← Chapters

စိတ်မဆိုးပါနဲ့..

Vol. 36 Ch. 535

စိတ်မဆိုးပါနဲ့..

Vol. 36 Ch. 535

ရှေးဟောင်းသစ်တောရဲ့ ကောင်းကင်ထက်မှာ..အောင်ပွဲခံသလို ကျယ်လောင်စူးရှတဲ့ အသံတွေက ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်..။

“သုံးယောက်သာ ရှင်ကျန်ရစ်ပါတော့တယ်..”

“ဒီ သူရဲကောင်း သုံးယောက်ကတော့…အရေအတွက် တစ်ရာ နဲ့ ဆယ့်တစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ခွေးသား ၊ အရေအတွက် ရှစ်ဆယ့် ခုနှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ဖိုင်းရားရှင်း …၊ အရေအတွက် ငါးဆယ့်ကိုးယောက်ကို သတ်ဖြတ်ခဲ့တဲ့ ဆိုင်တို တို့ပဲဖြစ်ပါတယ်..”

“ခမ်းနားမူ အိပ်မက်က စောင့်ဆိုင်းနေခဲ့ပါပြီ..သူရဲကောင်းတို့..”

ဆန်နီဟာ..သူ့ရဲ့ ပင်ပန်းနေတဲ့ ခန္တာကိုယ်ကို သယ်ဆောင်ပြီး..သစ်တောထဲကနေ ထွက်လာခဲ့ပါတယ်..။သူ့ရဲ့ ခြေထောက်အောက်ဘက်က မြေကြီးကတော့..ရွေ့လျားပြီး..တုန်ရီနေသလိုတောင် ခံစားနေခဲ့ရတယ်..။ဒီအချိန်မှာတော့..တိုက်တန် ကြီးက လုံးဝကို..နိုးထလာလုနီးပါးဖြစ်နေခဲ့ပြီး..တိုက်ပွဲကွင်းပြင်အတွင်းမှာ လုံခြုံတဲ့နေရာ ဆိုတာ မရှိသလောက် နီးပါးပါပဲ..။

ဒါပေါ့ သူ အခုရောက်ရှိနေတဲ့ ..အနက်ရောင် သစ်တော နဲ့ ရေကန်ရဲ့ ကြားထဲက ကျဉ်းမြောင်းတဲ့ သဲမြေကတော့..အန္တရာယ်တွေ မကျရောက်သေးပါဘူး..။

ဆန်နီဟာ အနည်းငယ်တိမ်တဲ့ ရေထဲကို လမ်းလျောက်ဆင်းသွားခဲ့ပြီး မှ ရပ်တန့်လိုက်တယ်..။သူက ဝိဉာဉ်မြေကို အသုံးပြုပြီး..ကိုယ့်ကိုကို မလဲကျသွားအောင် ထိန်းထား ခဲ့ရပါတယ်..။သူ့ရဲ့ အသက်ရူသံတွေက ကြမ်းတမ်းပြီး..ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့တယ်..။မြေအောက်ကမ္ဘာ ဝတ်ရုံတော်ရဲ့ မဟူရာ မျက်နှာပြင်ပေါ်မှာလည်း..ချိုင့်ခွက်အချို့ ပေါ်ထွက်နေပါသေးတယ်..။

တစ်ချိန်တည်းဆိုသလိုပဲ..နောက်ထပ် ပုံရိပ်နှစ်ုခက..ဆာလောင်နေတဲ့ သစ်တောရဲ့ အမှောင်ထုထဲကနေ တစ်ချိန်တည်း နီးပါး ထွက်လာခဲ့ကြတယ်..။

