ဝါးမြိုခြင်း ဟန်ပန် များ..
Vol. 36 Ch. 538
ဒါက ဆန်နီ ဒီနေ့တိုက်ခိုက်ရတဲ့ ငါးကြိမ်မြောက် ယှဉ်ပြိုင်မူ ဖြစ်သလို နောက်ဆုံး ယှဉ်ပြိုင်မူတစ်ခု ဆိုရင်လည်း ဟုတ်ပါတယ်..။
သူ့ရဲ့ ပထမ ပြိုင်ဖက် သုံးယောက်က အတော်လေးကို ပြိုင်ဖက်ကင်းပြီး..စိတ်ဝင်စားဖို့ကောင်းတဲ့ ဟန်ပန်တွေကို ပိုင်ဆိုင်ထားခဲ့ကြတာပါ..။ဒီတော့ သူတို့ ဆီကနေ သင်ယူဖို့အတွက် ဆန်နီ အတွက်လည်း အချိန်တစ်ချို့ ကုန်ဆုံးသွားစေခဲ့တယ်..။သူက နှစ်ကြိမ်အောင်မြင်ပြီး..တစ်ကြိမ် ကျရှုံးခဲ့ပါတယ်..။
ပထမ ပြိုင်ဖက်တစ်ယောက်ကတော့..ပိုက်ဦးထုတ် လို့ ခေါ်တဲ့ လူတစ်ယောက်ဖြစ်ပြီး..ကွေးကောက်တဲ့ ဓားတစ်ချောင်းကို အသုံးပြုပါတယ်..။သူ့ရဲ့ နည်းစနစ်တွေကတော့..လျင်မြန်မူနဲ့ လိုက်လျောညီထွေ ဖြစ်မူကို အတော်လေးကို အားပြုထားခဲ့တယ်..။ခန္တာကိုယ်ကို အတတ်နိင်ဆုံး ပျော့ပြောင်းအောင် လေ့ကျင့်ထားတဲ့ ဆန်နီတောင်မှပဲ..ဒီလို မခန့်မှန်းနိုင်လောက်တဲ့ ပြိုင်ဖက်နဲ့ တွေ့တဲ့ အချိန်မှာ ရုန်းကန်ခဲ့ရပါတယ်..။
ဒုတိယ တစ်ယောက်ကတော့..တစ်ခြားအရူး ဆိုတဲ့ လူတစ်ယောက်ပါ..။သူ့ပုံစံက အနည်းငယ်ရင်းနှီးနေပုံရပေမယ့်..သူ့ရဲ့ ဟန်ပန်ကတော့..ဆန်နီ အတွက် မရင်းနှီးခဲ့ပါဘူး..။ဒီတော့..ဒီတိုက်ခိုက်ရေးသမားရဲ့ ဝိဉာဉ်အဆီအနှစ် သုံးစွဲမူ ပုံစံကို လေ့လာဖို့အတွက် သူ အတော်လေး အချိန်ယူခဲ့ရပါတယ်..။သူ့ရဲ့ လှံရှည်ကနေ ထွက်ပေါ်လာတဲ့ မခန့်မှန်း နိုင်လောက်တဲ့ တိုက်ခိုက်မူတွေကိုလည်း တစ်ချိန်လုံး ရှောင်ရှားနေခဲ့ရတယ်..။အဆုံးမှာတော့..ဒီတိုက်ပွဲကနေ သူ အများကြီး သင်ယူနိုင်ခဲ့ပါတယ်..။
သို့ပေမယ့် တတိယပြိုင်ဖက်က သူ့အတွက် စစ်မှန်တဲ့ စမ်းသပ်မူတစ်ခုလိုပါပဲ..။ဒီနိုးထသူက ပါးလှပ်တဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး..ရိုးရှင်းစွာ လှည့်စားတတ်တဲ့ တိုက်ပွဲဟန်ပန်ကို လေ့ကျင့်ထားတဲ့..သူ တစ်ယောက်ပါ..။သူနဲ့ တစ်ခြားသူတွေရဲ့ ကွာခြားချက်ကတော့..သူ့ရဲ့ လှုပ်ရှားမူတွေက လုံးဝကို..ပြီးပြည့်စုံနေတာပါပဲ..။ပြီးတော့ ဆန်နီ ရဲ့ အမှားတစ်ခုချင်းစီတိုင်းကိုလည်း..ချက်ချင်းတုန့်ပြန်နိုင်စွမ်းရှိနေခဲ့ပါတယ်..။
