သင်ယူခြင်း
Vol. 36 Ch. 537
ပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားက ယှဉ်ပြိုင်သူ အယောက်တစ်ထောင်နဲ့ အတူ ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမှာပါ..။သူတို့ တစ်ယောက်ချင်းစီတိုင်းက အရမ်းကို ထူးချွန်ထက်မြက်တဲ့ နိုးထသူတွေ ချည်းပါပဲ..။သူတို့က ပုံရိပ်ယောင် ဘတ်ရှင် ခံတပ်ရဲ့ ခြံဝန်းထဲမှာ စုဝေးနေခဲ့ကြတယ်..။သူတို့ထဲက လူတစ်ထောင်ကျော်လောက်က..တစ်ဦးချင်း သီးသန့်ပြိုင်ပွဲတွေ အတွက် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပြီး..ကျန်တဲ့ လူတွေကတော့..အဖွဲ့လိုက်ယှဉ်ပြိင်ဖို့အတွက် ရောက်နေခဲ့ကြတာပါ..။
ကြီးမြတ်တဲ့ ဗာလာ ကလန်ရဲ့ ကိုယ်စားပြုသူက သူတို့ကို..ကြိုဆိုခဲ့ပြီး..အဖွင့်စကားကို အတိုချုပ်ပြောကြားလာခဲ့တယ်..။ယင်းနောက်..ပိုးချည်အဝတ်အစားကို ဝတ်ဆင်ထားတဲ့..ယောကျ်ားလိုလို..မိန်းမလိုလို ထူးဆန်းတဲ့ သူတော်စင် တစ်ယောက်က..ဆက်လက် မိန်းခွန်းပြောလာခဲ့တယ်..။ဒီလူကတော့..အိပ်မက်ရူခင်းကို တီထွင်ခဲ့တဲ့ လူတစ်ယောက်ပါ..။ဒီ အထွတ်အထိပ် အဆင့် ပညာရှင်က မှော်ဆန်လောက်အောင် လှပတဲ့ အလှတရားကို ပိုင်ဆိုင်ထားခဲ့ပေမယ့်…အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ရဲ့ မျက်နှာကို များပြားလှတဲ့ မိတ်ကပ်တွေ နဲ့ အုပ်ထားခဲ့ပါတယ်..။
တကယ်လို့ ဆန်နီသာ ဒီနေရာမှာ ဒီနေမယ်ဆိုရင်..ဒီသာယာတဲ့ အသံက အိပ်မက်ရူခင်းထဲက ကြေညာချက်တွေကို ထုတ်ပြန်နေတဲ့ အသံနဲ့ တစ်ထပ်တည်းပဲ ဆိုတာကို ချက်ချင်း မှတ်မိသွားမှာပါ..။
သို့ပေမယ့် သူက ဒီနေရာမှာ ရှိမနေခဲ့ပါဘူး..။
သူက ဒီလို အခမ်းအနားတွေမှာ ဘာလို့ အချိန်ဖြုန်းနေရမှာလဲ..။သူက အဖွင့်ပွဲ မိန့်ခွန်းတွေ ၊ ဖျော်ဖြေမူတွေ၊ မနေ့က တိုက်ပွဲတွေထဲက စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်တွေကို ပြန်လည်ပြသတာတွေ အားလုံးကို ကျော်လိုက်ပါတယ်..။ပြီးတော့..အားလုံးက စောင့်မျှော်နေကြတဲ့အရာဖြစ်တဲ့..ဘယ်သူက ဘယ်သူနဲ့ တွေ့မှာလဲ ဆိုတာကို မဲနှိုက်ဆုံးဖြတ်တဲ့ အခိုက်အတန့်တွေကိုတောင်..သူက ကျော်လိုက်ပါသေးတယ်..။