တစ်ယောက်က..ကျယ်ပြန့်တဲ့ ပုခုံးတွေ နဲ့ အားကစား ခန္တာကိုယ်ကို ပိုင်ဆိုင်ထားပြီး..ဆွဲဆောင်မူရှိတဲ့ အမျိုးသမီး တစ်ဦးပါ..။သူမရဲ့ ရှည်လျားတဲ့ နီးညိုရောင် ဆံပင်ကို အနောက်ဖက်မှာ ကျစ်ဆန်မြီး ကျစ်ထားခဲ့တယ်..။သူမက..ရိုးရှင်းတဲ့ အနီရောင် ကိုယ်ကြပ်အက်ျီကို ဝတ်ဆင်ထားခဲ့ပြီး..ခန္တာကိုယ် အပေါ်ပိုင်းကိုတော့..လည်သာ အက်ျီနဲ့ ကာကွယ်ထားခဲ့ပါတယ်..။သူမရဲ့ လက်ထဲမှာတော့ လှံရှည်တစ်ချောင်းကို ကိုင်ဆွဲထားခဲ့တယ်..။သူမရဲ့ အပြာရောင် မျက်လုံးတွေက..ပင်ပန်းနေပေမယ့်..ကြည်လင်နေဆဲပါပဲ..။ဒါက..ဆုံးဖြတ်ချက်ပြတ်သားမူ နဲ့ အာရုံစိုက်မူ တွေ နဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

နောက်ထပ်တစ်ယောက်ကတော့..ကြီးမားတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားပြီး…ကြီးမြတ်တဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားတဲ့ လူကြီးတစ်ယောက်ပါ..။သူ့ရဲ့ ဓားသွားမှာတော့..ရှုပ်ထွေးတဲ့..ရူးစ် တွေကို ဖော်ပြထားခဲ့တယ်..။သူ့မျက်နှာ က ခေါင်းစွပ်ရဲ့ နောက်ဖက်မှာ ဖုံးကွယ်နေခဲ့ပြီး..တည်ငြိမ် ..အေးစက်တဲ့ မျက်လုံးတွေကိုသာ..ခေါင်းစွပ်အပေါက်နေရာကနေ တဆင့်မြင်နေရပါတယ်..။သူ့ခြေလှမ်းတွေက ယုံကြည်မူရှိနေပေမယ့် အနည်းငယ် မတည်မငြိမ်ဖြစ်နေခဲ့တယ်..။ဒါက သူ ပင်ပန်းနွမ်းနယ်နေပြီ ဆိုတာကို ဖော်ပြနေခဲ့တာပါ..။

‘သူတို့က ဖိုင်းရားရှင်း နဲ့ ဆိုင်တို တို့ပဲ ဖြစ်ရမယ်..’

ကြောက်မက်ဖွယ်ရာကောင်းတဲ့ လေးသည်တော်ကတော့ ဒီနေရာကို ရောက်လာနိုင်ခြင်း မရှိခဲ့ပါဘူး..။ဆန်နီက သူ့မှာ ဘာဖြစ်ခဲ့တာလဲ ဆိုတာကို ခန့်မှန်းမိပြီးသားပါ..။သို့ပေမယ့် ဖြစ်နိုင်ချေရှိတဲ့ ဇာတ်လမ်းကလည်း အတော်လေးကို သိသာနေခဲ့ပါတယ်..။အားကောင်းတဲ့ ဆက်ခံသူက ဆန်နီ လိုမျိုး ခြုံခိုတိုက်ခိုက်မူကို ခံခဲ့ရတာဖြစ်နိုင်ပြီး..ရလာဒ်အနေနဲ့ ကတော့..အမှန်တကယ်ပဲ ပျော်စရာ မကောင်းခဲ့ပါဘူး..။

ကောင်းပြီလေ..ဒါက ဘဝပဲ မဟုတ်လား..။မဟာယန ကလန်ရဲ့ ဒါ ဟာ…သူ့မှာ ရှိနေတဲ့ စွမ်းရည်ထက် ပိုမို ထင်ပေါ်အောင် နေခဲ့တဲ့ အတွက် အဖိုးအခကို ပေးဆပ်ခဲ့ရတာပါ..။တစ်ဖက်ကနေ ကြည့်မယ် ဆိုရင်တော့..ပြိုင်ပွဲအနေအထားက သိပ်ပြီး..မမျှတပါဘူး..။တစ်ဖက်ကနေ ပြန်ကြည့်မယ် ဆိုရင်လည်း..ဘယ်အရာကများ မျှတတယ် ဆိုတာ ရှိဖူးလို့လဲ..။

