← Chapters

သူရဲကောင်းစိတ်ဓာတ်

Vol. 36 Ch. 536

သူရဲကောင်းစိတ်ဓာတ်

Vol. 36 Ch. 536

‘ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ..’

ဆန်နီဟာ..သူ့ကိုယ်သူ အိပ်မက်ရူခင်း သေတ္တာထဲကနေ ဆွဲထုတ်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။

တော်ဝင် တိုက်ပွဲမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မူတွေ အားလုံးက ပုံရိပ်ယောင်တွေချည်းပဲ ဖြစ်တာကြောင့် သူ့ရဲ့ ခန္တာကိုယ်က ဒဏ်ရာရတာတွေ ၊ ပင်ပန်းနွမ်းနယ်တာတွေ မဖြစ်နေဘူး ဆိုပေမယ့်..စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မူတွေကတော့ အမှန်တကယ် ဖြစ်ပျက်နေခဲ့တာပါ..။အရည်အချင်းစစ် ပြိုင်ပွဲက ဆန်နီ ထင်ထားတာ ထက်ကို ပိုမိုပြီး ခက်ခဲနေခဲ့ပါတယ်…။

ဒါပေါ့ သူက အရိပ်သုံးခုရဲ့ အားဖြည့်မူကို အသုံးပြုပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ထိခိုက်မူတွေ ဖြစ်အောင် မလုပ်ခဲ့ပါဘူး..။ဆန်နီက သူ့ရဲ့ ခွန်အားသက်သက်နဲ့ပဲ အဆင်ပြေနေပါသေးတယ်..။ဒီနည်းလမ်းနဲ့ဆိုရင်..သူက သူ့ရဲ့ နည်းစနစ်ကို မြင့်တင်နိုင်ပြီး..အရိပ်ကခုန်မူကို လည်း..နားလည်သဘောပေါက်လာနိုင်ပါလိမ့်မယ်..။ဒါက ကိစ္စသေးသေးလေး တစ်ခု မဟုတ်ပေ..။

သူက အဝတ်အစားတွေကို ပြန်ဝတ်လိုက်ပြီး..အပေါ်ထပ်ကို တက်လာကာ..ဆိုဖာပေါ်မှာထိုင်လိုက်တယ်..။ယင်းနောက် သူ့ရဲ့ ဆက်သွယ်ရေးစက်ကို ထုတ်ကြည့်လိုက်ပါတယ်..။

လတ်တလောမှာတော့..ရာနဲ့ချီတဲ့ ပုံရိပ်ယောင် တိုက်ပွဲတွေကို လူတွေ ကြည့်ရူဖို့အတွက် ပြသထားခဲ့ပါတယ်..။တစ်ချို့က အဖြေထွက်လုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး..တစ်ချို့က သွေးစွန်းတိုက်ပွဲတွေ ဖြစ်ပေါ်နေခဲ့သေးတယ်..။တစ်ချို့ကတော့..အခုမှ စတင်နေခဲ့ကြတာပါ..။

သို့ပေမယ့် တိုက်ရိုက်ထုတ်လွင့်မူတိုင်းကတော့..တူညီတဲ့..အာရုံစိုက်မူမျိုးကို ရနေတာ မဟုတ်ပါဘူး..။အဲဒီနေရာတွေမှာတော့..ကျော်ကြားတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ အားကောင်းတဲ့ လူသစ်တွေက အာရုံစိုက်မူတွေကို ရဖို့အတွက် အစွမ်းကုန် တိုက်ခိုက်နေခဲ့ကြပါတယ်..။ကံဆိုးချင်တော့..ခွေးသား ရဲ့ စွမ်းရည်တွေကြောင့် ..ဆန်နီ ပါဝင်တဲ့ တိုက်ရိုက်ထုတ်လွင့်မူက ကျော်ကြားမူရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်..။ဒီတိုက်ပွဲကလည်း အစောဆုံး ပြီးဆုံးသွားတဲ့ တိုက်ပွဲတစ်ခုပါ..။ဒီတော့..စိတ်လှုပ်ရှားဖွယ် ဗီဒီယို အပိုင်းအစတွေက..အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပြီးပါြပီ..။