ဆန်နီ ကတော့.သူ ဘယ်သူနဲ့ တိုက်ခိုက်ရမှာလဲ ဆိုတဲ့ အရာကို ဂရုမစိုက်ပေ..။သူက ဒီတိုင်း တစ်စုံတစ်ယောက်ကို အမြန်သတ်ချင်နေတာပဲ သိပါတယ်..။
တိုက်ပွဲတစ်ခုစီကို နှစ်ယောက်တစ်တွဲတိုက်ခိုက်မှာဖြစ်တာကြောင့်..တစ်ဝက်လောက်က တစ်ခါတည်း ထုတ်ပယ်ခံရပါလိမ့်မယ်..။ဒါက..သူ့အနေနဲ့ ဆယ်ကျော့လောက် တိုက်ခိုက်ပြီးတာနဲ့ အကောင်းဆုံး ဆုလာဒ်ကို ရနိုင်မယ်လို့ ဆိုလိုတာပါပဲ..။ဒါပေါ့..ဒီအရာက လွယ်ကူမယ့် အရာတော့ မဟုတ်ပေ..။ဒီပြိုင်ပွဲထဲမှာ အတွေ့အကြုံမရှိတဲ့ လူတွေ တစ်ယောက်မှ ကျန်မနေတော့ပါဘူး..။ယှဉ်ပြိုင်သူ တစ်ထောင်ထဲက တစ်ယောက်ချင်းစီတိုင်းက အရမ်းကို ကြမ်းတမ်းတဲ့ စစ်သည်တော်တွေ ဖြစ်ကြတာကြောင့်. အဆုံးသတ်မှာ.စစ်မှန်တဲ့ ပါရမီရှင်ကပဲ ရှင်ကျန်ရစ်နိုင်ပါလိမ့်မယ်..။
ဒီအရာက..သူ့အတွက်..ဒီလူတွေရဲ့ လှပတဲ့ တိုက်ခိုက်ရေး ဟန်ပန်တွေကို လေ့လာနိုင်ဖို့ အကောင်းဆုံး အခွင့်အရေး တစ်ရပ် ဆိုရင်လည်း မမှားပါဘူး..။
ဆန်နီဟာ တိုက်ခိုက်မူတွေအတွက် မဲနှိုက်မူတွေ ပြီးဆုံးခါနီး အချိန်ကြမှ ..နောက်ဆုံးမှာ အိပ်မက်ရူခင်းထဲကို..ဝင်ရောက် သွားခဲ့ပါတယ်..။ခွေးသား ရဲ့ ကြောက်မက်ဖွယ် အနက်ရောင် ပုံရိပ်က..လူအုပ်ကြားထဲမှာ ပေါ်လာခဲ့ကာ အားလုံးနဲ့ ရောထွေးသွားခဲ့တယ်..။သူ့ဘေးနားမှာ အနီးဆုံး ရှိနေတဲ့ လူတစ်ချို့က တီးတိုး ပြောဆိုမူတွေတောင် လုပ်လာကြပါသေးတယ်..။
“ဟေး..အဲတာ သူပဲ..”
“သားကြီးရေ…ဒီခွေးသားက..အပြင်မှာ ပိုပြီးတောင် ကြောက်ဖို့ကောင်းနေတာပဲ..။ဟိုက်လိုက်မှာ ပြသွားတဲ့က မြင်ကွင်းက…ဘုရားရေ..၊ ပြိင်ပွဲကို အဖွဲ့လိုက် ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ ငါတကယ် မှန်သွားတယ်..”