အရိပ်တွေထဲမှာ နေရတာက..သူ့ကို အများကြီးကူညီမပေးနိုင်ဘူး ဆိုရင်တောင် ဆန်နီကတော့..အရိပ်ထဲမှာ နေရတာကို ပိုမိုပြီး နှစ်သက်နေပါသေးတယ်..။

တိုက်ဆိုင်စွာပဲ..အုပ်စုဖွဲ့ပြီး တိုက်ခိုက်ခဲ့ကြတဲ့ သူတွေထဲက ဘယ်သူကမှ ဒီအဆင့်အထိအောင် ရောက်လာနိုင်စွမ်း မရှိခဲ့ကြပါဘူး..။ဒါက ဒီလိုနည်းလမ်းကို ပြိုင်ပွဲမှာ အသုံးပြုနေရတဲ့ သူတွေက နဂိုကတည်းက ဒီပြိုင်ပွဲကို အနိုင်ရဖို့အတွက် အရည်အချင်း မရှိကြတဲ့ လူတွေ ဖြစ်နေလို့ပါ..။

ဒီတော့..ဆန်နီ အနေနဲ့ နောက်ဆုံးအချိန်အထိ ကျန်ရစ်နေနိုင်ခဲ့ကြတဲ့..ပြိုင်ဖက်နှစ်ယောက်ကို လုံးဝ လျော့မတွက်မိပေ..။သူတို့က ဘယ်လောက်တောင် ကြမ်းတမ်းလဲဆိုတာကို သက်သေ ပြထားကြပြီးပါပြီ..။

…နိုးထသူ သုံးယောက်ဟာ တစ်နေရာစီ ရပ်နေကြရင်း တစ်ယောက်ကို တစ်ယောက် စိုးရိမ်စွာ ကြည့်နေခဲ့ကြပါတယ်..။ကြီးမာတဲ့ ရဲတိုက်ကြီးကတော့ အဝေးတစ်နေရာ မှာ ရှိနေခဲ့ပြီး..သူ့ရဲ့ ရှေးဟောင်းနံရံကြီးတွေကို..တောက်ပတဲ့ နေရာင်က..ကျရောက်နေခဲ့တယ်..။ရူခင်းက အတော်လေးကို အေးချမ်းပြီး လှပပေမယ့်..လေထုကတော့..အက်ကွဲပြီး သိပ်သည်းမူတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။

အတော်လေး ရှာပြီးတဲ့ နောက်မှာတော့..လေးလံတဲ့ ချပ်ဝတ်တွေကို ဝတ်ဆင်ထားတဲ့ မီးလျှံလို ထက်မြက်တဲ့ အမျိုးသမီးငယ်လေး ဖက်ကို လှည့်ပြီး..အက်ကွဲတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။

“ဒီ နတ်မိစ္ဆာကို အတူတူ အရင်ဖြေရှင်းကြရအောင်..။ဒီကောင် ထွက်သွားပြီးရင်တော့ ငါတို့နှစ်ယောက်ထဲက ဘယ်သသူက အနိုင်ရမလဲ ဆိုတာကို အေးဆေး ဖြေရှင်းလို့ရတယ်..”

ဆန်နီ ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်..။

‘ဝိုး..ဘယ်လောက်တောင် မထင်ထားလိုက်လဲ..’

သူက ဝိဉာဉ်မြွေရဲ့ လက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး..ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုအတွက် သူ့ကိုယ်သူ ပြင်ဆင်ထားလိုက်ပါတယ်..။

သို့ပေမယ့်..အံ့ဩစရာက..အမျိုးသမီးငယ်လေးဟာ..ရိုးရှင်းစွာပဲ ခေါင်းခါယမ်းလိုက်တာပါ..။သူမရဲ့ မျက်နှာပေါ်မှာ အထင်သေးမူတွေ ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့ပြီး..ပြောလိုက်တယ်..။

“မဖြစ်သင့်ဘူး..”

