← Chapters

ပိုကောင်းတဲ့ တစ်ခုခု

Vol. 36 Ch. 530

ပိုကောင်းတဲ့ တစ်ခုခု

Vol. 36 Ch. 530

ရိမ်းက သူ့ကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်ပြီး တွေးနေခဲ့တယ်…။

စိတ်ထဲမှာတော့..ဆန်နီ သက်ပြင်းချနေခဲ့ပါတယ်..။

သူ့မ ရဲ့စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုပြောင်းလဲရမယ်..အိပ်မက်ကမ္ဘာထဲမှာ အသက်ရှင်ကျန်ရစ်နိုင်တဲ့အထိ ကြမ်းတမ်းအောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကိုတော့..သူ အခုထိ မသိသေးပါဘူး..။သူ တကယ်လုပ်ချင်ရဲ့လား ဆိုတာကိုလည်း သေချာမသိသေးပေ..။ပြီးတော့..ဒါကပဲ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါ..။

အနည်းဆုံးတော့..ဂိတ်ပေါက်ပွင့်တဲ့ နေရာကနေ ရှင်သန်လာတဲ့ အချိန်မှာ..သူမက ကမ္ဘာကြီး အကြောင်းကိုနည်းနည်း ဖြစ်ဖြစ် ပိုသိလာခဲ့ပါပြီ..။အခုတော့..လုံလောက်အောင် သိရမယ့် အချိန်ပါပဲ..။

ပြီးတော့..ဒီလိုစကားကို ပြောလာခဲ့တာက..သင်ခန်းစာတွေကို တင်းကြပ်ဖို့ အတွက် သူ့ရဲ့ ကြိုးစားမူ တစ်ခုပါ..။

အတော်ကြာပြီးတဲ့ နောက်မှာတော့..ရိမ်းက…မသေချာစွာ ပြန်ဖြေလာခဲ့တယ်..။

“ ရှင်သန်ဖို့လား..”

ဆန်နီဟာ..မျက်ခုံးပင့်တင်လိုက်ပြီး..သူမကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။

ဖြစ်နိုင်ချေက ဘယ်လောက်များ ရှိနိုင်မလဲ..။သူတို့ ကြုံတွေခဲ့ရတဲ့ ဘဝတွေက..မတူညီကြပေမယ့်..သူရဲ့ ညီမလေး ပေးလာခဲ့တဲ့ အဖြေက သူ မေ့ပျောက်ကုန်းမြေပေါ်ရဲ့ ငရဲလို နေရာမျိုးမှာ…ပေးခဲ့တဲ့ အဖြေနဲ့ တစ်ထပ်တည်း တူညီနေခဲ့ပါတယ်…။

သူ အတော်ကြာအောင်တိတ်ဆိတ်နေခဲ့ပြီး..ဆိုးဝါးပေမဲ့ အံ့ဩစရာကောင်းခဲ့တဲ့ နေ့ရက်တွေကို ပြန်ပြီး အမှတ်ရလိုက်တယ်..။ယင်းနောက် သူ ခေါင်းခါယမ်းလိုက်ပါတယ်..။

“မဟုတ်ဘူး..။ကိုယ်ခံပညာရဲ့ အနှစ်သာရ ဆိုတာက..သတ်ဖြတ်တာပဲ..”

ရိမ်း..အနည်းငယ် ကြက်သီးမွှေးညှင်း ထသွားခဲ့တယ်..။

“သ…သတ်ဖြတ်တာလား..”

ဆန်နီ ခေါင်းညိမ့်လိုက်ပြီး..

“ဒါပေါ့..တစ်ခြားဘာများ ဖြစ်နိုင်ဦးမှာလဲ..။မင်းက မင်းရဲ့ ရန်သူကို သတ်ဖြတ်ရမယ်..မဟုတ်ရင်တော့ သေလိမ့်မယ်..။ဘယ်လိုနည်းလမ်းနဲ့ ပဲ ဖြစ်ဖြစ်..သတ်ဖြတ်တာနဲ့ပဲ အဆုံးသတ်မှာပဲလေ..။လူသတ်သမား ဖြစ်လာမလား..အသတ်ခံရမှာလား..။ဒီတော့..ကိုယ်ခံပညာ လေ့ကျင့်ရခြင်းရဲ့ ရည်ရွယ်ချက်ဆိုတာက..မင်းကို လူသတ်သမားတစ်ယောက်..ဖြစ်လာစေဖို့ သေချာအောင် လုပ်ပေးနေတဲ့ အရာပဲ..။ဒါက တကယ်ကို ရိုးရှင်းတယ်..”