ကြည့်ရတာတော့..ဒီလူမှာ ရန်သူ နည်းစနစ်ရဲ့ အားနည်းချက်ကို ချက်ချင်းသိမြင်နိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ပုံပါ…။ပြီးတော့ သူက ဒါကို ဖော်ထုတ်နိုင်စွမ်းလည်း ရှိနေခဲ့ပါတယ်..။ဆန်နီက အပြာရောင် ဗတ် ရဲ့ တိုက်ပွဲဟန်ပန်ကို ဘယ်လောက်ပဲ နားလည်အောင် ကြိုးစားပါစေ..ဆုပ်ကိုင်နိုင်ခြင်းမရှိခဲ့ပေ..။အဆုံးမှာတော့..သူက ရှင်သန်ဖို့အတွက်..ဒီလူအပေါ်ကို လွှမ်းမိုးအောင် ကြိုးစားပြီး..သတ်ဖြတ်ဖို့အတွက် တွန်းအားပေးခြင်း ခံခဲ့ရပါတယ်..။သို့ပေမယ့်..သူ ဒီလိုမျိုး နားလည်ဖို့ ကျရှုံးသွားသည့် တိုင်အောင်..ဒီ တိုက်ပွဲကနေ အများကြီး သင်ယူနိုင်ခဲ့ဆဲပါ..။
ဘာပဲဖြစ်ဖြစ်..အရမ်းကို ထူးချွန်တဲ့ တိုက်ခိုက်ရေးသမား အချို့နဲ့တိုက်ခိုက်ပြီးတဲ့ အချိန်မှာ ဆန်နီက သူ့ရဲ့ အရိပ်ကခုန်မူအပေါ် နားလည်နိုင်စွမ်းက..အချိန်အတော်ကြာ ရပ်တန့်နေရာကနေ တိုးတက်လာပြီဆိုတာကို ခံစားနေခဲ့ရပါတယ်..။သူက အစွန်းတစ်ခုဆီကို ဖြည်းဖြည်း ချင်းစီ ချည်းကပ်လာနိုင်နေခဲ့ပါပြီ..။
ဒါကြောင့်ပဲ မဟာယန ကလန် ရဲ့ ဒါကို မြင်တွေ့ရတဲ့အချိန်မှာ သူက အတော်လေး ပျော်ရွှင်သွားခဲ့တာပါ..။
တစ်ချို့လူတွေ အတွက်တော့..ဆက်ခံသူတွေ ဆိုတာက ကျော်ဖြတ်ရခက်ခဲတဲ့..အတားအဆီးကြီးတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါလိမ့်မယ်..။သို့ပေမယ့် ဆန်နီအတွက်ကတော့..ဆက်ခံသူတွေ ဆိုတာက လက်ဆောင်သေတ္တာကြီးတွေပါပဲ..။သူတို့က သူ ယူဆောင်ဖို့အတွက်..ကောင်းမွန်တဲ့အရာတွေ အများကြီးကို ဖုံးကွယ်ထားကြတဲ့ သူတွေပါ..။
ပြသနာက..ဒီကောင်တွေက…တပ်မက်ခြင်းသေတ္တာလိုပါပဲ..။ဒီသေတ္တာတွေက..သူ့ရဲ့ လောဘကြီးတဲ့ လက်ကို ကိုက်ဖြတ်နိုင်စွမ်း ရှိကြပါတယ်..။