ဆန်နီ ညဉ်းညူလိုက်တယ်..။

‘ကောင်းတယ်..တကယ် ကောင်းတယ်..။နောက်ထပ်..သောက်ကျိုးနဲ..ဗီဒီယို တစ်ပုဒ် ပျံ့နှံ့ပြန်ပြီ..’

သူ့ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဖိုင်းရားရှင်း ၊ ဆိုင်တို တို့နဲ့ တိုက်ပွဲက..ကြည့်ရူသူတွေ အများကြီး ရရှိနေခဲ့ပါတယ်..။သို့ပေမယ့် ဒါက ဆန်နီ ခြုံခိုတိုက်ခိုက်သူ ဆယ့်နှစ်ယောက်ကို အမှောက်သိပ်ခဲ့တဲ့ ဗီဒီယိုကို မမှီသေးပါဘူး..။

မှတ်ချက်တွေက ပြန့်နှံ့နေခဲ့တယ်..။

“သောက်ကျိုးနဲ..ဟုတ်တယ်…အရှင် က ဒီ သူခိုးတွေကို သင်ခန်းစာပေးခဲ့တာ..”

“ဆယ့်နှစ်ယောက်တည်းလား..။ဒီငနဲတွေက အရူးတွေပဲ..။သူတို့က အနည်းဆုံး လူတစ်ရာလောက် စုစည်းလာခဲ့သင့်တာ..”

“စိတ်မဆိုးပါဘူးတဲ့ လား..။ဘယ်သူက စိတ်ဆိုးမှာလဲ…ဘုရားသခင်တို့…တစ်စုံတစ်ယောက်က ဘာလို့ ဒီလောက်ထိ မိမိုက်နေရတာလဲ..”

“သူ့ရဲ့ အိုဒါချီ ဓားကိုဝေ့ယမ်းသွားတာ မင်းတို့ မြင်လိုက်လား..။ငါ ထင်ယောင်ထင်မှားဖြစ်နေတာတော့ မဟုတ်ပါဘူးနော်..”

“…ငါကပဲ အထင်မှားနေတာလား..ဒါမှမဟုတ် ခွေးသားကပဲ..ဒီနေ့ အရမ်းကို ခန့်ညားနေတာလား မသိတော့ဘူး.”

သူ မျက်နှာရှုတ်မဲ့ သွားခဲ့ပြီး..နောက်ထပ် ဗီဒီယို တစ်ပုဒ်အောက်ဘက်က မှတ်ချက်တွေကို ဖတ်လိုက်ပါတယ်..။

“အဲဒီ ဆိုင်တို ငနဲ…သူက ဘာလို့မေးနေသေးတာလဲ..။ခွေးသား ဆိုတာက သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ လူတစ်ယောက်ဆိုတာကို သူ မသိဘူးလား..”

“ဒါပေါ့..အရှင် မွန်ဂရယ် အနေနဲ့ သိက္ခာကျမှာပေါ့..။သူက အရမ်းကို ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ပဲ..”

“မင်းတို့ အရူးတွေ ဘာတွေ ပြောနေကြတာလဲ..။ခွေးသားက ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက် မဟုတ်ဘူး..။သူက သားရဲ တစ်ကောင်ပဲ..။သူ ဒီလို ပြောလိုက်တယ် ဆိုတာကလည်း ..သူ့လို သားရဲတစ်ကောင်က တစ်ခြားလူတွေရဲ့ အကူအညီကို မလိုအပ်လို့လေ..”

