လူသစ်လေး..
Vol. 36 Ch. 527
အခုချိန်မှာ ဆန်နီက..အဆင့်သစ်တစ်ခုကို မတက်ရောက်သေးခင်မှာပဲ..အမျိုးအစားအသစ် တစ်ခုကို တက်ရောက်နိုင်ခဲ့တာကြောင့်..ဒီနှစ်ခုရဲ့ ကြားထဲက ကွာခြားချက်ကို ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်နိုင်လာခဲ့ပါတယ်..။
အဆင့်သစ်တစ်ခုကို တက်ရောက်တယ် ဆိုတာက ပိုပြီး နက်ရှိုင်းတဲ့ ပြောင်းလဲမူတစ်ခုပါ..။ဒါက သူ့အရိပ် အမြုတေ နဲ့ အဆီအနှစ်တွေကို မြှင့်တင်ပေးပြီး..သူ့အတွက် စွမ်းရည်အသစ်တွေကို ပေးအပ်ပါတယ်..။တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စွမ်းရည်အပေါ်မှာ ပိုပြီး..ကောင်းမွန်စွာ အသုံးပြုနိုင်မှာပါ..။ရလာဒ်အနေနဲ့ သူ့ရဲ့ စွမ်းအား မြင့်တက်လာမူက တကယ်ကို အံ့ဩလောက်စရာပါပဲ..။
အပြန်အလှန်အနေနဲ့..အမျိုးအစား အသစ်တစ်ခုကို ရောက်ရှိသွားတာက..သူ့ရဲ့ အရိပ်အဆီအနှစ် ပမာဏကို များပြားလာစေပြီး..စွမ်းအား မြင့်တက်လာမူ ကတော့ ဖြည်းညှင်းစွာပဲ ဖြစ်ပေါ်ပါတယ်..။ဆန်နီက လွန်ခဲ့တဲ့ နာရီအနည်းငယ်ကထက် အများကြီး ပိုမိုသန်မာလာတာ မျိုးကို မခံစားရပေ..။သို့ပေမယ့်..ဒါကလည်း သူက ထပ်ဆောင်းရရှိတဲ့ ခွန်အားနဲ့..အဆီအနှစ်သိုလှောင်မူတွေကို အချိန်အတော်ကြာကတည်းက ရရှိထားခဲ့တာ မို့လိုပါ..။
တကယ်တော့..အမြုတေ ပိုရလာခြင်းရဲ့ အကျိုးကျေးဇူးကို ..အရိပ်အပိုင်းအစ တစ်ထောင် အထိ စတင်ရေတွက်နေတဲ့ အချိန်ကတည်းက ဆန်နီက ရရှိနေခဲ့ပြီးပါပြီ..။နစ်ဖီကလွဲလို့..တစ်ခြား နိုးထသူတွေနဲ မတူတဲ့ အချက်က…သူ့ရဲ့ ခန္တာကိုယ်ထဲမှာ အဆီအနှစ်တွေ သိုလှောင်နိုင်တဲ့ ပမာဏနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်ဆိုတာ မျိုး မရှိပါဘူး..။ဒါမှမဟုတ်..ကန့်သတ်ချက်က အရမ်းကို မြင့်မားနေခဲ့တာကြောင့်..မရှိသလိုမျိုးတောင် ဖြစ်နေခဲ့တာပါ..။
…သို့ပေမယ့် ..ဒီလိုဆိုတာနဲ့ပဲ..ဆန်နီက တတိယမြောက်အမြုတေ ဖြစ်တည်လာတာကနေ..ဘာအကျိုးကျေးဇူးမှ မရရှိဘူးလို့ မဆိုလိုပေ..။
သူက ညဉ်းညူကာ ထရပ်လိုက်ပြီး..သူ့ရဲ့ ပိန်လှီနေတဲ့ ပုံရိပ်ကို လရောက်အောက်မှာ ထားလိုက်ကာ..ရှေးမှာရှိနေတဲ့ ရှေးဟောင်း ကျောက်တုံးတွေပေါ်က အရိပ်သုံးခုကို ကြည့်လိုက်ပါတယ်..။
အရိပ်တစ်ခုက သွားကိုက်နေသလို ပုံစံဖြစ်နေခဲ့တယ်...။တစ်ခြားတစ်ယောက်က အတော်လေးကို ပျှော်ရွှင်နေပုံ ရနေခဲ့ပါတယ်..။တတိယ တစ်ယောက်ကတော့..