ဒါပေါ့ ဒီတစ်ကြိမ်မှာတော့..လူငယ်တိုက်ခိုက်ရေးသမား လေးက သူ့ရဲ့ လေးကို အသုံးပြုခြင်းမရှိတော့ပေ..။ဒါကလည်း အံ့ဩစရာ တစ်ခု မဟုတ်ပါဘူး..။ဆက်ခံသူတွေ ဆိုတာက လက်နက်မျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တဲ့အထိ လေ့ကျင့်ထားခဲ့ကြတဲ့ သူတွေပါ..။ပြီးတော့ ဒီလိုနေရာက မြားတွေကို အသုံးပြုဖို့ သင့်တော်တဲ့ နေရာလည်း မဟုတ်ပါဘူး..။အဲဒီအစား သူက အတော်လေးကြီးမားတဲ့ တင်းပုတ် တစ်ခုကို ကိုင်ဆောင်ထားခဲ့ပါတယ်..။သူ့ရဲ့ အလုံးပိုင်းမှာတော့..ချွန်ထက်တဲ့ ဆူးချွန်တွေ အပြည့်ရှိနေခဲ့တယ်..။
ဘာပဲဖြစ်ဖြစ် ဒီငနဲက အန္တရာယ်များတဲ့ လူတစ်ယောက် ဖြစ်နေတယ်ဆိုတာ..သူ့ရဲ့ လေးကြောင့်မဟုတ်ပေ..။ဒါက ရန်သူအပေါ်သက်ရောက်နိုင်တဲ့ သူ့ရဲ့ ထူးခြားတဲ့ စွမ်းရည်ကြောင့်ပါ..။သူက ရန်သူတွေရဲ့ လှုပ်ရှားမူ တိုင်း ဒါမှမဟုတ် သူ့ကို တားဆီးထားတဲ့ အရာတိုင်းကို တစ်နည်းနည်းနဲ့ ထိုးဖောက်ပြီး မြင်နိုင်နေခဲ့ပါတယ်..။သူက အဝေးတစ်နေရာကနေတောင်မှ ဆန်နီကို အတော်လေး တိကျတဲ့ မြားချက်တွေနဲ့ ပစ်ခတ်နိုင်ခဲ့တာပါ..။
ဆန်နီက ကြံ့ခိုင်သန်မာတဲ့ ဒါ ကို ကြည့်နေတဲ့ အချိန်မှာတော့..သူကလည်း မွန်ဂရယ်ကို ပြန်ကြည့်နေခဲ့တယ်..။သူ့ရဲ့ အကြည့်တွေက..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကို ထိုးဖောက်သွားတဲ့ အချိန်မှာတော့..အကြောင်းပြချက်တစ်ချို့ကြောင့် ဆန်နီ ကျောချမ်းသွားခဲ့ပါတယ်..။ယင်းနောက် သူ့အကြည့်တွေက ဝီဗာမျက်နှာဖုံး ဆီကို ရောက်သွားခဲ့တယ်..။
ရုတ်တရက် သန်မာတဲ့ လူငယ်လေးက မျက်မှောင်ကျုတ်လိုက်ပြီး..
“ထူးဆန်းတယ်..။တက်ရောက်မူအဆင့်..အကာအကွယ် နဲ့ .. ထပ်တူညီမူ တစ်ခုလား..။..လက်နက်တစ်ခု ..။ဒါက အသွင်ပြောင်း အဆင့်ဆိုရင်တောင် မင်းက ကောင်ကောင်းလုပ်နိုင်ခဲ့တာပဲ..။ဒါပေမဲ့ ..အဲဒီမျက်နှာဖုံး..မင်းဘယ်ကနေ ရခဲ့တာလဲ.."
ဆန်နီ ရဲ့ နှုတ်ခမ်းထောင့်က တွန့်ကွေးးသွားခဲ့တယ်..။
စကားများတဲ့ ရန်သူတွေ…သူတို့က အဆိုးဆုံးပဲ..။အထူးသဖြင့်..ဒီလို အမြင်အာရုံရှိတဲ့ လူမျိုးတွေပေါ့..။
“အလောင်း တစ်လောင်း ဆီကနေ ယူခဲ့တာ..”
သူ ရပ်တန့်လိုက်ပြီးကာမှ တည်ငြိမ်တဲ့ လေသံနဲ့ ထပ်ပြောလိုက်ပါတယ်..။
“ငါတို့ စလိုက်ကြတော့မလား..။ဒါမှမဟုတ်..မင်းက ပြိင်ပွဲရဲ့ တစ်ခြားတစ်ဖက်ဆီကို ပြေး ၊ ပုန်းစရာ နေရာ ရှာပြီး..လေးကို ထုတ်ယူနိုင်ဖို့အတွက် အချိန်ပေးထားရဦးမလား..”
