နတ်ဆိုး ဓားသမား
Vol. 36 Ch. 534
ဆန်နီဟာ လျိုထဲမှာ မိနစ်အနည်းငယ်လောက်နေရင်း..သူ့ရဲ့ရွေးချယ်စရာတွေကို စဉ်းစားနေခဲ့တယ်..။ပြီးတော့ လေးသည်တော်က တစ်ခြားပစ်မှတ်ကို ရွေးချယ်သွားဖို့အတွက်လည်း မျှော်လင့်နေခဲ့ပါတယ်..။
သူက ဂိတ်ပေါက် တိုက်ပွဲမှာ တည်နေရာရွေ့ပြောင်းတဲ့ စွမ်းရည်ကို ဖော်ပြထားပြီးပြီဖြစ်ပေမယ့်..ဗီဒီယို ရိုက်ကူးထားမိတဲ့ အရည်အသွေးက အရမ်းနိမ့်နေတာကြောင့်..သူ ဘယ်လိုလုပ်သွားတာလဲ ဆိုတာကို အသေးစိတ်မသိမြင်နိုင်ခဲ့ပါဘူး..။သို့ပေမယ့်..အိပ်မက်ပြိုင်ပွဲမှာက အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း ရိုက်ကူးထားတာပါ..။ဆန်နီက အရိပ်ခြေလှမ်းကို နောက်ထပ်တစ်ကြိမ်အသုံးပြုပြီး မစွန့်စားချင်ခဲ့ပေ..။သူတကယ်..တကယ်ကို အသုံးပြုချင်နေတယ် ဆိုရင်တောင်မှပါ…
သူက သူ့ရဲ့ အရိပ်ကို လေးသည်တော်ဆီကို စေလွှတ်ပြီး..အခြေအနေကို ထောက်လှမ်းတာမျိုးလည်း လုပ်လို့မရတာကြောင့်..ဘာမှမသိနိုင်ဖြစ်နေခဲ့ပါတယ်..။
အကောင်းဆုံး ရွေးချယ်စရာကတော့..ဒီနေရာမှာ အချိန်အတော်ကြာအောင်..ပုန်းအောင်းနေဖို့ပါပဲ..။သို့ပေမယ့် ဒီနေ့မှာတော့..ကံတရားက သူ့ဖက်မှာ ရှိမနေခဲ့ပေ..။သူ ဒီ လျိုမြောင်ကို အကာအကွယ်ယူထားတဲ့ တစ်ခြား နိုးထသူတစ်ယောက်ကို သတ်ဖြတ်ပြီး သိပ်မကြာခင်မှာပဲ…လေပြင်းတိုက်ခတ်သံက ပြောင်းလဲသွားခဲ့ပြီး..နိမိတ်မကောင်းတဲ့ အမှောင်ထုတွေက..ရှေးဟောင်းသစ်ပင်ကြီးတွေရဲ့ အမြစ်နားတွေကို ရွေ့လျားသွားခဲ့ပါတယ်..။
နောက်ထပ် လူတွေ အများကြီးက..ဖယ်ရှားခံနေရတဲ့ အချိန်မှာတော့..ကျန်ရှိနေတဲ့..ပြိုင်ပွဲဝင်တွေက နေရာကျယ်ပြောမူကြောင့် တစ်ယောက်နဲ့ တစ်ယောက်ရှာတွေ့ဖို့ ခက်ခဲလာခဲ့ကြပါတယ်..။ဒီတော့ပြိုင်ပွဲနေရာက အချိန်နဲ့အမျှ တဖြည်းဖြည်း ကျဉ်းမြောင်းသွားဖို့ အတွက် ပုံဖော်ထားခဲ့ပါတယ်..။
ဒီလှပတဲ့ သစ်တောကြီးက သူ့ရဲ့ မူလသဘာဝဖြစ်တဲ့..ကြီးမားတဲံ..အသွေးအသားကို စားသုံးတဲ့ တိုက်တန်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲနေတာကို ကြည့်ရသလောက်တော့..ဒီနှစ်မှာ ပြိုင်ပွဲဝင်တွေ အနေနဲ့ အလယ်နေရာကိုေရွ့လျားကြဖို့ တွန်းအားပေးထားတဲ့ ပုံပါပဲ..။
‘ကောင်းတယ်…။ဒါက သောက်ကျိုးနဲတော့မယ်..’