“ချီး..ဘာတွေများ အရေးကြီးခွင်ကျယ် လုပ်နေတာလဲ..။ငါက သူ့ရဲ့ ပြိုင်ဖက်အဖြစ်တွေ့ဖို့ကို မျှော်လင့်နေခဲ့တာ..။သူ့ကို အနိုင်ယူရတာက တကယ်ကို ပျော်ဖို့ကောင်းလိမ့်မယ်..ၑ
ဆန်နီကတော့..ဒီ တီးတိုးပြောဆိုမူတွေ အာလုံးကို လျစ်လျူရူထားခဲ့ပြီး..ဘေးပတ်ဝန်းကျင်ကိုသာ သိချင်စိတ်နဲ့ ကြည့်နေခဲ့ပါတယ်..။ဒီဟာက သူ့အနေနဲ့ ဘတ်ရှင် ခံတပ်ထဲကို ပထမဆုံး အကြိမ် ဝင်ဖူးတာပါ..။ကောင်းပြီလေ..ဘတ်ရှင်ရဲ့ ပုံရိပ်ယောက် ခံတပ်ထဲကိုပေါ့..။ဒါတောင်မှ သူက အတော်လေးကို အံ့ဩသင့်မိနေတုန်းပါပဲ..။ဒီနေရာဆိုတာက ဒဏ္ဌာရီလာ နေရာမျိုးပါ..။လူသားတွေက အိပ်မက်ကမ္ဘာထဲကို ကျူးကျော်ကြပြီး..အစောဆုံးသိပ်ပိုက်နိုင်ခဲ့တဲ့ ခံတပ်ကြီး တစ်ခုပါပဲ..။ကြီးမြတ်တဲ့ ကလန်ရဲ့ စွမ်းအားအရင်းအမြစ် နေရာ..။
…ပြီးတော့..ဒီနေရာက ဒဲလ်မွန်တွေထဲက တစ်ပါးရဲ့ ခံတပ်ဟောင်း နေရာ ဆိုရင်လည်း ဟုတ်ပါတယ်..။
ဒါက သူ့အနေနဲ့ သမိုင်းကြောင်းရဲ့တစ်စိတ် တစ်ဒေသ အဖြစ်ပါဝင်နေရသလိုပါပဲ..။
သို့ပေမယ့် ဆန်နီ ရဲ့ သိချင်စိတ်က အချိန်အကြာကြီး ရှိမနေခဲ့ပေ..။လျင်မြန်စွာပဲ..သူက ဒေါသတွေ ..စိတ်အနှောက်ယှက် ဖြစ်မူတွေထဲမှာ နစ်မြုပ်သွားခဲ့ပါတယ်..။
‘ ဒီ မိန်းကလေး..သူမက ဘာများသိလို့လဲ..”
သူ့ လက်တွေက တစ်ယောက်ယောက်ကို ရိုက်နှက်ချင်သလိုတောင် ဖြစ်နေခဲ့တယ်..။
နောက်ဆုံးမှာတော့..တိုက်ခိုက်မူအတွက် လူတွေ ခွဲတာက ပြီးဆုံးသွားခဲ့ပါပြီ..။ဆန်နီ ကတော့..ဒီအရာကို လှမ်းကြည့်ဖို့အတွက်တောင်..စိတ်မဝင်စားတော့ပဲ..တိုက်ပွဲအတွက်သာ ပြင်ဆင်လိုက်ပါတယ်..။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..သူ့ အမြင်အာရုံက တစ်ခနလောက် မှောင်မိုက်သွားခဲ့တယ်..။ပြီးတာနဲ့ သူ့ကိုယ်သူ ခံတပ်ထဲမှာ ပြန်တွေ့လိုက်ရပါတယ်..။ဒီတစ်ကြိမ်မှာတော့..ပြိုင်ပွဲဝင် လူအုပ်ကြီးက ရှိမနေတော့ပဲ..သူနဲ့ သူ့ရဲ့ ပြိုင်ဖက်သာ မျက်နှာချင်းဆိုင် အနေအထားနဲ့ ကျန်ရစ်ပါတော့တယ်..။