“ချီး..ဒီနေ့မှတ်ချက်တွေထဲမှာ ဆရာကြီး တွေ အရမ်းများတာပဲ..။အာ..မွန်ဂရယ်အကြောင်းကို..စစ်မှန်တဲ့ ကျွမ်းကျင်ပညာရှင်တွေပဲ သိကြတဲ့ အစောပိုင်းနေရက်တွေကို ငါ တကယ်လွမ်းမိတယ်..။သူ့ရဲ့ နည်းစနစ်တွေကလည်း အရမ်းကို ကောင်းမွန်တာပဲ.”

ဆန်နီဟာ ..စခရင်ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပြီးကာမှ ခေါင်းခါယမ်းလိုက်တယ်..။

‘ဒီလူတွေက ဘာဖြစ်နေကြတာလဲ..။ငါက ဘယ်တုန်းက သူရဲကောင်းစိတ်ဓာတ်ရှိတဲ့ လူတစ်ယောက် ဖြစ်သွားတာလဲ..။ခနလေး…သူရဲကောင်းစိတ်ဓာတ်ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲ..’

သူ နော်ကတစ်ကြိမ် ခေါငးခါယမ်းလိုက်ပြီး..တရားဝင် စာမျက်နှာဖက်ကို ကူးပြောင်းပြီး ရလာဒ်တွေကို ကြည့်လိုက်ပါတယ်..။

ဒါပေါ့ ဆန်နီကတော့..တော်ဝင်တိုက်ပွဲကို အနိုင်ရပြီးကတည်းက..ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်မှီတဲ့လူတစ်ယောက်ဖြစ်လာပြီး သားပါ..။သို့ပေမယ့်..တစ်ခြားပြိုင်ပွဲဝင်တွေ အနေနဲ့လည်း နောက်ထပ် တစ်ဆင့်ကို တက်ရောက်ဖို့အတွက် အခွင့်အရေး ရှိကြပါတယ်..။ဒီအရာက သူတို့ရဲ့ ဖျော်ဖြေမူနဲ့..သီးသန် ရမှတ်တွေအပေါ်မှာပဲ မူတည်တာပါ..။ဒီတော့..နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရတဲ့ သူက အများကြီး ရျှိနိုင်မှာ မဟုတ်ပေ..။

ဒါကြောင့်..တော်ဝင်တိုက်ပွဲကို ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင် တစ်ထောင်ဆိုတဲ့ အရည်အတွက်မှာ..ယှဉ်ပြိုင်သူ နှစ်ယောက်ကသာ..နောက်တစ်ဆင့်ကို ထပ်တက်ဖို့အရည်အချင်း ပြည့်မှီခဲ့ကြပါတယ်..။သူတို့ထဲက တစ်ယောက်..ငယ်ရွယ်တဲ့ အမျိုးသမီး ဖြစ်တဲ့ ဖိုင်းရားရှင်း ဖြစ်ပြီး..နောက်ထပ်တစ်ယောက်ကတော့..မဟာယန ကလန်ရဲ့ ဒါပါ..။သူက ဆန်နီကို ကြီးမားတဲ့ မြား နဲ့ ထိုးဖောက်ဖို့ကြိုးစားခဲ့တဲ့ လေးသည်တော်ပါပဲ..။

‘အာ..။နောက်ဆုံးတော့..ဒီခွေးသားက နောက်တစ်ဆင့်တက်သွားတာပဲ..’

ဆန်နီ စိတ်ဝင်စားမူ ပျောက်ဆုံးသွားခဲ့ပြီး စကားပြောစက်ကို ပိတ်ကာ သန်းဝေလိုက်တယ်..။

မနက်ဖြန်ဆိုရင်တော့..တကယ့် ပြိုင်ပွဲအစစ်အမှန်က စတင်တော့မှာပါ..။သူတို့ရဲ့ အရည်အချင်းက ပြည့်မှီတယ်ဆိုတာကို သက်သေပြနိုင်တဲ့..တိုက်ခိုက်ရေးသမား တစ်ထောင်က..သင့်တော်တဲ့ တိုက်ပွဲတွေကို ယှဉ်ပြိုက်ကြရမှာပါ..။ရက်အနည်းငယ်ကြာအောင် ပြင်းထန်တဲ့ တိုက်ပွဲတွေ ယှဉ်ပြိုင်ပြီးသွားရင် အနိုင်ရရှိသူ တစ်ယောက်တည်းကသာ..အကောင်းဆုံးဆုလာဒ်ကို ရိတ်သိမ်း နိုင်ပါလိမ့်မယ်..။