သူ မျက်ခုံးပင့်တင်သွားခဲ့ပြီး..

‘ဟင်..ဒီလို ဂုဏ်သိက္ခာရှိတဲ့ လူမျိုး..။ဘုရားရေ..ဘယ်လို အရူးမျိုးလဲ…။ဘယ်လောက် မိုက်မဲလိုက်လဲ..’

ဆိုင်တို လို့ ခေါ်တဲ့ လူကြီးက ရယ်မောလိုက်ပြီး..မွန်ဂရယ် ဖက်ကို လှည့်ကြည့်လိုက်တယ်..။

“မင်းကရော ဘယ်လို့လဲ..ခွေးသား..။တူညီတဲ့ ကမ်းလှမ်းမူပဲ..။ဒီ မိန်းကလေးကို အရင် ဂရုစိုက်ပေးကြရအောင်..။ပြီးမှ မင်းနဲ့ငါ သင့်တော်သလို ဖြေရှင်းကြမလား..ဒါမှမဟုတ် ဒါက မင်းအတွက် သိက္ခာကျတယ်လို့ ထင်နိုင်မလား..”

ဆန်နီ အံကိုကြိတ်ထားခဲ့ပြီး..ရွေးချယ်ခွင့်မရှိစွာပဲ ပြောလိုက်ရတဘ်..။

“သေချာတာပေါ့..”

‘အာ…ချီးပဲ..’

ဆိုင်တို…ခေါင်းခါယမ်းလိုက်တယ်..။

“ဒီနေ့ခေတ် လူငယ်တွေက တကယ်ကို တုံးအကြတာပဲ..။အိပ်မက်ကမ္ဘာက မင်းတို့ကို ဘာမှ မသင်ကြားပေးလိုက်ဘူးလား..”

ဆန်နီ အိုဒါချီ ဓားကို မြောက်ကာ..ပြုံးလိုက်တယ်..။

“..အဲဒီမှာ ကျုပ်ကို အရာအားလုံး သင်ပေးခဲ့တယ်..”

ဒီလိုပြောပြီးတာနဲ့..သူက ခန္တာကိုယ်ကို လှုပ်ရှားလိုက်ပြီး..ရှေ့ကို ပြေးတက်သွားဖို့ ပြင်ဆင်လိုက်ပါတယ်..။

စကား‌ေတွ ပြောနေရမယ့် အချိန်က ကုန်ဆုံးသွားခဲ့ပါပြီ..။

ကျန်တဲ့ နှစ်ယောက်ကလည်း ဒီအရာကို နားလည်ထားပြီးသားပါ..။နောက်ထပ်ခနအကြာမှာတော့..တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်က..နောက်ထပ် ငြိမ်သက်မနေနိုင်တော့ပါဘူး..။

…..

‘ သောက်ကျိုး..’

ဆန်နီ လှုပ်ရှားလိုက်တာနဲ့ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေက ထွက်ပေါ်လာခဲ့တယ်..။သူက ဖျက်စီးစေနိုင်တဲ့ လှိုင်းတစ်ခုကြောင့် လေထဲကို ချက်ချင်းမြောက်တက်သွားခဲ့ပါတယ်..။လှိမ့်ကျသွားပြီးတဲ့နောက်မှာတော့..သူက ချက်ချင်းပြန်ထလိုက်ပြီး..ကြီးမားတဲ့ မီးလုံးကြီး..လေထဲမှာ..မြောက်တက်သွားတာကို မြင်လိုက်ရတယ်..။

