← Chapters

ခမ်းနားတဲ့ တိုက်ပွဲ..

Vol. 36 Ch. 533

ခမ်းနားတဲ့ တိုက်ပွဲ..

Vol. 36 Ch. 533

အစီစဉ်တင်ဆက်သူက..ခွေးသား အကြောင်းကို ပြောလိုက်တာနဲ့ ပြသမူတွေက အနက်ရောင် အကာအကွယ်ကို ဝတ်ထားတဲ့ ကြောက်မက်ဖွယ် ပုံရိပ်တစ်ခုဆီကို ရောက်သွားခဲ့တယ်..။သူက အိုဒါချီ ဓားကို ပုခုံးပေါ်မှာတင်ပြီး သစ်တောထဲမှာ တည်ငြိမ်စွာ လမ်းလျောက်နေခဲ့တာပါ..။အလင်းရောင်လုံးဝ ရှိမနေခဲ့တဲ့နတ်ဆိုးမျက်နှာဖုံးရဲ့ မျက်လုံးတွေကတော့..ကင်မရာကိုတည့်တည့် စိုက်ကြည့်နေခဲ့ပါတယ်..။သူ့ရဲ့နောက်မှာတော့..အမှောင်ထုတစ်ခုတည်းသာ ရှိနေတဲ့ ပုံပါပဲ..။

ခွေးသား စခရင်ပေါ်မှာ ပေါ်လာတာနဲ့..ပရိတ်သတ်တွေက..လုံးဝကို..တက်ကြွလာခဲ့ကြတယ်..။

“ရက်စ်…အဲတာ မွန်ဂရယ် ပဲ..”

“အရှင်သခင်ကို ကြိုဆိုပါတယ်.”

“အာ…မွန်ဂရယ်က ဘယ်သူလဲ..”

“..မင်းပြောချင်တာက..အရှင်မကို ကြိုဆိုပါတယ် လို့လား..”

ဒီမီ ရယ်မောလိုက်တယ်..။

“အာ..ဟုတ်တယ်..။ဒီတစ်ယောက်..။ကောင်းပြီလေ..မွန်ဂရယ် ( ခွေးသား ) က တကယ်ကို လေးစားစရာကောင်းတဲ့..တိုက်ခိုက်ရေးသမားတစ်ယောက်ပဲ..။ဒါပေမဲ့ ရလာဒ်တွေက လူတိုင်းထင်ထားသလိုမျိုး ဖြစ်လာတတ်တာ မဟုတ်ဘူး..။နှစ်တိုင်း နှစ်တိုင်း မှာ တူညီတဲ့ အရာတွေက ဖြစ်နေကြတာလေ..။ပြိုင်ပွဲရဲ့ နောက်ဆုံးနားကို ရောက်တဲ့ အချိန်ကြရင်..ကြီးမားတဲ့ အဖွဲ့နှစ်ဖွဲ့က တိုက်ခိုက်ကြလိမ့်မယ်..။တစ်ခုက အိပ်မက်ရူခင်း ရဲ့ ထူးချွန်သူတွေ ဖြစ်ပြီး..နောက်တစ်ခုက..ဆုလာဘ်ရဲ့ ဆွဲဆောင်မူကြောင့် အသစ်ရောက်ရှိလာကြတဲ့ သူတွေပဲ..။သမိုင်းကြောင်းအရ ဆိုရင်..လူသစ်တွေက ပိုမို လုပ်ပြနိုုင်စွမး် ရှိကြတယ်လေ..”

သူ သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်တယ်..။

“ထပ်ပြောရရင်..ငါတို့က မွန်ဂရယ် အကြောင်းကို တကယ် သိထားကြတာ မဟုတ်သေးဘူး..။သေချာတာပေါ့..သူ့မှာ လေးစားဖို့ကောင်းလောက်တဲ့ မှတ်တမ်းတစ်ခု ရှိနေခဲ့တယ်..ဒါပေမဲ့..သူ အနိုင်ရထားတဲ့ ပွဲအများစုက သာမန်လူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ထားခဲ့တာလေ..။သူက အကောင်းဆုံး ထဲက အကောင်းဆုံးတွေနဲ့ ရင်ဆိုင်တွေ့လို့ရှိရင်..ဘာဖြစ်လာမလဲ..ဘယ်သူသိနိုငမလဲ..။တကယ်လို့ ငါသာ လောင်းရမယ် ဆိုရင်..ငါ့ရဲ့ ငွေတွေက..ပျား ဘုရင်မ ဆီမှာ ရှိနေဦးမှာပဲ..။တကယ်လို့..အသစ်ရောက်လာတဲ့ လူတွေနဲ့ ယှဉ်ပြီး တစ်စုံတစ်ယောက်မှာ..အခွင့်အရေး ရှိနေတယ် ဆိုရင် အဲတာက သူမပဲ ဖြစ်လိမ့်မယ်..”