သူက ရပ်တန့်လိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။

“ ဒါပေါ့ ရှင်သန်ဖို့ဆိုတာကလည်း အရေးကြီးတယ်လေ..။ဒါပေမယ့်..ဒီအရာက မင်းရဲ့ မူလ ပန်းတိုင်တစ်ခု ဖြစ်လို့ မရဘူး..။ဒီလို ပန်းတိုင်မျိုး ရှိနေတယ် ဆိုတာက အတော်လေးကို ခက်ခဲတယ်..။ဘဝအခြေအနေ တစ်ခုမှာတောင် ဒါက မလုံလောက်ဖူးလေ..။ရှင်သန်ဖို့ အတွက် ဆိုရင်တော့..မင်းက အသက်ဆက်ပြီး ရှင်သန်နေရမယ်..ဒါပေမဲ့..မင်းက ရှင်သန်ဖို့ အတွက်ပဲ ..အသက်ရှင်နေမယ်ဆိုရင်တော့..ဘာများထူးခြားသွားမှာ မို့လို့လဲ..။ထပ်ပြောရရင်..မင်းက ပိုပြီး ကြီးမားတဲ့ အရာကို မမျှော်မှန်း ထားပဲ..လိုအပ်တဲ့အရာကိုပဲ လုပ်ကိုင်နေမယ် ဆိုရင်..ဘာမှ ဆက်ပြီး ဖြစ်လာနိုင်မှာမဟုတ်ဘူး..။ဒါက မင်းကို..တစ်ခြား ပိုမိုလုပ်ကိုင်ချင်..လုပ်ကိုင်ရဲတဲ့ လူတွေထက်ပိုပြီး..အားနည်းသွားစေလိမ့်မယ်..။ပြီးတော့..အဲဒီအားနည်းချက်ကပဲ..မင်းရဲ့ အသက်ကို ယူဆောင်သွားမှာပဲ..”

သူ့ရဲ့ အသံက တဖြည်းဖြည်းနဲ့ တိမ်ဝင်လာြပီးနောက်မှာတော့..ဆန်နီ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပါတယ်..။ရိမ်းက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး..

“အာ…ဆန်နီ..”

သူ မျက်တောင် အနည်းငယ်ခတ်လိုက်တယ်..။

“အင်း…ဆောရီး..ဒီတော့…”

‘ကောင်းပြီလေ…ဘာသိလို့လဲ..။သင်ယူဖို့ အကောင်းဆုံးနည်းလမ်းက သင်ကြားပေးခြင်း ဆိုပြီး ပြောနေကြတာက တကယ်ကို မှန်ကန်တယ်လို့ ထင်တာပဲ’

ဆန်နီက သူ့မှာရှိနေတဲ့ အသိပညာလေး အနည်းငယ်ကို သူ့ရဲ့ ဂရုတစိုက်နားထောင်နေတဲ့ တပည့်ကို ရှင်းပြနေတဲ့ အချိန်မှာပဲ..ပိုပြီးသန်မာလာချင်တယ် ဆိုတဲ့ သူ့ရဲ့ ပန်းတိုင်လေးကို မတော်တဆ ပြိုလဲသွားစေခဲ့မိပါတယ်..။ဆန်နီ ရိမ်းကို ပြောပြနေတဲ့ အရာရာတိုင်းက သူ့ကိုယ်သူ ပြန်ပြောနေခဲ့သလိုပါပဲ..။သူက သူ့ရဲ့တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်ခဲ့ဖူးတဲ့..အတတ်နိုင်ဆုံး ရှင်သန်ဖို့ကြိုးစားမယ်ဆိုတဲ့ အရာကို..အရင်ကတည်းက စွန့်ပစ်ခဲ့ပြီ ဖြစ်ပြီး အခုချိန်ဆိုရင်..ပိုပြီး လိုချင်နေခဲ့ပါပြီ..။

