← Chapters

အခန်း (၅၁၀)

Vol. 34 Ch. 510

အခန်း (၅၁၀)

Vol. 34 Ch. 510

ထို့အပြင် ၎င်းတို့လာရင်း၌ အဓိကကျသောကိစ္စက တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်၏ မြေးနှစ်ယောက်ဖြစ်သည်။

“ ပိုင်လီလီ… ပိုင်ရှုရှု….”

အနက်ရောင်နှင့် အဖြူရောင်၀တ် မိန်းကလေးနှစ်ဦးအား ရွှမ်ယီ အသေအချာကြည့်ရင်း ခေါင်းတစ်ချက်ညိတ်လိုက်၏။

“ တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ် တောင်းဆိုလိုက်တဲ့အရာဆိုတော့ ငါ့ဘက်က သဘောမတူစရာ အကြောင်းမရှိပါဘူး… ဒါပေမယ့် မင်းတို့ နှစ်ယောက်ကရော နက်နဲခြင်း အင်ပါယာဂိုဏ်းကို တစ်ကယ် ၀င်ချင်ရဲ့လား…?”

ရွှမ်ယီက ဆက်လက်ပြီး

“ ဂိုဏ်းက အခု အခြေကျနေပြီဆိုပေမယ့်… ဂိုဏ်းစတည်ထောင်တုံးကတည်းက အသင်္ချေနဂါးမင်းဆက် ၊ သန့်စင်ခြင်းမျှော်စင် ၊ မဟာမူလ ကုန်းမြေတို့နဲ့ ရန်ငြိုးရှိခဲ့တယ်…. ပြီးတော့ ငါတို့ဂိုဏ်းက တောင်းပိုင်းကောင်းကင် မြင့်မြတ်ခြင်းမဟာမိတ်နဲ့ မပူးပေါင်းရသေးဘူး….”

“ ပြောချင်တာက တစ်ချိန်မဟုတ် တစ်ချိန် အဲ့ဒီ အင်အားစုသုံးခုက ငါတို့ကို တိုက်ဖို့ အင်အားအပြည့်နဲ့ ရောက်လာကြလိမ့်မယ် ဆိုတာပဲ….”

“ ဒါကြောင့် မင်းတို့အနေနဲ့ နက်နဲခြင်းအင်ပါယာဂိုဏ်းကို ၀င်ဖို့ အချိန်ကောင်းမဟုတ်သေးဘူး…”

ရွှမ်ယီက နက်နဲခြင်းအင်ပါယာဂိုဏ်းအနေဖြင့် လက်ရှိအချိန်တွင် သေရေးရှင်းရေး ပြသနာတစ်ခုနှင့် ရင်ဆိုင်နေရသည့်အလား ပြောကြားခဲ့လေသည်။

သို့သော် လေသံကမူ ဘာအပူအပင်မှ မရှိသည့်အလား အေးဆေးတည်ငြိမ်၍နေ၏။

ပိုင်ညီအစ်မ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အနည်းငယ် သွက်လက်သော ပိုင်ရှုရှုက ရှေ့သို့ ခုန်ထွက်လိုက်ကာ

“ ဆရာရွှမ်… စိတ်ချပါ… ကျွန်မတို့ ကောင်းကင်ပြိုလဲခြင်းတောင်ကို ရောက်ကတည်းက နက်နဲခြင်းအင်ပါယာဂိုဏ်းကို ၀င်ဖို့ ဆုံးဖြတ်ပြီးပါပြီ… အင်းအားစု (၃)ခုနဲ့ ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် ကျွန်မသာ နက်နဲခြင်းအင်ပါယာ ဂိုဏ်း၀င်တစ်ယောက်ဖြစ်တာနဲ့ အရိုးကြေကြေ အရေခမ်းခမ်း ခုခံတိုက်ခိုက်သွားမှာပါ…”

နံဘေးတွင် ရပ်နေသော ပိုင်လီလီက မည်သည့်စကားမှ ၀င်မပြောခဲ့သည့်တိုင် ကြည့်ရသည်မှာ လုံး၀ နောက်ဆုတ်ရန် စိတ်ကူးမရှိပုံ ပေါ်သည်။