ဆိုင်းလပ်က အကြိမ်အနည်းငယ် ခေါင်းညိမ့်လိုက်တယ်..။ဒါက..သူ လိုလိုလားလား နဲ့ သ‌ေဘာတူတယ်ဆိုတာက..ဖော်ပြနေခဲ့တာပါ..။

“သေချာတာပေါ့..ဒါပေမဲ့..အဲလိုဆိုရင်တောင်..မွန်ဂရယ် အကြောင်းကို ပြောရဦးမှာပဲ..။လူတိုင်းက အဲဒီကြောက်မက်ဖွယ်ကောင်းတဲ့ မျက်နှာဖုံးရဲံ အောက်မှာ ဘယ်သူရှိသလဲ ဆိုတာကို သိချင်နေကြတာလေ..။ပြီးတော့..ဒီမီ..ခင်ဗျားရဲ့ အကြောင်းကို သိထားတဲ့ သူတွေကတော့..ခင်ဗျားမှာ ဒီအတွက် မှန်းဆချက်တွေ ရှိထားပြီးပြီ ဆိုတာကို သိထားကြလိမ့်မယ်..”

လူအိုကြီးဟာ ပြုံးလိုက်တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့..စိတ်လှုပ်ရှားမူကြောင့်..တောက်ပသွားခဲ့ပါတယ်..။

“ဒီမေးခွန်းက တကယ်ကို ပျော်ဖို့ကောင်းတဲ့ အရာပဲ..။တကယ်တော့..ငါ့ဆီမှာ သီအိုရီ တစ်ခု ရှိထားတယ်..”

….

“ယှဉ်ပြိုင်သူ..အရှင် ကိုးဗတ် ထုတ်ပယ် ခံရပါပြီ..”

“ယှဉ်ပြိုင်သူ..ဖရိုင်း ထုတ်ပယ် ခံရပါပြီ..”

“ယှဉ်ပြိုင်သူ အီရက် ထုတ်ပယ် ခံရပါပြီ..”

ဆန်နီဟာ အဖြူရောင် အလင်းစက်တွေ အဖြစ် ပြောင်းလဲနေကြပြီ ဖြစ်တဲ့ သူ့ရဲ့ ခြေထောက်အောက်က..အလောင်း သုံးလောင်းကို စိုက်ကြည့်နေခဲ့တယ်..။ဒီ နိုးထသူ သုံးယောက်က သူ့ကို အုပ်စုဖွဲ့ပြီး တိုက်ခိုက်လာခဲ့ကြတာပါ..။သူတို့ရဲ့ ကျွမ်းကျင်မူတွေက သိပ်မဆိုးပဲ..လေးစားဖို့ကောင်းပေမယ့်..သူ့အနေနဲ့ ဒီသုံးယောက်ကို တစ်မိနစ်အတွင်းမှာတင် ရှင်းပစ်ဖို့ ပြသနာ မရှိခဲ့ပါဘူး..။

သူတို့ရဲ့ ရန်သူက ဘယ်သူလဲ ဆိုတဲ့ အချက်ကို ထည့်တွက်မယ် ဆိုရင် သူတို့က စက္ကန့်အနည်းငယ်လောက် တောင့်ခံနေနိုင်တာကတင်..အံ့ဩစရာ ကောင်းတဲ့ ရလာဒ်တစ်ခု ဖြစ်နေခဲ့ပါပြီ..။

ဆန်နီဟာ..အိုဒါချီဓားကို‌ လေထဲမှာ ဝေ့ယမ်းကာ သွေးစက်တွေကို ဖယ်ရှားလိုက်ပြီး..ဆက်လက် လျောက်သွားလိုက်တယ်..။