ဆန်နီ သူ ပုန်းခိုနေတဲ့ ကျောက်တုံးကို စွန့်ခွာပြီး..ကျိန်ဆဲလိုက်ကာ..ဆင်ခြေလျောရဲ့ အပေါ်ကို ပြန်တက်သွားလိုက်ပါတယ်..။
….
အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..စိတ်ပျက်မူတွေ၊ အကာအကွယ်အက်ျီကနေ..အဖြူရောင် အလင်းစက်တွေ ပြုတ်ကျမူနဲ့ အတူပဲ..သူ က သစ်ပင်တွေကြားထဲကနေ လျောက်ထွက်လာခဲ့ကာ..နေရာလွတ်တစ်ခုကို ရောက်လာခဲ့ပါတယ်..။အဲ့နေရာမှာတော့..အဝါရောင် ချပ်ဝတ်အက်ျီကို ဝတ်ဆင်ထားတဲ့ နိုးထသူ တစ်ယောက်ဟာ..ပျောက်ကွယ်နေဆဲဖြစ်တဲ့ အလောင်းကောင် နှစ်ခုရဲ့ အပေါ်မှာ မတ်တတ်ရပ်နေခဲ့ပါတယ်..။သူ့ရဲ့ လက်ထဲမှာတော့..လေးလံတဲ့ စစ်ပွဲသုံး ပုဆိန်တစ်လက်ကို ကိုင်ထားခဲ့တယ်..။သူ နဲ့ ခြေလှမ်းအနည်းငယ် အကွာမှာတော့..လက်မောင်းကို ပတ်တီးစည်းနေတဲ့ နောက်ထပ် မိန်းကလေး တစ်ယောက် ရှိနေပါသေးတယ်..။
လူကြီးက ဆန်နီကို ကြည့်လိုက်ပြီး..မျက်လုံး ကျဉ်းမြောင်းသွားခဲ့တယ်..။
“ကောင်းတယ်..နောက်ထပ် ခွေးသား အတုအယောင်တစ်ယောက် ပဲ..”
သို့ပေမယ့် သူတောင် စကားမပြောနိုင်သေးခင်မှာပဲ..အိုဒါချီ ဓားက သူ့ရဲ့ လည်ပင်းကို ထိုးဖောက်သွားခဲံ ပါတယ်..။ဒီအရာက သူ့ရဲ့ခေါင်းစွပ်နဲ့ ချပ်ဝတ်အက်ျီရဲ့ ကြားထဲက နေရာလွတ်တည့်တည့်ကို တိကျစွာပဲ ထိုးဖောက် ဝင်ရောက်သွားခဲ့တာပါ..။
နိုးထသူရဲ့ ခန္တာကိုယ်က မြေကြီးပေါ်ကို လဲကျသွားတဲ့ အချိန်မှာတော့..သူ့ရဲ့ အဖော်က ဆန်နီကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်..။တိုက်ပွဲဝင် ပုဆိန်ကတော့..သူမရဲ့ လက်ထဲကနေ..ပြုတ်ကျသွားခဲ့ပါပြီ..။
“အိုး..ချီးပဲ…နင်..နင်က တကယ် သူပဲ..”
မိန်းကလေးက တစ်ဖက်ကိုလှည့်ပြီး ထွက်ပြေးဖို့လုပ်လိုက်တယ်..။သို့ပေမယ့် သူမ ဒီလို မလုပ်နိုင်ခင်မှာပဲ..ဆန်နီက သူမ ဆီကို ရောက်နေခဲ့ပြီးပါပြီး..။ပြီးတာနဲ့ သူမရဲ့ တော်ဝင်တိုက်ပွဲမှာ ပါဝင်နေမူကို တစ်ချက်တည်းနဲ့ အဆုံးသတ်ပေးလိုက်ပါတယ်..။
“ယှဉ်ပြိုင်သူ အယ်ဘီ..ထုတ်ပယ် ခံလိုက်ရပါပြီ..”