‘ အာ..’
တတိယအရိပ်က ခံစားချက်မဲ့စွာ ရပ်နေခဲ့ပြီး..သူ့ကို စိုက်ကြည့်နေခဲ့တာပါ..။သူရဲ့ အနက်ရောင် ပုံရိပ်က ဘာခံစားချက်ကိုမှ ထုတ်ဖော် မပြသခဲ့ပါဘူး..။သူ့ရဲ့ တိတ်တဆိတ် အကြည့်တွေအောက်မှတော့..ဆန်နီ ဟာ ရုတ်တရက် သက်သောင့်သက်သာ မရှိသလို ခံစားလိူက်ရတယ်..။
အကြောင်းပြချက်တစ်ချို့ ကြောင့်..ဆန်နီ အနည်းငယ်တောင် ကျောချမ်းသွားခဲ့ပါတယ်..။
‘ဒါက..ငါကပဲဖြစ်နေတာလား..ဒါမှမဟုတ်..ဒီ ငနဲကပဲ..နည်းနည်း..ကြောက်ဖို့ကောင်းနေတာလား..’
ကြောက်စရာ အရိပ်က ဒီအတွေးကို လုံးဝ မတုန့်ပြန်လာခဲ့ပဲ..သူ့ကို သာ မလှုပ်ရှားပဲ ကြည့်နေခဲ့ပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..လည်ချောင်းရှင်းလိုက်တဘ်..။
“အာ..ကောင်းပြီလေ..။အဖွဲ့ကနေ ကြိုဆိုပါတယ်..။မင်းရဲ့ အစ်ကိုကြီးတွေ ဖြစ်တဲ့ ကျန်တဲ့ နှစ်ယောက်နဲ့ တွေ့လိုက်ဦး..”
ချက်ချင်းဆိုသလိုပဲ ပျော်ရွှင်နေတဲ့ အရိပ်က..တက်ကြွနဲ့ လှုပ်ရှားမူနဲ့ အတူပဲ..ကြိုဆိုဖို့ လုပ်လိုက်တယ်..။သို့ပေမယ့် တဝက်တပျက် နဲ့ ရပ်တန့်သွားပြီ..အနည်းငယ် တုန်လှုပ်သွားကာ..နောက်ကို ဖြည်းညှင်းစွာ ဆုတ်သွားခဲ့ပါတယ်..။တနည်းအားဖြင့်..သူက..သုန်မုန်နေတဲ့ အရိပ်ရဲ့..နောက်မှာ ပုန်းကွယ်နေခဲ့တာပါ..။
သုန်မုန်နေတဲ့ အရိပ်ကတော့..အထင်သေးစွာ သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့..လူသစ်ကလေး ဖက်ကို လှည့်ပြီး ဂရုမစိုက်တဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်ပါတယ်..။သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အတော်ကြာအောင် စိုက်ကြည့်နေကြတာကို ဆန်နီ သဘောကျစွာ ကြည့်နေခဲ့တယ်..။
အဆုံးမှာတော့.. သုန်မုန်နေတဲ့ အရိပ်က သူ့ကို ကြည့်လာခဲ့ပါတယ်..။ပြီးတာနဲ့.. ရှေးဟောင်းအရိုးစုတွေထဲက တစ်ခုဆီကို တိတ်ဆိတ်စွာပဲ လျောက်သွားလိုက်ပြီး..စိတ်မသက်မသာ ဖြစ်စရာ အမူအရာနဲ့ လေ့လာကြည့်နေခဲ့ပါတယ်..။
…သူက ဘာမှမဖြစ်သလို အေးအေးဆေးဆေး ပုံစံ ဟန်ဆောင်နေပေမယ့်..ဒီ လူသစ်ကလေးက အနည်းငယ် ပြာယာခတ်နေတယ် ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။
သူ ပြုံးလိုက်တယ်..။
‘အမှန်ပဲ..ဒီ သုန်မုန်နေတဲ့ တစ်ယောက်က တကယ်ကို ကြောက်စရာကောင်းတယ်..။ငါတောင် နည်းနည်း ကြောက်ရွံ့မိသလိုပဲ..’