သူ့ရဲ့ ခန္တာကိုယ်က အစောတုန်းကထက်တောင် ပိုပြီး ထိခိုက်ဒဏ်ရာ ရသွားခဲ့သလိုပါပဲ..။

သို့ပေမယ့် ကင်ဆိုင်တို က ပေါက်ကွဲမူရဲ့ ဒဏ်ကို အဓိက ခံလိုက်ရတဲ့ သူပါ..။သူ့ရဲ့ လေးလံတဲ့ အကာအကွယ်အက်ျီက စုပ်ပြဲထွက်သွားခဲ့ပြီး..သူ့ရဲ့ အရည်ပြားတွေ ပျက်စီးကာ မီးလောင်ဒဏ်ရာ ရသွားတာကို မြင်နေခဲ့ရတယ်..။ဖိုင်းရားရှင်း သူ့ အနားကို ရောက်လာတဲ့ အချိန်မှာတော့..သူက မထင်မှတ်လောက်တဲ့ လျင်မြန်မူမျိုးနဲ့ ရွေ့လျားလိုက်ပြီး..သူ့ရဲ့ ဓားနဲ့ ရှေ့ကို ထိုးသွင်းလိုက်ပါတယ်..။

သို့ပေမယ့် သူက မိန်းကလေးကို ဦးတည်တိုက်ခိုက်လာတာ မဟုတ်ပါဘူး..။

‘မကောင်းတော့ဘူး..’

ဆန်နီဟာ ရူးစ် တွေက ကြောက်မက်ဖွယ် အပြာရောင် အလင်းတန်းတွေနဲ့ တောက်ပလာတာကို မြင်နေခဲ့ရတယ်..။ပြီးတဲ့နောက်မှာတော့..လျှင်မြန်စွာပဲ သူ့ရဲ့ ခန္တာကိုယ်ကို ရှောင်တိမ်းလိုက်ပါတယ်..။ခနအကြာမှာတော့..အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ လူကြီးရဲ့ ပုံရိပ်ဟာ..လေထဲမှာ ပေါ်ထွက်လာခဲ့ပြီး..သူအစောတုန်းက ရှိနေခဲ့တဲ့ နေရာကို ကြီးမြတ်တဲ့ ဓားကြီးနဲ့ ခုတ်ပိုင်းချလိုက်ပါတယ်..။

‘ဘယ်လောက်တောင် အားကောင်းတဲ့ မှတ်သားမူ လဲ..’

သူ့ရဲ့ ရန်သူ နှစ်ယောက်စလုံးက အကွာအဝေးတစ်ခုကနေ တိုက်ခိုက်နိုင်စွမ်းရှိနေကြတာကို သိလိုက်ရတဲ့ အချိန်မှာတော့..သူက ရွေးချယ်စရာ မရှိပဲ..အကွာအဝေးကို လျော့ချမှ ရပါတော့မယ်..။ကံကောင်းတာက..ဆိုင်တို အနေနဲ့ မိန်းကလေး နဲ့ နောက်တစ်ကြိမ်တိုက်ခိုက်နေပြီးဖြစ်ပြီး..သူမက လျှပ်စီးလို လျှင်မြန်ပြီး တိကျတဲ့..ဓားချက်တွေကို သူ့အပေါ်မှာ အဆက်မပြတ် ရွာသွန်းနေခဲ့ပါတယ်..။ငယ်ရွယ်တဲ့ အမျိုးသမီးလေးက ကခုန်နေခဲ့သလိုပဲ..သူမရဲ့ ဆံပင်က လေထဲမှဦ ပျံဝဲနေခဲ့တယ်..။အနီးရောင် တူးနစ် အက်ျီကတော့..လေထဲမှာ မီးလျှံတစ်ခုလိုမျိုး..လွင့်ပျံနေခဲ့ပါတယ်..။

‘စိတ်ဝင်စားစရာ ဟန်ပန်ပဲ…အနည်းဆုံးတော့..ငါ သူမကို နောက်ဆုံးအဖြစ် ချန်ထားခဲ့ရမယ်..’

