← Chapters

ကိုယ်ပိုင် စတိုင်..

Vol. 36 Ch. 528

ကိုယ်ပိုင် စတိုင်..

Vol. 36 Ch. 528

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့..ဆန်နီက ဧည့်ခန်းထဲမှာထိုင်ပြီး..ရိမ်းက တူညီတဲ့ ခုတ်ပိုင်းမူ ပုံစံကို ထပ်ခါထပ်ခါ လုပ်နေတာကို စောင့်ကြည့်နေခဲ့ပါတယ်..။သူမရဲ့ မျက်လုံးတွေ ထဲမှာတော့..ခေါင်းမာတဲ့ စိတ်ဓာတ်ပြတ်သားမူ တွေ ရှိနေခဲ့တယ်..။လေ့ကျင့်ရေး..ဓားက အထက်နဲ့အောက်ကို ဆက်တိုက် ဆိုသလို ထပ်ခါ ထပ်ခါ ဖြတ်ပိုင်းနေခဲ့ပြီး..လေထုကပါ အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

…တကယ်တော့..သူမရဲ့ ပုံစံက သိပ်ပြီး မဆိုးပါဘူး..။

အယ်ဖီက လတ်တလောမှာ..ခံတပ်တွေကို သွားလာနေခဲ့တာကြောင့်..လတ်တလောမှာ..အိပ်စက်ခြင်း သေတ္တာထဲကနေ ထွက်မလာနိုင်သေးပါဘူး..။ဆန်နီ နဲ့ ရိမ်းတို့ပဲ ရှိနေကြတာကြောင့်.လေ့ကျင့်ရေး အပိုင်းက အတော်လေးကို..ခြောက်ကပ်နေခဲ့ပါတယ်..။

‘ နောက်ဆုံးတော့..အေးချမ်းပြီး..တိတ်ဆိတ်မူကို ရခဲ့ပြီ..’

ဒီလိုတွေးမိပေမယ့်..သူ့ရဲ့ အိမ်က ဒီရက်ပိုင်းတွေမှာ အတော်လေး ခြောက်ကပ်နေတယ်ဆိုတာကိုတော့..ဆန်နီ အကူညီမဲ့စွာပဲ ခံစားနေခဲ့ရပါတယ်..။

သူ သက်ပြင်းချလိုက်တယ်..။

သူ့ စိတ်ထဲမှာ တစ်ခြားအရာတွေလည်း ရှိနေပါသေးတယ်..။

အခုသူက ကတ်စီ နဲ့ အပေးအယူကိစ္စ မှာ သူ့ဖက်က လုပ်ရမယ့် အစိတ်အပိုင်း ပြီး ဆုံးသွားပြီ ဖြစ်တာကြောင့်.အိပ်မက်ဆိုးကို သွားမယ့် ခရီးစဉ်ကလည်း နီးကပ်လာခဲ့ပါပြီ..။ဆန်နီက ဒီအခြေအနေတစ်ခုလုံးကို အေးအေး ဆေးဆေးလိုပဲ သဘောထားဖို့ ကြိုးစားနေခဲ့ပေမယ့်..ဒီစမ်းသပ်မူက နေ အသက်ရှင်လျက်ပြန်လာနိုင်ဖို့ မဖြစ်နိုင်တာမျိုးလည်း ရှိနေတာကို သိထားခဲ့ပါတယ်..။တကယ်လို့ သူ ပြန်လာနိုင်မယ် ဆိုရင်တောင်..အိပ်မက်ဆိုးကို အနိုင်ယူဖို့ ဘယ်လောက်အထိ ကြာရှည်ဦးမလဲ ဆိုတာကို မသိနိုင်သေးပါဘူး..။

ဆိုလိုတာက..သူ ရိမ်းနဲ့ နေရမယ့် အချိန်ကာလက အကန့်အသတ် ရှိနေတာကြောင့် ဒီအရာကို ဖြုန်းတီးပစ်လို့ မရပါဘူး..။

သူက သူမရဲ့ လေ့ကျင့်မူတွေကို အရှိန်မြှင့်ပေးဖို့လိုအပ်ပြီး..သူမကို စစ်မှန်တဲ့ တိုက်ပွဲဝင် နည်းစနစ်တွေ သင်ကြားပေးဖို့ လိုအပ်ပါတယ်..။