သုန်မုန်နေတဲ့ အရိပ်က သူတို့နှစ်ယောက်စလုံးကို အထင်သေးတဲ့အ ကြည့်နဲ့ ကြည့်ပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။ပြီးတာနဲ့ ဂရုမစိုက်စွာပဲ တစ်ဖက်ကို လှည့်သွားခဲ့တယ်..။
ဆန်နီ ရယ်မောလိုက်ပြီး..
‘ကောင်းပြီ..နည်းနည်းလောက် ခံစားကြည့်ရမယ့် အချိန်ပဲ..’
ပြီးတဲ့နောက်မှာတော့..သူက အရိပ်အားလုံးကို ဖော်ထုတ်လိုက်ပြီး သူ့ရဲ့ ခန္တာကိုယ် ဝန်းကျင်မှာ ရစ်ပတ်ခိုင်းလိုက်ပါတယ်..။သူက ချက်ချင်းဆိုသလိုပဲ..သူ့ရဲ့သွေးကြောထဲကို ဝင်ရောက်လာတဲ့..ပေါက်ကွဲထွက်လုမတတ် ခွန်အားတွေကို ခံစားလိုက်ရတယ်..။သူ့ရဲ့ အရည်ပြားတွေကလည်း.ကျောက်တုံးလို မာကျောလာခဲ့ပါတယ်..။သူ့ ရဲ့ အမြန်နှန်ုးကလည်း သိသိသာသာ ကို မြင့်တက်လာခဲ့တယ်..။ဒါက လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်က သူ့ရဲ့ အခြေအနေထက်..လေးဆလောက် ပိုမို သန်မာလာခဲ့သလိုပါပဲ..။
သူ့မျက်နှာပေါ်မှာ နက်မှောင်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
‘ ဒီတော့..နတ်မိစ္ဆာတစ်ကောင်က ဒီလိုမျိုး ခံစားရတာပေါ့..’
ဆန်နီက ကျယ်ပြောတဲ့ ခန်းမကြီးရဲ့ နံရံတစ်ခုစီကို ပြေးသွားခဲ့ပြီးမှ ပြန်ပြေးလာတဲ့ အချိန်မှာတော့..လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့ပါတယ်..။ယင်းနောက် သူက လက်သီးကို မြှောက်ပြီး..ကျောက်တုံးအပိုင်းအစ တစ်ခုပေါ်ကို ထိုးချလိုက်တဲ့ အချိန်မှာတော့..အပိုင်းအစတွေ အဖြစ်ေကြမွသွားခဲ့ပါတယ်..။နောက်ဆုံးမှာတော့..သူက သူ့ရဲ့ ကြွက်သားတွေကို …အဆီအနှစ်တွေပါ ထပ်ပေါင်းးဖြည့်လိုက်ပြီး.အပေါ်ဖက်ကို ခုန်လိုက်တယ်..။သူက လွယ်ကူစွာပဲ လေထဲကို ဆယ်မီတာကျော်လောက် မြှောက်တက်သွားခဲ့ပြီး..ခန်းမကြီးရဲ့ ပျက်ဆီးနေတဲ့ ခေါင်းမိုး ဆီကို ရောက်သွားခဲ့ပါတယ်..။
သူ့ရဲ့ နှလုံးခုန်သံတွေက အောင်ပွဲရ စစ်သူကြီးတစ်ယောက်လို မြန်ဆန်နေခဲ့တယ်..။
“မယုံနိုင်စရာပဲ…။ဒါက တကယ်အံ့ဩဖို့ကောင်းတယ်..”
