← Chapters

နတ်မိစ္ဆာ

Vol. 36 Ch. 526

နတ်မိစ္ဆာ

Vol. 36 Ch. 526

ဒေါသကြီးတဲ့ တစ္ဆေပေါ်မလာခင် အချိန်မှာပဲ..ဆန်နီက အရင် စတင် တိုက်ခိုက်လိုက်တယ်...။

သူက အရိပ်တွေထဲကနေ ထွက်လာပြီး..ရှေ့မှာရှိနေတဲ့ ကျောက်တုံးနံရံကို ဖြတ်သန်းသွားကာ..ကျယ်ပြန့်တဲ့ အပျက်အဆီး ခန်းမထဲကို ဝင်ရောက်သွားခဲ့ပါတယ်..။အထဲမှာတော့..လ ရောင်က..ပျက်ဆီးနေတဲ့ ခေါင်မိုးကို ဖြတ်သန်ဝင်ရောက်လာနေတာကြောင့်..မှိန်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်နေခဲ့ပါတယ်..။

အမှောင်ထုကိုတော့..ရက်စက်သောမြင်ကွင်း ရဲ့ တောက်ပတဲ့ ဓားသွားကနေ ထွက်ပေါ်လာတဲ့ အလင်းရောင်က ဖြတ်တောက်ထားခဲ့တယ်…။

ဆန်နီ နောက်ထပ် အပျက်အစီး ပုံရှိရာကို ခုန်လိုက်ပြီး..သူ့ရဲ့ လှံနဲ့ ဆိုးယုတ်တဲ့ တစ္ဆေရှိရာကို ခုတ်ပိုင်းချလိုက်ပါတယ်..။ပြီးတာနဲ့..ရန်သူ ပြန်ဆုတ်နိုင်တဲ့ နေရာလောက်ကို ခန့်မှန်းပြီး..မထင်မှတ်ထားလောက်တဲ့ နေရာကနေ ထိုးသွင်းမူတစ်ခု ထပ်လုပ်လိုက်တယ်..။

စိတ်မကောင်းစရာက..တစ္ဆေက ရုတ်တရက် ပျောက်သွားပြီး တစ်ခြားတစ်နေရာမှာ ပြန်ပေါ်လာခဲ့ပါတယ်..။

‘ချီးတဲ့မှပဲ..’

တစ္ဆေတွေက ကမ္ဘာနှစ်ခုကြားကနေ ထွက်ပေါ်လာကြသလို ၊ ကောင်းကင်နဲ့ မြေကြီး ကြားထဲကနေ ထွက်ပေါ်လာကြသလို ပဲ လေဟာနယ်ထဲမှာ ရွေ့လျားနေခဲ့ကြတယ်..။သူတို့ရဲ့ ခြေထောက်တွေကလည်း..အောက်မှာရှိနေတဲ့ ကျောက်တုံး ကြမ်းပြင်ကို လုံးဝ ထိသွားတဲ့ပုံ မတွေ့ရပါဘူး..။သူတို့မှာ သာ ခြေထောက်ရှိရင်ပေါ့…။ဒါက..ဆန်နီ အနေနဲ့ သူတို့ရဲ့ ခြေထောက်လှုပ်ရှားပုံကို ကြည့်ပြီး..နောက်ထပ် အကွက်တွေကို ခန့်မှန်းလို့ မရ ဖြစ်နေစေခဲ့ပါတယ်..။

ပိုဆိုးတာက..တစ်ခါတစ်လေ ဆိုရင် သူတို့က ရိုးရှင်စွာ ပျောက်ကွယ်သွားကြပြီး နောက်ထပ် တစ်နေရာမှာ ပြန်ပေါ်လာခဲ့ကြတယ်..။ဒါက သူတို့အနေနဲ့ မတူညီတဲ့ အခြေအနေ နှစ်ခုမှာ ပြောင်းလဲနေကြသလိုပါပဲ။

..ဒါက ဆန်နီက တိုက်ပွဲထဲမှာ အရိပ်ခြေလှမ်းကို သုံးပြီး တိုက်ခိုက်နေတာနဲ့တောင် တူညီနေပါသေးတယ်..။

‘ အရမ်း စိတ်ရှုပ်ဖို့ ကောင်းတယ်..’