‘ငါ အနားယူတာပဲ ကောင်းလိမ့်မယ်..’

သူက မြေအောက် ဒိုဂျို ဆီကို ပြန်သွားလိုက်ပြီး..အိပ်စက်ခြင်း သေတ္တာထဲကို ဝင်လိုက်တယ်..။မကြာခင်မှာပဲ..သူ့ရှေ့မှာ ရင်းနှီးတဲ့ ခံတပ်နယ်မြေက ပေါ်ထွက်လာခဲ့ပါတယ်..။

ဆန်နီ ဟာ အချိန်ဖြုန်းမနေတော့ပဲ..ယဇ်ပုလ္လင် ကို ထားရစ်ခဲ့ကာ သူ့ရဲ့ အခန်းထဲကိုပဲ ဦးတည်ပြီးသွားလိုက်ပါတယ်..။ပြီးတာနဲ့ ချက်ချင်း ဆိုသလိုပဲ..အိပ်ပျော်သွားခဲ့တယ်..။

…ယုတ်မာတဲ့ သူတွေက အနားယူခွင့်မရှိဘူးလို့ ဘယ်သူ ပြောတာလဲ..။

…..

နောက်တစ်ရက် မနက်ခင်းမှာတော့..ရိမ်းက..လေ့ကျင့်ရေးအတွက် တိကျစွာပဲ အိမ်ရှေ့မှာ ပေါ်လာခဲ့ပါတယ်..။ကံကောင်းချင်တော့..ပြိုင်ပွဲကလည်း နေ့လည်ခင်းမှ စတင်မှာပါ..။ဒီတော့..ဆန်နီအနေနဲ့ သူတို့ရဲ့ လေ့ကျင့်ရေးကို ဖျက်သိမ်းဖို့အတွက် အကြောင်းပြချက် ရှိမနေခဲ့ပေ.။

သူက လည်း မဖျက်သိမ်းချင်ပေ..။ဒီအရာက အဲဒီ တုံးအတဲ့ ပြိုင်ပွဲထက်ပိုပြီးတော့..အရေးကြီးပါတယ်..။သူအနေနဲ့အားကောင်းတဲ့ မှတ်သားမူတွေကို တစ်ခြားနေရာကနေ ရှာဖွေလို့ရနိုင်ပေမယ့်..နေ့ရက်တစ်ရက် ကုန်ဆုံးသွားတာက..သူ့ညီမလေး ရဲ့ အသက်ရှင်သန်နိုင်မယ့် အခွင့်အရေး ပိုမို မြင့်တက်လာအောင် လုပ်ပေးရမှာပါ..။ဒီတော့် ရိမ်း ကို သင်ကြးပေးဖို့ဆိုတာက ပထမ ဦးစားပေး အလုပ်ပါပဲ..။

မိန်းကလေး က သူ နောက်ဆုံးတစ်ကြိမ် ပြသခဲ့တဲ့ အကွက်ကို ထပ်ကာ တလဲလဲ လေ့ကျင့်နေခဲ့တယ်..။သူမရဲ့ ပုံစံက သူ ထင်ထားတာထက် ပိုဆိုးနေခဲ့ပေမယ့်..ရိမ်း အနေနဲ လုံ့လ ဝီရိယ မရှိရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပေ..။သူမက နေရာတိုင်းမှာ တိုးတက်နေခဲ့ပြီး..သူ ပြင်ဆင်ပေးတဲ့ အမှားတိုင်းကို..အရိုးအသားထဲအထိ မှတ်သားထားခဲ့ပါတယ်..။ပြီးပြည့်စုံတဲ့ စတင်သူတစ်ယောက် အနေနဲ့ဆိုရင်..သူမက တကယ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေနိုင်ခဲ့တယ်..။

‘သွေးတွေ ကြားထဲမှာ ပြေးနေရမယ်..’