မျက်နှာပေါ်မှာ‌ ချွေးတွေ စီးကျနေပြီး..လေ့ကျင့်ရေးဓားကို ဆက်တိုက် လွဲနေတဲ့ မိန်းမငယ်လေးကို လေ့လာနေရင်းနဲ့ ဆန်နီ အတွေးနက်နေခဲ့တယ်.။

သူက သူမကို ဘယ်လို ဟန်ပန် မျိုးကို လေ့ကျင့်ပေးရမှာလဲ..။

ရိမ်းက သူ့ရဲ့ ညီမလေးပါ..။ဒီတော့..သူ့ စိတ်ထဲကို ပထမဆုံးအကြိမ်ဝင်ရောက်လာတာက..သူ့ရဲ့ အမွေအနှစ်ဖြစ်တဲ့ အရိပ်ကခုန်မူကို လက်ဆင့်ကမ်းပေးဖို့ပါပဲ..။သူတို့က စစ်မှန်တဲ့ ကလန်တစ်ခုက..တကယ့် အဖွဲ့ဝင်တွေ လိုမျိုးပါ..။

သို့ပေမယ့် ဒါက အကြံဉာဏ်တစ်ခု မဟုတ်သေးပေ..။

သူမရဲ့ စိတ်အခြေအနေက သူ့ရဲ့ ပုံသဏ္ဌာန် ကင်းမဲ့ပြီး..လှည့်ဖြားတတ်တဲံ..တိုက်ပွဲဝင်ဟန်ပန် နဲ့ မကိုက်ညီယုံတင်မကပဲ..သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကလည်း ဒါကို လေ့ကျင့်ဖို့ မဖြစ်နိုင်ပါဘူး..။

လူတိုင်းက စာသင်ကျောင်းတွေမှာ ကိုယ်ခံပညာလေ့ကျင့်ပေးမူ တွေကို ရရှိနေကြတာကြောင့်..နိုးထနေတဲ့ ကမ္ဘာမှာ..အားနည်းတဲ့လူဆိုတာ အများကြီး မရှိပါဘူး..။သို့ပေမယ့်..အရိပ်ကခုန်မူ ဆိုတာက သာမန်လူသားတွေ လိုက်ပြီး လေ့ကျင့်လို့ ရတဲ့ နည်းစနစ်တစ်ခု မဟုတ်ပေ..။အနည်းဆုံးတော့..ဒါက နိးထသူတစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို လိုအပ်ပါတယ်..။

ဆန်နီက သူ့ရဲ့ ပြိုင်ဖက်ကင်းနေတဲ့ စွမ်းရည် ၊ မေ့ပျောက်ကုန်းမြေပေါ်မှာ ရာနဲ့ချီအောင် စုပ်ယူထားတဲ့ အရိပ်အပိုင်းအစတွေ နဲ့ ဒီဟန်ပန်ကို သူကိုယ်တိုင်ဖန်တီးထားတယ် ဆိုတဲ့ အချက် ကြောင့်သာ..ပထမအဆင့်ကို အိပ်စက်သူ တစ်ယောက် အနေနဲ့ အောင်မြင်ခဲ့တာပါ..။

ဒါဆို ဘာကို လေ့ကျင့်ပေးရမှာလဲ..

နစ်ဖီ သူ့ကို သင်ကြားပေးခဲ့တဲ့..စီးဆင်းမူ နဲ့ ကြိုတင်မခန့်မှန်းနိုင်တဲ့..တိုက်ပွဲဟန်ပန်က သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်..။ဘာပဲဖြစ်ဖြစ်..ဒါက ပြီးပြည့်စုံတဲ့ အခြေခံ တိုက်ပွဲဟန်ပန် တစ်ခု အဖြစ် ဖန်တီးထားခဲ့တာပါ..။သို့ပေမယ့်..ဆန်နီကတော့..ဒီအရာကို ရိမ်းကို ပြန်သင်ကြားပေးမယ့် အကြံကို သိပ်မကြိုက်ပေ..။သူ က ဒီအရာက မသင့်တော်ဘူးလို့ ခံစားရယုံတင်မကပဲ..ဒီအရာက အင်မော်တယ် မီးတောက် ကလန်ကနေ ဆင်းသက်လာခဲ့တဲ့ အရာမို့လို့ပါ..။

