လျို့ဝှက် မြေအောက်ခန်း
Vol. 36 Ch. 529
ဒိုဂျိုက အတော်လေး ကြီးမားပြီး လုံးဝကို အမှောင်ထု အတိ ဖုံးလွှမ်းနေခဲ့တယ်..။ဆန်နီ တစ်စုံတစ်ခု စေခိုင်းလိုက်တဲ့ အချိန်မှာတော့..တောက်ပတဲ့ အလင်းရောင်တွေက ပေါ်ထွက်လာခဲ့ပြီး အမှောင်ထုကို မောင်းထုတ်လိုက်ပါတယ်..။ပြီးတာနဲ့..ကြီးမားတဲ့ အကာအကွယ် သတ္တုစပ်တွေနဲ့ တည်ဆောက်ထားတဲ့ ကြမ်းခင်း ၊ နံရံ နဲ့..မျက်နှာကျတ်တွေက ပေါ်ထွက်လာခဲ့တယ်..။
တစ်ချို့အပြားတွေမှာ..အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေခဲ့ပြီ ဆိုတာကို ဆန်နီ နာကျင်စွာ သိလိုက်ရတယ်..။ဘာပဲဖြစ်ဖြစ်..ဒီ အက်ကွဲကြောင်းတွေက..သူတော်စင် ဆန်နီကို အကြိမ်များးစွာ ကြမ်းခင်းနဲ့ ရိုက်နှက်ရင်း ဖြစ်ပေါ်လာခဲ့ကြတာပါ..။ရိုးရှင်းစွာပဲ..ဒီအရာတွေကို ကြည့်တာက ..နာကျင်မူကို ဖြစ်ပေါ်စေခဲ့တယ်..။
‘ ငါ မကြာခင်မှာ ဒီအရာတွေကို အစားထိုးရတော့မယ်..’
သူက ဓာတ်လှေကားထဲကနေ ထွက်လာပြီးတာနဲ့..မရေတွက်နိုင်တဲ့..လက်နက်တွေကိုထားထားတဲ့ နေရာဆီကို လျောက်သွားလိုက်တယ်..။ဒီလက်နက်တွေက..နိုးထသူတစ်ယောက် လေ့ကျင့်တဲ့ ခွန်အားတွေကို ခံနိုင်ရည်ရှိအောင်..ဖန်တီးထားခဲ့တာပါ..။ပြီးတော့..ကုန်ကျစားရိတ်ကလည်း..အတော်လေးများပါတယ်..။စိတ်မကောင်းစရာက…အစစ်အမှန်လေ့ကျင့်ခန်းတွေက ပိုပြီး ထိရောက်မူရှိတာကြောင့်..ဆန်နီ ဒီလက်နက်တွေကို တစ်ခါမှတောင် မထိကြည့်ရသေးပါဘူး..။
‘ ဟင်..’
သူ့ အနောက်မှာတော့..ရိမ်းက ဒိုဂျိုထဲကို လျောက်လာခဲ့ပြီး..ပတ်ဝန်းကျင်ကို သိချင်စိတ်ဖြစ်စွာ လိုက်ကြည့်လိုက်ပါတယ်..။ဒီနေရာက ကြည့်ရတာ မှောင်မိုက်ပြီး..ဆန်းကျယ်နေခဲ့တယ်..။ဒါက ဆန်းကျယ်တဲ့ မွန်းစတား တစ်ကောင်ရဲ့ ပုန်းခိုကျင်းတစ်ခုလိုပါပဲ..။
“နင် ဒီကို မကြာခနလာတာလား..”
ဆန်နီ သူမကို လှမ်းကြည့်လိုက်ပြီး..
“ဒါပေါ့..လာတာပေါ့..။ဒီနေရာမှာပဲ ငါအိပ်တာလေ..”