ဆန်နီက ဒီလူငယ်လေးကို ရည်ရွယ်ချက်ရှိရှိ မခံချင်အောင် ပြောဖို့ကြိုးစားနေခဲ့တာပါ..။ဒါမှ သူ့ရဲ့ မေးခွန်းတွေ အားလုံးကို မေ့ပျောက်သွားပါလိမ့်မယ်..။ကံကောင်းချင်တော့..သူ့ရဲ့ ဗျူဟာက အလုပ်ဖြစ်သွားခဲ့တယ်..။
မဟာယနကလန် ရဲ့ ဒါက ပြုံးလိုက်ပြီး..
“မ…မလိုတော့ပါဘူး..။ဘယ်သူသိမှာလဲ…တစ်နေ့မှာလည်း ငါက မင်းရဲ့ အလောင်းကနေ အဲဒီမျက်နှာဖုံးကို ယူရင် ယူသွားနိုင်တာပဲလေ..”
ဒီလိုပြောပြီးတာနဲ့ သူက လေးလံတဲ့ လက်ကနက်ကို မလိုက်ပြီး..သူ့ရဲ့ အရွယ်အစားအတွက် အတော်လေးကို မြန်ဆန်တဲ့ အရှိန်နဲ့ ပြေးတက်လာခဲ့ပါတယ်..။ဆူးချွန်ပါ တင်းပုတ်ကြီးကတော့..လေထဲမှာ ရွေ့လျားနေပြီး..ခနအကြာမှာတော့..သံမဏိချင်းထိတဲ့ အသံ ထွက်ပေါ်လာပါတော့တယ်..။
……
‘သန်မာလိုက်တာ..’
ဆန်နီက တိုက်မိလိုက်တဲ့ အရှိန်ကြောင့် နောက်ကို ပြန်လန်ထွက်သွားခဲ့တယ်..။သူ့ရဲ့ တားဆီးမူနဲ့ ဝိဉာဉ်မြွေက ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်..။သို့ပေမယ့် မြေအောက်ကမ္ဘာ ဝတ်ရုံတော် ရဲ့ အလေးချိန်ကို ဟန်ချက်ညီအောင် မထိန်းနိုင်ခဲ့တာကြောင့် သူ့ရဲ့ ခန္တာကိုယ်က အနောက်ကို ပြန်တွန်းခြင်းခံလိုက်ရပါတယ်..။
‘သောက်ကျိုးနဲ့ သူက ဘယ်လိုဖြစ်ပြီး ဒီလောက်သန်မာနေရတာလဲ..။ငါ့မှာ အမြုတေ သုံးခုတောင် ရှိတယ်လေ..ချီးပဲ..’
ဒါ ကတော့ ဂရုမစိုက်ခဲ့ပေ..။သူက အရပ်ပိုရှည် ၊ ကြွက်သားတွေ ပိုရှိပြီး..တိုက်ခိုက်နိုင်တဲ့ အကွာအဝေးလည်း ပိုမြင့်ပါတယ်..။ဆက်ခံသူတစ်ယောက် အနေနဲ့ သူ့မှာ အဆောင်တွေ ၊သူ့ကို ခွန်အား ၊ ဖြတ်လတ်မူ ၊ ခုခံနိုင်မူ တွေ တိုးမြင့်နိုင်တဲ့ မှတ်သားမူတွေ အများကြီး ရှိနေတာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး..။ဒီတိုက်ပွဲက အလွယ်ကူနိုင်တော့ပေ..။
ဆန်နီတောင် အောက်ကို သေချာ ပြန်မကျနိုင်သေးခင်မှာပဲ..တင်းပုတ်ကြီးက သူ့ရဲ့ ဦးခေါင်းဆီကို နောက်တစ်ခါ ပြန်ရောက်လာခဲ့ပါပြီ..။သူက ခြေထောက်တစ်ဖက်ကို ထောက်လိုက်ပြီး..ဆူးချွန်တွေကို ရှောင်ရှားကာ ရှေ့ကို တက်လိုက်တယ်..။သူက အကွာအဝေးကို လျော့ချပြီး..ရန်သူနဲ့ နီးကပ်နိုင်ဖို့ကို မျှော်လင့်ထားခဲ့တာပါ..။အဲလိုဆိုရင် သူ့ရဲ့ တိုတောင်းတဲ့ လက်နက်က သူ့အတွက် အားသာချက် ဖြစ်သွားပါလိမ့်မယ်..။