သူမ မမြင်တာ သေချာအောင် လုပ်ပြီးကာမှ ဆန်နီက တစ်ဖက်ကို လှည့်ပြီး ပြေးလိုက်တယ်..။တိကျတဲ့ အခိုက်အတန့်တစ်ခုမှာပဲ ဆန်နီရဲ့ စကားပြောစက်က အသံမြည်လာခဲ့ပါတယ်..။ဒါကို ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ ခံစားချက်တွေက ပိုမိုပြီးတော့တောင် ကောင်းမွန်လာခဲ့ပါသေးတယ်..။

ဒီ စာက အီကို ဆီကနေ ရောက်လာတာဖြစ်ပြီး..နွယ်ပိုးကောင်ဆီကနေ သူယူလာခဲ့တဲ့ အမြုတေက နောက်ဆုံးမှာတော့ ရောင်းထွက်သွားခဲ့ပါြပီ..။အထွတ်အထိပ် အဆင့်..အပိုင်းအစတွေက..အောက်ဘက်အဆင့်တွေထက်စာရင် အတော်လေးကို ရှားပါးပြီး.အဖိုးတန်ပါတယ်..။ဒါက ပိုမိုများပြားတဲ့ အဆီအနှစ်တွေကို သိုလှောင်ထားတဲ့ အချက်ကြောင့်သာ မဟုတ်ပဲ…စပဲနည်းပညာ ရဲ့ အကြမ်းထည် အစိတ်အပိုင်းတွေကို အသုံးပြုတဲ့ စွမ်းရည်တွေပါ ပါဝင်နေတာကြောင့်ပါ..။

ဒီတော့..ဆန်နီက ချမ်းသာလာပြီလို့တောင် ပြောလို့ရနေခဲ့ပါပြီ..။

သို့ပေမယ့်..သူက ဆိုဗန် ရဲ့ ဝိဉာဉ်အမြုတေကိုတော့ မရောင်းချရဲခဲ့ပေ..။အပြင်ဖက်မှာက..အမြုတေ တစ်ခုရဲ့သဘာဝ နဲ့..အရင်းအမြစ်ကို ထောက်လှမ်းနိုင်တဲ့ နိုးထသူ တွေ ကျိန်းသေ ရှိနိုင်ကြပါတယ်..။တကယ်လို့ တစ်စုံတစ်ယောက်ကသာ သူ့အနေနဲ့ သူတော်စင်တစ်ယောက်ရဲ့ အမြုတေကို ပိုင်ဆိုင်ထားမှန်း သိရှိသွားလို့ရှိရင်..ဆန်နီအနေနဲ့ များပြားလှတဲ့ မေးခွန်းတွေကို ဖြေဆိုရပါလိမ့်မယ်..။ဒီတော့..သူက ဒီတိုင်းပဲ ကိုင်ကို ပေးလိုက်ပါတော့မယ်..။

ကိုယ့်အဖွဲ့သားတွေရဲ့ အင်အားကို မြင့်တင်ပေးတာကလည်း..ကိုယ့်ရဲ့ အင်အားကို မြင့်တင်တာနဲ့ အတူတူပါပဲ..။ဒီတော့..ဆန်နီ အနနဲ့ အလားအလာရှိတဲ့ အကျိုးအမြတ်ကို ဆုံးရှုံးရတာနဲ့ ပတ်သက်ပြီး..အရမ်းကြီး တွန့်တို နေတာမျို မဖြစ်ပါဘူး..။