ရွှမ်ယီ ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်၏။

တောင်းပိုင်းကောင်းကင်ဗိုလ်ချုပ်က ယခင်တစ်ကြိမ် အသင်္ချေနဂါးမင်းဆက်နှင့်တိုက်ပွဲ၌ သူ့အပေါ် ကြင်နာမှု ပြသခဲ့သည်။

ဤတစ်ကြိမ်တွင် သူ့မြေး(၂)ယောက်အား ဂိုဏ်းထံသို့ လွှတ်လိုက်ချေပြီ။

၎င်းအား သူ့အား မျက်နှာသာ ပေးခြင်းလော ၊ နက်နဲခြင်း အင်ပါယာဂိုဏ်း၏ အနာဂါတ်အပေါ် လောင်းကြေးထပ်ခြင်းလော မသဲကွဲပေ။

သို့သော် ထိုကိစ္စက သိပ်ပြီး အရေးမကြီးချေ။

အနှစ်ချုပ်လိုက်မည်ဆိုလျှင် တောင်ပိုင်းနယ်မြေ၌ နက်နဲခြင်းအင်ပါယာဂိုဏ်း၏ ဂုဏ်သတင်း ထပ်မံ မြင့်တက်လာပေလိမ့်မည်။

ထိုအချက် တစ်ခုတည်းနှင့်ပင် ကျေးဇူးတင်ထိုက်ချေနေပြီ။

သို့ဖြစ်ရာ ပိုင်ညီအစ်မနှစ်ယောက် အနေဖြင့် ဂိုဏ်းသို့၀င်ရန် အရည်အချင်း မလုံလောက်လျှင်ပင် သူ့အနေဖြင့် လက်ခံပေးရပေမည်။

သူ့တပည့်အများအဖြစ် တိုက်ရိုက်လက်ခံခဲ့ခြင်းမရှိဘဲ ဂျီကျူးယွဲ့ထံသို့ စေလွှတ်ပြီး စာရင်းသွင်းစေလိုက်သည်။

ထို့အပြင် ထိုမိန်းကလေး နှစ်ယောက်လုံး၏ ပါရမီများက အထူးကောင်းမွန်လှ၏။

ပိုင်ရှုရှုထံ၌ ခုနှစ်စင်ကြယ် ဆေးအင်ပါယာခန္ဓာ ပိုင်ဆိုင်ထားပြီး ပါရမီရမှတ် (၄၂၁)ရှိသည်။

စနစ်၏ ရှင်းလင်းပေးချက်အရဆိုလျှင် ၎င်းက သဘာ၀တရားကြီးမှ မွေးဖွားလာသော ခန္ဓာတစ်ခုဖြစ်ကာ ကမ္ဘာကြီးနှင့်အလွန်နီးစပ်ပြီး မည်သည့်အရာကိုမဆို စုပ်ယူချေဖျက်ရာဤ အလွန်မြန်ဆန်၏။

ထို့အပြင် အတိုင်းအတာ တစ်ခုအထိ အင်မော်တယ်ခန္ဓာနှင့် ဆင်တူသည်။

သာမန်အားဖြင့်ဆိုလျှင် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် အဆင့်(၆) ဆေးလုံးအား စုပ်ယူချေဖျက်ရန် အနည်းဆုံး တစ်လခန့်ကြာနိုင်၏။

အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် အနေဖြင့်ပင် ရက်ပေါင်းများစွာ ကြာမြင့်နိုင်သည်။

ထို့အပြင် ဆေးဝါးအများအပြား တစ်ပြိုင်နက်တည်း စုပ်ယူပါက သန့်စင်နှုန်းပို၍ နှေးကွေးပေလိမ့်မည်။ ကြာလာပါက ခန္ဓာကိုယ်အတွင်း၌ အညစ်အကြေးများစုပြုံလာက အနာဂါတ်ကျင့်ကြံခြင်းကို ထိခိုက်နိုင်သည်။

သို့သော် ပိုင်ရှုရှုက ခြားနား၏။

သူမ၏ ခုနှစ်စင်ကြယ် ဆေးအင်ပါယာခန္ဓာကိုယ်က မှော်ဆေးလုံးများအတွင်းမှ ဆေးစွမ်းအားများကို အလွယ် တကူစုပ်ယူနိုင်ရုံသာမက အခြေခံအုတ်မြစ်ကိုလည်း မထိခိုက်စေနိုင်ချေ။