သူမ အနည်းငယ် အံ့ဩသွားခဲ့ပေမယ့်..သူ ပြောတဲ့ စကားရဲ့ အဖြေကို မကြာခင်မှာပဲ နားလည်သွားခဲ့ပါတယ်..။
သာမန် လူသားတွေ အတွက်ကတော့…ဒီလို အကာအကွယ်မျိုးက အနီးအနားမှာ ဂိတ်ပေါက်တစ်ခု ပွင့်လာလို့ ရှိရင် အတော်လေးကို အသုံးဝင်မှာပါ..။သို့ပေမယ့်..နိုးထသူတွေကတော့..အိပ်မက်ကမ္ဘာထဲမှာ ရှိနေတဲ့ အချိန်ဆိုရင်..အကာအကွယ် မရှိကြတော့ပါဘူး..။သူတို့ ရဲ့ စိတ်ဝိဉာဉ်အဝေးမှာရှိနေတဲ့ အချိန်မှာ ဘာမှ မရှိတဲ့ ခန္တာကိုယ်က..ဖျက်ဆီးရ လွယ်ကူတာကြောင့်…သူတို့ကလည်း ဒီလိုမျိုး..အကာအကွယ်ကို လိုအပ်ကြပါတယ်..။
သူမရဲ့ အကြည့်တွေက သံမဏိလက်နက်တွေကို ဖြတ်ပြီး အိပ်စက်ခြင်း သေတ္တာဆီကို ရောက်သွားခဲ့တယ်..။ရုတ်တရက် ရိမ်းရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပါတယ်..။
“ဝိုး..အဲတာက အိပ်မက်ရူခင်း သေတ္တာ မဟုတ်လား.”
ဆန်နီ ခနလောက် တွေဝေနေပြီး..သူမရဲ့ တက်ကြွတဲ့ တုန့်ပြန်မူကြောင့် အံ့ဩသင့် သွားခဲ့တယ်..။
“အာ..ဟုတ်တယ်လေ..။ဘာဖြစ်လို့လဲ..”
‘ငါ့ရဲ အရမ်းစေ◌ျးကြီးတဲ့ အိပ်စက်ခြင်းသေတ္တာက ပိုပြီး..လှပတာလေ..။သူမက ဘာလို့ အဲဒီတစ်ခုကိုပဲ ကြည့်ပြီး ပြောရတာလဲ..’
မိန်းမငယ်လေးက..စက်နှစ်ခု ဆီကု လျောက်သွားလိုက်ပြီး..သူတို့ထဲက တစ်ခုကို စိတ်လှုပ်ရှားမူတွေ အပြည့်နဲ့ သိချင်စွာ လေ့လာနေခဲ့ပါတယ်..။အရမ်းကို အနုပညာလက်ရာမြောက်တဲ့..ဇိမ်ခံ အိပ်စက်ခြင်း သေတ္တာကတော့..အာရုံစိုက်မူ လုံးဝ မရခဲ့ပါဘူး..။
“နင် မကြာခန ကစားဖြစ်လား..”
သူ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး..ပုခုံးတွန့်လိုက်တယ်..။
“မကြာခနပေါ့..အဲလိုထင်တာပဲ..။ငါ့မှာ အချိန်ရှိတဲ့ အခါဆိုရင်..တစ်ခြား နိုးထသူတွေနဲ့ တိုက်ခိုက်တာက ငါ့ရဲ့ ကိုယ်ပိုင် လေ့ကျင့်မူကို..အကူအညီဖြစ်စေတယ်..”
ရိမ်းက မနာလိုစွာ သက်ပြင်းချလိုက်တယ်..။
“ဒါက မိုက်တာပဲ..။ငါ့ရဲ့ အတန်းဖော်တစ်ချို့တွေမှာလည်း..ကိုယ်ပိုင် အိပ်မက်ရူခင်း သေတ္တာတွေ ရှိကြတယ်..။ဒါပေါ့ သူတို့က သာမန်လူသားတွေ အသုံးပြုတဲ့ဟာကို ပဲ အသုံးပြုကြတာလေ..။ဒါပေမဲ့ သူတို့ပြောနေကြတာတော့..အရမ်းမိုက်တယ်..။
ဆန်နီ ပြုံးလိုက်ပြီး..
“ဘာလဲ..မင်းက ကစားကြည့်ချင်လို့လား..”
ရိမ်းက သေတ္တာကို တစ်ခနလောက် ကြည့်လိုက်ပြီးမှ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။သူမ စကားပြောလာတဲ့ အချိန်မှာတော့..သူမရဲ့ လေသံက သူမရဲ့ အသက်အရွယ်နဲ့ စာရင် အတော်လေးကို ရင့်ကျတ်နေခဲ့ပါပြီ..။
“ဟင့်အင်..အဲလိုမဟုတ်ပါဘူး..။ဒါက သူငယ်ချင်းတွေ နဲ့ အပျော်အတွက် သက်သက်ပဲလေ..”
သူ အနည်းငယ် မျက်မှောက်ကျုတ်လိုက်ပြီး.မှ..ပုံမှန်လေသံနဲ့ မေးလိုက်တယ်..။
“မင်းမှာက သူငယ်ချင်းတွေ မရှိကြဘူးလား..”