“ယှဉ်ပြိုင်သူ ဝိုင်..ထုတ်ပယ်ခံလိုက်ရပါပြီ..”
ဆန်နီ သက်ပြင်းချလိုက်ပြီး..ခနလောက် ခံစားချက်မဲ့စွာ ရပ်ရင်း အနားယူနေခဲ့ပါတယ်..။
…သူက အနည်းငယ် ပင်ပန်းတယ် ဆိုတာထက်ကို ပိုနေခဲ့ပါပြီ..။
သို့ပေမယ့် အဆိုးဆုံး အခြေအနေက အခုချိန်အထိ မရောက်လာသေးပါဘူး..။
ရုတ်တရက်..ကျယ်လောင်တဲ့ အသံတွေက တောအုပ်ထဲမှာ ထွက်ပေါ်လာခဲ့ပြီး..အိပ်မက်ရူခင်းကြေညာသူရဲ့ သာယာတဲ့ အသံက ထွက်ပေါ်လာခဲ့တယ်..။
“ ယှဉ်ပြိုင်သူ ၅၀၀ ခန့်သာ ကျန်ရှိပါတော့တယ်..”
“ အရဲရင့်ဆုံး စစ််သည်တော်များကတော့ - မဟာယန ကလန် ရဲ့ ဒါ ( သတ်ဖြတ်သူ ၇၈ ယောက် ) ၊ ဖီရပ်ရှင်း ( သတ်ဖြတ်သူ ၃၃ ယောက် ) ၊ ခွေးသား ( သတ်ဖြတ်သူ ၂၇ ယောက် ) “
ဆန်နီဟာ ကောင်းကင်ပေါ်ကို ကြည့်နေခဲ့တယ်..။အနက်ရောင် မျက်နှာဖုံးအောက်က သူ့ရဲ့ မျက်နှာကတော့..ပြုံးနေခဲံပါတယ်..။
“ သတ်ဖြတ်သူ ၇၈ ယောက် ..။ဝိုး…ဒီမွန်းစတားက ဘယ်သူများလဲ..”
သူ သိထားပြီးသားဖြစ်တဲ့..ထင်မြင်ချက် တစ်ခု ရှိထားပြီးသားပါ..။ပြိုင်ဖက် ၂၇ ယောက်ကို သတ်ဖြတ်တယ် ဆိုတာက အချိန်အများကြီး မကုန်ပေမယ့်..သူတို့ကို ရှာဖွေရတာကတော့..အချိန်ကုန်ပါတယ်..။ဒါပေမဲ့.ကျယ်ပြန့်တဲ့ တောအုပ်အတွင်းမှာ သတ်ဖြတ်မယ့် ရန်သူတွေကို လိုက်လံရှာဖွေဖို့အတွက် တန်ဖိုးရှိတဲ့ အချိန်တွေကို..မသုံးရတဲ့ သူ ဘယ်သူရှိလို့လဲ..။
အဲဒီသောက်ကျိုးနဲ လေးသည်တော်ကတော့..ကျယ်ပြန့်တဲ့ အကွာအဝေးတွေမှာတောင်..သူ့ရဲ့ ပစ်မှတ်တွေကို အာရုံခံနိုင်ပြီး အတားအဆီးမှန်သမျှကို ကျော်လွှားနိုင်တာ ဖြစ်နိုင်ပါတယ်..။
‘ငါက ကစားပွဲကို ပြင်ဆင်ဖို့လိုပြီထင်တာပဲ..’