တနည်းအားဖြင့်ဆိုရမည်ဆိုလျှင် မှော်ဆေးလုံးများသာ အလုံအလောက်ရှိနေသ၍ ပိုင်ရှုရှု၏ ကျင့်ကြံမှုက တစ်ရက်အတွင်း အဆင့်ပေါင်းများစွာ ခုန်ပေါက် တိုးတက်သွားနိုင်သည်။

အခြေခံအုတ်မြစ်၌လည်း ပြသနာရှိမည်မဟုတ်လေရာ ဘာမှ စိုးရိမ်စရာမလိုချေ။

သို့သော် ပိုင်လီလီ၏ အချက်အလက်များကိုမြင်လျှင် ရွှမ်ယီ မနေနိုင်ဘဲ ရယ်မောမိလိုက်တော့၏။

[ ပိုင်လီလီ - ပါရမီရမှတ် (၄၈၆) ၊ မူလ ဓားနယ်မြေ ခန္ဓာ ( အင်ပါယာအဆင့်ခန္ဓာကိုယ် ) ၊ ဓားများနှင့် နီးစပ်စွာ မွေးဖွားလာသူ ၊ မွေးရာပါ နယ်မြေ အမွေအနှစ် - မူလဓားနယ်မြေ ( ဟင်းလင်းပြင်ဓားနယ်မြေအဖြစ်သို့ ပြောင်းလဲနိုင် ) ]

“ ဒီကောင်မလေးက ငါနဲ့ ကံကြမ္မာ ဆက်နွယ်နေတာပဲ…”

ရွှမ်ယီ အနည်းငယ်ပြုံးကာ ခေါင်းညိတ်လိုက်ပြီး

“ မင်းတို့ နှစ်ယောက် စိတ်ပိုင်းဖြတ်ပြီးပြီဆိုမှတော့ ပထမဆုံး အနေနဲ့ အကြီးအကဲ ဂျီကျူးယွဲ့ဆီမှာ စာရင်းသွင်းပြီး ဂိုဏ်းတံဆိပ် သွားယူလိုက်ပါ… မင်းတို့ နေထိုင်ဖို့ သူ တစ်ခါတည်း စီစဉ်ပေးလိမ့်မယ်…”

ရွှမ်ယီ လက်ခံသည်ကိုမြင်လျှင် ညီအစ်မနှစ်ယောက်လုံး ၀မ်းသာစွာပြုံးလိုက်ကြသည်။

သူမတို့ နှစ်ယောက်တွင် ပိုင်လီလီက အစကတည်းက ရွှမ်ယီအား အလွန်လေးစားနေခဲ့ကာ နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ ၀င်ရောက်ရန် စိတ်ပိုင်းဖြတ်ထားသူဖြစ်၏။

သူမအဘိုးက ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းမရှိလျှင်ပင် ကောင်းကင်ပြိုလဲခြင်းတောင်းတန်းသို့ ကိုယ်တိုင် လာရောက်ကာ နက်နဲခြင်း အင်ပါယာဂိုဏ်းသို့၀င်ရန် စဉ်းစားထားခဲ့သည်။

သို့သော် ပိုင်ရှုရှုမူ ကွဲပြားခြားနား၏။

နက်နဲခြင်းအင်ပါယာဂိုဏ်းက အလွန်နာမည်ကြီးနေသဖြင့် လူအများပြောစကားများအရ သူမလည်း ကောင်းစွာ ကြားဖူးနေခဲ့သည်။

သို့သော် ၎င်းတို့က သူမနှင့် အလှမ်းဝေးနေဆဲဖြစ်ကာ နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ ၀င်ရန်လည်း စိတ်မကူးထားခဲ့ဖူးချေ။

ရုတ်တရက် အဘိုးဖြစ်သူက နေရာစိမ်းတစ်ခုသို့ စေလွှတ်ခဲ့ရာ တစ်ချိန်လုံး စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။

သို့သော် မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကြီးအား ပထမဆုံး မြင်လိုက်ရလျှင် ထို မသက်မသာဖြစ်မှုများ နေရာ၌ အံ့အားသင့်မှုနှင့် စိုးရိမ်မှုများ အစားထိုး၀င်ရောက်လာခဲ့သည်။

