← Chapters

လက်လှမ်းမမှီနိုင်သော…

Vol. 36 Ch. 539

လက်လှမ်းမမှီနိုင်သော…

Vol. 36 Ch. 539

ဆန်နီဟာ..ဖန်သေတ္တာထဲကနေ ထွက်လာပြီး ခန္တာကိုယ်ကို အကြောဆန့်လိုက်တယ်..။သူက အိပ်မက်ရူခင်း အခန်းတွေအနေနဲ့.စစ်မှန်တဲ့ အိပ်မက်ကမ္ဘာထဲကို ဝင်ရောက်တဲ့..အိပ်စက်ခြင်းသေတ္တာတွေလောက် နည်းပညာ မြင့်မားမူ မရှိတာနဲ့ ပတ်သက်ပြီး..စိတ်ညစ်နေခဲ့ရပါတယ်..။သို့ပေမယ့် သူ့ရဲ့ အဆင့်မြင့်တဲ့ အိပ်စက်ခြင်းသေတ္တာတွေကြောင့် ဒီ အရာတွေထဲမှာ အချိန်ကြာမြင့်စွာ နေခဲ့ရတယ် ဆိုတာကိုတောင်..မေ့နေလောက်အောင် ပါပဲ..။

သူတို့ တိုက်ခိုက်ရတဲ့ တိုက်ပွဲတွေက သိပ်မကြာဘူးလို့ ထင်ရပေမယ့်..တစ်ရက်တာကတော့ ကုန်ဆုံးသွားခဲ့ပါပြီ..။ဆန်နီက တစ်နည်းအားဖြင့် ပင်ပန်းနေခဲ့တယ်.။သို့ပေမယ့် အနားယူရမယ့် အစား..ဝိဉာဉ်မြွေကို လက်နက်တစ်ခု အသွင် ဖန်တီးခိုင်းလိုက်ပြီး..ဒိုဂျိုရဲ့ အလယ်ဆီကို‌ လျောက်သွားလိုက်ပါတယ်..။သူက ဒီနေ့စုပ်ယူခဲ့တဲ့ တိုက်ပွဲဟန်ပန်တွေကို ပြန်လည် ခိုင်မာအောင် လုပ်ဖို့အတွက်ကို မစောင့်နိုင်တော့ပါဘူး..။

ဆန်နီဟာ ဟန်ပန် အမျိုးမျိုးကို စတင်ပြီး လေ့ကျင့်လိုက်တယ်..။အစတုန်းကတော့ တစ်ခုချင်းစီကို ဖြည်းဖြည်းချင်းစီ သွားနေပေမယ့် နောက်ပိုင်းမှာတော့..ပိုပို..ပြီး မြန်ဆန်လာခဲ့ပါတယ်..။မကြာခင်မှာပဲ သူက မယုံနိုင်စရာ အမြန်နှုန်းနဲ့စတင်ပြီး လှုပ်ရှားလာခဲ့တယ်..။သူ့ရဲ့ ပျော့ပြောင်းပြီး..ပြင်လွယ် ပြောင်းလွယ် ခန္တာကိုယ်က..နောက်မှာ ပုံရိပ်ယောင်တွေသာ ကျန်ရစ်ခဲ့ပါတော့တယ်..။ကြွက်သားတွေက သူ့ရဲ့ အရည်ပြားအောက်ခြေမှာ လှုပ်ရှားနေခဲ့ကြပြီး..မကြာခင်မှာပဲ ချွေးတွေနဲ့ တောက်ပလာခဲ့ကြတယ်..။

ဆန်နီက ဟန်ပန်တစ်ခုကနေ တစ်ခြား ဟန်ပန်တစ်ခုကို ပြောင်းလဲနေခဲ့ပြီး..သူ့ရဲ့ လှုပ်ရှားမူတွေက..မြဲမြံမူ ၊ စီးဆင်းမူ ၊ ထက်ရှမူ ၊ သိမ်မွေ့မူ ၊ ရှငိးလင်းမူ ၊ မခန့်မှန်းနိုင်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။ဝိဉာဉ်မြွေကလည်း လက်နက်တစ်ခုကနေ နောက်တစ်ခု အဖြစ်ကို ပြောင်းလဲနေခဲ့တယ်..။ဒါက ကိုင်ဆောင်သူရဲ့ လှည့်စားတတ်တဲ့ သဘောဝနဲ့ အတူပဲ ပုံသဏ္ဉာန်မဲ့နေခဲ့ပါတယ်..။ဒါက ဆန်နီအနေနဲ့ ..ထူးဆန်း ၊ ထည်ဝါ ၊ ပြီး ရှုပ်ထွေးတဲ့ အကတစ်ခုကို ဖျော်ဖြေနေခဲ့သလိုပါပဲ..။