မွန်ဂရယ် က..တစ်ခြားအမွေအနစ် မင်းသားတွေရဲ့ နောက်မှရောက်နေတယ် ဆိုတာ မဖြစ်သင့်တဲ့ အရာပဲ မဟုတ်ဘူးလား..။
သူ့ရဲံ အတွေးတွေကို ပြန်ဖြေပေးလိုက်တဲ့အလား..ရုတ်တရက် သစ်ပင်တွေရဲ့ နောက်ဖက်ကနေ လူ တစ်ဒါဇင်လောက် ပေါ်ထွက်လာခဲ့တယ်..။ဒီနိုးထသူတွေက လက်နက်မျိုးစုံကို ကိုင်စွဲထားကြပြီး..သူ့ကို ကျေနပ်တဲ့ မျက်နှာ အမူအရာတွေနဲ့ ကြည့်နေခဲ့ကြပါတယ်..။ကြည့်ရတာတော့..သူတို့က ဒီခြုံခိုတိုက်ခိုက်မူ ကိုသေချာ အစီအစဉ်ဆွဲထားတဲ့ ပုံပါပဲ..။ ကောင်းပြီလေ..ဆန်နီက နောက်ဆုတ်စရာ လမ်းမရှိသလို..လွတ်မြောက်နိုင်စွမ်းလည်း မရှိတော့ပေ..။
ပွဲချိန်အတွင်းရလာဒ်တွေကို ကြေညားသွားတာက စက္ကန့်ပိုင်းလေးပဲ ရှိသေးတာကြောင့်..ဒီလူတွေထဲမှာ အနည်းဆုံးတစ်ယောက်ကတော့..အမြင်အာရုံနဲ့ ပတ်သက်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတာ သေချာပါတယ်..။မဟုတ်ရင်တော့..ဒီလူတွေက သူရှိနေတဲ့နေရာကို ဒီလောက်မြန်မြန်ကြီး ရှာတွေ့သွားကြမှာ မဟုတ်ပေ..။
ဒီခွေးသားက ဘာတွေ ထပ်သိထားသေးလဲ..
ဆန်နီ သက်ပြင်းချလိုက်တယ်..။
ခြုံခိုတိုက်ခိုက်တဲ့ လူတွေထဲက တစ်ယောက်က ရှေ့ကို တက်လာကာ ပြုံးလိုက်ပြီး..
“စိတ်မကောင်းပါဘူး..ခွေးသား..။ငါတို့အားလုံးက မင်းကိုတကယ်လေးစား ကြပါတယ်..။အထူးသဖြင့် မင်းရဲ့ အသက်ကိုရင်းပြီး..ဂိတ်ပေါက်ကို ထိန်းထားပေးပြီးတဲ့နောက်မှာပေါ့..။ဒါပေမဲ့..ဒီဗာလာ ကလန် ရဲ့ လက်နက်တွေက အတော်လေးကို…ကောင်းမွန်လွန်းနေတယ်လေ..။ငါတို့က ကိုယ့်အတွက်ကို စဉ်းစားကြဖို့ လိုတယ်မလား..။စိတ်မဆိုးပါနဲ့..ဟုတ်ပြီလား..”
အနက်ရောင် အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ ကြောက်မက်ဖွယ် ပုံရိပ်က..လူငယ်လေးကို ခနလောက် ကြည့်နေခဲ့တယ်..။ပြီးတဲ့ နောက်မှာတော့.မျက်နှာဖုံးရဲ့ အောက်ကနေ…ထူးဆန်းစွာ ရင်းနှီးတဲ့ အသံတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်..။
“..စိတ်မဆိုးပါဘူး..””
စိတ်ထဲမှာတော့..ဆန်နီက လုံးဝ စိတ်တည်ငြိမ်မနေနိုင်ခဲ့ပေ..။
‘ခွေးသားတွေ ၊ နိမ့်ကျတဲ့သူတွေ ၊ လူရမ်းကားတွေ …ဆယ့်နှစ်ယောက် တစ်ယောက်တဲ့လား..။မင်းတို့ရဲ့ အရှက်တရားက ဘယ်မှာလဲ..။ဒါဆိုလည်း ဒီကို လာခဲ့လိုက်တော့..သွေးကြောင်တဲ့ ကောင်တွေ..။ငါက မင်းတို့ကိုလည်း သတ်ပေးမယ်..မင်းတို့ရဲ့ အဖွားကိုလည်း သတ်ပေးမယ်..’