ဒီလို ထက်မြက်ပြီး..အသားကျဖို့လွယ်ကူတဲ့ တိုက်ပွဲဟန်ပန်ကို..ကိုယ်ခံပညာ ဂျီးနီးယပ်တစ်ဦးဖြစ်တဲ့ ..ကျိုးပဲ့ဓားကိုယ်တိုင်က..တီထွင်ထားခဲ့တယ် ဆိုတာကို ဆန်နီ သံသယဖြစ်မိပါတယ်..။ပြီးတော့..ကျိုးပဲ့ဓား ရဲ့ သတ်ဖြတ်သူတွေက ဘယ်သူလဲဆိုတာကိုလည်း သူ သိထားပါသေးတယ်..။ဒီ ဟန်ပန်ကို တတ်မြောက်ထားတာက ဘယ်လို ပြသနာတွေကို သယ်ဆောင်လာနိုင်မလဲ ဆိုတာကို ဘယ်သူက ပြောနိုင်မှာလဲ..။

အခုချိန်မှာတော့..ဆန်နီက အိပ်မက်ကမ္ဘာထဲမှာလည်း တိုက်ခိုက်ရေး ဟန်ပန် အများကြီးကို လေ့လာထားခဲ့ပါသေးတယ်..။သို့ပေမယ် ဒီအရာ တွေထဲက တစ်ခုကမှ..သူသဘောကျရလောက်တဲ့ အထိ မရှိပါဘူး..။

ဆိုလိုတာကတော့..သူ့မှာ ရွေးချယ်စရာ တစ်ခုတည်း ရှိပါတော့တယ်..။တိုက်ဆိုင်စွာပဲ ဒီအရာက အတော်လေးကို သင့်တော်မူရှိတယ် လို့ သူ ခံစားနေခဲ့ရတယ်..။

သူတော်စင်ရဲ့ ခိုင်မာပြီး..မြေပြင်အခြေပြုတဲ့ တိုက်ပွဲဟန်ပန်..။

ဒါက ရိမ်းရဲ့ တိတ်ဆိတ် ၊ အတွေးနက် ပြီး..သေသေချာချာ လုပ်တတ်တဲ့ အကျင့်စရိုက်နဲ့ သင့်တော်ပါတယ်..။ဒါက ဆန်နီ သိထားတဲ့ အထဲမှာ..တိကျ ပြီး..မှန်ကန်မူရှိတဲ့ နည်းစနစ် ဖြစ်ပြီး..တစ်စုံတစ်ယောက်ကို အကောင်းဆုံးကာကွယ်မူလည်း ပေးစွမ်းနိုင်ပါတယ်..။သူ့ရဲ့ ပန်းတိုင်းကတော့..ရိမ်းက တတ်နိုင်သလောက် ကြာရှည်အောင် အသက်ရှင်နေဖို့ ဖြစ်ပြီး..တကယ်လို့ တစ်စုံတစ်ယောက် မသေဆုံးချင်ဘူး ဆိုရင်..အပြစ်အနာအဆာကင်းတဲ့ ခုခံကာကွယ်မူက ကျိန်းသေ လိုအပ်ပါတယ်..။

ထပ်ပြောရရင် သူ့ရဲ့ ညီမလေးက..သူတော်စင်နဲ့ ဆက်နွယ်မူရှိနေသလိုပါပဲ..။တကယ်လို့..သူမက နတ်မိစ္ဆာ ရဲ့ ပရိတ်သတ် တစ်ယောက်ဆိုရင်..ဒါကလည်း အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်ပါတယ်..။ဘာပဲဖြစ်ဖြစ်..သူမ အိုင်ဒေါရဲ့ နည်းစနစ်ကို သင်ယူတယ်ဆိုတာက ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး အရာတစ်ခု မဟုတ်ပေ..။

..သူက သူမကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်နေတာကို သတိထားမိသွားခဲ့တာကြောင့်..ရိမ်း ဟာ ရပ်တန့်လိုက်ပြီး..ဆန်နီကို မေးခွန်းထုတ်တဲ့ အမူအရာနဲ့ ပြန်ကြည့်လိုက်တယ်..။

“..ဘာလဲ..။ဘာအမှား လုပ်မိလို့လဲ..”