သူမ၏ အံ့အားသင့်မှုက မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကြောင့်ဖြစ်ပြီး စိုးရိမ်မှုကမူ ဤသို့ ကြီးကျယ် ခမ်းနားသော အစီအရင်ကြီးတစ်ခုကိုပိုင်ဆိုင်ထားသော ဂိုဏ်းတစ်ခုအနေဖြင့် သူမအား နှိမ့်ချဆက်ဆံမည်ကိုပင်။

တောင်ပိုင်းကောင်းကင်တံခါးမှ မင်းသမီးလေးဟူသော အဆင့်အတန်းက နက်နဲခြင်းအင်ပါယာဂိုဏ်းရှေ့၌ ဘာမှ မဟုတ်လောက်ပေ။

ထို့ကြောင့် ရွှမ်ယီခေါင်းညိတ်လိုက်သည်နှင့် ပိုင်ရှုရှု အလျင်စလို ဦးညွှတ်လိုက်ပြီး အစောပိုင်း၌ နည်းနည်း မသင့်တော်သော ကိစ္စများပြုမိကြောင်း တောင်းပန်လိုက်၏။

[ Note - စိတ်ရင်းမပါဘဲ ကြွားဝါပြီး ဂိုဏ်းကို အသေခံ ကာကွယ်မယ် ဘာညာ ပြောခဲ့တာကို ပြောတာပါ ]

ရွှမ်ယီက ဘာမှမဖြစ်ကြောင်း လက်ဝှေ့ယမ်းပြလိုက်သည်။

ယခုအချိန်ထိ သူလက်ခံထားခဲ့သော တပည့်များက တော်တော်လေး ရင့်ကျက်နေပြီဟု ဆိုရမည်။

မှန်ပေသည်။ ထိုအထဲတွင် ရှောင်ရီဟန်တော့ မပါ၀င်ချေ။

သူမက ကျင့်ကြံမှု လမ်းကြောင်းပေါ်၌ စလုံးရေစတောင် မစရသေးသူတစ်ဦးဖြစ်၏။

ထိုကြောင့် သွက်လက် ဖြတ်လတ်သော ပိုင်ရှုရှုရောက်လာခြင်းက ဂိုဏ်းအား အသက်၀င်သွားစေနိုင်သည်။

ရွှမ်ယီ လက်ယမ်းပြီး သူမတို့ နှစ်ဦးအား ထွက်သွားလို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်၏။

ထို့နောက် သံတမန်အဖြစ် ရောက်လာသူများအား ကြိုဆိုနေသည့် ရဲ့ချင်းစုန်ရှိရာသို့ ဦးတည်လိုက်လေသည်။

သူက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေရာ ဧည့်သည်များအား ကိုယ်တိုင်ကြိုဆို၍ မသင့်တော်ချေ။

အကြီးအကဲရဲ့ချင်းစုန် ရှိရုံနှင့် လုံလောက်နေပြီဖြစ်၏။

သို့သော် ပိုင်ညီအစ်မ နှစ်ယောက်တို့က သူ့ထံသို့ ဦးတည်လာကြခြင်းဖြစ်လေရာ နတ်တန်ခိုးစွမ်းရည် ခန်းမအတွင်းမှ ထွက်လာခဲ့ရလေသည်။

အပြင်သို့ရောက်နေပြီဖြစ်သည့်အပြင် ထို သံတမန်များ ဘာကြောင့် ရောက်လာကြောင်း သိချင်နေသဖြင့် ထိုနေရာသို့ ဦးတည်လိုက်ခြင်းဖြစ်သည်။

တစ်ဖက်တွင် ပိုင်ရှုရှု နှင့် ပိုင်လီလီတို့ အကြီးအကဲ ဂျီကျူးယွဲ့ထံမှ ဂိုဏ်းတံဆိပ်များ ယူပြီးကြချေပြီ။

ထို့နောက် တံဆိပ်ပြားအတွင်းပါ၀င်သော လမ်းညွှန်မှုဖြင့် ကောင်းကင်ပြိုလဲခြင်းတောင် အနောက်ဘက်သို့ ရောက်လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ပိုင်ရှုရှုတစ်ယောက် မိမိမျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ရ၏။

All Chapters