ခနအကြာမှာတော့..ခြုံခို တိုက်ခိုက်သူတွေက စတင်လှုပ်ရှားလာခဲ့ကြတယ်..။ကဏ္ဌစွမ်းရည်တွေ အကုန်လုံးက..တစ်ချိန်တည်းမှာပဲ အသက်ဝင်လာခဲ့ကြပါတယ်..။ပြီးတာနဲံ..သေးငယ်တဲ့ နေရာလွတ်လေးက..သေစေနိုင်တဲ့ လက်နက်တွေ ၊ သံမဏိတွေ ရဲ့ မုန်တိုင်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။
‘အိုး…ချီးပဲ..’
……
“အိုး…နိုး…။ကြည့်ရတာတော့..ခွေးသားက ပြသနာ တက်ပြီထင်တယ်..”
ဆိုင်းလပ် ဟာ ဒေါသထွက်နေကြတဲ့..မှတ်ချက် ပင်လယ်ကြီးကို ကြည့်လိုက်တယ်…။ပြီးတဲ့နောက်မှာတော့..တိုက်ရိုက်ထုတ်လွင့်မူကို ပြန်ကြည့်လိုက်ပါတယ်..။သူနဲ့ ဒီမီ တို့ နှစ်ယောက်စလုံးကတော့..စခရင် ကနေ မျက်နှာမခွာတမ်းဖြစ်နေကြပြီး..သူတို့ရဲ့ အလုပ်ကိုတောင် မေ့နေခဲ့ကြပါပြီ..။အချက်အလက်တွေ ၊ ဖျော်ဖြေမူတွေကို ပေးရမယ့် အစား..သူတို့က တိတ်ဆိတ်ပြီးသာ နေနေခဲ့ကြတယ်..။
သူတို့ရှေ့မှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းကတော့..အတော်လေးကို ကြောက်ဖို့ကောင်းနေခဲ့ပါပြီ..။
အစောတုန်းကတော့..သူတို့က အနက်ရောင်အကာအကွယ်ကို ဝတ်ဆင်ထားတဲ့..ပုံရိပ်က ကွင်းပြင်ရဲ့ အလယ်မှာရပ်နေခဲ့တယ်..။ခြုံခိုတိုက်ခိုက်သူ ဆယ့်နှစ်ယောက်ကတော့..သူ့ကို အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ကြပါတယ်..။ခွေးသား ရဲ့ နက်မှောင်ပြီး..သိမ်မွေ့တဲ့ အသံက ထူးဆန်းစွာပဲ ထွက်ပေါ်လာခဲ့ပါတယ်..။
“ စိတ်မဆိုးပါဘူး..”
ပြီးတဲ့နောက်မှာတော့..ဖြစ်ပျက်သမျှအရာတိုင်းက ကြမ်းတမ်းခက်ထန်မူတွေ ချည်းပါပဲ..။ခြုံခိုတိုက်ခိုက်သူတွေက..တစ်စက္ကန့်တောင်..တုန့်ဆိုင်းမနေပဲ တိုက်ခိုက်လာခဲ့ကြပါတယ်..။သူတို့ရဲ့ တိုက်ခိုက်မူတွေက အတော်လေးကို သေစေနိုင်ပြီး..ကောင်းမွန်စွာ ပူးပေါင်းနေခဲ့ကြတာပါ..။
ဆိုင်းလပ်စ် ဟာ အသက်ကို အောင့်ထားခဲ့တယ်..။
‘လုပ်စမ်းပါ..ခွေးသား…။မင်းရဲ့ တည်နေရာေရွ့ပြောင်းတဲ့..စွမ်းရည်ကို အသုံးပြုလိုက်..’