ဝိဉာဉ်မြွေက ရှေ့ကို တက်လာပြီး..ရန်သူရဲ့ နှလုံးသား နေရာကို ချိန်ရွယ်လာခဲ့တယ္..။ဒါ ကတော့ ပေါ့ပါားတဲ့ လည်သာ ချပ်ဝတ်အက်ျီကို ဝတ်ဆင်ထားပြီး သူ့ရဲ့ ပုခုံးနဲ့ လက်မောင်းတွေကိုတော့ ဖော်ထားခဲ့ပါတယ်..။ဒီတော့ ဆန်နီက တစ်ချက်တည်းနဲ့ ထိုးဖောက်နိုင်ဖို့အတွက် မျှော်လင့်ထားခဲ့တယ်..။သို့ပေမယ့်..အံ့ဩစရာက အိုဒါချီဓားရဲ့ ထိပ်ဖျားက..အကာအကွယ်ကို ထိလိုက်တဲ့ အချိန်မှာ ချက်ချင်း ဘေးကို ချော်ထွက်သွားခဲ့ပါတယ်..။ဒါက ပြည့်ဝတဲ့ သံမဏိနဲ့ ထုလုပ်ထားခဲ့သလိုပါပဲ..။
‘သောက်ကျိုးနဲ ဆက်ခံသူတွေ ..’
ဆက်ခံသူက သူ့ရဲ့ တင်းပုတ်ကို ဝေ့ယမ်းလိုက်ပြီး ဆန်နီကို နောက်ပြန်ဆုတ်ဖို့အတွက် တွန်းအားပေးနေခဲ့တယ်..။ပြီးတာနဲ့ သူ့ရဲ့ ချပ်ဝတ်ပေါ်က သေးငယ်တဲ့ ခြစ်ရာလေးကို ငုံ့ကြည့်လိုက်တယ်..။သူ အပေါ်ကို ပြန်မော့လာတဲ့ အချိန်မှာတော့..သူ့ရဲ့ မျက်လုံးတွေထဲမှာ ကျေနပ်အားရမူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။
“မဆိုးပါဘူး..”
ဆန်နီ အံ့ကို ကြိတ်ထားခဲ့တယ်..။
‘ဒီကောင့် ပါးစပ်က လှုပ်နိုင်တုန်းပဲ..။နောက်မိနစ်အနည်းငယ် အတွက်မှာ မင်းအတွက် အသက်ရူဖို့အချိန် ရှိနိုင်ဦးမလား ကြည့်ကြသေးတာပေါ့..”
သူတို့နှစ်ယောက်က နောက်တစ်ကြိမ်ပူးကပ်သွားခဲ့ကြပြီး..တိုက်ကွက် တစ်ဒါဇင်လောက် ဖလှယ်လိုက်ကြပါတယ်..။သူတို့နှစ်ယောက်စလုံးက..သန်မာ ၊ မြန်ဆန် ပြီး ကျွမ်းကျင်မူ ရှိနေခဲ့ကြတယ်..။ဘယ်သူကမှ ပြိုင်ဖက်ကို အလွယ်တကူ လွမ်းမိုးနိုင်စွမ်း မရှိကြပါဘူး..။
ဒါကတော့..ဆန်နီအနေနဲ့ ဆက်ခံသူတစ်ယောက်နဲ့ တိုက်ခိုက်ရတာ ဒုတိယအကြိမ်ပါ..။တကယ်လို့ နစ်ဖီကိုပါ ထည့်တွက်မယ် ဆိုရင် တတိယ အကြိမ်လို့ ပြောလို့ရပါတယ်..။ကွာခြားမူကတော့ မယုံနိုင်လောက်အောင်ကို..သိသာနေခဲ့တယ်..။
သူ့ရဲ့ အရင်ပြိုင်ဖက်တွေက ..အရည်အသွေးရှိပြီး အတွေ့အကြုံ ရင့်ကျတ်ကြတဲ့ သူတွေပါ..။သိုပေမယ့် သူတို့ထဲက တစ်ယောက်မှတော့..ဒါ ကို ယှဉ်နိုင်စွမ်း မရှိကြပါဘူး..။ဒိ လူငယ်လေးက တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ကြီးစိုး ပြီး ရန်သူတွေကို သတ်ဖြတ်ဖို့အတွက် လက်နက်တွေကို လေ့ကျင့်ထားတဲ့ အတိုင်းပါပဲ..။