အဲ့အချိန်မှာတော့..လူကြီးဟာ မီးလျှံတွေ ထွက်ပေါ်နေတဲ့ လှံတံကို‌ေရှာင်ရှားဖို့ မကြိုးစားတော့ပါဘူး..။အဲဒီအစား သူ့ရဲ့ ခန္တာကိုယ်ကို လှုပ်ရှားပြီး ဒီလှံချက်တွေက သူ့ရဲ့ မထိခိုက်နိုင်တဲ့ ခန္တာကိုယ် အစိတ်အပိုင်းတွေပေါ်ကို ကျရောက်ဖို့အတွက်သာ ကြိုးစားနေခဲ့တယ်..။ဒီလေးလံတဲ့ အကာအကွယ်က ပေါက်ကွဲမူ ဒဏ်ကို အပြင်းအထန် ခံထားခဲ့ရပေမယ့်..ခံနိုင်ရည်အလွန်အမင်းရှိနေခဲ့ပါသေးတယ်..။ဒီအရာက အားကောင်းတဲ့ မှတ်သားမူတစ်ခု ဖြစ်ကြောင်းကို ဆက်လက်ပြီး သက်သေပြနေခဲ့တယ်..။

သို့ပေမယ့် ဒါက ပြသနာ မရှိတော့ပါဘူး..။

ခနအကြာမှာတော့..ဆန်နီ ကပါ သူတို့ထဲကို ရောက်သွားခဲ့ပြီး..တိုက်ခိုက်မူမှာ ပါဝင်လာခဲ့ပါတယ်..။အနက်ရောင် အိုဒါချီ ဓားကြီးက..မီးလျှံတွေ ထွက်နေတဲ့ လှံတံ နဲ့ပူးပေါင်းပြီး.. ကြီးမြတ်တဲ့ ရူးနစ် ဓားကြီးကို အသံတွေထွက်ပေါ်လာတဲ့ အထိ တိုက်ခိုက်လာပါတော့တယ်..။

………

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ပ..အိပ်မက်ရူခင်းရဲ့ အသံက နောက်ထပ်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့ပါတယ်..။

“ပြိုင်ပွဲဝင်..ကင် ဆိုင်တို ထုတ်ပယ်ခံလိုက်ရပါပြီ..”

“ပြိုင်ပွဲဝင်..ဖိုင်းရားရှင်း ထုတ်ပယ်ခံလိုက်ရပါပြီ..”

“ပြိုင်ပွဲဝင်…ခွေးသား..အနိုင်ရရှိသွားပါပြီ..။အောင်နိုင်သူအား ဂုဏ်ပြုပါသည်..”

သွေးတွေက အလင်းစက်တွေ အဖြစ်ပြောင်းလဲသွားတဲ့ အချိန်မှာတော့..တည်ငြိမ်နေတဲ့ ရေကန်ရဲ့..မျက်နှာပြင်က နောက်တစ်ကြိမ် ကြည်လင်လာခဲ့ပါတယ်..။ကျယ်လောင်တဲ့..အောင်ပွဲခံသီချင်းသံတွေက နေရာအနှံ့ကနေ ထွက်ပေါ်လာနေခဲ့တယ်..။

အနက်ရောင် မျက်နှာဖုံးရဲ့ အနောက်ဖက်မှာတော့..ဆန်နီရဲ့ မျက်နှာက ရှုတ်မဲ့နေခဲ့ပြီး..သူ့ရဲ့ နားတွေကို လက်နှစ်ဖက်နဲ့ ပိတ်ထားချင်စိတ်ကို မနည်း တောင့်ခံထားခဲ့ရတယ်..။

‘ ဒီ အသံတွေက ဘာလို့ဒီလောက် ဆိုးဝါးနေရတာလဲ…အား…။ဒါက နားထောင်ဖို့တောင် ခက်ခဲလွန်းတယ်..’

သူ မသိတဲ့အချက်က အင်တာနက်ပေါ်မှာ မရေမတွက်နိုုင်တဲ့ ခေါင်းစဉ်တွေနဲ့..ပေါက်ကွဲထွက်နေခဲ့ပြီ ဆိုတာပါပဲ..။ခေါင်းစဉ်တွေ က..အနည်းနဲ့ အများတော့..တူညီမူ ရှိနေခဲ့ကြပါတယ်..။

“ စိတ်မဆိုးပါဘူး - အရှင် ခွေးသား က.. နိုးထသူ တစ်ထောင်ကို လွယ်ကူစွာပဲ အနိုင်ယူသွားနိုင်ခဲ့သည် “

အပိုင်း ( ၅၃၅ ) ပြီး၏။

All Chapters