သူ့ရဲ့ အရိပ်သုံးခုလုံး ကလည်း သူနဲ့အတူ ကခုန်နေခဲ့တယ်..။သူတို့က..ကြမ်းပြင်ထက်မှာ လျင်မြန်တဲ့ အရှိန်နဲ့လိုက်လံ ရွေ့ရှားနေခဲ့ကြတာပါ..။

တကယ်လို့ ဆန်နီသာ အခုချိန်မှာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်မယ်ဆိုရင်..သူ့ရဲ့ လှုပ်ရှားမူတွေက..သူ့အိမ်မက်ထဲမှာ ကပြဖျော်ဖြေခဲ့တဲ့ မိန်းကလေးနဲ့ ကြောက်ဖို့ကောင်းလောက်အောင် ဆင်တူမူတွေ ရှိနေတာကို သတိထားမိမှာပါ..။သို့ပေမယ့် သူမရဲ့ လှုပ်ရှားမူတွေက..လှပ ၊ သိမ်မွေ့ နေတဲ့ အချိန်မှာ သူ့ရဲ့ လှုပ်ရှားမူတွေကတော့..ထက်ရှပြီး.သေစေနိုင်ခဲ့ပါတယ်..။ဒါက သူ့အနေနဲ့..ဒီ အနုပညာကို အခုချိန်ထိ ကျွမ်းကျင်မူ မရှိသေးတဲ့ ပုံစံ အတိုင်းပါပဲ..။

‘ငါ ဒုတိယ အဆင့်ကို ခံစားနေရပြီ..။ငါ ဒါကို ခံစားနေရပြီ..ဒါပေမဲ့ ဘာလို့ မရောက်နိုင်သေးတာလဲ..။တစ်ခုခု မှားနေတာလား..’

အတော်ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီဟာ အေးစက်တဲ့ ကြမ်းပြင်ပေါ်ကို ပင်ပန်းစွာ လဲချလိုက်ပြီး..မိနစ်အနည်းငယ်ကြာအောင် ခံစားချက်မဲ့စွာ လဲလျောင်းနေခဲ့ပါတယ်..။သူ့ရဲ့ ရင်ဘတ်တွေကတော့ လေးလံနေခဲ့တယ်..။သူ့ရဲ့ မျက်နှာပေါ်မှာတော့..ပင်ပန်းပြီး..စိတ်ဓာတ်ပြတ်သားတဲ့..အမူအရာတွေ ရှိနေခဲ့တယ်..။

‘ထပ်ပြီးတော့…ငါ ထပ်ပြီးတော့ လိုအပ်သေးတယ်..။ပိုများပြီး..ပိုကောင်းတဲ့ အရာတွေ..’

…

မနက်ခင်းရောက်တဲ့ အချိန်မှာတော့..ဆန်နီဟာ အိပ်မက်ရူခင်းထဲကို နောက်တစ်ကြိမ် မဝင်ခင်မှာ အားလပ်နေခဲ့ပါတယ်..။သူက လဖက်ရည်တစ်ခွက်ကို ဖျော်ပြီး..ထိုင်ခုံတစ်လုံးပေါ်မှာ သက်သောင့်သက်သာ ထိုင်ကာ ဆက်သွယ်ရေးစက်ကို ထုတ်ယူလိုက်တယ်..။