မိန်းမငယ်လေးက သက်ပြင်းချလိုက်ပြီး.တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်..။
“ဟင့်အင်..အရင်ကျောင်းမှာတုန်းကတော့..အများကြီးရှိတယ်…။ဒါပေမဲ့ အဖေက ဒီကျောင်းကို ရွေ့ပေးပြီးတဲ့ အချိန်မှာတော့..အာ..ဒီတိုင်း စာလုပ်ပြီး..အိမ်ကို ပြန်လာလိုက်တာပဲ..။အဲက လူတွေက သိပ်ပြီး..မရင်းနှီးကြဘူး.”
ဆန်နီ သူမကို ကြည့်ပြီးသဘောကျစွာ ပြုံးလိုက်တယ်..။
“ကောင်းပြီလေ..သူငယ်ချင်းတွေ ဆိုတာက ဘာမှမဟုတ်ဘူး..။ငါ ကြီးပြင်းလာတုန်းကလည်း ဘာသူငယ်ချင်းမှ မရှိခဲ့ဘူး..။ပြီးတော့..ငါ့ကို ကြည့်လေ..။ငါက အဆင်ပြေပြေ ရှိနေတာပဲ မဟုတ်ဘူးလား..”
သူမက သံသယတွေ ပြည့်နှက်နေတဲ့ မျက်နှာနဲ့ သူ့ကို ကြည့်လိုက်တယ်..။
“ဟုတ်တယ်…ဒါပေမဲ့..”
ဆန်နီ မျက်ခုံးပင့်တင် လိုက်ပြီး..
“ ဒါပေမဲ့ ဘာဖြစ်လဲ..”
ရိမ်းက အတော်ကြာအောင် တွေဝေနေပြီးကာမှ..သိချင်စွာ မေးလိုက်ပါတယ်..။
“နင့်မှာ..ကောင်မလေး ရှိတာ မဟုတ်ဘူးလား..”
ဆန်နီ မျက်တောင် ခတ်လိုက်တယ်..။
“အာ..”
“ခနလေး..ဘာကိုလဲ..။ဘာကို ကောင်မလေး လဲ..။မင်းက အယ်ဖီနဲ့ငါ့ကို အဲလိုထင်နေတာလို့တော့..မပြောနဲ့နော်..”
ရိမ်းက တခစ်ခစ် ရယ်မောလိုက်ပြီး..
“တကယ်ပြောတာ ငါ အစကတည်းက အဲလိုထင်နေခဲ့တာ..။ဒီတော့..အယ်ဖီကို မေးကြည့်တော့..သူမပြောတာက..အစ်ကို့မှာ ကောင်မလေးက ရှိနေပြီးပြီတဲ့..”
ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။
‘ချီးပဲ.အယ်ဖီ..ငါတကယ် သူမကို သတ်ရတော့မယ်..။သူတောင်စင်နဲ့ သူမကို သတ်ခိုင်းတာက ပိုကောင်းမလား..။ဒီလို တုံးအတဲ့ ဟာသက မရယ်ရဘူး ဆိုတာကို သူမကို ငါ ဘယ်နှစ်ခါလောက် ထပ်ပြောနေရဦးမှာလဲ..။ဒါက တစ်ခါပြောလည်း မရယ်ရဘူး..အကြိမ်တစ်ရာလောက် ပြောရင်လည်း မရယ်ရဘူး..’
..သူက ပါးစပ်ကို ဖွင့်ပြီး ဒေါသတကြီး ပြန်ငြင်းခုန်ဖို့ ကြိုးစားလိုက်တယ်..။သို့ပေမယ့် ရိမ်း ရဲ့ နောက်ထပ်စကားတွေက သူ့ကို တိတ်ဆိတ်သွားစေခဲ့ပါတယ်..။
“သူမ ပြောတာကတော့…အစ်ကိုက သူမဆီကို ပန်းပွင့်တွေ အပတ်တိုင်း ယူသွားပေးတယ်တဲ့..။ပြီးတော့..သူမရဲ့ အမေဆီကိုတောင် မကြာခနသွားတယ် လို့ ပြောတယ်..။ဒါက တကယ်ကို မိုက်တယ်လို့ ထင်တာပဲ..”
ဆန်နီ အေးခဲသွားခဲ့ပြီး..မိန်းမငယ်လေးကို..လေးလံတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်..။သူ့ရဲ့ တုန့်ပြန်မူတွေက အနည်းငယ် ထူးဆန်းနေတာကြောင့် ရိမ်းက မျက်မှောင်ကျုတ်လိုက်တယ်..။
“အာ..ညီမ က တစ်ခုခု မှားပြီး ပြောလိုက်မိတာလား..”