..သို့ပေမယ့်..မယုံနိုင်လောက်အောင် ဝမ်းနည်းမိတာတော့ အမှန်ပါပဲ..။

လေ့ကျင့်ရေး အပိုင်း ပြီးစီးသွားတဲ့ အချိန်မှာတော့..သူက သူနဲ့ ရိမ်း အတွက် အရသာရှိတဲ့..မနက်စာကို ပြုလုပ်ခဲ့တယ်..။မိန်းကလေးက ဝံပုလွေ တစ်ကောင်လို ဆာလောင်နေခဲ့တာပါ..။ဒီတော့ သူမရဲ့ ပန်းကန်ထဲမှာ ထည့်ပေးထားတဲ့ အစားအသောက်ကို လျင်မြန်စွာပဲ ကုန်ဆုံးသွားစေခဲ့ပါတယ်..။

သူမ စားသောက်လို့ ပြီးကာနီး အချိန်မှာတော့..ဆန်နီက သူမကို မယုံနိုင်လောက်တဲ့ အမူအရာနဲ့ကြည့်ကာ ပုံမှန်အတိုင်း မေးလိုက်တယ်..။

“မင်းပြောတဲ့ ပြိုင်ပွဲက စနေကြပြီလား..”

ရိမ်းက နောက်ဆုံးတစ်လုပ်ကို မြိုချလိုက်ပြီး..ပြုံးလိုက်တယ်..။

“အိပ်မက် ပြိုင်ပွဲလား..။ဟုတ်တယ်..အရည်အချင်းစစ် ပြိုင်ပွဲတွေက မနေ့ကတင် ပြီးစီးသွားခဲ့တာ..”

သူက ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး လဖက်ရည် တစ်ငုံသောက်လိုက်တယ်..။

“အိုး..တကယ်လား..။ဟုတ်သားပဲ..ငါလည်း အင်တာနက်ပေါ်မှာ ဗီဒီယို တစ်ချို့ ကြည့်ထားခဲ့သေးတယ်..။အာ..မင်းရော ကြည့်ဖြစ်သေးလား..”

သူမ ခေါင်းညိမ့်လိုက်တယ်..။

“အင်း..”

ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ..သူ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးမိပြီး ပြောလိုက်ပါတယ်..။

“အင်း..ငါ ကြားတာကတော့.. မွန်ဂရယ်က အတော်လေးကို တော်တယ် ဆိုပဲ..”

ရိမ်းက ပြန်ငြင်းခုန်လိုက်တယ်..။

“..သေချာတာပေါ့..အဲလိုထင်တာပဲ..။ဒါပေမဲ့..ငါတော့ သူ့ကို မကြိုက်ဘူး..”

ဆန်နီ လဖက်ရည်တောင် သည်းမလို ဖြစ်သွားခဲ့တယ်..။

“ဘာကိုလဲ..။ဘာဖြစ်လို့လဲ..”

သူ့ရဲ့ အသံက တည်ငြိမ်ပြီး ပုံမှန်အတိုင်း ဖြစ်နေဖို့အတွက် အတော်လေးကို ကြိုးစားအားထုတ်နေခဲ့ရပါတယ်..။

‘မင်းက ဘာလို့ ခွေးးသား ကို မကြိုက်ရတာလဲ..။ခွေးးသားက အံ့ဩဖို့ကောင်းတယ်..။သူက နိုးထသူ ဆယ့်နှစ်ယောက်ကိုတောင် သတ်ခဲ့တာလေ..သိရဲ့လား..’