မနေ့က ပြီးတဲ့နောက်မှာတော့..ပြိုင်ပွဲမှာ ကျန်ရစ်နေခဲ့တဲ့ ယှဉ်ပြိုင်သူတွေက အတော်လေးကိုလျော့ကျသွားခဲ့ပါပြီ..။အခုချိန်မှာတော့..အားလုံးပေါင်း သုံးဆယ့်နှစ်ယောက်ခန့်သာ ကျန်ရှိပါတော့တယ်..။တစ်ယောက်ချင်းစီတိုင်းက အတော်လေးကို ကြမ်းတမ်းတဲ့ ပြိုင်ဖက်တွေ ဖြစ်နေတာကြောင့် ဆန်နီ ဒီလူတွေရဲ့ တိုက်ခိုက်မူ ပုံစံတွေကို လေ့လာဖို့အတွက် ဆုံးဖြတ်လိုက်တယ်..။ကံကောင်းချင်တော့..သူတို့ရဲ့ မှတ်တမ်းတွေ အားလုံးက အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာဖွေလို့ ရနေခဲ့ပါတယ်..။

…သူ့ရဲ့ မှတ်တမ်းတွေလည်း အတူတူပါပဲ..။

“အခုတော့..မွန်ဂရယ်က..ဆက်ခံသူတစ်ယောက်ဆိုတာကို ငါ ပိုပြီးသေချာသွားပြီ…။ဒါမှမဟုတ်ရင်တော့..တကယ်ကို နတ်မိစ္ဆာတစ်ကောင်ပဲ..။ဒါ လိုမျိုး မွန်းစတားတစ်ကောင် ကို တစ်ခြားဘယ်သူကများအနိုင်ယူ နိုင်ဦးမှာလဲ..”

“အာ..မွန်ဂရယ်က ဒီငနဲက လေးသည်တော် တစ်ယောက်ဆိုတာကို သိထားပြီးပြီပဲ..။ဒီတော့..သူက အဝေးကို ထွက်သွားဖို့ အတွက်တောင်..ကမ်းလှမ်းလိုက်သေးတယ်..။သူက အရမ်းကို ကြင်နာတတ်တာပဲ..။ဘယ်လောက် အတုယူဖို့ကောင်းလဲ..”

“မင်းပြောချင်တာက တကယ့် နတ်မိစ္ဆာ မိန်းကလေး လို့ ပြောတာမလား..”

ဆန်နီ ကြက်သီးထသွားခဲ့တယ်..။သူက မှတ်ချက်တွေကို ထပ်ပြီး မဖတ်တော့ဖို့ ကြိုးစားလိုက်ပြီး..အချင်အမြန်ပဲ ဗီဒီယိုတွေ ဆီကို သွားကာ ရှာဖွေဖို့ ကြိုးစားလိုက်ပါတယ်..။

‘ဒီငနဲတွေထဲက တစ်ကောင်ကကတော့..ငါ့ရဲ့ အရိပ်ခြေလှမ်းကို နောက်တစ်ဆင့်ရောက်အောင် လုပ်ပေးနိုင်ကြမယ် ထင်တာပဲ..’

သိချင်စိတ်ပြင်းစွာနဲ့..သူက အဖွဲ့လိုက်ယှဉ်ပြိုင်မူရဲ့..ဦးဆောင်သူ စာရင်းကို ကြည့်လိုက်ပါတယ်..။လတ်တလော ပထမ နေရာကို ယူထားတဲ့ အဖွဲကတော့..စာကြည့်တိုက်မှူးများ အဖွဲ့ဖြစ်ပြီး ထူးဆန်းစွာပဲ လူနှစ်ယောက်သာ ပါဝင်နေခဲ့ပါတယ်..။သူတို့ရဲ့ အမည်တွေကတော့..မဖွဲ့စည်းထားတဲ့ ပင်မင်းဆိုင် နဲ့ အစ်ဇာ တို့ပါ..။ဒါက သူ့အနေနဲ့ ဘာအချက်အလက်မှ မရနိုင်ခဲ့ပါဘူး..။သိုပေမယ့် ဒီနှစ်ယောက်က ပိုမိုကြီးမားတဲ့ အဖွဲ့တွေကိုတောင်..ဖိနိုပ်ထားနိုင်ပုံကို ကြည့်ရင် အတော်လေးကို ကြောက်ဖို့ကောင်းတဲ့ စုံတွဲဖြစ်နေနိုင်ပါတယ်..။

