← Chapters

အခန်း (၅၀၈)

Vol. 34 Ch. 508

အခန်း (၅၀၈)

Vol. 34 Ch. 508

ထိုအခါ ပိုင်လီလီက ခေါင်းလှည့်လိုက်ပြီး လှောင်ပြောင်ရယ်မောနေကြဆဲဖြစ်သော လူများအား ကြည့်လိုက်သည်။

ထို့နောက်

“ ညီမလေး… အဲဒီ တိုင်ရွှမ်၊ ကျူးယောင် ၊ ရှီချီနဲ့ ဖီးနစ်မီးတောက်ဆိုတဲ့ မြင့်မြတ်နယ်မြေငယ်လေးတွေမှာရှိတဲ့ အမွေဆက်ခံသူတွေထဲက ဘယ်နှစ်ယောက်လောက် အင်ပါယာအဆင့်ကို ချိုးဖျက်ပြီးသွားပြီလဲ...”

“ ဒါပေမဲ့ လီလန်က နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ကို ဆရာတင်ပြီး လဝက်အတွင်းမှာ အင်ပါယာအဆင့်ကို ချိုးဖျက်နိုင်ခဲ့တယ်...”

“ အဲဒါကြောင့်မို့လို့ ငါ ပိုင်လီလီ နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ရဲ့ တပည့်တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ထားတယ်...”

အစ်မဖြစ်သူ၏ ခိုင်မာစွာ စိတ်ဆုံးဖြတ်ထားသော စကားအား ကြားလျှင် ပိုင်ရှုရှု သက်ပြင်းချလိုက်မိတော့၏။

လှေပျံ၏ တစ်ခြားတစ်ဖက်တွင် မြင့်မြတ်နယ်မြေလေးခုမှ အကြီးအကဲများနှင့်တပည့်များ ရှိနေခဲ့ပြီး

ထိုအထဲမှ ရှီချီမင်းဆက်၏ ဆန်းကြယ်ပလ္လင်အဆင့်အင်ပါယာတစ်ဦးက စကားစပြောလိုက်သည်။

“ ဂိုဏ်းချုပ်ရွှမ်က ငယ်သေးပေမဲ့ မြင့်မြတ်နယ်မြေတစ်ခုကို အောက်ခြေကစ ထူထောင်ပြီး ဂိုဏ်းချုပ်တစ်ယောက်တောင် ဖြစ်နေခဲ့ပြီ… သူ့ဆီမှာ ဝှက်ဖဲတွေ ရှိနေမှာသေချာတယ်… တောင်ပိုင်းကောင်းကင်နတ်ဘုရားလှေပျံကို အသုံးမပြုနိုင်တာက အဲ့လောက်ထိ ကြီးမားတဲ့ကိစ္စလည်း မဟုတ်ပါဘူး...”

ထို့နောက် သူက ဆက်လက်ပြီး

“ ဒါပေမဲ့ အခုထိ နက်နဲခြင်းအင်ပါယာဂိုဏ်းမှာ တောင်ကိုကာကွယ်ဖို့ အစီအရင်တစ်ခုတောင် မရှိသေးဘူး… ဒါကလည်း ကိစ္စတော့မရှိပါဘူး… တောင်ပိုင်းကောင်းကင်နတ်ဘုရားလှေပျံကို အသုံးမပြုနိုင်မှတော့ လှေပျံက အစီအရင်ကိုဖြုတ်ပြီး တောင်ကိုကာကွယ်ဖို့ အသုံးပြုလို့ရသားပဲ...”

စကားဆုံးသည်နှင့် ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်တော့၏။

သို့သော် ယခုတစ်ကြိမ်တွင် ကျန်မြင့်မြတ်နယ်မြေသုံးခုကလူများ လိုက်ပါထောက်ခံခြင်း မရှိကြတော့ချေ။

ထိုအစား ထိတ်လန့်နေသော မျက်ဝန်းများဖြင့် အရှေ့ဘက်သို့ ငေးကြည့်နေခဲ့ကြ၏။

လူတိုင်း သူ၏စကားများအား လျစ်လျူရှုလိုက်ကြသည်ကို မြင်လျှင် ရှီချီမင်းဆက်မှအင်ပါယာ ကသိကအောက်ဖြစ်သွားပြီး ထိုလူများကြည့်နေရာသို့ကြည့်ရန် ခေါင်းလှည့်လိုက်သည်။