သို့ပေမယ့်..သူ့ရဲ့ လွတ်လပ်ပြီး..ဂုဏ်သိက္ခာရှိရှိ နေချင်တယ် ဆိုတဲ့ စိတ်ဆန္ဒက ..နစ်ဖီရဲ့ စိတ်အားထက်သန်ပြီး..အရာရာတိုင်းကို စတေးပစ်နိုင်မူတွေကို တကယ်ပဲ နှိုင်းယှဉ်နိုင်ပါ့မလား..။သူက ဒီလို သာမန် ပန်းတိုင်လောက်လေးနဲ့..သူမကို ကျော်တက်နိုင်ပါ့မလား..။

ဒါက..ဆန်နီကို တွေးစရာတွေ အများကြီး ပေးထားခဲ့ပါတယ်..။

သူက ရိမ်းကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်..။

“ ကိုယ်ခံပညာကို ကျွမ်းကျင်တတ်မြောက်တယ်ဆိုတဲ့ အပိုင်းမှာ..အရည်အသွေး နှစ်ခုအဖြစ် ခွဲခြားသိနိုင်တယ်..။ခန္တာကိုယ်ကို ကျွမ်းကျင်ခြင်းနဲ့..စိတ်ကို ကျွမ်းကျင်ခြင်း ပဲ..။မင်းရဲ့ ခန္တာကိုယ်ကို လေ့ကျင့်လို့ ရပေမယ့်..မင်းရဲ့ စိတ်ကတော့..အနည်းငယ်..လှည်းစားနိုင်စွမ်းရှိတယ်..။မင်းက ကိုယ်ခံပညာရဲ့ အနှစ်သာရကို..နားလည်နိုင်ပြီး..မင်းရဲ့ အစစ်အမှန် အမြုတေကို ဆုပ်ကိုင်နိုင်မယ် ဆိုရင်..မင်က..ကိုယ့်ရဲ့ စိတ်ကို ကြည်လင်ပြတ်သားအောင် ထိန်းချုပ်နိုင်သွားပြီ..”

…..

ဆန်နီ ကိုယ်ခံပညာနဲ့ ပတ်သက်ပြီး အခြေခံ ဥပဒေသတွေကို အချိန်တစ်ချို့ကြာအောင်..ရှင်းပြနေခဲ့တယ်..။အနည်းဆုံးတော့..သူ နားလည်ထားသမျှကို ရိမ်း နားလည်နိုင်အောင် ပြောပြနေခဲ့ပါတယ်..။အဆုံးမှာတော့..သူမက သူပေးချင်တဲ့ အသိပညာတွေကို ဆုပ်ကိုင်နိုင်ရဲ့လား ဆိုတာ သေချာမသိပေမယ့်..အနည်းဆုံးတော့..သူက စတင်လိုက်နိုင်ခဲ့ပါပြီ..။

သူ့ရဲ့ ပညာရေး အခြအနေကို ပြန်တွေးကြည့်လိုက်ရင်..ဆန်နီ အနေနဲ သူမကို အပြစ်တင်လို့လည်း မရပါဘူး..။တိုက်ပွဲတစ်ခုကို အမှန်တကယ် မကြုံတွေ့ထားတဲ့..သူ့ရဲ့ သဘောတရားကို နားလည်နိုင်ဖို့ ဆိုတာက..ခက်ခဲတာ ဒါမှမဟုတ် မဖြစ်နိုင်တာတောင်..ပိုပြီး ဖြစ်နိုင်ပါတယ်..။သူက ပထမအိပ်မက်ဆိုးကို အနိုင်ယူတာ ၊ မေ့ပျောက်ကုန်းမြေပေါ်မှာ အသက်မသေဆုံးဖို့ အတွက် ရက်ပေါင်းများစွာ ကြာအောင်..တိုက်ခိုက်တာတွေ ပြုလုပ်ပြီးကာမှ..နစ်ဖီကို စတင်တွေ့ခဲ့ရတာပါ..။ဒါတောင်မှ..သူ့ရဲ့ စိတ်ကြည်လင်ပြတ်သားတဲ့ အခြေနေကို ရောက်မယ့် အခိုက်အတန့်မှာ..ကြေးခွံသားရဲ ခေါင်းဆောင်ရဲ့သတ်ဖြတ်တာကို ခံရတော့မလို့ပါပဲ..။