အစကတော့..ဆန်နီဟာ..သူရရှိလာမယ့် ဆုလာဒ်တွေကြောင့်သာ အိပ်မ်ကရူခင်း ပြိုင်ပွဲကို ဝင်ရောက်ခဲ့တာပါ..။ဒီတော့ သူက ဒီအရာတွေကို သိပ်အများကြီး မတွေးထားခဲ့ပေ..။သို့ပေမယ့်..အခုတော့..ဒါက သူ့ကို နိမ့်ချစေနိုင်မယ့် အတွေ့အကြုံတစ်ခုလား ဆိုတာကို စတင် သံသယဖြစ်လာခဲ့ပါပြီ..။

သူက အတော်လေးကို ပြသနာဖြစ်နိုင်တဲ့ ပြိုင်ဖက်တွေကို ရင်ဆိုင်ပြီးတဲ့ အချိန်မှာတော့..မလိုချင်တဲ့ အသိအမှတ်ပြုမူတွေကို ရရှိလာခဲ့ပါတယ်.။အခြေအနေတွေက ဒီကနေတဆင့် ပိုပိုပြီး ခက်ခဲလာခဲ့တယ်..။သူ့ရဲ့ လက်ရှိတိုးတက်လာမူတွေကြောင့် ဆန်နီက အနည်းငယ် မြောက်ကြွ မြောက်ကြွ ဖြစ်လာခဲ့တာပါ..။သူက အခုတွေ့ရှိနေတဲ့ နိုးထသူ အများစုထက် အတွေ့အကြုံ ပိုရှိနေခဲ့တာကြောင့်..အဆိုးဆုံးကို မျှော်လင့်ထားရမယ် ဆိုတဲ့ အချက်ကို မေ့နေတဲ့ ပုံပါပဲ..။

ဒီ အားကောင်းတဲ့ နိုးထသူတွေကို ကြည့်ပြီးတဲ့နောက်မှာတော့..ရန်သူကို လျော့တွက်တာက ဘယ်လောက်တောင် အန္တရာယ်များသလဲ ဆိုတာကို သူ ပြန်ပြီး သဘောပေါက်လာခဲ့တယ်..။

ပြီးတော့..ဒီလူတွေက စစ်မှန်တဲ့ ထူးချွန်သူတွေတောင် မဟုတ်ကြသေးပါဘူး..။စစ်မှန်တဲ့ အင်အားစုတွေရဲ့ နိုးထသူတွေက..ဒီလို အများမြင်ကွင်းမှာကျင်းပတဲ့ ပြိုင်ပွဲမျိုးကို ဘယ်တော့မှ ဝင်ပြိုင်ကြမှာ မဟုတ်ပေ..။

…ဘာပဲဖြစ်ဖြစ် ဆန်နီ ကိုယ်တိုင်ကလည်း ဒီလို ပုန်အောင်းနေတဲ့ ကျားတွေထဲက တစ်ကောင်ပါပဲ..။ဒါကြောင့် ဒီလိုအရာကို သူ ကောင်းကောင်း သိပါတယ်..။

သူက နက်မှောင်တဲ့ အမူအရာနဲ့ ခေါင်းခါယမ်းလိုက်ပြီး..ဆက်သွယ်ရေးးစက် အပေါ်မှာသာ ပြန်ပြီး အာရုံစိုက်လိုက်ပါတယ်..။

…

မကြာခင်မှာတော့..ဆန်နီဟာ တိုက်ပွဲကွင်းပြင်ထဲကို ပြန်လည်ရောက်ရှိနေခဲ့တယ်..။သူက ..နောက်ထပ် အဖွင့်ကြေညာမူတွေအားလုံးကို ကျော်လိုက်ပြီး..နောက်ဆုံးအခိုက်အတန့်ရောက်မှာသာ..အိပ်မက်ရူခင်းထဲကို ဝင်လာခဲ့တာပါ..။ဒီကနေတဆင့်သူက မလိုလားအပ်တဲ့ မေးခွန်းတွေကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ထားခဲ့ပါတယ်..။

စိတ်မကောင်းစရာက သူ့ရဲ့ ပြိုင်ဖက်တွေကိုတော့..သူ့အနေနဲ့ ရှောင်ရှားလို့ မရနိုင်ပါဘူး..။ပြီးတော့..သူတို့က စကားပြောချင်တယ် ဆိုရင် သူက ပြန်ဖြေဖို့ လိုအပ်နေပါသေးတယ်..။