သူက ထိုင်နေရင်းနဲ့ အောက်ဖက်မှာ ရှိနေတဲ့ သူတော်စင်ကို ကြည့်ကာ ရယ်မောလိုက်တယ်..။
ဆန်နီက အခုချိန်မှာ နိုးထသူတစ်ယောက် ရောက်ရှိနိုင်တဲ့ အကန့်အသတ် ပမာဏထက် အများကြီး ပိုပြီး..သန်မာနေခဲ့ပါပြီ..။တကယ်လို့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ချင်း ယှဉ်လိုက်မယ် ဆိုရင် သူ့ရဲ့ စွမ်းရည်က..မာစတာ တွေ နီးပါးတောင် ရှိနေလောက်ပါတယ်..။သူက အခုအချိန်မှ မာစတာ အဆင့်ကိုရောက်လာကြပြီး သူတို့ရဲ့အမြုတေကို အားမဖြည့်နိုင်သေးတဲ့ လူတွေနဲ့တောင် တူညီတဲ့ အဆင့်အတန်းမျိုးမှာ ရှိနေလောက်မှာပါ..။
ဒီလိုဆိုတာနဲ့ ဆန်နီက တက်ရောက်မူအဆင့် တွေကို တိုက်ခိုက်ပြီး အနိုင်ယူနိုင်နေပြီ လို့ ဆိုလိုတာ မဟုတ်ပါဘူး..။ဘာပဲဖြစ်ဖြစ် တစ်စုံတစ်စုံကို..ကြမ်းတမ်းလာစေတာက ရုပ်ပိုင်းဆိုင်ရာ စွမ်းအား ကြောင့် မဟုတ်ပေ..။ကျရှုံးမူအဆင့် တိုင်းရန့် ရဲ့ လက်ကို မာစတာ ဂျက်က ဘယ်လိုဖြတ်လိုက်သလဲ ဆိုတာကို ပြန်စဉ်းစားမိသွားတဲ့အ ချိန်မှာတော့..ဆန်နီက နောင်တရစွာ သက်ပြင်းချလိုက်ပါတယ်..။
ထပ်ပြောရရင်..သူက အခုချိန်မှာ အရာသုံးခုကို တစ်ပြိုင်နက်တည်း..အားဖြည့်နိုင်စွမ်း ရှိနေခဲ့ပါပြီ..။တကယ်လို့ သူတော်စင်သာ သူ နဲ့ အတူ ရှိမနေနိုင်ဘူး ဆိုရင်..ဆန်နီက..သူ့ရဲ့ ခန္တာကိုယ် ၊ အကာအကွယ် နဲ့..သူ့ရဲ့ လက်နက်တွေကို တစ်ချိန်တည်းမှာ..စွမ်းအား မြှင့်တင်ပေးနိုင်မှာပါ..။အခြေအနေပေါ်ကို မူတည်ပြီး ..သူက ရက်စက်သော မြင်ကွင်း ဒါမှမဟုတ် ထာဝရချိန်းကို ပြောင်းလဲပြီးလဲ မြှင့်တင်နိုင်ပါသေးတယ်..။အထူးသဖြင့်တော့..တိုက်ပွဲထဲမှာ ဘယ်အရာ ရန်သူအတွက် ပိုပြီး အန္တရာယ်များနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး..သူ့ဆီမှာ ရွေးချယ်စရာတွေ အများကြီး ရသွားနိုင်ပါတယ်..။
ပြီးတော့..နောက်ထပ်တစ်ခုလည်း ရှိနေသေးတယ်..။
ဆန်နီ အချက်အလက်ဇယား တွေကို ထုတ်ဖော်ကြည့်ပြီး..စာသားတွေကို ဖတ်လိုက်တယ်..။
အရိပ် - [ ဝိဉာဉ် မြွေ ]
အရိပ် အဆင့် - [ အသွင်ပြောင်း ]
အရိပ်အမျိုးအစား -[ နတ်မိစ္ဆာ ]
‘အာ..ငါ တွေးထားတဲ့ အတိုင်းပဲ..’