အရှေ့ကို တက်သွားပြီး..သူက တစ္ဆေရဲ့ လက်သည်းကို တီတီလေး ရှောင်တိမ်းလိုက်ကာ..ကြမ်းပြင်ပေါ်ကို တစ်ပတ်လှိမ့်ချလိုက်ပါတယ်..။ထာဝရ ချိန်းရဲ့ သံမဏိ တွေက..ကျောက်တုံး အပိုင်းအစ တွေနဲ့ ထိခိုက်သွားခဲ့တာကြောင့်..နားကျိန်းမတတ် အသံတွေ ထွက်ပေါ်လာခဲ့တယ်..။

သူ့ရဲ့ ခေါင်းစွပ်မှာရှိနေတဲ့..ကြည့်စရာ..မြင်ကွင်းက အတော်လေး ကျဉ်းမြောင်းတာကို ထည့်တွက်နိုင်ပေမယ့် ဆန်နီက အံ့ဩဖို့ကောငး်လေကာက်အောင်ပဲ..မြင်ကွင်းကို အတားအဆီးမရှိပဲ မြင်နေခဲ့ရပါတယ်..။ဒါက သူ ဘာမှကို ဝတ်မထားတဲ့ အတိုင်းပါပဲ..။သူ နောက်ကို ခုန်ဆုတ်လိုက်တဲ့ အချိန်မှာတော့..သူက နောက်ဆုံးမှာ ခန်းမကို သေချာကြည့်ဖို့ အခွင့်အရေး ရသွားခဲ့တယ်..။

‘အာ…ဒီတော့..သူမက အဲဒီနေရာကနေ လာနေတာပေါ့..’

ရှေးအချိန်တုန်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ နေရာက..အပျက်အစီးတွေ အားလုံးရဲ့ အလယ်မှာ ရှိနေတဲ့ အခန်းထဲမှာပါ..။ကြမ်းပြင်မှာ ရှိနေတဲ့ ကျောက်ပြားတွေက ပုံပျက်ပြီး..အက်ကွဲနေခဲ့ကြတဲ့.။ပျက်စီးနေတဲ့ ပုံစံခွက်တွေက ဒီနေရာမှာ တစ်ချိန်တုန်းက တစ်စုံတစ်ခုရဲ့ ပြင်းထန်တဲ့ အားနဲ့ တိုက်ခိုက်ခြင်းခံထားရတာကို ပြသနေခဲ့ပါတယ်..။

ခေါင်းမိုးကိုထောက်ထားတဲ့ ကျောက်တိုင်ကြီးတွေက..ပြိုလဲကျနေခဲ့ပြီး..နံရံတွေကိုယ်တိုင်ကလည်း..အများအားဖြင့်..ပျက်စီးနေခဲ့ကြတယ်..။အခန်းရဲ့ အလယ်မှာတော့..ဧရာမ ကျောက်တုံး ဖလားကြီးနဲ့ ဆင်တူတဲ့အရာရှိနေပြီး..အခုတော့ ကျိုးပဲ့ကာ မမှတ်မိနိုင်လောက်အောင်တောင် ဖြစ်နေခဲ့ပါတယ်..။

ပြီးတော့..ကြမ်းပြင်မှာလည်း လူသား အရိုးစုတွေ ရှိနေခဲ့ပါသေးတယ်..။

တစ်ချို့ အရိုးစုတွေက..တစ်ခုလုံး ကျိုးကြေ နေခဲ့ကြပြီး တစ်ခုကတော့..တစ်ခုလုံးအဖြစ် ရှိနေကြတုန်းပါပဲ..။တစ်ချို့ဆိုရင်..တစ္ဆေတွေ ဆီမှာ ရှိနေတဲ့ အရာနဲ့ ဆင်တူတဲ့ အနီရောင်ပိုးချည် အဝတ်အစားတွေကို တောင် ဝတ်ဆင်ထားကြပါသေးတယ်..။ဒီအရာက ဒေါသကြီးတဲ့ တစ္ဆေအဖြစ် ပြောင်းလဲသွားခဲ့ကြတဲ့ ဝိဉာဉ်တွေရဲ့ ခန္တာကိုယ် အကြွင်းအကျန်တွေ ဆိုတာကို ဆန်နီ သံသယ မဖြစ်မိပါဘူး..။