လတ်တလောမှာတော့..သူက သံကြေးတက်နေတဲ့ သတ္တုနဲ့ ထုလုပ်ထားတဲ့..အကာအကွယ်ကို ဝတ်ဆင်ထားတဲ့..လူတစ်ယောက်နဲ မျက်နှာချင်းဆိုင်တွေ့နေခဲ့ရတယ်..။ဒီလူရဲ့ မျက်နှာပေါ်မှာတော့…စိုးရိမ်စိတ်တွေ ၊နားလည်သဘောပေါက်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။သူက အသက်သုံးဆယ်အရွယ်လောက်ရှိပြီး..ခက်ခဲတဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေခဲ့ရတဲ့ လူတစ်ယောက်လိုပါပဲ..။

“ယှဉ်ပြိုင်သူ မွန်ဂရယ် တိုက်ပွဲထဲကို ဝင်ရောက်လာခဲ့ပါပြီ..”

“ယှဉ်ပြိုင်သူ ဘာဖြစ်တယ်..။မဟုတ်ဘူး ခနလေး…တိုက်ပွဲထဲဝင်လာခဲ့တာ..”

မျက်နှာဖုံးရဲ့ နောက်ဖက်မှာတော့..ဆန်နီက မျက်မှောင်ကျုတ်လိုက်တယ်..။

‘ဒီ နာမည်အတုက ဘာဖြစ်နေတာလဲ..။ခနလေး..ဒီအသံက ဘာဖြစ်လို့ ရင်းနှီးသလို ဖြစ်နေရတာလဲ..’

သူ က ဒီနာမည်နဲ့ ပတ်သက်ပြီး တစ်ခုခုကို မှတ်မိဖို့အတွက် ကြိုးစားနေတုန်းမှာပဲ..လူကြီးဟာ ဒိုင်းကာ နဲ့ ဓားတစ်လက်ကို ထုတ်ယူလိုက်ပါတယ်..။သူက ဆန်နီကို နက်မှောင်စွာ ကြည့်ပြီး မေးလိုက်တယ်..။

“မင်းက အားလုံးက ပြောနေကြတဲ့ လူသစ်လေးလား..”

နောက်ဆက်တွဲ ဘာဖြစ်လာတော့ မလဲဆိုတာကို သိနေတာကြောင့် ဆန်နီ သက်ပြင်းချလိုက်တယ်..။

“မဟုတ်ဘူး..”

သူ့ရဲ့ ပြိုင်ဖက်က မျက်မှောင်ကျုတ်လိုက်ပြီး..

“မင်းက ဘာလို့ လိမ်နေတာလဲ..”

ဆန်နီဟာ ဒီလိုစကားပြောနေရတာကို စိတ်ပျက်မိတာကြောင့် မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပါတယ်..။သို့ပေမယ့်..သူက လူအိုကြီးကို ချက်ချင်းကြီး မတိုက်ခိုက်ချင်ခဲ့ပါဘူး..။ဒီလောက်အထိရောက်လာနိုင်တယ် ဆိုမှတော့..သူ့ရဲ့ ပြိုင်ဖက်ကလည်း အားကောင်းတဲ့ လူတစ်ယောက် ဖြစ်လောက်မှာပါ..။

“ငါ လိမ်နေတာ မဟုတ်ဘူး..”

လူကြီးဟာ နှာခေါင်းရှုတ်လိုက်ပြီး..

“ဒါက လူလိမ်တစ်ယောက် ပြောလာမယ့် အရာဆိုတာ သိသာနေတာပဲ..။မင်းက ငါ့ကို အရူးလို့ ထင်နေတာလား..”

‘ဘုရားရေ..မင်းက ဒီတိုင်း တိုက်ခိုက်လိုက်လို့ မရဘူးလား..’

သူက ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ပြောလိုက်တယ်..။

“ဟုတ်တယ်..”

လူကြီးဟာ..သူ့ကို အတော်ကြာအောင် ကြည့်လိုက်တယ်..။သူ့ရဲ့ မျက်နှာထက်မှာတော့..ဒေါသတွေ စိတ်ရှုပ်ထွေးမူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။အတော်ကြာပြီးကာမှ သူ ပြောလာခဲ့တယ်..။

“ကောင်လေး..မင်းက သေချင်နေတာပဲ ဖြစ်ရမယ်..”

အပိုင်း ( ၅၃၉ ) ပြီး၏။

All Chapters