သူ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်ပြီး..

“မဟုတ်ဘူး..။တကယ်တော့..မင်းရဲ့ ပုံစံက ..နောက်ဆုံးအချက်တစ်ရာ အတွက် ပြီးပြည့်စုံမူ ရှိနေပြီ..”

ကြီးမားပြီး..မယုံနိုင်လောက်အောင် တောက်ပတဲ့ အပြုံးတစ်ခုက မိန်းမငယ်လေးရဲ့ တည်ငြိမ်တဲ့ မျက်နှာပေါ်မှာ‌ ပေါ်လာခဲ့တယ်..။

“အာဟ..တွေ့တယ်မလား..။နင် ခရီးထွက်နေတဲ့ တစ်လျောက်လုံးမှာ..ငါက နေ့တိုင်းလေ့ကျင်နေခဲ့တာလေ..။အတန်းဖော်တွေ အားလုံးက ငါ့ကို အသိစိတ်ကင်းမဲ့ သွားပြီလို့တောင် ထင်နေကြတာ..။အဲ့ အရူး တွေက ဘာများ သိမှာမို့လို့လဲ..”

ဆန်နီ ရဲ့ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးးသွားခဲ့တယ်..။

‘သူမက ဘယ်တုန်းက တစ်ခြားသူတွေကို အရူးလို့ ခေါ်တတ်သွားတာလဲ..။သူမက ယဉ်ကျေးတဲ့ မိန်းကလေး တစ်ယောက်ပါ…အာ…ငါနဲ့ မတွေ့ခင်အထိပေါ့..’

ရိမ်းက အကြိမ်အနည်းငယ် မျက်တောင် ခတ်ပြီး မေးလိုက်တယ်..။

“ဒါပေမဲ့..ငါ လုပ်တာ မှန်တယ် ဆိုရင်..ဘာလို့ အဲလို ကျိန်စာသင့်ပြီး..သောက်ကျိုးနဲနေတဲ့ အမူအရာ နဲ့ ကြည့်နေရတာလဲ..”

‘အခုကရော ဘာလဲ..။ငါ့ မှာ…’

ဆန်နီ လည်ချောင်းရှင်းလိုက်တယ်..။

“အဲတာက..အာ…ငါက နင် တစ်ခုထက်ပိုပြီး သင်ယူသင့်နေပြီ လို့ တွေးနေတာ..”

ရိမ်း ပျော်ရွှင်သွားခဲ့တယ်..။

“ရက်စ်…နောက်ဆုံးတော့.”

သူမက ဧည့်ခန်း ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်တယ္..။

“ဒီတော့…နင်က ငါ့ကို တကယ့်တိုက်ပွဲဝင်နည်းစနစ် တွေကို သင်ပေးတော့မှာပေါ့..။အယ်ဖီ ပြောတာကတော့..နင်က ဓား အသုံးပြုတာကို အရမ်း တော်တယ်တဲ့..။အနည်းဆုံးတော့..သူမက အဲလို ဆိုလိုတယ်လို့ ထင်တာပဲ..။ဟုတ်တယ် ဟုတ်..”

ဆန်နီ တွေဝေသွားခဲ့ပြီး..ပုခုံးတွန့်ကာ မတ်တတ်ထရပ်လိုက်တယ်..။

“ဟုတ်တယ်…ငါ ဓားကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို သိထားတယ်..။နေဉီး..တကယ်တော့..ဒီနေရာက..အတော်ပျက်ဆီးလွယ်လိမ့်မယ်..။ငါ့နောက်ကို လိုက်ခဲ့..”

သူ တစ်ဖက်ကို လှည့်ပြီး လျောက်ထွက်သွားခဲ့တယ်..။ပြီးတာနဲ့ နံရံပေါ်က ခလုတ်တစ်ခုကို နိပ်လိုက်တဲ့ အချိန်မှာတော့..အဲတာက ရွေ့လျားသွားခဲ့ပြီး..ဓာတ်လှေကားတစ်ခုကို ပေါ်လာစေခဲ့ပါတယ်..။

ရိမ်းက ဒီအရာတွေအားလုံးကို ရယ်စရာကောင်းတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်..။

“အာ..နင့်ရဲ့ အိမ်ထဲမှာ…လျို့ဝှက်တံခါးလည်း ရှိနေတာလား..”