ထိုအခါ မျက်နှာထက်မှ အပြုံးက ချက်ချင်းအေးခဲသွားခဲ့ရ၏။

“ ဟေး… နက်နဲခြင်းအင်ပါယာဂိုဏ်းမှာ တောင်ကိုကာကွယ်ဖို့ အစီအရင်မရှိဘူးလို့ မင်းပြောလိုက်တာလား... ဒါဆို ငါတို့ရှေ့မှာ ရှိနေတာက ဘာကြီးလဲ...”

လှေပျံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

လှောင်ပြောင်သံအား ကြားလိုက်လျှင် အစောပိုင်း၌ မကျေမနပ်ဖြစ်သွားခဲ့သော ရှီချီမင်းဆက်မှအင်ပါယာ ချက်ချင်းထရပ်လိုက်ပြီး လှေပျံအစွန်းသို့ ပြေးသွားလိုက်သည်။

ထိုအခါ နဂါးငွေ့တန်းကြီးတစ်ခုအလား လှပသော ကြယ်ရောင်များဖြင့် ပြည့်နှက်နေသည့် တောင်ကြီးတစ်လုံးကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းက လှပသော်လည်း တစ်ဖက်တွင် ထိတ်လန့်စရာလည်း ကောင်းလှ၏။

တောက်ပနေသော ကြယ်ရောင်များထဲတွင် တစ်ဖျပ်ဖျပ်လက်ကာ ပြေးလွှားနေသော ရုန်းစာလုံးများကို မြင်တွေ့နိုင်သည်။

ထို့အပြင် ၎င်းမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါများလည်း ထွက်ပေါ်နေခဲ့၏။

ထိုနေရာသို့ မရောက်သေးသော်လည်း တောင်ပိုင်းကောင်းကင်နတ်ဘုရားလှေပျံပေါ်မှလူတိုင်း ဖိအားကို ခံစားမိနေကြသည်။

လူတိုင်း နှလုံးသားများ တင်းကြပ်သွားရ၏။

အကယ်၍ သူတို့သာ ၎င်းအား သတိပြုမိခဲ့ခြင်းမရှိဘဲ တောင်ပိုင်းကောင်းကင်နတ်ဘုရားလှေပျံ၏ စွမ်းအားအပေါ် ယုံကြည်မှုလွန်ကဲပြီး ထိုကာကွယ်ရေးအစီအရင်ကြီးအား ဝင်တိုက်မိလိုက်ပါက

လှေပျံပေါ်မှ လူတိုင်းအတွက် အဆုံးသတ်တစ်ခုတည်းသာ ရှိပေလိမ့်မည်။

လှေပျံပေါက်ကွဲပြီး လူတိုင်း သေဆုံးသွားရမည် ဖြစ်၏။

“ ငါ မြင်ဖူးခဲ့တဲ့ အဆင့်(၇) ကာကွယ်ရေး အစီအရင်တွေထဲက ဒီလိုလည်း မဟုတ်ပါလား…”

ခမ်းနားကြီးကျယ်သော အစီအရင်ကြီးအား ငေးကြည့်ရင်း ရှီချီမင်းဆက်မှ တပည့်တစ်ဦး မှင်တက်စွာ ရေရွတ်မိလိုက်သည်။

“ မဟုတ်သေးဘူး… အဲဒါက အဆင့်(၇) အစီအရင်တစ်ခု ဖြစ်နေရင်တောင် တောင်ပိုင်းကောင်းကင်နတ်ဘုရားလှေပျံက အဲဒါကို ဖြတ်သန်းဖို့ သိပ်ပြီး ခက်ခဲမှာ မဟုတ်ဘူး…”

“ ဒါဆို နက်နဲခြင်းအင်ပါယာဂိုဏ်းရဲ့ ကာကွယ်ရေးအစီအရင်က ဘယ်အဆင့်ကိုတောင် ရောက်နေပြီလဲ…”