..ပုံမှန်ဆိုရင်တော့..သွေးစက်တွေကလည်း အဖြူရောင်အလင်းစက်တွေ အဖြစ်ပြောင်းသွားတဲ့ အတွက် သူက ဓားကို ဝေ့ယမ်းပြီး သန့်ရှင်းစရာ မလိုအပ်ပါဘူး..။သို့ပေမယ့်..ဒါက သူ့ရဲ့ အလေ့အကျင့်တစ်ခုလို ဖြစ်နေခဲ့ပြီးပါပြီ..။ဒီလိုလုပ်ရတာ အရမ်းမိုက်တဲ့ အချက်ကိုတော့..ပြောနေစရာတောင် မလိုတော့ပေ..။

အမှန်အတိုင်းဆိုရင်..ဒီတိုက်ပွဲက သူ ဖော်ပြထားသလောက်လည်း..လွယ်ကူနေခဲ့တာ မဟုတ်ပါဘူး..။နိးထသူ တစ်ယောက်ချင်းစီတိုင်းက ပြိုင်ဖက်ကင်း စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတာကြောင့် အတော်လေးကို အန္တရာယ်များပါတယ်..။သူတို့က တွက်ချက်မူတွေ ၊ အရင်းအမြစ်တွေ ၊ မခန့်မှန်းနိုင်မူတွေနဲ့ ပြည့်နေခဲ့ကြတာပါ..။ဒါကြောင့် သူက တိုက်ပွဲကို ခါတိုင်းထက်ပိုပြီး ရက်ရက်စက်စက် အဆုံးသတ်ခဲ့ရတာပါ..။

လတ်တလော မှာတော့..ဆန်နီက သူ့ကိုယ်သူအားဖြည့်ဖို့အတွက် ဘယ်အရိပ်ကိုမှ အသုံးမပြုထားခဲ့ပေ..။သူက ဒီလိုမလုပ်ဘူးဆိုတာကို အစောကတည်းက ဆုံးဖြတ်ထားခဲ့ပါတယ်..။ဘာလို့လဲ ဆိုတော့..ရင်သူကို ကြီးမားတဲ့ အင်အားအသုံးပြုပြီး..နင်းခြေ တာက..သူ့ရဲ့ အဓိက ပန်းတိုင်ဖြစ်တဲ့..တိုက်ပွဲနည်းစနစ်တွေ ၊ တိုက်ပွဲ ဟန်ပန်တွေကို လေ့လာတဲ့နေရာမှာ အတားအဆီးဖြစ်စေနိုင်ပါတယ်..။

ဒီတော့..သုန်မုန်တဲ့ အရိပ်က သူ့ရဲ့ ပုံမှန်အရိပ်လို ဟန်ဆောင်နေခဲ့ပြီး.ကျန်တဲ့ အရိပ်နှစ်ခုကတော့..သူ ဆံပင်အရောင်ကို ပြောင်းလဲထားတဲ့..ဆောင်ဦးသစ်ရွက် မှတ်သားမူကို..ရစ်ပတ်ထားခဲ့ကြပါတယ်..။ဒီအရာက ဘာရည်ရွယ်ချက်မှ မရှိတာကြောင့်..ဒီအားဖြည့်မူက သူ့ကို ဘာအားသာချက်မှ မပေးထားခဲ့ပေ..။

…သို့ပေမယ့် သူ့ရဲ့ ဆံပင်တွေကတော့..အတော်‌ေလးကို ကြည့်ရကောင်းလာခဲ့ပါတယ်..။

မျက်နှာဖုံးရဲ့ အောက်ဖက်မှာတော့…ဆန်နီက ပြုံးပြီး ရှေ့ကို ဆက်သွားလိုက်တယ်..။သူက ပထမဆုံး ဦးဆောင်သူ စာရင်း မကြေညာခင်မှာ..သူ သတ်နိုင်သလောက် ကစားသမားတွေ အများကြီးကို သတ်ဖို့ ပြင်ဆင်နေခဲ့တာပါ..။

နိုးထသူ သုံးယောက်နဲ့ တွေ့လိုက်ရတာက..အရည်အချင်းစစ်ပြိုင်ပွဲဖြစ်တဲ့ တော်ဝင်တိုက်ခိုက်ရေး ပုံစံရဲ့ ပြသနာကို..သတိထားမိသွားစေခဲ့ပါတယ်..။စစ်မှန်တဲ့ အင်အားကြီးတွေ ပေါ်ထွက်လာပြီ ဆိုရင်..အားနည်းတဲ့ ပြိုင်ပွဲဝင်တွေက အဖွဲ့တွေ ဖွဲ့ကြပြီး..ဒီလူတွေကို စတင် အမဲလိုက်တော့မှာပါ..။