ဒီနေရာမှာ..ဘာကြေးခွံသားရဲခေါင်းဆောင်မှ မရှိတာကြောင့်..ဆန်နီက သူမကို ဓားတစ်ချောင်းကိုင်ပြီး..တိုက်ခိုက်ခိုင်းလို့ မရနိုင်ပေ..။

ဒီတော့..အခုချိန်မှာ..ဒါက သူလုပ်ကို လုပ်ရမယ့် အရာပါပဲ..။

နှုတ်နဲ့ ဝေမျှတဲ့ သင်ခန်းစာ ပြီးဆုံးသွားတဲ့ အချိန်မှာတော့..ဆန်နီဟာ..အခြေခံ ခြေရွေ့ကွက်တွေနဲ့..သူတော်စင်ရဲ့ ဟန်ပန်ကို ရိမ်း ကို သင်ကြားပေးလိုက်ပါတယ်..။ပြီးတဲ့အချိန်မှာတော့..သူမ ဒီအရာတွေကို လေ့ကျင့်ဖို့ ခက်ခဲနေခဲ့တာကို ကြည့်နေခဲ့တယ်..။တိုးတက်မူက နှေးကွေးတယ် ဆိုပေမယ့် သူမက တကယ်ကို အရည်အသွေးရှိတဲ့ ကလေးတစ်ယောက်ပါ..။အခုတော့..သူမကို နောက်ပြန်ဆွဲထားတဲ့ အရာက သူမရဲ့ အားနည်းနေတဲ့ အရာတစ်ခုတည်းပါပဲ..။

သို့ပေမယ့် ဒါက အဆင်ပြေပါသေးတယ်..။တစ်စုံတစ်ယောက်က ဆယ်ကျော်သက်မိန်းကလေး တစ်ယောက် ဆီကနေ နိုးထသူ တစ်ယောက်လို သန်မာဖို့ မျှော်လင့်ထားလို့ မရပါဘူး..။ဒါပေါ့ သူမရဲ့ ခန္တာကိုယ်က လေ့ကျင့်ပေးလို့ ရပါတယ်..။ရိမ်းက..သွေးစွန်းနေတဲ့ လူတစ်ယောက်လိုတော့..ဘယ်တော့မှ သန်မာပြီး ခံနိုင်ရည်ရှိလာခဲ့မှာတော့ မဟုတ်ပေ..။

အရင်တုန်းကတော့..ဆန်နီလည်း အဲဒီလို မဟုတ်ခဲ့ပါဘူး..။သူ့ရဲ့ ညံ့ဖျှင်းတဲ့ ခန္တာကို ဖွဲ့စည်းပုံ အချိုးအစားကြောင့်..သူက..ကတ်စတာ တို့..မာစတာရွန် တို့လို ရုပ်ပိုင်းဆိုင်ရာ..သန်မာမူမျိုးတွေ မရှိခဲ့ပေ..။သို့ပေမယ့် ဒီအရာကို ကဏ္ဌစွမ်းရည်တွေ၊ အပိုင်းအစ စုပ်ယူမူတွေ ၊ အဆီအနှစ်တွေကို တိတိကျကျ ထိန်းချုပ်နိုင်တာတွေနဲ့ ပြန်ဖာထေး လို့ရပါတယ်..။

ထပ်ပြောရရင် ထက်မြက်တဲ့ လက်နက်တွေကလည်း တန်းတူညီမျှ ဖြစ်အောင် လုပ်ပေးတဲ့ အရာတွေ ပါပဲ..။လက်နက်တစ်ခု ရဲ့ ရည်ရွယ်ချက်က သေစေနိုင်တဲ့ တိုက်ခိုက်မူမျိုးကို ပြုလုပ်တဲ့ အချိန်မှာ..အသုံးပြုရတဲ့ ခွန်အားကို လျော့ချနိုင်ဖို့အတွက်ပါ..။တစ်စုံတစ်ယောက်က ရန်သူကို လက်သီးနဲ့သတ်ဖြတ်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ရင်..နည်းစနစ်နဲ့ ကျွမ်းကျင်မူတွေက စစ်မှန်ထက် ခွန်အားထက် ပိုပြီး အရေးကြီးပါတယ်..။