ဆန်နီ ပြုံးလိုက်ပြီး..

“သေချာတာပေါ့..။တကယ်တော့..ငါ့မှာ နှစ်ခု ရှိတယ်..။တစ်ခုက လှေကား ၊ နောက်တစ်ခုက ဓာတ်လှေကား အတွက်..”

မိန်းကလေးက ခနလောက် တွေးလိုက်ပြီး..နားလည်တဲ့ အမူအရာနဲ့ ခေါင်းညိမ့်ပြလိုက်ပါတယ်..။

“အာ..နင့်မှာ..မြေအောက်ခန်းလည်း ရှိနေသေးတာပဲ..။ဒါက ဉာဏ်ကောင်းတယ်..။ငါတို့..အိမ်မှာဆိုရင် ဒီလိုတစ်ခုတောင် မရှိဘူး..။ဒီဟာ မျိုးကို ထည့်သွင်းရတာက အတော်လေး စေ◌ျးကြီးတယ်လေ..”

သူက သူမကို ထူးဆန်းစွာ ကြည့်လိုက်ပြီး..

“မင်းရဲ့ မိဘတွေက ချမ်းးသာတယ် မဟုတ်ဘူးလား..”

ရိမ်း ရယ်မောလိုက်ပြီး..

“ငယ်ရွယ်ပြီး အောင်မြင်တဲ့ စီးပွားရေး သမားတစ်ယောက် အနေနဲ့..နင်က ပိုက်ဆံအကြောင်းကို အများကြီး မသိလောက်ဘူး..။ဟုတ်တယ်မလား..ဆန်နီ..။သေချာတာပေါ့..ငါတို့ မိသားစုက မဆင်းရဲကြဘူးလေ..။ဒါပေမယ့်..ချမ်းသာတယ် ဆိုတာ ရှိတယ်..ပြီးတော့..ပိုချမ်းသာတယ် ဆိုတာလညး် ရှိသေးတယ်..။ပြီးတော့..ငါတို့က အဲလိုမျိုး ချမ်းသာကြတာ မဟုတ်ဘူး..”

ဆန်နီ စိတ်ဝင်တစစား နဲ့ သူ အခုကြားလိုက်ရတဲ့ အရာကို..အဓိပ္ပာယ်ဖော်ဖို့ ကြိုးစားနေခဲ့ပါတယ်..။

‘ဒါက ဘယ်လို အဓိပ္ပာယ် မရှိတဲ့ အရာမျိုးလဲ..။ချမ်းသာတာက ချမ်းသာတာပဲလေ…မဟုတ်ဘူးလား..’

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

“ငါ ပိုက်ဆံအကြောင်း အများကြီး သိထားတယ် ကလေး..။ငါ ပိုက်ဆံကို ဘယ်လိုရှာရမလဲ ဆိုတာကို သိတယ်..ဘယ်လို သုံးရမလဲ ဆိုတာကို သိတယ်..။တစ်ခြား ဘာများထပ်ပြီး သိစရာ လိုနေသေးလို့လဲ..”

ရိမ်းက သူ့ကို တစ်ခနလောက် စိုက်ကြည့်နေပြီးကာမှ..တိတ်တဆိတ် ခေါင်းခါယမ်းလိုက်တယ်..။

အတူတကွ ဆိုသလိုပဲ..သူတို့က ဓာတ်လှေကားထဲကို ဝင်ပြီး..မြေအောက် ဒိုဂျိုရှိတဲ့..နေရာကို ဆင်းသက်လာခဲ့ကြပါတယ်..။

အပိုင်း ( ၅၂၈ ) ပြီး၏။

[ ရိမ်း က ဆန်နီ နဲ့ အသက်ရော ၊ ခန္တာကိုယ်ရော သိပ်မကွာတာကြောင့်..စကားပြောရင် သူငယ်ချင်းလို ပြောနေတာလို့ ယူဆနိုင်မယ် ထင်တာပဲ။ I နဲ့ You ပဲ သုံးနှုန်းထားတော့..မင်မင်လည်း ဘယ်လို ပြန်ရမလဲ နည်းနည်းစဉ်းစားရတယ် ]

All Chapters