ဒီနေရာမှာတော့.. အလံတွေကို လေထဲမှာ လွင့်ထူထားပြီး..ပွဲကြည့်စင်ပေါ်မှာ..တစ်ထောင်လောက်ရှိတဲ့ ပွဲကြည့်သူတွေက စိတ်လှုပ်ရှားစွာ ရှိနေခဲ့ကြပါတယ်.။သူတို့က သီဆိုမူတွေ ၊ ဟစ်အော်မူတွေ ၊ လက်ဝေ့ယမ်းမူတွေကို လုပ်နေခဲ့ကြတယ်..။
သူ့ရဲ့ ပြိုင်ဖက်ကတော့..သွေးရောင် အကာအကွယ်ကို ဝတ်ဆင်ထားပြီး..ငါးပုံစံ ဓားတစ်ချောင်းကို ကိုင်စွဲထားခဲ့တယ်..။သူ့ရဲ့ ပုံစံက အတော်လေးကို ရင်းနှီးနေခဲ့ပါတယ်..။
လူငယ်လေးဟာ အနက်ရောင် မျက်နှာဖုံးကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့တယ်..။
“ဒီလိုဖြစ်မယ် ဆိုတာကို ငါ သိနေတယ်..။ချီးပဲ..နောက် တစ်…”
ဆန်နီ အော်ဟစ်ပြီး..ဝိဉာဉ်မြွေကို မြှောက်ကာ..ရှေ့ကို ပြေးတက်လာခဲ့ပါတယ်..။
တစ်ခနကြာပြီးတဲ့ နောက်မှာတော့..လူသားတစ်ယောက်ရဲ့ ဦးခေါင်းက လေထဲမှာ မြှောက်တက်သွားခဲ့ပါပြီ..။ပွဲကြည့်သူတွေက..ကျေနပ်အားရမူတွေနဲ့ ဟစ်ကြွေးနေခဲ့ကြပြီး..သာယာဖွယ် ကြေညာသံကလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့တယ်..။
“ယှဉ်ပြိုင်သူ အနီရောင် နိဗ္ဗာန်ဘုံ ထုတ်ပယ် ခံလိုက်ရပါပြီ..’”
….
ဆိုင်းလပ် နဲ့ ဒီမီ တို့က ပေါ့ပေါ့ပါးပါး..စကားပြောနေကြတုန်းမှာပဲ..ထုတ်လွင့်သူ ပရိုဂျူဆာက မိုက်ကရိုဖုန်းကနေ တဆင့်သူတို့ကို စကားပြောလာခဲ့တာကို ကြားလိုက်ရပါတယ်..။ဒါက လူငယ်လေးကို အကြိမ်အနည်းငယ် မျက်တောင်ခတ်သွားစေပြီး..အံ့ဩတဲ့ အပြုံတစ်ခုကို ဖြစ်ပေါ်လာစေခဲ့တယ်..။
“အာ..ကြားဖြတ်ရတဲ့ အတွက် စိတ်မကောင်းပါဘူး..ဒီမီ..။ဒါပေမဲ့..ကြည့်ရတာတော့..နိုင်ပွဲတစ်ပွဲက..ရှိနေပြီးတဲ့ ပုံပဲ..။ဝိုး..ဒါက အရမ်းကို မြန်တယ်..”
ထုတ်လွင့်မူကို…အစီစဉ်ကြေညာသူက တိုက်ခိုက်ရေးသမားတွေကို မိတ်ဆက်ပေးတာကိုတောင် မစောင့်ပဲ ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ အခိုက်အတန့်ကို ပြန်လည်ပြသပေးလိုက်ပါတယ်..။ဒါက..သမိုင်းတစ်လျောက်မှာ ပထမဆုံး အကြိမ်ပါပဲ..
“အာ…ဟားဟား..ဒါပေါ့..။အဲတာက ခွေးသား ပဲ..။ဘယ်သူ ရှိရဦးမှာလဲ..”
