်။

‌ဒေါင်ရွှမ်က သာမန်အတိုင်းရှိနေခဲ့သော်လည်း လီလန်ကမူ ရွှမ်ယီရှေ့၌ ဦးညွှတ်နေသူနှင့် ပတ်သက်ပြီး စိတ်၀င်စားနေ၏။

သူမက အရှေ့ပိုင်းတိုက်ကြီး၌ မှတ်တမ်းမှတ်ရာများ ၊ သတင်းအချက်အလက်များ အကြွယ်၀ဆုံးစာရင်းထဲပါ၀င်သည့် မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ ဆင်းသက်လာသူဖြစ်သည်။

သို့သော် ဂျီကျူးယွဲ့အား မြင်မြင်ခြင်း မှတ်မိခြင်းမရှိချေ။

ထို့နောက် အနားသို့ရောက်လာပြီး သေချာမြင်လိုက်ရလျှင် အထိတ်တလန့်ထအော်လိုက်၏။

“ စီ.. စီနီယာက… အစီအရင် ကိုးသွယ် သခင်မဟုတ်လား…”

လီလန်၏ အော်သံကိုကြားလျှင် လူတိုင်း သူမအား လှည့်ကြည့်လိုက်ကြသည်။

ဂျီကျူးယွဲ့လည်း အလွန်အံ့ဩနေ၏။

ထိုမိန်းကလေးက ကြည့်ရသည်မှာ အသက်(၂၀)၀န်းကျင်သာရှိသေးသည်။

သူ့အား မည်သို့ သိနေသနည်း…?

“ ကလေးမ… မင်း ဘိုးဘေးတွေက ဒီအဘိုးကြီးကို သိကြတာလား…”

ဂျီကျူးယွဲ့၏ အကြည့်ကြောင့် လီလန် စိတ်လှုပ်ရှားသွားပြီး အလျင်စလိုဖြင့်

“ မြင့်မြတ်ခြင်းမူလ လေလံစံအိမ်က စာကြည့်လိုက်ထဲမှာ စီနီယာရဲ့ ပုံတူကို မြင်ဖူးခဲ့တာပါ… ပုံထဲမှာတော့ နည်းနည်း ငယ်သေးပေမယ့် စီနီယာဆိုတာတော့ သေချာတယ်…”

“ ဪ… မြင့်မြတ်ခြင်းမူလ လေလံစံအိမ်ကိုး…”

ဂျီကျူးယွဲ့ နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

တစ်ဖက်တွင် လီလန် ရွှမ်ယီထံသို့ အသံပို့လွှတ်ပြီး ဂျီကျူးယွဲ့အကြောင်း ရှင်းပြလိုက်သည်။

“ လွန်ခဲ့သော နှစ်ပေါင်း(၂)သိန်း…. အစီအရင် ကိုးသွယ်သခင်… တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ်ကို နတ်ဆိုးများရန်မှ ကာကွယ်ပေးခဲ့သူ….”

ထိုကိစ္စများက အလွန်ရှေးကျလွန်းလှသည်။ အရှေ့ပိုင်းတိုက်ကြီးသို့ ဟိုတလောကမှ ရောက်လာသော ရွှမ်ယီအတွက် ယခုမှ ကြားဖူးခြင်းဖြစ်၏။

ထိုကဲ့သို့ မှတ်တမ်းများဖြင့်ဆိုပါက နက်နဲခြင်း အင်ပါယာဂိုဏ်းသို့ ၀င်ရန် မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

All Chapters