သို့ပေမယ့် သူက ကတ်စတာ ကိုတော့ မယှဉ်နိုင်ခဲ့ပေ..။စိတ်မကောင်းစရာက ကတ်စတာဟာ နိုးထသူ တစ်ယောက်ဖြစ်လာဖို့အတွက် အခွင့်အရေး မရရှိခဲ့ပါဘူး..။ဆက်ခံသူတစ်ယောက်က..ဝိဉာဉ်အဆီအနှစ် ထိန်းချုပ်မူကို သင်ယူနိုင်သွားတဲ့ အခါမှာ သူတို့ရဲ့ စွမ်းရည်က အတော်လေး မြင့်တက်လာခဲ့ကြပါတယ်..။အခု ဆန်နီ တွေ့ကြုံနေရတာကတော့..သေစေလောက်တဲ့ လက်နက်နဲ့ နှစ်ပေါင်းများစွာ မရပ်မနားလေ့ကျင့်ထားတဲ့ ထိပ်တန်းအဆင့် ကျွမ်းကျင်မူတွေကိုပါ..။
…ဒါတောင်မှ သူ မစိုးရိမ်ခဲ့ပေ..။
ဒါ အနေနဲ့..သန်မာတယ် ၊ ကျွမ်းကျင်မူရှိတယ်..ပြီးတော့..အတွေ့အကြုံတွေလည်း ရှိပါတယ်..။သို့ပေမယ့် သူ့မှာ ဆန်နီလို လူမျိုးတွေမှာ ရှိတဲ့ အရာတစ်ခုတော့ ရှိမနေခဲ့ပါဘူး..။ဒါက..ကြောက်ရွံ့မူ နဲ့ ခါးသက်တဲ့ ရှုံးနိမ့်မူတွေ ၊ သေဆုံးခြင်းရဲ့ အသိတရားတွေ ..ပြီးတော့..ရှင်သန်ဖို့အတွက် ဇွဲကောင်းတဲ့ စိတ်ဆန္ဒတွေပါ..။
ဆက်ခံသူအနေနဲ့ အိပ်မက်ကမ္ဘာထဲမှာ အိပ်မက်ဆိုးသားရဲတွေကို တိုက်ခိုက်ရင်း အချိန်အတော်ကြာအောင် ကုန်ဆုံးထားခဲ့မယ် ဆိုတာကိုတော့ ဆန်နီ သံသယမဖြစ်ခဲ့ပေ..။သို့ပေမယ့် ဒါ အနေနဲ့ လုံးဝကို သေခါနီး အခြေအနေကို ကြုံတွေခဲ့ရပြီး..ပြန်လည်ရှင်သန်ဖို့အတွက် ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်ခဲ့ရတဲ့ နေ့ရက်တွေကို ကြုံခဲ့ရဖူးမယ် ဆိုတာကိုတော့ သူ သံသယဖြစ်မိပါတယ်..။သူ့ရဲ့ အတွေ့အကြုံတွေ အားလုံးက အသာစီးကနေ တိုက်ခိုက်ရတဲ့ အခြေအနေတွေသာ ဖြစ်နိုင်ပြီး..နိမ့်ကျနေတဲ့ အခြေအနေကနေ တိုက်ခိုက်ရတာမျိုး မဟုတ်ပါဘူး..။
မာစတာ ဂျက် ပြောပုံအရဆိုရင်တော့..သူက လူသတ်သမားတစ်ယောက်မ ဟုတ်ပေ..။
သို့ပေမယ့် ဆန်နီကတော့ လူသတ်သမား တစ်ယောက်ပါ..။ဒိတော့..ဆက်ခံသူအနေနဲ့ သူတောင်မသိလိုက်တဲ့ အချိန်မှာတင်ပဲ ဒီတိုက်ပွဲကို ရှုံးနိမ့်နေခဲ့ပြီးပါပြီ..။သူ အခုထိ အသက်ရှင်နေနိုင်သေးတယ် ဆိုတာက..ရန်သူအနေနဲ့ သူ့ရဲ့ ထူးခြားတဲ့ တိုက်ပွဲဟန်ပန်ကို စိတ်ဝင်စားနေခဲ့လို့ပါပဲ..။