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကလည်း ရယ်မောလိုက်တယ်..။
“သူ့ပြိုင်ဖက်ကတော့…တကယ်ကို ကံဆိုးတာပဲ..။သူက စိတ်မပျက်သွားပါစေနဲ့လို့ ငါမျှော်လင့်မိတယ်..။ဒီလို ထိပ်လန့်စရာကောင်းတဲ့ ရန်သူတစ်ယောက်ကို ရှုံးနိမ့်တယ် ဆိုတာက ရျက်စရာ တစ်ခု မဟုတ်ဘူးလေ..။ဒီလို အရည်အချင်းမှီ အဆင့်ကို ရောက်လာနိုင်တာနဲ့တင် လူတိုင်းက..ငါတို့ရဲ့ လေးစားမူနဲ့..ထိုက်တန်နေကြပြီ..။အရင်နေ့ရက်တွေတုန်းကဆိုရင်..ပြိုင်ပွဲထဲကို ဝင်ပါဖို့ဆိုတာက အရမ်းကို လွယ်ကူခဲ့တာလေ..”
ဆိုင်းလပ်..သဘောတူခဲ့တယ်..။သူက ပြိုင်ဖက်ရဲ့ အလောင်းပေါ်မှာ ခံစားချက်မဲ့စွာ ရပ်နေတဲ့..အနက်ရောင် ပုံရိပ်ကို ကြည့်ပြီး..အကူညီမဲ့စွာပဲ ကျောချမ်းသလိုတောင် ခံစားလိုက်ရပါတယ်..။
သူက ပဲ ဖြစ်နေတာလား..ဒါမှမဟုတ် မွန်ဂရယ်ကပဲ ဒီနေ့မှာ အတော်လေး ကြောက်ဖို့ကောင်းနေတာလားပဲ..”
မထင်မှတ်ထားတဲ့ ပထမဆုံး နိုင်ပွဲ အပြီးမှာတော့..နောက်ထပ် ပြိုင်ဆိုင်မူ ပြင်းထန်တဲ့ တိုက်ပွဲအချို့ကို ပြသထားခဲ့တယ်..။ဆိုင်းလပ် နဲ့ ဒီမီ တို့ကတော့..အစီစဉ်တင်ဆက်နေရင်းကနေ..ကြော်ညာတွေ အတွက် ခနအနားယူတာ ၊ တစ်ခါတစ်ရံ တစ်ခြားမှတ်ချက်ပေးသူတွေနဲ့အတူ..စိတ်လှုပ်ရှားစရာ အဖွဲ့လိုက်တိုက်ပွဲတွေကို လုပ်ဆောင်တာတွေကို လုပ်နေခဲ့ပါတယ်..။အတော်ကြာပြီးတဲ့ နောက်မှာတော့..မွန်ဂရယ် ရဲ့ အလှည့်က တဖန် ပြန်ရောက်လာခဲံတယ်..။
ဒီတစ်ကြိမ်မှာတော..ပရိုဂျူဆာက သူ့ရဲ့ တိုက်ပွဲကို မစတင်ခင်ကတည်းက ကြိုတင်ပြသထားခဲ့ပါတယ်..။သူက နောက်ထပ် အလျင်အမြန်ကြီး အဆုံးသတ်သွားရင် မမှီလိုက်မှာကို စိုးရိမ်နေခဲ့တာပါ..။သို့ပေမယ့်..သူတို့က စိတ်ပျက်စရာနဲ့သာ ကြုံတွေ့ခဲ့ကြရတယ်..။ထူးဆန်းတဲ့ ဓားသမားက ဒီတိုက်ပွဲနဲ့ တစ်ခြားတိုက်ပွဲအချို့အတွင်းမှာ
ခွန်အားတွေ အားလုံး ဆုံးရှုံးသွားခဲ့သလိုပဲ..သူ့ရဲ့ ပြိုင်ဖက်နဲ့ မောမော ပန်းပန်း ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့ရပါတယ်..။သူက ယှဉ်လျားပြီး..ပန်ပင်းတဲ့ ယှဉ်ပြိုင်မူတွေ အပြီးမှာသာ ပြိုင်ဖက်တွေကို အဆုံးသတ်နိုင်စွမ်းရှိခဲ့တယ်..။
ခွေးသားရဲ့ အမာခံပရိတ်သတ်လို့ မပြောနိုင်ပေမဲ့ အားပေးသူ တစ်ယောက်ဖြစ်တဲ့ ဆိုင်းလပ် ကတော့ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ပါပြီ..။
ကံကောင်းချင်တော့..သူ့ရဲ့ ပါတနာက ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပါတယ်..။
“ဟေး..ဒီမီ..မွန်ဂရယ်က ဘာလို့ ရုတ်တရက်ကြီး..ရုန်းကန်နေရတာလဲ..။မနေ့က သူ့ရဲ့ ဖျော်ဖြေမူအပြီးမှာ..ကျုပ်တို့က..သူ့အနေနဲ့ အစုလိုက်အပြုံလိုက် ထပ်ပြီး သတ်ပြတော့မယ်လို့တောင် ထင်ထားခဲ့ကြတာလေ..”