အရင်တုန်းကတော့..ဝိဉာဉ်မြွေက ဘာမှမဟုတ်တဲ့..မွန်းစတားတစ်ကောင် ပါ..။အရိပ် ရဲ့ အဆင့်က ဆန်နီ ရဲ့ အရိပ်ကခုန်မူပေါ် နားလည်နိုင်စွမ်းပေါ် မူတည်ပြီး..သူ့ရဲ့ အမျိုးအစား ကတော့..သူ့ရဲ့ ကိုယ်ပိုင်အဆင့် အပေါ် မူတည်ပါတယ်..။အခုတော့..သူက သက်သေရရှိပါပြီ..။
ဆန်နီ အောက်ကို ထပ်ကြည့်လိုက်တဲ့ အချိန်မှာတော့..စာသားအသစ်တွေ ပေါ်လာခဲ့တယ်..။
အရိပ် အရည်အချင်း - [ အရိပ် လမ်းညွှန်မူ ] ၊ [ ဝိဉာဉ် လက်နက် ]
အရိပ် စွမ်းရည် - [ သံမဏိ မြွေ ]
ဒီစွမ်းရည်ကတော့..အသစ်ပါ..။စိတ်လှုပ်ရှားစွာပဲ..သူက ဖော်ပြချက်ကို ဖတ်လိုက်တယ်..။
သံမဏိမြွေ စွမ်းရည်ဖော်ပြချက် - အရိပ်မြွေ ရဲ့ ဝိဉာဉ်လက်နက် ပုံစံက..မည်သည့်လက်နက်ပုံစံကို မဆို ဖော်ဆောင်နိုင်သည်
သူ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
ဝိဉာည်မြွေကို ထုတ်ဖော်လိုက်ပြီး..အနက်ရောင် အိုဒါချီး ဓား ရဲ့ ပုံစံကို ဖော်ထုတ်လိုက်ပါတယ်..။သူက ကြီးမြတ်တဲ့ ဓားကို ခနလောက်..လေ့လာလိုက်ပြီး..နောက်တစ်ခုကို ပြောင်းလဲဖို့ ညွှန်ကြားလိုက်တယ်..။အရောင်မရှိတဲ့ ဓား က ရုတ်တရက် အနက်ရောင်..အစုအဝေးလို စီးဆင်းသွားခဲ့ပြီး..ခနအကြာမှာတော့..သူ့လက်ထဲမှာ လှံရှည်တစ်ချောင်း ပေါ်လာခဲ့ပါတယ်..။
လှံရဲ့ လက်ကိုင်ရိုးမှာတော့..ရှည်လျားတဲ့ ကြေးခွံတွေနဲ့ ခန္တာကိုယ် ပုံစံ ထွင်းထုထားပြီး..လှံခေါင်းကတော့..မြွေတစ်ကောင် ရဲ့ ပုံစံ နဲ့ တူနေခဲ့ပါတယ်..။
ဆန်နီ..အသက်ကို ပြင်းစွာ ရူသွင်းလိုက်တယ်..။
‘ဒါက ပြီးပြည့်စုံတယ်..။ဒါက ငါ လိုအပ်နေတဲ့ အရာပဲ..’
သူက လှံသွားပုံစံကို ပယ်ဖျောက်လိုက်ပြီး..အရိပ်ကို သူ့ရဲ့ ခန္တာကိုယ်ထဲကို ပြန်ဝင်ခိုင်းလိုက်ပါတယ်..။သူ အရှေ့ဘက်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..မိုးကုတ်စက်ဝိုင်းရဲ့ အစွန်းမှာ ဖြူဖျော့တဲ့ အလင်းရောင် တစ်ခု ပေါ်ထွက်လာနေပြီ ဖြစ်တာကြောင့်..ပြုံးလိုက်တယ်..။
“…ငါ ပြန်သွားသင့်နေပြီ..”
နေ့သစ်တစ်ရက်က ရောက်နေပြီ ဖြစ်တာကြောင့်..ဆန်နီ အနေနဲ့ အစစ်အမှန် ကမ္ဘာဆီကို ပြန်ဖို့အတွက် မစောင့်နိုင်တော့ပေ..။
အိပ်မက်ဆိုး မျိုးစေ့ကို စိန်ခေါ်ဖို့အတွက်..လအနည်းငယ်လောက်သာ လိုအပ်တော့တာကြောင့်..သူ့မှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်..။
အပိုင်း ( ၅၂၇ ) ပြီး၏။