ပြီးတော့..သူတော်စင်ရဲ့ တိုက်ပွဲဟန်ပန်က..ဒီလိုအားသာချက်တွေကို ..လျော့ကျသွားအောင် ဆောင်ရွက်ပေးနိုင်တဲ့ အရာပါ..။

…အတော်ကြာပြီးတဲ့ အချိန်မှာတော့..ဆန်နီက ရိမ်း ရဲ့ လေ့ကျင့်နေမူဟာ လုံလောက်သွားပြီလို့ သတ်မှတ်လိုက်တယ်..။မိန်းမငယ်လေးက လုံလောက်အောင်..မောပန်းနေပြီး..သူမကို ထပ်ပြီး တွန်းအားပေးနေတာက ဘာကောင်းကျိုးမှ ရှိလာမှ မဟုတ်ပါဘူး..။သူက သူမကို ရပ်တန့်ဖို့ ညွှန်ကြားလိုက်ပြီး..လေ့ကျင့်ရေး လက်နက်တွေကို စင်ပေါ်ကို ပြန်တင်ပေးလိုက်တယ်..။ပြီးတာနဲ့ အဆုံးမရှိတဲ့ စမ်းချောင်းကို ထုတ်ယူပြီး..ပင်းပန်းနေတဲ့ မိန်းကလေးကို ကမ်းပေးလိုက်ပါတယ်..။

ရိမ်းက အသက်ကို အမောတကော ရူနေရပြီး..သူမရဲ့ ဖြူဖျော့တဲ့ မျက်နှာမှာ ချွေးတွေ စိုရွဲနေခဲ့တယ်..။လှပတဲ့ ဖန်ပုလင်းလေးကို သတိထားမိလိုက်တဲ့ အချိန်မှာတော့..သူမက စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပါတယ်..။

“ဝိုး..ဒါက မှတ်သားမူ တစ်ခုလား.”

ဆန်နီ စိတ်ဝင်စားသွားခဲ့တယ်..။

“သေချာတာပေါ့..။ဘာလို့ မေးတာလဲ..”

မိန်းကလေးက..အဆုံးမရှိတဲ့ စမ်းချောင်းကို ဆုပ်ကိုင်ထားခဲ့ပြီး..ဟိုဖက် ဒီဖက်ကို လေ့လာကြည့်လိုက်ကာ..သိချင်စွာနဲ့ ရေအနည်းငယ် သောက်ကြည့်လိုက်ပါတယ်..။

“မသိသေးဘူးလား..။ညီမက..တကယ့် မှတ်သားမူ တစ်ခုကို အရင်က တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူးလေ..။ဒါက..ဒါက အစစ်အတိုင်းပဲ..ဂ

သူက သူမကို အံ့ဩသင့်စွာ စိုက်ကြည့်လိုက်တယ်..။

“ဒါက တကယ့် အစစ်ပဲလေ..။မင်းက ဘာတွေ ပြောနေတာလဲ..”

ရိမ်းက သူ့ကို လှမ်းကြည့်လိုက်ပြီး..ရေကို လောဘတကြီး သောက်လိုက်တယ်..။ပြီးတာနဲ့..အဆုံးမရှိတဲ့ စမ်းချောင်းကို တွန့်ဆုတ်စွာ ပြန်ကမ်းပေးလာခဲ့ပါတယ်..။

“ဒီဟာကို..မွန်းစတား တစ်ကောင်ကို သတ်ပြီး ရခဲ့တာလား..ဒါမှမဟုတ် ဝယ်ခဲ့တာလား..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..ခနလောက်တွေဝေ နေခဲ့တယ်..။ပြီးမှ..သုန်မုန်စွာ ပြောလိုက်ပါတယ်..။

“တကယ်တော့..ဒါက လက်ဆောင်တစ်ခုပဲ..”

သူမက အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။

“အိုး..သူငယ်ချင်းတစ်ယောက် ဆီကပေါ့..”

သူ မျက်နှာရှုံ့မဲ့ သွားခဲ့ပြီး..

“မဟုတ်ဘူး..သူငယ်ချင်း ဆီက မဟုတ်ဘူး..”