မိန်းကလေး က ရိုးရှင်းစွာပဲ ပုခုံးတွန့်လိုက်တယ်..။

“မပြောတတ်ဘူး..။ဒီတိုင်း သူ့ကို ကြည့်ရတာ ဆရာကြီး စတိုင်နဲ့..။ပြီးတော့..အဲလိုမျိုး လူတွေကို ဘယ်လို ရှင်သန်ရမလဲ လျောက်ပြီး သင်ကြားနေရအောင် သူ့ကိုယ်သူ ဘာထင်နေလို့လဲ..။ထပ်ပြောရရင် သူ့ရဲ့ မျက်နှာဖုံးကရော..ဘာအတွက်လဲ..။လူကောင်းတွေ ဆိုတာက ဘယ်တုန်းကမှ မျက်နှာဖုံးအောက်မှာ ဖုံးကွယ်မနေကြဘူးလေ..။ဒါက..ထင်တာကို ပြောကြည့်တာပါ..”

ဆန်နီ ကတော့..သူမကို နောင်တရတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်..။ပြီးမှ အားတင်းပြုံးလိုက်ပြီး..

“ကောင်းပြီလေ..ငါလည်း မပြောတတ်ဘူး..။အဲဒီမျက်နှာဖုံးက အရမ်းကို အားကောင်းတဲ့ မှတ်သားမူတစ်ခု ဖြစ်နိုင်တာကတော့ သေချာတယ်..။ပြီးတော့..သူက လူတွေကို ဘာမှမသင်ကြားပေးချင်တာလည်း ဖြစ်နိုင်တာပဲလေ..။အနည်းဆုံးတော့..ဒါက ငါ့ရဲ့ ယူဆချက်ပဲ..”

ရိမ်း မျက်မှောင်ကျုတ်လိုက်တယ်..။

“ထပ်ပြောရရင် သူက နိုက်အတွက်လည်း ပြသနာတွေ အများကြီး ဖြစ်နေစေတာ မဟုတ်ဘူးလား..။တကယ်လို့ သူ့မှာ တိုက်ဆိုင်မူသေးသေးလေး ရှိနေတယ် ဆိုရင်လည်း..သူက ဒီ ရယ်စရာ ကောလဟာလတွေကို..ရှေ့ထွက်ပြီး ရှင်းသင့်တယ်..။ဒါပေမဲ့ သူ ဒီလိုလုပိမှာ မဟုတ်ဘူး ဆိုတာကိုလည်း..ငါ လောင်းရဲတယ်..”

ဆန်နီ မျက်လုံး ကျဉ်းမြောင်းသွားခဲ့ပြီး..

‘အာဟား..ဒီတော့..ဒီဟာတွေ အားလုံးရဲ့ အဓိက အရင်းအမြစ်က ဒါကြောင့်ပေါ့.. ။မင်း စောင့်နေလိုက် ကိုင်…။ဒီအရာတွေ အတွက် တစ်နေ့မှာ မင်းပြန်ပေးဆပ်ရလိမ့်မယ်..’

သူက နောက်ထပ် လဖက်ရည်တစ်ငုံကို ဖြည်းညှင်းစွာ သောက်လိုက်ပြီး..ဒေါသတွေကို မြိုသိပ်ထားကာ မေးလိုက်တယ်..။

“မင်းက ပြိုင်ပွဲအကြောင်း ကို သိထားပြီးသား ဖြစ်လောက်မှာပါ..ဟင်..။မင်းက ဒီလို ကိစ္စတွေကို အတော်လေး စိတ်ဝင်စားတယ်လို့ ငါက ထင်ထားခဲ့တာ..”

ရိမ်းက သက်ပြင်းချလိုက်တယ်..။

“စိတ်မဝင်စားပါဘူး..။ငါက ဒီတိုင်း အဲဒီနေ့က တွေ့ခဲ့ရတဲ့..အမျိုးသမီးကို နိုးထသူတွေ ကြားထဲမှာ ပြန်ပြီး တွေ့နိုင်လောက်တယ်လို့ပဲ ထင်ထားခဲ့တာ..။ဒါပေမဲ့ သူမက ပြိုင်ပွဲမှာ ပါဝင်မလာခဲ့ဘူး..”