လှေပေါ်မှ လိုက်ပါလာသူများ အားလုံးနီးပါး ကြယ်ရောင်များဖြင့် ဝင့်ကြွားစွာ တည်ရှိနေသော အစီအရင်ကြီးကြောင့် အလွန်တုန်လှုပ်သွားခဲ့ကြသည်။

တစ်ချိန်တည်းတွင် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်၌ ဂျီကျူးယွဲ့တစ်ယောက် အလွန်စိတ်လှုပ်ရှားနေပေသည်။

နက်နဲခြင်းအင်ပါယာဂိုဏ်း၌ သူစိတ်ကူးယဉ်ထားသည်နှင့် ဆန့်ကျင်စွာ အစီအရင်ဆရာသခင်တစ်ဦး ရှိမနေခဲ့ချေ။

သို့သော် အစီအရင်ပညာ၌ အလွန်ဝါသနာပါသူတစ်ဦးဖြစ်သော ဂျီကျူးယွဲ့အနေဖြင့် မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်ကြီးအား လေ့လာခွင့်ရမည့် အခွင့်အရေးကို မည်သို့လက်လွှတ်နိုင်မည်နည်း။

နောက်ဆုံးတွင် သူက နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ ဝင်ခွင့်ရသွားခဲ့ပြီး ဂိုဏ်း၏ အပြင်စည်းအကြီးအကဲတစ်ယောက်ဖြစ်လာခဲ့ကာ ကောင်းကင်ပြိုလဲခြင်းတောင်၌ နေခွင့်ရသွားခဲ့သည်။

သူ၏ အဓိကတာဝန်မှာ မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်ကြီး၏ လည်ပတ်မှုကို ထိန်းသိမ်းရန် ဖြစ်ပေသည်။

ထိုတာဝန်နှင့် ပတ်သက်ပြီး ဂျီကျူးယွဲ့တစ်ယောက် အလွန်စိတ်လှုပ်ရှားကာ ပျော်ရွှင်နေခဲ့၏။

နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ သူဝင်ရောက်ပြီးသည်မှာ ခုနစ်ရက်ကြာသွားခဲ့ပြီဖြစ်သော်လည်း မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်ကြီးအတွင်းမှ အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်ခဲ့ချေ။

ရွှမ်ယီက နတ်တန်ခိုးစွမ်းရည်ခန်းမကို တည်ဆောက်ပြီးသောအချိန် ၎င်းအား မည်သို့အသုံးပြုရမည်ဖြစ်ကြောင်း ရှင်းပြရန်အတွက် ဂိုဏ်းမှလူတိုင်း ဆင့်ခေါ်ခဲ့ချိန်မှ မလိုလားဟန်ဖြင့် ထွက်လာခဲ့ရသည်။

“ ဂိုဏ်းချုပ်… အရေးကြီးကိစ္စတစ်ခုခု ရှိလို့လား… မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်ကြီးကို ကျုပ်လေ့လာနေတာ အရေးကြီးတဲ့ လမ်းခုလတ်ကို ရောက်နေပြီ…”

ဂျီကျူးယွဲ့၏ စကားသံ၌ အနည်းငယ်စိတ်ပျက်ဟန်များ စွန်းထင်းနေခဲ့သော်လည်း သူ့အား နက်နဲခြင်းအင်ပါယာဂိုဏ်း၌ လက်ခံကာ ကောင်းကင်ပြိုလဲခြင်းတောင်၌ နေခွင့်ပေးခဲ့သည့် ရွှမ်ယီအား ရင်ထဲ၌ အလွန်ကျေးဇူးတင်နေခဲ့ပေသည်။

ထို့ကြောင့် သူ့အပြုအမူနှင့် စကားသံထဲ၌ လေးစားမှုများ စွန်းထင်းပါဝင်နေ၏။

ရွှမ်ယီက ညာလက်အား အသာအယာ ဝှေ့ယမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ

“ အကြီးအကဲ ကျူးယွဲ့… ခင်ဗျားရောက်လာတာ ကောင်းတယ်… ဒီနတ်တန်ခိုးစွမ်းရည်ခန်းမက ခင်ဗျားအတွက်လည်း အကျိုးရှိတယ်…”