မကြာခင်မှာပဲ..ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေက သူ့ကို ဝိုင်းဝန်းပြီး တိုက်ခိုက်လာနိုင်ပါတယ်..။

ဆန်နီက ကိုယ့်ရဲ့ ကျွမ်းကျင်မူအပေါ်ကို ယုံကြည်မူရှိတယ် ဆိုပေမယ့်လည်း ဒီလောက် အခြေအနေအထိတော့ မဟုတ်သေးပါဘူး..။အိပ်မက်ကမ္ဘာထဲက အနက်ရှိုင်းဆုံးနေရာမှာ..ရက်ပေါင်းများစွာကြာအောင် ကုန်ဆုံးပြီး အမြဲတမ်းတိုက်ပွဲ ဝင်နေတဲ့ သူ့လိုလူတစ်ယောက်အတွက်တောင်..ဒီလို တိုက်ပွဲက မလွယ်ကူလှပါဘူး..။

“ဒီ တော်ဝင်တိုက်ပွဲက ငါထင်ထားတာထက် အများကြီး ပိုခက်ခဲလာတော့မယ်..”

ဆန်နီ ရဲ့ အတွေး မပြီးဆုံးသေးခင်မှာပဲ..သူဘေးနားမှာရှိနေတဲ့ ရှေးဟောင်းသစ်ပင်ကြီးက ရုတ်တရက် သစ်သား အပိုင်းအစတွေနဲ့ အတူ ပေါက်ကွဲထွက်သွားခဲ့တယ်..။ပြီးတော့..တစ်ခုခု ချွန်ထက်တဲ့ အရာတစ်ခုက..သူ့ဆီကို မယုံနိုင်စရာ အရှိန်နဲ့ တိုးဝင်လာခဲ့ပါတယ်..။သူ ကျိန်ဆဲလိုက်ရင်း ဘေးဖက်ကို ရွေ့လျားကာ လက်မတင်လေး ရှောင်တိမ်းနိုင်လိုက်တယ်..။

ခနအကြာမှဦတော့..ကြီးမားတဲ့ မြားတစ်စင်းက..သူ့ကို ဖြတ်သန်းသွားခဲ့ပြီး နောက်ထပ် သစ်ပင်ကြီးတစ်ပင်ရဲ့ ခြေရင်းကို..စိုက်ဝင်သွားခဲ့ပါတယ်..။ဒါက အတော်လေးကို ရှည်လျားပြီး..တုန်ခါနေခဲ့တယ်..။

ဆန်နီ ပုခုံးနဲ့ မြေကြီးပေါ်ကို လှိမ့်ချလိုက်ပြီး..မြားကို တစ်ချက်ကြည့်ကာ ရှေ့ကို ချက်ချင်း ပြေးထွက်သွားခဲ့လိုက်တယ်..။

‘ချီးပဲ..စနိုက်ပါ တစ်ခုပဲ..’

တစ်စက္ကန့်ကြာပြီး နောက်မှာတော့..နောက်ထပ် မြားတစ်ချောင်းက ကောင်းကင်ပေါ်ကနေကျလာပြီး သူ အစောက ရှိနေခဲ့တဲ့ မြေကြီးနေရာကို စိုက်ဝင်သွားခဲ့ပါတယ်..။

ဆန်နီ အံကို ကြိတ်ထားလိုက်ပြီး ဆက်လက် ပြေးနေခဲ့တယ်..။

….

မရေမတွက်နိုင်တဲ့ စခရင် မျက်နှာပြင်တွေမှာတော့..ပုခုံးကျယ်ကျယ် နဲ့ လူငယ်တစ်ယောက်ကို ပြသထားခဲ့တယ်..။သူက အတော်လေးကို ကြီးမားတဲ့ လေးတစ်ခု ရဲ့ ကြိုးကို ဆွဲနေခဲ့တာပါ..။သူ့ရဲ့သန်မာတဲ့ ကြွက်သားတွေက..အမြောင်းလိုက်မြင်တွေ့နေရပြီး..သူ‌ေ လးကြိုးကို လွတ်လိုက်တဲ့ အချိန်မှာတော့..လေးသည်တော် ရပ်နေတဲ့ တောင်ကုန်းပေါ်မှာ ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်..။