လူအိုကြီးက ရယ်မောလိုက်ပြီး..
“အာ..မင်းတော့ အိမ်စာမလုပ်လာဘူးဆိုတာ ငါသိလိုက်ပြီ..။ဒါက ခွေးသား လုပ်နေကြ ပုံစံတစ်ခုပဲ..။အဲတာကပဲ သူ့ကို အန္တရာယ်များတဲ့ လူတစ်ယောက် ဖြစ်နေစေခဲ့တာ..။ဟုတ်တယ်..သူ့ပုံစံက ရုန်းကန်နေရတဲ့ ပုံပေါက်နေတယ်..။ဒါပေမဲ့ သူက ရုန်းကန်နေရတာ မဟုတ်ဘူး..။သူက…သင်ယူနေတာပဲ..”
ဆိုင်းလပ်..ဟာ မှတ်ချက်ပေးတဲ့ေ နရာကို လှမ်းကြည့်လိုက်ပြီး ရယ်မောလိုက်တယ်..။
“မဟုတ်ဘူး…ဒီမီ ပြောချင်တာက..’ရိုက်နှက်ခံရဖို့ သင်ယူတာ ‘ ကို ပြောတာ မဟုတ်မှန်း ငါ သေချာသိပါတယ်..။ဒါပေမဲ့..အာ…ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ ဒီမီ..”
ကျွမ်းကျင်သူဟာ ပြုံးလိုက်ပြီး..
“မွန်ဂရယ် ( ခွေးသား ) က အရမ်းကို ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားအဖြစ် လူသိများနေတာက သူက သန်မာပြီး ကျွမ်းကျင်မူရှိလို့ မဟုတ်ဘူး..။ဒီလို လူမျိုးတွေက အခုမြင်နေရတဲ့ တိုက်ပွဲတွေ ထဲမှာ အများကြီးပဲ..။ဒါပေမဲ့ ဘာလို့လဲ ဆိုတော့..သူက သူ့ပြိုင်ဖက်ရဲ့ တိုက်ခိုက်ရေး ဟန်ပန်ကို မှန်တစ်ချပ်လိုမျိုး ပြန်လည် စုပ်ယူနေနိုင်လို့ပဲ..။ဒီတော့..မင်းမြင်နေရတဲ့ အရာက သူ ရှုံးနေတာ မဟုတ်ဘူး..။သူက တိုက်ပွဲကို အဆုံးမသတ်ခင်မှာ ရန်သူရဲ့ တိုက်ခိုက်ရေး နည်းစနစ်ကို နားလည်ဖို့ ကြိုးစားနေတာ..။အမှန်ပြေားရရင်..လေးစားလောက်စရာပဲ..။ပြီးတော့..အတော်လေး ကြောက်ဖို့ကောင်းတယ်..”