ပြီးတော့..ဒါ ရဲ့ တိုက်စစ်အားပြုပြီး..လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဟန်ပန် မှာ..အဆင့်မြင့်တဲ့ အနေအထားတွေ အများကြီး ရှိနေခဲ့ပါတယ်..။ဆက်ခံသူတွေ ဆိုတာက တကယ်ကို သီးသန့်ဖြစ်တည်နေတဲ့ သူမျိုးတွေပါ..။ဒါက ဆန်နီ အနေနဲ့ ချက်ချင်း သင်ယူလို့ တတ်မြောက်နိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး..။သူက အချိန်လိုအပ်ပါသေးတယ်..။
ပြီးတော့..သူတို့ရဲ့ ကြမ်းတမ်းတဲ့ တိုက်ပွဲက ဖြည်းညှင်းစွာဖြစ်ပွားနေပေမယ့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအင်ကုန်ခမ်းတဲ့ ပွဲ ဖြစ်ပေါ်လာခဲ့ပါတယ်..။နောက်ထပ် တစ်မိနစ် ပြီး တစ်မိနစ် ကုန်ဆုံးနေခဲ့တယ်..။တိုက်ခိုက်ရေးသမား နှစ်ယောက်ကတော့..ပြင်းထန်တဲ့ တိုက်ပွဲအတွင်းမှာ ဆက်လက်ရှိနေဆဲပါပဲ..။ပြိုင်ပွဲဝင်တွေဟာ..သူတို့ရဲ့ ထိုင်ခုံတွေမှာ ထိုင်ကြရင်း မယုံနိင်စရာ ပြိုင်ပွဲကို ကြည့်ကာ အသက်တွေကို အောင့်ထားခဲ့ကြရပါတယ်..။ပွဲရဲ့ တိုက်ရိုက်ထုတ်လွင့်မူထဲမှာလည်း လူတွေက များသထက် များပြားလာနေခဲ့ပါပြီ..။
‘ခွေးသားး..မင်း ဒါကို ဘယ်လိုများ လုပ်နေတာလဲ..။ဘယ်လိုလဲ…’
ဆန်နီကတော့..ဒါ အသုံးပြုနေတဲ့ ဟန်ပန်ရဲ့ အနှစ်သာရကို ဆုပ်ကိုင်မိအောင် ကြိုးစားနေခဲ့တယ်..။သိုပေမယ့် ဒီအရာကို နားလည်နိုင်ဖို့အတွက် ထပ်ခါ ထပ်ခါ ကျရှုံးနေခဲ့ပါတယ်..။
…သူ နားမလည်နိုင်ခဲ့ အထိပါ..။
‘ငါ သိပြီ..။ဒီတော့..ဒီလို လုပ်နေတာပေါ့..။ဒါက အရမ်းကို ရှင်းလင်းသွားပြီ..’
အဲ့အချိန်မှတော့ သူတို့နှစ်ယောက်စလုံးက..မောပန်းပြီး..ဒဏ်ရာတွေ ပြည့်နှက်နေခဲ့ကြပါပြီ..။သူတို့ရဲ့ အဆီအနှစ်တွေကလည်း ခြောက်ကပ်လာနေခဲ့တယ်..။ဒါပေါ့ ဆန်နီ မှာတော့..တော်တော်များများ ကျန်နေပါသေးတယ်..။သူက ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကို မြင့်တင်ထားပြီး..ဝတ်ရုံတော်ရဲ့..အမှန်တရားတောင်ပံ ကို အသုံးပြုထားတာကြောင့်..အဆီအနှစ်တွေက လျင်မြန်တဲ့ အရှိန်နဲ့ ကုန်ဆုံးနေပေမယ့် သူ့ရဲ့ သိုလှောင်နိုင်စွမ်းက သုံးဆတောင် မြှင့်တင်ထားခဲ့တာပါ..။ကြည့်ရတာတော့..သူက ဒါကို အကောင်းဆုံး ထိန်းချုပ်နိုင်နေတဲ့ ပုံပါပဲ..။
အောက်ဘက် ကောင်းကင်မှာ ဆန်နီ တစ်ချိန်လုံး တရားထိုင်ခဲ့တာတွေက အကျိုးမယုတ်ခဲ့ပေ..။