သူတို့ ဘယ်လို သေဆုံးခဲ့ကြတာလဲ..သူတို့ရဲ့ ဝိဉာဉ်တွေဘာလို့..ရန်လိုတဲ့ တစ္ဆေတွေ အဖြစ်ပြောင်းလဲသွားခဲ့ကြတာလဲ ၊ ဘာလို့ အပျက်အစီးတွေအနားကို ကပ်လာတဲ့ ဘယ်သူ့ကိုမဆို ရူးသွပ်စွာ တိုက်ခိုက်နေကြတာလဲ ဆိုတာကိုတော့..သူလည်း မသိပါဘူးး..။သူသိတာ ဆိုလို့.. တစ္ဆေတွေက..အတော်လေးကို ဖျက်ဆီးရခက်ခဲပြီး..သက်ရှိတွေ အပေါ်မှာ အတော်လေးကို အမုန်းတရားတွေ များပြားနေတယ် ဆိုတာပါပဲ.။

…ဒါမှမဟုတ်..ဘယ်လိုအကြောင်းပြချက် ကြောင့်မှန်း မသိပေမယ့်..ဒီအကောင်တွေက သူ့ကို အတော်မုန်းတီးနေခဲ့ကြတာပါ..။

သူ ပြုံးလိုက်ပြီး..သူ့ရဲ့ အအကာအကွယ် ဖိနပ် ကို ..အရိုးခေါင်းတစ်ခုပေါ်ကို တက်နင်းလိုက်ကာ ဖုန်မှုန့်တွေ အဖြစ်ပြောင်းလဲပေးလိုက်တယ်..။ဒီကျိန်စာသင့် တစ္ဆေတွေ နောက်တစ်ကြိမ်..ကြက်သီးထဖွယ်အသံ နဲ့ အော်ဟစ်လိုက်ပြီး…သူ့ဆီကို ဒေါသတကြီး ပြေးဝင်လာခဲ့တယ်.။တကယ်လို့ သူမမှာသာ အကြောင်းပြချက် ရှိမယ် ဆိုရင် ဒီအကြောင်းပြချက်တွေတောင် ဆုံးရှုံးသွားခဲ့သလိုပါပဲ..။

ဒါကပဲ..ဆန်နီ မျှော်လင့်နေတဲ့ အရာ အတိအကျပါ..။

သူ့ရဲ့ ခန္တာကိုယ်က..အယ်ဖီ ၊ သူတော်စင်တို့နဲ့ မရေမတွက်နိုင်အောင် လေ့ကျင့်ထားခဲ့တာကြောင့်..သူ့အလိုလို တုန့်ပြန်ုနိင်စွမ်း ရှိနေခဲ့ပါပြီ..။ဆန်နီဟာ…သူ့ရဲ့ ခန္တာကိုယ် အလေးချိန်ကို ညာဖက် ခြေထောက်ထဲကို မှီခိုလိုက်ပြီး..သူ့ရဲ့ လက်ကို မြှောက်လိုက်တယ်..။တောက်ပြောင်နေတဲ့ ရက်စက်သော မြင်ကွင်းက..သူ့ရဲ့လက်ချောင်းတွေ ကြားထဲကနေ ရုတ်တရက်‌ ရှည်ထွက်လာခဲ့ပါတယ်..။သူက လှံသွားရဲ့ အစွန်းနားကို သာ ကိုင်ထားခဲ့တယ်..။

သန်းခေါင်းယံ အမြုတေ ရဲ့ ဓားသွားရောက်ရှိနိုင်တဲ့ အတိုင်းအတာ နဲ နှိုင်းယှဉ်လိုက်မယ် ဆိုရင် ဒီတိုက်ခိုက်မူရဲ့ ရောက်ရှိနိုင်တဲ့ အတိုင်းအတာ နှုန်းက တကယ်ကို မယုံနိုင်လောက်အောင် ပါပဲ..။တောက်ပြောင်နေတဲ့ ဓားသွားက..တစ္ဆေရဲ့ ရင်ဘတ်ထဲကို တိုးဝင်သွားပြီး..သူ့မရဲ့ ခန္တာကိုယ်ထဲကို အဖြူရောင်မီးတောက်တွေ ဝင်ရောက်သွားစေခဲ့ပါတယ်..။

ဘာပဲဖြစ်ဖြစ်..နတ်ဘူရား မီးတောက်တွေက ဝိဉာဉ် တွေကိုတောင် လောက်ကျွမ်းနိုင်စွမ်းတာပါ..။