ဆိုင်းလပ် ဟာ နောက်ပွဲနေရာကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာတော့..နောက်ဆုံးမှာ သတိထားမိသွားခဲ့ပါတယ်..။အမှန်တကယ်ပဲ..မွန်ဂရယ် တစ်ဖက်လူနဲ့ တိုက်ခိုက်နေတဲ့ ပုံစံက ပြိုင်ဖက်နဲ့ နီးစပ်စွာပဲ ဆင်တူနေခဲ့တာပါ..။သူ့ရဲ့ လက်နက်လည်း..ရန်သူရဲ့ လက်နက်အတိုင်းကို လိုက်ပြီး ပြောင်းလဲနေခဲ့ပါသေးတယ်..။
‘…အရမ်း မိုက်တယ်…’
သူက ကင်မရာဖက်ကို ကြီးမားတဲ့ အပြုံးတစ်ခုနဲ့အတူ လှည့်လာခဲ့ပါတယ်..။
“ကောင်းပြီလေ..ခင်ဗျားတို့ မြင်တွေ့နေရတဲ့ အတိုင်းပါပဲ ပရိတ်သတ်တို့..။ဒီတော့..အခုထိ မွန်ဂရယ်ကို အစွန့်လွှတ်လိုက်ကြနဲ့ဦး..။ဘယ်သူ သိမှာလဲ..သူက ကျုပ်တို့ကို..အံ့ဩသင့်စရာတွေ လုပ်ပြနိုင်သေးတယ်လေ…”
……
မကြာခင်မှာပဲ..ဆန်နီအတွက် ဒီနေ့မှာ နောက်ဆုံးတိုက်ခိုက်ရမယ့်..ပွဲစဉ်ကို ရောက်ရှိလာခဲ့ပါတယ်..။နောက်တစ်ကြိမ်ဆိုသလိုပဲ..သူက ခံတပ်ဝန်းထဲမှာ ပြန်ပေါ်လာခဲ့တယ်..။သူ့ပုံစံက ပြိုင်ဖက်တွေ အသုံးပြုမယ့် ဟန်ပန်ကို လေ့လာနိုင်ဖို့အတွက် အတော်လေး စိတ်အားထက်သန်နေခဲ့ပါတယ်..။
သူ ရန်သူကို မြင်လိုက်တဲ့အချိန်မှာတော့..နက်မှောင်တဲ့ အပြုံးတစ်ခုက သူ့အလိုလို ပေါ်လာခဲ့တယ်..။
‘ဘယ်လောက်တောင် အံ့ဩသင့်ဖို့ ကောင်းလိုက်လဲ..။ဒီတော့..ငါတို့ ပြန်တွေ့ကြပြီပေါ့..။ဒါမှမဟုတ် ပထမဆုံး အကြိမ်တွေ့တာ ဖြစ်နေမလား..။မနေ့ကတော့..ငါတို့ တစ်ယောက်ကို တစ်ယောက် မနှုတ်ဆက်နိုင်ခဲ့ကြဘူးပေါ့..ခွေးသားလေး..’
သူနဲ့ ဆန့်ကျင်ဖက်မှာ ရပ်နေတာက..ပုခုံးကျယ်ကျယ်နဲ့ လူငယ်တစ်ယောက်ပါ..။သူ့ရဲ့ ခန္တာကိုယ်က မယုံနိုင်စရာ ကြွက်သားတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။သူက အတော်လေးကို သန်မာပြီး..ယုံကြည့်မူရှိတဲ့ ပုံပေါက်နေခဲ့ပါတယ်..။ဒါက ရှေးဟောင်းနတ်ဘုရားတစ်ပါးက အသက်ပြန်ဝင်လာသလိုပါပဲ..။
…သူကတော့..မနေ့ကတုန်းက တောင်ဝင် တိုက်ပွဲကျင်းပနေစဉ် အတွင်းမှာ..သူ့ကို ချောင်းမြောင်းပြီး ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ လေးသည်တော် တစ်ဦးပါ..။
‘ သူက မဟာယန ကလန် ရဲ့ ဒါ…မလား..။ကောင်းပြီလေ..ကောင်းပြီ..။ငါ့ကိုယ်ငါ မိတ်ဆက်ပေးရသေးတာပေါ့…’