ထိုစကားအား ကြားလျှင် ဂျီကျူးယွဲ့ မနေနိုင်တော့ဘဲ ပြုံးလိုက်ပြီး

“ ဂိုဏ်းချုပ် ဒီလိုပြောမှတော့ ကျုပ်အရမ်းသိချင်လာပြီ…”

ဤသို့ဖြင့် ဂျီကျူးယွဲ့တစ်ယောက် နတ်တန်ခိုးစွမ်းရည်ခန်းမအတွင်းသို့ ဝင်သွားလျှင် ဉာဏ်အလင်းအစီအရင်အတွင်း၌ ကျင့်ကြံလျက် ရှိနေသော ဒေါင်ရွှမ်နှင့် လီလန်တို့နှစ်ယောက်ကို တွေ့လိုက်ရ၏။

ဂျီကျူးယွဲ့ ရောက်လာသည်နှင့် ကျင့်ကြံနေသော မိန်းကလေးနှစ်ယောက်လုံး မျက်လုံးဖွင့်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ဂျီကျူးယွဲ့၏ အတိတ်နှင့် ပတ်သက်၍ အလွန်လေးစားနေခဲ့သော လီလန်က

“ အကြီးအကဲ ကျိုးယွဲ့… ကိုယ်တိုင် ဝင်ကြည့်လိုက်ပါ… အခြေအနေကို နားလည်သွားလိမ့်မယ်…”

လီလန်၏စကားကြောင့် ဂျီကျူးယွဲ့ အနည်းငယ်အံ့အားသင့်သွားခဲ့ပြီး နှလုံးသားထဲ၌ မယုံကြည်နိုင်စရာ မှန်းဆချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

‘ အဲ့လိုတော့ မဖြစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား…’

ထို့နောက် ခမ်းနားထည်ဝါသော မျှော်စင်ကြီးအား အသေအချာ ဂရုတစိုက်ကြည့်လိုက်လျှင် မျက်ဝန်းများထဲ၌ အံ့အားသင့်မှုများ ဖြစ်ပေါ်လာလေသည်။

သူက ဤနေရာသို့ ရောက်လာသည်မှာ အချိန်အတန်ငယ်ရှိသွားပြီးဖြစ်သော်လည်း ဤမတိုင်ခင်တွင် သူ့စိတ်များက မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်အတွင်း၌သာ နစ်မြုပ်နေဆဲဖြစ်ပြီး အသေအချာ မကြည့်ခဲ့ရသေးပေ။

ယခု သတိပြန်လည်လာပြီး အသေအချာ အာရုံစိုက်ကြည့်လိုက်မိသောအခါမှ ထူးခြားမှုတချို့အား သတိထားမိလိုက်၏။

ဂိုဏ်းချုပ်က ဒီခန်းမကြီးကို ခုနစ်ရက်လောက်နဲ့ ဘယ်လိုဆောက်လိုက်တာလဲ…?

နတ်တန်ခိုး စွမ်းရည်ခန်းမတွင် စုစုပေါင်း (၉)ထပ်ရှိပြီး

ပထမ(၃)ထပ်က ကျင့်ကြံခြင်း နည်းစနစ်များ ၊

ဒုတိယ (၃)ထပ်က သိုင်းပညာရပ်များ နှင့်

နောက်ဆုံး (၃)ထပ်က နတ်တန်ခိုးစွမ်းရည်များအတွက်ဖြစ်သည်။

ကျင့်ကြံခြင်းနည်းစနစ်များ သိမ်းဆည်းရန် ပြုလုပ်ထားသည့် ပထမအထပ်ရှိ ခန်းမကြီးက စတုရန်းမီတာပေါင်း (၁)သောင်း ကျယ်၀န်း၏။

၎င်းတွင် နီလာရောင် ကျောက်ပြားများ ခင်းထားပြီး ကျောက်ပြားများ အလယ်၌ ပြေးလွှားနေသော ရုန်းများရှိနေသည်။

ထို့အပြင် ခန်းမအတွင်းသို့၀င်လိုက်သည်နှင့် စိတ်ကိုကြည်လင်သွားစေနိုင်စွမ်းရှိ၏။

ဂျီကျူးယွဲ့ မျက်၀န်းများ အနည်းငယ် ကျုံ့သွားခဲ့သည်။

All Chapters