သူ ခနလောက်တွေ ဝေနေပြီးကာမှ..တစ်ဖက်ကို လှည့်သွားခဲ့တယ်..။
“မဟုတ်ဘူး..အယ်ဖီက တစ်ခါတစ်လေ အဲလိုတွေ လျောက်ပြောတတ်တယ်..။သူမက မင်းကို ဒီအကြောင်းမပြောသင့််ဘူး..”
မိန်းမငယ်လေးဟာ..ဘာတွေဖြစ်နေမှန်း မသိပေမယ့်..သူ့အသံထဲမှာ..သုန်မုန်တဲ့ အငွေ့အသက်တွေ ပါဝင်နေတာကြောင့်..ရှက်ရွံ့စွာ ပြုံးလိုက်ပြီး..
“အိုး..ညီမ က အယ်ဖီကို ပြသနာဖြစ်အောင် လုပ်လိုက်မိပြီလား..”
ဆန်နီဟာ လေ့ကျင့်ရေး လက်နက်တွေကို ကြည့်နေရင်း သက်ပြင်းချလိုက်တယ်..။
“မဟုတ်ဘူး..ဒါက ဒီတိုင်း… ငါ ပန်းစည်းသွားပြီး ပို့ပေးနေတဲ့ မိန်းကလေးတစ်ယောက်တော့ ရှိတယ်..။ဒါပေမဲ့ အဲတာက ငါ့ရဲ့ ကောင်မလေး မဟုတ်ဘူး..”
ရိမ်းက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး..
“ဒါပေမဲ့..အာ…ဒါဆို သူ့ဆီကို ဘာလို့ ပန်းစည်းတွေ ယူသွားပေးနေတာလဲ..”
ဆန်နီ တစ်ဖက်ကို လှည့်ပြီး..သူမကို သုန်မုန်နေတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။ဆန်နီ ဒီလောက်ထိ အေးစက်နေတဲ့ ပုံစံကို မမြင်ဖူးတာကြောင့် ရိမ်း က ကြက်သီးမွှေးညှင်းထသွားခဲ့ပါတယ်..။
ခနအကြာမှာတော့..သူက ပုံမှန်လေသံနဲ့ပဲ ပြောလာခဲ့တယ်..။
“ဘာလို့လဲဆိုတော့..ငါက အိပ်မက်ကမ္ဘာထဲကနေ ထွက်လာနိုင်ပြီး..သူမက ထွက်မလာနိုင်လို့ပဲ..။နားလည်ပြီလား…”
မိန်းမငယ်လေးဟာ ခနလောက် အတွေးနက်သွားခဲ့ပြီးနောက်..ဖြူဖျော့သွားကာ ခေါင်းညိမ့်ပြလိုက်တယ်..။
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..
“မင်း နားလည်မှာ မဟုတ်ပါဘူး..။ပြီးတော့..မင်း ဘယ်တော့မှ နားမလည်ဖို့ မျှော်လင့်မိတယ်..”
ဒီလိုပြောပြီးတာနဲ့..သူက နံရံဆီကနေ အဝိုင်းပုံစံ ဒိုင်းကာ တစ်ခုနဲ့..လေ့ကျင့်ရေး ဓားတစ်ချောင်းကို ယူလိုက်ပါတယ်..။ပြီးတာနဲ့. ခနလောက် မျက်လုံးကို မှိတ်ထားလိုက်ပြီး..အပြုံးတစ်ခုကို သူ့မျက်နှာပေါ်မှာ ဖြစ်တည်လာဖို့အတွက် တွန်းအားပေးလိုက်တယ်..။
“..ဘာပဲဖြစ်ဖြစ်..အခုကနေစပြီး..ဒီနေရာက မင်းလေ့ကျင့်ရမယ့် နေရာပဲ..။ဒီလက်နက်တွေက မင်းအတွက်တော့..နည်းနည်းလေးလံကောင်း လေးလံနေလိမ့်မယ်..ဒါပေမဲ့ ဒီအလေးချိန်တွေက မင်းရဲ့ ခန္တာကိုယ်အခြေအနေကို ကူညီပေးသွားမှာပဲ..။ဘယ်လိုထင်လဲ..”
အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်တဲ ရိမ်းက လက်နက်တွေကို ယူပြီး..သူမရဲ့ လက်ထဲမှာ ချိန်ဆကြည့်ကာ..လည်ချောင်းကို ရှင်းလိုက်ပါတယ်..။
“အာ..ပုံမှန်အားဖြင့်တော့..ညီမက အကွာအဝေး လက်နက်တွေကိုပဲ သဘောကျတာ..။ပြီးတော့..ကျောင်းမှာဆိုရင်လည်း အဲလိုလက်နက်တွေကိုပဲ အသုံးပြုလေ့ ရှိတယ်လေ..”