အဲ့အချိန်မှာတော့..တင်ဆက်သူ နှစ်ယောက်ဟာ ဒီလူကို ဂရုစိုက်မနေခဲ့ကြပေ..။

“..ဒီလိုဆိုရင်တောင်..ခွေးသားက မေ့ပျောက်ကုန်းမြေပေါ်က ရှင်ကျန်ရစ်သူတွေထဲက တစ်ယောက်မဟုတ်ဘူးဆိုတာကို..ငါ သံသယဖြစ်စရာမလိုပဲ ပြောနိုင်တယ်..။ဒါပေမဲ့..တကယ်တော့..သူက..ညအိမ်တော် ရဲ့ တည်ထောင်သူ ဖြစ်တဲ့ ဒဏ္ဌာရီလာ ညလမ်းလျောက်သူရဲ့ လျို့ဝှက်သားတော်တစ်ပါး တောင် ဖြစ်နေနိုင်တယ်လေ..။အာ…ကောင်းပြီ..ဘာပဲဖြစ်ဖြစ် အဲတာက ငါ့ရဲ့သီအိုရီပဲ..”

ဆိုင်းလပ်က ဒီမီကို ကြီးမားတဲ့ အပြုံးတစ်ခုနဲ့ ကြည့်လိုက်တယ်..။ပြီးတာနဲ့..စကားလမ်းကြောင်းကို ရှေးဟောင်းသစ်တော ဘက်ကို ပြန်ပြီး ပြောင်းပေးလိုက်ပါတယ်..။အခုချိန်မှာတော့..တိုက်ပွဲတွေဖြစ်ပွားမူက တဖြည်းဖြည်း စိတ်လာခဲ့ပြီး..ပြင်းထန်လာခဲ့ပါပြီ..။

“အဲလိုလား..ကောင်းပြီလေ..။အဲဒီ ခန်းနားတဲ့သားတော်က အခုတော့..ပြသနာတက်နေပုံရတယ်နော်..။မွန်ဂရယ် ရဲ့ အောင်မြင်မူတွေက အတော်လေးကို အံ့ဩလောက်စရာကောင်းပေမဲ့..သူက အစောက ပြောခဲ့တဲ့ အသစ်ရောက်လာသူတွေထဲက တစ်ယောက်ကြောင် အခြေအနေမကောင်ဖြစ်နေတဲ့ပုံပဲ..။တစ်ချက်ကြည့်လိုက်ရအောင်..”

စခရင်က မွန်ဂရယ် သစ်တောထဲမှာ ပြေးသွားနေပြီး..ကြီးမားတဲ့မြားတွေ တစ်ခုပြီးတစ်ခု ရှောင်တိမ်းနေတဲ့ ပုံကို ပြသထားခဲ့တယ်..။သူ့ရဲ့ လှုပ်ရှားမူတွေက မြဲမြံ ၊ တိကျ နေခဲ့ပါတယ်..။ဒါက..သူ့ရဲ့ နောက်စေ့မှာ နောက်ထပ် မျက်လုံးတစ်စုံ အပိုပါနေတဲ့ အတိုင်းပါပဲ..။

ဆိုင်းလပ်က မပြောင်းလဲပဲ ရှိနေခဲ့တဲ့ အနက်ရောင် မျက်နှာဖုံးကို ကြည့်ပြီး..ကျောချမ်းသွားခဲ့တယ်..။

“ဝိုး..ကြည့်လိုက်ပါဦး..ဒီလို လှည့်စားထားတဲ့ အခြေအနေမှာတောင်..တည်ငြိမ်ပြီး..ပုံမပျက် ရှိနေနိုင်တာ..။ဘယ်လောက်တောင် ချီးကျူးစရာလဲ..။မွန်ဂရယ်က ဘယ်အရာကိုမှ မကြောက်တဲ့ လူတစ်ယောက်လားလို့တောင် ထင်ရတယ်..။သူ့ကို မြားတွေနဲ့ ဆက်တိုက်ဆိုသလိုဖြစ်နေတာကိုတောင်..ကြောက်ရွံ့နေတဲ့ပုံမဖြစ်ဘူး..။မြားတစ်စင်းစီကလည်း ကျရှုံးမူအဆင့် မွန်းစတားကိုတောင် သေသွားစေနိုင်လောက်တယ် လေ..။အမှန်တကယ်ပဲ..ဒီလူရဲ့ စိတ်ဓာတ်က အတော်ကို မာကျောတယ်..။သူ အချိန်ချိန် ဘာတွေးနေမလဲဆိုတာကိုတောင် ငါ သိချင်သွားပြီ…”

….