ယင်းနောက်..ဆန်နီက အဆုံးမရှိတဲ့ စမ်ချောင်းကို ပြန်သိမ်းလိုက်ပြီး..ဓာတ်လှေကား ဆီကို ဦးတည်သွားလိုက်ပါတယ်..။

“ဘာပဲဖြစ်ဖြစ်..မင်းသွားဖို့ အချိန်ရောက်ပြီ..။မဟုတ်ရင် မင်းရဲ့ မိဘတွေက ငါမင်းကို ပြန်ပေးဆွဲထားတယ် လို့ ထင်နေကြဦးမယ်..။အိုး…”

သူက ခနလောက် တွေးပြီးကာမှ..ထပ်ပြောလိုက်တယ်..။

“အင်း..ရေခဲသေတ္တာထဲမှာ ရေခဲမုန့် တစ်ချို့ ရှိသေးတယ် ထင်တယ်.။မင်း မသွားခင်စားသွား လို့ ရတယ်..။စားချင်ရင်ပေါ့..။ဒါပေါ့..အယ်ဖီက အကုန်မစားသွားဘူး ဆိုရင်တော့..ရှိနေဦးမှာပါ..’

ရိမ်းက တခစ်ခစ် ရယ်မောလိုက်ပြီး..စိတ်ကျေနပ်နေတဲ့ အမူအရာနဲ့ သူ့နောက်ကနေ လိုက်လာခဲ့ပါတယ်..။

ဓာတ်လှေကားထဲကို မဝင်ခင်မှာတော့..သူမက အိပ်မက်ရူခင်း သေတ္တာကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မေးလာခဲ့တယ်..။

“စကားမစပ်..အိပ်မက် ပြိုင်ပွဲက နောက်ရက် အနည်းငယ် ဆိုရင် စတင်တော့မှာနော်..။အဲ့မှာ ဝင်ပြိုင်ဦးမှာလား..”

ဆန်နီ နှာခေါင်းရှုတ်လိုက်ပြီး..ခလုတ်ကို နိုပ်ကာ ဓာတ်လှေကားကို အပေါ်ဆီ တက်သွားစေလိုက်ပါတယ်..။

“ငါ့ ပုံစံက ကစားကွင်းကို သွားပြီး ကလေးတွေနဲ့ ကစားဖို့ အချိန်ရှိတဲ့ ပုံစံပေါက်နေလို့လား..။ငါ့မှာ လုပ်စရာတွေ ရှိနေသေးတယ်..သိရဲ့လာ..”

ရိမ်းက သူ့ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

“အင်း ..သဘောပေါက်ပြီ..။ဒါပေမဲ့ စိတ်မကောင်းစရာပဲ..။ဒီနှစ် အဓိက ဆုက အတော်လေးကို အံ့ဩဖို့ကောင်းတယ်လို့ ကြားထားခဲ့တာ..။ဒါပေါ့..နင်ကတော့. ဒီဆုကို ရနိုင်လောက်မှာ မဟုတ်ဘူးလေ..။ဒါပေမဲ့ တစ်ခြား ဆု အသေးလေးတွေကလည်း အများကြီး ရှိနေသေးတယ်..”

ဆန်နီ ရဲ့ အမူအရာက နည်းနည်းလောက် ပျောက်လဲသွားခဲ့တယ်..။

တံခါးပွင့်သွားတဲ့ အချိန်မှာတော့..သူက ရိမ်းကို ကြည့်ပြီး အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပါတယ်..။ပြီးတဲ့နောက်မှ..အတော် ..အတော်ကို စိတ်မဝင်စားတဲ့ လေသံနဲ့ ပြန်ပြောလာခဲ့ပါတယ်..။

“အိုး..တကယ်လား..။အဲဒီမှာ ဆုတွေ ရှိတယ်ပေါ့..။ဟင်..ဘယ်လောက်တောင် စိတ်ဝင်စားစရာလဲ..။အင်း..အတိအကျဆိုရင်ရော..ငါတို့က ဘယ်လို ဆုတွေ အကြောင်းကို ပြောနေကြတာလဲ..”

အပိုင်း ( ၅၃၀ ) ပြီး၏။

All Chapters