အရိပ်ကခုန်မူရဲ့ အခြေခံက ပိုမို သိပ်သည်းလာတာကို ခံစားမိလိုက်တဲ့ အချိန်မှာတော့..ဆန်နီဟာ မျက်နှာဖုံးအောက်ဘက်ကနေ ပြုံးလိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ တည်ရှိမူတစ်ခုလုံးက ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်..။သူ့ရဲ့ လှုပ်ရှားမူတွေက ပိုမိုထက်ရှပြီး..ပိုမိုလွှမ်းမိုးနိုင်စွမ်း ရှိလာခဲ့ပါတယ်..။ဝိဉာဉ်မြွေကလည်း..အနက်ရောင် အရည်တွေ အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး ဆူးချွန်တင်းပုတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်..။
ဒါ ကတော့ ရုတ်တရက် ပြောင်းလဲသွားတဲ့ အနေအထားတွေကြောင့် တစ်ခနလောက်..စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်..။
…သို့ပေမယ့်..အဲဒီတစ်ခနလေးကလည်း ဆန်နီ လိုအပ်နေတဲ့ အချိန်ပါပဲ..။
သူက ဆက်ခံသူရဲ့ စိတ်ကို ဖတ်မိနေတဲ့အလား..သူ့ရဲ့ တိုက်ခိုက်မူ ဖြစ်ပေါ်မလာခင်မှာပဲ ကြိုတင်ပြီး ရှောင်တိမ်းထားပြီးခဲ့ပါပြီ..။သူက တိုက်ခိုက်မူရဲ့ အောက်ကနေ ဝင်ရောက်ပြီး..သူ့ရဲ့ ကိုယ်ပိုင်တိုက်ခိုက်မူ တစ်ခုကို ထိုးသွင်းလိုက်တယ်..။
ရန်သူရဲ့ အကာအကွယ်က တောင့်ခံနိုင်ခဲ့ပေမယ့်..အောက်ဘက်မှာ ရှိနေတဲ့ သူ့ရဲ့ နံရိုးတွေကတော့..တောင့်မခံနိုင်တော့ပါဘူး..။ဒါ ရဲ့ နံရိုးက ကျိုးသွားခဲ့ပြီး..သွေးတစ်ပွက် အန်လိုက်ရပါတယ်..။နောက်ထပ်တစ်စက္ကန့်မှာတော့..တိုက်ခိုက်မူတစ်ခုက သူ့ရဲ့ မေးရိုးကို ထိတွေ့သွားခဲ့ပြီး.လူငယ်လေး ရဲ့ မျက်နှာကို..သွေးတွေနဲ့ ရွှဲစိုသွားစေခဲ့တယ်..။
သူက ဒူးထောက်လျက်သား ကျသွားခဲ့ပြီး..လက်တစ်ဖက်ကို မြှောက်ကာ..နောက်ထပ် ရောက်လာတော့မယ့် အဆုံးသတ် တိုက်ကွက်ကို..သနားဖို့ကောင်းစွာ တားဆီးဖို့ ကြိုးစားလိုက်ပါတယ်..။
သို့ပေမယ့် အနက်ရောင် အကာအကွယ်နဲ့ နတ်မိစ္ဆာကတော့ လုံးဝကို သက်ညှာမူ မရှိခဲ့ပေ..။သူက တည်ငြိမ်စွာပဲ တင်းပုတ်ကို မြှောက်ကာ..ရက်စက်စွာပဲ အောက်ကို ရိုက်ချလိုက်ပါတယ်..။
ပရိတ်သတ်တွေရဲ့ ဟစ်ကြွေးသံတွေအားလုံးက တစ်ခဲနက် ထွက်ပေါ်လာခဲ့တယ်..။
အားလုံးတိတ်ဆိတ်သွားတဲ့ နောက်မှာတော့..သာယာသံကြေညာသံတစ်ခုက ..ဆက်လက်ထွက်ပေါ်လာခဲ့ပါတယ်..။
“မဟာယန ကလန်ရဲ့ ဒါက..ထုတ်ပယ်ခံလိုက်ရပါပြီ..”
အပိုင်း ( ၅၃၈ ) ပြီး၏။