သို့ပေမယ့်..မီးတောက်တွေနဲ့ ဝန်းရံခြင်းခံထားရတာတောင်..သတ္တဝါက ရှေ့ကို တိုးဝင်လာပြီး ထပ်မံတိုက်ခိုက်လာခဲ့တယ်..။ဒီလို တိုက်ခိုက်မူမျိုးကို အလျင်အမြန်ကြီး ရှောင်တိမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ တာကြောင့် ဆန်နီက ပြသနာ တက်သွားခဲ့တယ်..။ကံကောင်းချင်တော့..ရက်စက်သော မြင်ကွင်းက အရမ်းကို ထူးခြားတဲ့ လက်နက်တစ်ခု ဖြစ်နေခဲ့ပါတယ်..။သူ့ရဲ့ လှံလက်ကိုင်က..တစ္ဆေလောက်ကို မြန်ဆန်တဲ့ အရှိန်နဲ့ ဆက်တိုက်ဆိုသလို တိုဝင်လာခဲ့ပြီး..သတ္တဝါကို ဆက်တိုက် လောက်ကျွမ်းနေစေခဲ့တယ်..။

အဆုံးမှာတော့..ဆန်နီ ဟာ..ဓားအတိုတစ်ချောင်းရဲ့ လက်ကိုင်ကို ကိုင်ထားခဲ့ပြီး..အမုန်းတရားတွေ ပြည့်နှက်နေတဲ့ တစ္ဆေနဲ့..မျက်နှာခြင်းဆိုင်အနေအထားကို ရောက်သွားခဲ့ပါတယ်..။သူက လုံးဝအချိန်ဖြုန်းမနေခဲ့ပဲ..ဓားကို အပေါ်ဖက်ကို ဆွဲတင်လိုက်ကာ..ရန်သူရဲ့ လည်ပင်းနား အထိရောက်အောင် လှီးဖြတ်လိုက်ပါတယ်..။

သူမရဲ့ တစ္ဆေလက်သည်းတွေက..ဆန်နီရဲ့ အသွေးအသားထဲကို မရောက်ခင် အချိန်မှာပဲ..အဖြူရောင်မီးတောက် တွေက..သတ္တဝါရဲ့ မျက်လုံးတွေ အထိ ထိုးဖောက် ရောက်သွားခဲ့တယ်..။

ဒီလိုနဲ့ပဲ..တစ္ဆေက..ဖျက်ဆီးခြင်း ခံလိုက်ရပါပြီ..။

သူမရဲ့ ပုံရိပ်က မှေးမှိန်ပြီး စတင်ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့..ဆန်နီ တုန်လှုပ်စွာ အသက်ကို ရူသွင်းလိုက်တယ်..။ပြီးတာနဲ့ သူတော်စင်ကို အရိပ်ထဲကနေ ခေါ်ထုတ်လိုက်ပြီး..ရက်စက်သော မြင်ကွင်းကို ပစ်ပေးလိုက်ပါတယ်..။

‘ ငါ့ကို စောင့်ရှောက်ပေးပါ..’

[ သင်က ကျရှုံးမူအဆင့် နတ်မိစ္ဆာ..ဘုရားကျောင်း..အပျိုစင် ကို သတ်လိုက်ပါပြီ..]

တိတ်ဆိတ်သော နတ်မိစ္ဆာက..ဓားကို တည်ငြိမ်စွာ ဖမ်းလိုက်ပြီး..သူမရဲ့ လက်ထဲမှာ ဝေ့ယမ်းလိုက်တယ်..။ပြီးတာနဲ့ သူမရဲ့ ခါတိုင်းလို ဂရုမစိုက်တဲ့ အမူအရာအတိုင်း ပြန်နေနေခဲ့ပါတယ်..။

[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ.. ]

ဆန်နီ အံကိုကြိတ်ထားခဲ့တယ်..။

‘အာ..ဒါက တကယ်ကို ခက်ခဲတော့မယ်..’