သူ့ရဲ့ အမြင်အရဆိုရင်တော့..ဒီအရာက နတ်ဆိုးဓားသမား လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ..။
သို့ပေမယ့်..ပရိတ်သတ်တစ်ယောက်အနေနဲ့..ခွေးသားက အိပ်မက်ကမ္ဘာထဲကို ရောက်ပြီဆိုရင်..သူ့ရဲ့ ဒီစွမ်းရည်ကို ဘယ်တော့မှ အသုံးမပြုဘူးဆိုတာကို သူ သိထားပြီးသားပါ..။ခွေးသားက ….သူ့ရဲ့ ဓား ၊ ကျွမ်းကျင်မူ နဲ့..နည်းစနစ်တွေ အပေါ်မှာပဲ မှီခိုလေ့ရှိပါတယ်…။
‘ ဒီလို ပြတ်သားမူတွေ…’
ပြီးတော့..ဒီတစ်ကြိမ်မှာလည်း ဆန်းကျယ်တဲ့ စစ်သည်တော်က သူ့ရဲ့ မချိုးဖောက်နိုင်တဲ့ စည်းမျဉ်းကို ဆန့်ကျင်ဖို့အတွက် ငြင်းဆန်ထားခဲ့တယ်..။သူ့ရဲ့ စွမ်းရည်ကို အသုံးးပြုရမယ့် အစား..သူက အကြောက်အလန့်ကင်းမဲ့စွာပဲ..နိုးထသူ အုပ်ထဲကို တိုးဝင်သွားခဲ့ပါတယ်..။
ယင်းနောက် တစ်ခုခု ထူးခြားတာ ဖြစ်ပျက်သွားခဲ့ပါတယ်..။သူ့ရဲံ ကျော်ကြားတဲ့ အိုဒါချီ ဓားက ရုတ်တရက် အနက်ရောင် သတ္တုအရည် စီးကြောင်းတွေ အဖြစ်ပြောင်းလဲသွားပြီး..သူ့ရဲ့ လက်မောင်းထဲကို စီးဆင်းသွားခဲ့တာပါ..။မကြာခင်မှာပဲ..ဒီအရာက ဒိုင်းကာတစ်ခု အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်..။ခွေးသားက ရှေးကို တိုးဝင်လာတဲ့..တိုက်ခိုက်မူကို ဖယ်ရှားလိုက်ပြီး..လေဓားတွေရဲ့ ချွန်ထက်တဲ့ အသွားတွေကို ခန္တာကိုယ် လှည့်ပတ်ကာ ရှောင်တိမ်းလိုက်ပါတယ်..။ပြီးတာနဲ့..နိုးထသူတစ်ယောက်ရဲ့ ပါးစပ်ကနေ ထုတ်ဖော်နေတဲ့ မီးလျှံတွေကြားထဲကို တိုးဝင်သွားလိုက်တယ်..။
…ဆန်းကျယ်စွာပဲ..သူက..ငရဲမီးတောက်တွေ အောက်မှာ မလောင်ကျွမ်းနိုင်တဲ့ မွန်းစတား တစ်ကောင်လို တစ်ဖက်ကနေ ပေါ်ထွက်လာခဲ့ပါတယ်..။အနက်ရောင်အကာအကွယ်မှာတော့..ကြက်သွေးရောင် မီးတွေက အလင်းပြန်နေခဲ့ကြပြီး..တစ်နည်းအားဖြင့် ပိုမို ကြောက်ဖို့ကောင်းလာခဲ့ကြပါတယ်..။
နောက်ထပ်စက္ကန့်အနည်းငယ်မှာတော့..ခွေသားရဲ့ ဆူးချွန်လက်အိပ်တွေက ခြုံခိုတိုက်ခိုက်သူတွေရဲ့ မျက်နှာနဲ့ မိတ်ဆက်သွားခဲ့ပါပြီ..။
ဒါက ဒီသနားစရာလူကို တောင်တစ်လုံးနဲ့ ရိုက်ခတ်လိုက်သလိုပါပဲ..။သူ့ရဲ့ အရိုးတွေက တွန့်ကြေသွားကာ..ပေါက်ကွဲထွက်သွားခဲ့တယ်..။သူ့ရဲ့ အသက်မရှိတဲ့ ခန္တာကိုယ်က ဘေးဘက်ဆီကို လွင့်စင်သွားခဲ့ပြီး..အလင်း အစက်အပျောက် တွေ ဖြစ်ပေါ်သွားခဲ့ပါတယ်..။