‘ဘယ်လို ငရဲမျိုးလဲ..။ဒါက ဘယ်လိုလုပ် မျှတတော့မှာလဲ..။ချီးပဲ..အတော်ဆိုးတယ်…ဒါက အတော်ဆိုးတယ်..။ငါ မသေချင်သေသးဘူး..။ငါ အခု ဘာဆက်လုပ်ရမှာလဲ..’

ဆန်နီဟာ..မျက်နှာဖုံးအောက်မှာ ထိပ်လန့်မူ ၊ ချွေးထွက်မူတွေကို ရင်ဆိုင်နေရပြီး တစ်စင်းပြီးတစ်စင်း မရပ်မနား ရောက်လာနေတဲ့ မြားတွေကို ရှောင်တိမ်းနေခဲ့ရပါတယ်..။

ဘယ်သူက သူ့ကို ပစ်နေတာလဲ ဆိုတာကိုလည်း သူမသိပါဘူး..။သူက ဒီလို ထူထဲတဲ့ ရှေးဟောင်းသစ်ပင်တွေကို ဖောက်ထွင်းပြီး ဘယ်လိုလုပ် ချိန်ရွယ်နေနိုင်ရတာလဲ..။သူ လုပ်နိုုင်တာ ဆိုလို့..ပြေးမယ် ၊ ရှောင်တိမ်းမယ်..ပြီးတော့..ဒီ သေစေနိုင်တဲ့ သတ်ဖြတ်မူတွေအောက်မှာ မသေဆုံးသွားဖို့..သေဆုံးခြင်း နတ်ဘုရားဆီမှာ..ဆုတောင်းဖို့ပါပဲ..။

ကံကောင်းချင်တော့ ခနအကြာမှာပဲ..သိပ်မဝေးတဲ့နေရာမှာ မြေကြီးပေါ်ကို ပေါ်ထွက်နေတဲ့ ကျောက်တုံးကြီး တစ်တုံးကို သူ သတိထားမိလိုက်ပါတယ်..။

သူ ရှေ့ကို တက်သွားလိုက်ကာ နောက်ထပ်ကြီးမားတဲ့ မြားတစ်ချောင်းကို..ရှောင်တိမ်းလိုက်ပြီး..လျိုမြောင်ထဲကို လျောထိုး ဆင်းသွားခဲ့တယ်..။အောက်ဘက်ကို ရောက်သွားတဲ့ အချိန်မှာတော့..သူက ထူထဲတဲ့ သစ်ရွက်တွေ ပြည့်နေတဲ့ အခင်းပေါ်မှာ ကျောကုန်းနဲ့ ဖိပြီး နေနေခဲ့ပါတယ်..။နောက်ဆုံးမှာတော့..သူက အကြင်နာကင်းမဲ့တဲ့ စနိုက်ပါ ရဲ့ လက်ကနေ လွတ်မြောက်သွားခဲ့ပါပြီ..။

ယင်းနောက် ဆန်နီက နောက်ဆုံးမှာ အသက်ကို ပြန်ရူလိုက်ပြီး..ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။

သို့ပေမယ့် သူ ဒီလို လုပ်လိုက်တာနဲ့..သူ့မျက်နှာက ရှုံ့မဲ့သွားခဲ့ပါတယ်..။

‘…ချီးတဲ့မှပဲ…’

ကံတရားရဲ့ စီမံရာအတိုင်းပဲ လျိုမြောင်ထဲမှာ သူတစ်ယောက်တည်း ရှိနေတာ မဟုတ်ပါဘူး..။

ဆန်နီ အဆင်မပြေတဲ့အသံနဲ့ ညဉ်းညူလိုက်ပြီး..အိုဒါချီဓားရဲ့ လက်ကိုင်ကို ဆုပ်ကိုင်လိုက်ကာ..နောက်တစ်ကြိမ် ရှောင်တိမ်းလိုက်ရတယ်..။

ခနအကြာမှာတော့..ရှေးဟောင်းသစ်တောထဲမှာ နောက်ထပ် သာယာဖွယ်အသံက ထွက်ပေါ်လာခဲ့ပါတယ်..။

“ယှဉ်ပြိုင်သူ အာဂစ် ထုတ်ပယ်ခံလိုက်ရပါပြီ..”

အပိုင်း ( ၅၃၃ ) ပြီး၏။

All Chapters