ပျက်စီးနေတဲ့ ခန်းမထဲမှာ ပဲ့တင်ထပ်သွားသလိုပဲ အခိုက်အတန့်ရဲ့ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပါတယ်…။

[ သင့်ရဲ့ အရိပ်က စွမ်းအားတွေ စီးဆင်းနေပါပြီ.. ]

သူ အော်ဟစ်လိုက်ပြီး ဒူးထောက်လျက်သား ကျသွားခဲ့တယ်..။သူ့ရဲ့ ဝိဉာဉ်က..မီးနဲ့ လောင်ကျွမ်းခြင်းခံရသလို ခံစားနေခဲ့ရတာပါ..။ဒီအရာက အထဲကနေ တစ်စုံတစ်ခုက..မြင့်တက်လာနေပြီး..တစ်စစီ ထိုးခွဲနေသလိုတောင် ခံစားနေခဲ့ရတယ်..။

[ သင့်ရဲ့ အရိပ်က ပုံဖော်နေပါပြီ..]

‘ ခ…ချီ…ချီးတဲ့မှပဲ..။ဘာလို့ ဒါက အရမ်းနာကျင်နေရတာလဲ..’

ဆန်နီ အော်ဟစ်နေခဲ့ပြီး..ကြမ်းပြင်ကို လက်သည်းတွေနဲ့ ကုန်ခြစ်ကာ..သူ့ရဲ့ မျက်လုံးတွေက မျက်ရည်တွေ ကျလာခဲ့တယ်..။သူ့ရဲ့ အကာအကွယ် လက်ချောင်းတွေကြောင့်..ကျောက်တုံးတွေပေါ်မှာ အက်ကြောင်းရာတွေ ဖြစ်ပေါ်သွားစေခဲ့ပါတယ်..။သူ တွေ့ကြုံခံစားနေရတဲ့ နာကျင်မူ ဝေဒနာက အဆိုးဝါးဆုံး အနေအထားမှာ မဟုတ်သေးပါဘူး..။ဒါက ဆက်လက်ပြီး မြင့်တက်နေခဲ့ပါသေးတယ်..။

“အား…”

သူက လက်သီးနဲ့ အောက်ကို ထိုးချလိုက်တာကြောင့်..ရှေးဟောင်းကျောက်တုံးပြားကြီးက အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာခဲ့တယ်..။ပြီးတာနဲ့..ထပ်ခါ ထပ်ခါ လုပ်နေတဲ့ အချိန်မှာတော့..သေးငယ်တဲ့ အပိုင်းအစတွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။

နောက်ဆုံး..ဒီအပိုင်းအစ တွေက ဖုန်မှုန့်တွေ အဖြစ်ပြောင်းလဲသွားတဲ့ အချိန်ရောက်မှ..သူ့ရဲ့ နာကျင်မူ ဝေဒနာကလည်း နောက်ဆုံးမှာ စတင်ပြီး လွင့်ပျယ်လာခဲ့ပါတယ်..။

အခိုက်အတန့်ရဲ့ အသံက သူ့ရဲ့ နားထဲကို တိုးဝင်လာခဲ့တယ်..။

[ သင့်ရဲ့ အရိပ်က ပြည့်စုံသွားခဲ့ပါပြီ..]

သတိလစ်မေ့မျောမတတ် နာကျင်မူကနေ..လွင့်ပြယ်သွားခဲ့တာကြောင့်..ဆန်နီက ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့တယ်..။သူက အသက်ကို အမောတကော ရူပြီး..မိနစ်အနည်းငယ်လောက်..မလှုပ်မယှက် ရှိနေခဲ့ပါတယ်..။ပြီးတဲ့ နောက်မှာတော့..အချက်အလက်တွေကို ထုတ်ဖော်ကြည့်လိုက်တယ်..။

ရင်းနှီးတဲ့ သကေ်တတွေက..လေထဲမှာ ပေါ်လာခဲ့ပါတယ်..။

အမည် - ဆန်းလပ်စ်

အစစ်အမှန်နာမည် - အလင်းမှပျောက်ဆုံးသူ

အဆင့် - နိုးထမူ

အမျိုးအစား - နတ်မိစ္ဆာ

အရိပ်အမြုတေ -[ ၃ / ၇ ]

အရိပ် အပိုင်းအစ - [ ၀ / ၃၀၀၀ ]

ဆန်နီ အားနည်းစွာ ပြုံးလိုက်တယ်..။

အတော်ကြာပြီးကာမှ..သူက ပြန်ပြောလိုက်ပါတယ်..။

“ထင်ထားတဲ့ အတိုင်းပဲ ..သုညကိုရောက်သွားပြန်ပြီ ..”

အပိုင်း ( ၅၂၆ ) ပြီး၏။

All Chapters