နောက်ထပ် ဖြစ်ပျက်လာတဲ့ အရာတွေကတော့..အစုလိုက် အပြုံလိုက် လူသတ်ခြင်းတွေပါပဲ..။
အနက်ရောင် ပုံရိပ်က..သူ့ရဲ့ သံလက်အိတ် နဲ့ ..ဒိုင်းကာ ကို အသုံးပြုပြီး..ခြုံခိုတိုက်ခိုက်သူတွေကို ..ထုထောင်းနေခဲ့ပါတယ်..။ခွေးသားက လျင်မြန်တဲ့ အရှိန် ၊ တစ္ဆေဆန်တဲ့ တွက်ချက်မူတွေနဲ့အတူ..ရွေ့လျားနေခဲံတယ်..။သူက ရန်သူတွေရဲ့ ခန္တာကိုယ်နဲ့ တားဆီးတာ ၊ တိုက်ခိုက်မူတွေကို ကာရံတာတွေပါ တစ်ခါတည်း လုပ်နေခဲ့ပါသေးတယ်..။ဆိုင်းလပ်စ် အနေနဲ့..သေချာတော့မသိပေမယ့်..သူတို့ထဲက တစ်ချို့ကလည်း မီးတောက်ကြောင့်ပဲ သေဆုံးနေကြတာကို မြင်နေခဲ့ရတယ်..။
ကျန်တဲ့လူတွေကတော့..နတ်ဆိုး လူသတ်သမား ရဲ့ လက်ချက်နဲ့ပဲ ကျဆုံးခဲ့ကြပါတယ်..။ခွေးသားရဲ့ လှုပ်ရှားမူတိုင်းက..အတော်လေးကို တိကျပြီး..သေစေနိုင်လောက်အောင် တွက်ချက်ထားခဲ့တာပါ..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ ရက်စက်ပြီး..ခက်ထန်နေခဲ့တယ်..။သူက ရန်သူတွေ ကြားထဲမှာ လူသတ်စက်တစ်ခုလို လှုပ်ရှားနေခဲ့ပြီး..တစ်ယောက်ပြီး တစ်ယောက်ကို တုန့်ဆိုင်းခြင်း ၊ သနားညှာတာခြင်း ၊ တွေဝေခြင်းမရှိပဲ သတ်ဖြတ်နေခဲ့ပါတယ်..။နေရာလွတ်မှာတော့..သွေးတွေ ၊ ဟစ်ကြွေးမူတွေ ၊ နဲ့ အသွေးအသားတွေက မိနစ်အနည်းငယ်လောက် ကြာအောင် ဖုံးလွှမ်းနေခဲ့တယ်..။
အားလုံးပြီးဆုံးသွားတဲ့ အချိန်မှာတော့..အနက်ရောင် ပုံရိပ် တစ်ခုတည်းသာ..ခန္တာကိုယ်တွေ ကြားထဲမှာ မတ်တတ်ရပ်လျက် ကျန်နေခဲ့တယ်..။သူ့ရဲ့ တစ်ကိုယ်လုံးမှာတော့..သွေးတွေ အပြည့် ဖုံးလွှမ်းနေခဲ့ပါပြီ..။ခနအကြာမှာတော့..ဒီသွေးစက်တွေ အားလုံးကလည်း..အလင်းစက်တွေ အဖြစ်ေပြာင်းလဲသွားခဲ့တယ်..။ခွေးသား ရှေ့ကို တိုးလိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ အကာအကွယ်က ခါတိုင်းလိုပဲ..သစ်လွင်နေခဲ့ပါတယ်..။
ဆိုင်းလပ်စ်.ဟာ..တစ်ခနလောက်..ငြိမ်သက်နေပြီးကာမှ..စိတ်လှုပ်ရှားစွာ ပြောလာခဲ့ပါတယ်..။
“ဟေး..ဒီမီ..ခွေးသားက နိုးထသူ ဆယ်နှစ်ယောက်ကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့တာ မဟုတ်ဘူးလား..”
အသက်ကြီးတဲ့သူက လည်ချောင်းကို ရှင်းလိုက်ပြီး..
“ဒါက..အာ..သိတယ်မလား…ငါတော့..လောင်းကြေးကို ပြန်စဉ်းစားရတော့မယ် ထင်တယ်..။တကယ်တော့..ငါ့ရဲ့ ပိုက်ဆံတွေက သူ့ရဲ့ အပေါ်မှာပဲ ရှိလိမ့်မယ်..”