ဆန်နီ တစ်ခုခု ပြောလိုက်ချင်ပေမယ့်လည်း..သူ မပြောနိုင်ခင်မှာပဲ..သူမက ထပ်ပြောလာခဲ့တယ်..။

“..ကောင်းပြီလေ..ဒါပေါ့..။သူမလို စစ်မှန်တဲ့ နိုးထသူတစ်ယောက်က ဒီလိုမျိုး အရာမှာ အချိန်ဖြုန်းမှာ မဟုတ်ဘူး..။သူမက တစ်ခုခု အရေးကြီးတဲ့အရာ မျိုးကိုပဲ လုပ်နေလောက်တယ်..။အိပ်မက် ကမ္ဘာကို ရှာဖွေပြီး လူသားတွေကို အိပ်မက်ဆိုးသတ္တဝါတွေ ရန်ကနေ ကယ်ပေးတဲ့ အရာမျိုးကို လုပ်နေလောက်တယ်..။အဲလို ကိစ္စမျိုးတွေပေါ့ ..သိတယ်မလား..”

ဆန်နီ ပြုံးလိုက်ပြီး..

“သေချာတာပေါ့..ဒါက အဲလိုပဲဖြစ်နိုင်တယ်..။ခနလေး…ဒါက ဘာကိုဆိုလိုတာလဲ..။စစ်မှန်တဲ့ နိုးထသူ တစ်ယောက်က မဖြုန်းတီးဘူးဆိုတ….မင်းပဲ ငါ့ကို ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် အကြံဉာဏ်ပေးထားခဲ့တာ မဟုတ်ဘူးလား..”

ရိမ်းက သူ့ကို တုံးအတဲ့ လူတစ်ယောက်လို ပြန်ကြည့်လိုက်တယ်..။

“အဲတာက နင်လေ..။သူက သူလေ…ဒါက ဘယ်လို မေးခွန်းမျိုးလဲ..။စကားမစပ် ဘယ်အချိန် ရောက်နေပြီလဲ..။အိုး..ဘုရားရေ..ငါ သွားမှ ဖြစ်တော့မယ်..’

ဒီလိုပြောပြီးတာနဲ့..သူမက ဆန်နီ ကို အလျင်အမြန် လက်ပြနှုတ်ဆက်လိုက်ပြီး..တံခါးဆီကို ပြေးထွက်သွားခဲ့ပါတယ်..။ဆန်နီ ကတော့..ဆွံ့အစွာပဲ ကျန်နေရစ်ခဲ့တယ်..။

‘…ဒါက ဘယ်လို သောက်ကျိုးနဲ မျိုးကို ဆိုလိုတာလဲ..။ ငါက..ငါ…၊ သူက …သူ ဆိုတာ..’

သူက အချိန်တစ်ချို့ကြာအောင် ခံစားချက်မဲ့စွာ ထိုင်နေပြီးကာမှ..ပါးစပ်ကို ဖြည်းညှင်းစွာ ပိတ်ပြီး အချိန်ကို ပြန်ကြည့်လိုက်ပါတယ်..။

သူကလည်း အလျင်အမြန်လုပ်ရမယ့် အချိန်ကို ရောက်နေခဲ့တယ်..။ပြိုင်ပွဲက မကြာခင်မှာ စတင်တော့မှာပါ..။

ဆန်နီဟာ ဓာတ်လှေကား ဆီကို လျောက်သွားလိုက်ပြီး..ဒေါသတကြီး ရေရွတ်နေခဲ့ပါတယ်..။

‘ငါက ငါ ပေါ့…ကောင်းပြီလေ…ဒါပေါ့..ငါက ငါပဲပေါ့..။ငါ သူမကို ပြသရမယ့်…ချီး..အားလုံးကို ပြသရမယ့..။ငါ ဆိုလိုတာက ခွေးသားက အားလုံးကို ပြသလိမ့်မယ်ကွာ…ချီးပဲ..’

အပိုင်း ( ၅၃၆ ) ပြီး၏။

All Chapters