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..
“အကွာအဝေး လက်နက်တွေက အံ့ဩဖို့ကောင်းတယ်..။ပြီးတော့..ဒီအရာတွေကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာကိုလည်း မင်း သိထားသင့်တယ်လေ..။ဒါပေမဲ့..အိပ်မက်ဆိုးသားရဲတွေက မင်းအနားကို ရောက်လာပြီ ဆိုရင်တော့..သူတို့က ဆက်ပြီး အံ့ဩသင့်ဖို့ မကောင်းတော့ဘူး..။ပြီးတော့..ငါ့ကို ယုံကြည်ထားလိုက်..သူတို့က တကယ်ပဲ မင်းအနားကို ရောက်လာကြလိမ့်မယ်..။ဒီတော့..မင်းက အနီးကပ်တိုက်ပွဲတွေ အတွက်ပဲ ပြင်ဆင်ထားသင့်တယ်..”
ရိမ်းက သူ့ကို အနည်းငယ် ခေါင်းမာမူနဲ့အတူ ထပ်မံကြည့်လိုက်ပြီး..
“ဒါပေမဲ့..နိုက်တင်ဂေး ရဲ့ နိုက် က လေးသည်တော်တစ်ယောက်လေ..။သူက သူရဲကောင်းတစ်ယောက်ဖြစ်ပြီး အစစ်အမှန် နာမည်တစ်ခုကိုတောင် ရထားသေးတယ်..”
‘အိုး ဘုရားရေ..ငါ့ညီမလေးကလည်း သူ့ရဲ့ ပရိတ်သတ်ပဲလို့တော့ မပြောနဲ့နော်..။ချီးပဲ..ကိုင်…မင်းစောင့်နေလိုက်..’
ဆန်နီ မိန်းမငယ်လေးကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။သူ့ရဲ့ အမူအရာကတော့..နားလည်ဖို့ ခက်ခဲနေခဲ့ပါတယ်..။အတော်ကြာပြီးကာမှ..သူက ထူးဆန်းတဲ့ လေသံနဲ့ ပြောလိုက်တယ်..။
“နိုက်တင်ဂေး ရဲ့ နိုက်က လေပေါ်မှာ ပျံနိုင်တယ်လေ..။မင်းက ပျံနိုင်လို့လား..။ဘာပဲဖြစ်ဖြစ်..အရင်ဆုံး ဓားကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကိုသာ သင်ယူထား..။တကယ်လို့ မင်းသင်နိုင်ရင်..လေးပစ်တာကို ..သူကိုယ်တိုင် မင်းကို သင်ပေးနိုင်အောင်..ငါ သူ့ကို ခေါ်ပေးမယ်.။ဘယ်လိုလဲ..”
ရိမ်းက ရယ်မောလိုက်တယ်..။
“ဟုတ်ပြီလေ..ကောင်းပြီ..။သူ့ကို ဘာလို့ ညစာစား ဖို့ရော မခေါ်လိုက်တာလဲ..”
ပြီးတဲ့ နောက်မှာတော့..သူမရဲ့ ပါးစပ်ကို လက်တစ်ဖက်နဲ့ ပိတ်ပြီး..ကျယ်လောင်စွာ ရယ်မောနေခဲ့ပြန်ပါတယ်..။
ဆန်နီ လေးလံစွာ သက်ပြင်းချလိုက်ပြီး..ခေါင်းခါယမ်းလိုက်တယ်..။
‘ဒီကလေး…သူမက တကယ် မျှော်လင့်ချက်မဲ့နေပြီ…ဟုတ်တယ်မလား..’
သူက ရိမ်း ရယ်မောနေတာ ရပ်တဲ့ အထိစောင့်ပြီးကာမှ..လေးနက်စွာ ပြောလိုက်တယ်..။
“ဒါပေမဲ့..ငါတို့ မစတင်ခင်မှာ…ငါ မင်းကို မေးစရာ တစ်ခု ရှိသေးတယ်..”
သူမက သူ့ကို ဖက်ကိုလှည့်လိုက်ပြီး လေးနက်တဲ့ အမူအရာ ပြန်ပြောင်းသွားခဲ့ပါတယ်..။
“အင်း..”
ဆန်နီ ခနလောက် တွေဝေနေခဲ့ပြီးကာမှ မေးလိုက်တယ်..။
“..ကိုယ်ခံပညာရဲ့ အနှစ်သာရနဲ့ ပတ်သက်ပြီး..မင်း ဘယ်လိုထင်လဲ..”
အပိုင်း ( ၅၂၉ ) ပြီး၏။