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်က ဒါကို ကြားပြီး အကြိမ်အနည်းငယ် မျက်တောင် ခတ်သွားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..သူက မှတ်ချက်တွေကို ဖတ်လိုက်ပြီး..အားတင်း ပြုံးလိုက်ပါတယ်..။
“သူက လူတစ်ယောက် တောင် ဟုတ်သေးရဲ့လား..”
…….
အဲ့အချိန်မှာတော့..ဆန်နီက မြေကြီးပေါ်ကို လဲကျမတတ်တောင် ဖြစ်နေခဲ့ပါပြီ..။
‘အာ…အကုန်လုံးက နာကျင်နေတာပဲ..။သောက်ကျိုးနဲ..ဘာလို့..ဒီတော်ဝင်တိုက်ပွဲက ပြင်းထန်နေရတာလဲ..။ငါ့ရဲ့ဘောင်းဘီတွေတောင် စိုရွှဲကာ နီးနေပြီ..”
ဒီတိုက်ပွဲက တကယ်ကို ငရဲပါပဲ..။ဒါက အရမ်းကို နီးစပ်ခဲ့ပါတယ်..။သူက အသက်ရှင်ဖို့အတွက်တောင် မနည်းကြိုးပမ်းခဲ့ရတယ်..။သူ ဒီလိုအသက်ရှင်နိုင်ခဲ့တယ် ဆိုတာက နိုးထသူ ဆယ့်နှစ်ယောက်ဟာ အမှန်တကယ် အဖွဲ့တစ်ခု မဟုတ်ခဲ့လို့ပါ..။သူတို့က သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူတွေကို ပူးပေါင်းဖို့အတွက် လုံလောက်အောင် အတွေ့အကြုံရှိကြပေမယ့်..ပြိုင်ဖက်ကင်းတဲ့ စွမ်းရည်တွေကို ပူးပေါင်းရတဲ့ အချိန်ရောက်လာတဲ့ အချိန်မှာတော့..သူတို့ရဲ့ ပူးပေါင်းမူတွေက..စည်းလုံးမူ ကင်းမဲ့နေခဲ့ကြပါတယ်..။
သူက အဖွဲ့ထဲက အရေးကြီးတဲ့ ရန်သူတွေကို အမြန်ဆုံး ရှင်းထုတ်ပစ်ပြီး..ကျန်တဲ့လူတွေကိုတော့..တစ်နည်းအားဖြင့်..ရှင်းလင်းနိုင်ခဲ့တာပါ..။မြေအောက်ကမ္ဘာ ဝတ်ရုံတော်က တိုက်ခိုက်မူတိုင်းကို ကြံ့ကြံ့ခံထားခဲ့ပေမယ့်လည်း..သူ့ရဲ့ အောက်ဘက်က ခန္တာကိုယ်ကတော့..ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖွတ်ဖွတ်ညက်ညက် ကြေနေခဲံတယ်..။
‘အဲဒီ သောက်ကျိုးနဲ့ ဆုလာဒ်တွေက ထိုက်တန်မူရော ရှိရဲ့လား..။ချီးပဲ..သူတို့က ပိုကောင်းရင် အဆင်ပြေလိမ့်မယ်..’
သူက နာကျင်တဲ့ ညဉ်းညူမူတွေကို ကျော်လွန်ပြီး..ဝိဉာဉ်မြွေကို အိုဒါချီ ဓား အသွင် ပြန်ပြောင်းဖို့အတွက် ခိုင်းစေလိုက်ကာ..နေရာလွတ်ကနေ..ထွက်သွားလိုက်ပါတယ်..။
‘ဒါက ငါးရာလေးပဲလေ…လေးရာ နဲ့ ရှစ်ဆယ့် ရှစ်ယောက်ပဲ ကျန်တော့တယ်..။ဒါက တကယ်ကို ကြာရှည်တဲ့ နေ့ရက်တစ်ရက် ဖြစ်လာတော့မှာပဲ..’
အပိုင်း ( ၅၃၄ ) ပြီး၏။